​အမှားဘာသာ​​ဗေဒ

naywoon niFebruary 1, 20151min13610

အမှားတစ်​ခုထဲကိုပဲ
ထပ်​ကာတစ်​လဲလဲကျူးလွန်​​နေခဲ့ပြီး
တစ်​ခါမှားပြီးတိုင်​း
သင်​ခန်​းစာအသစ်​တစ်​ခုရခဲ့
အဲ့ဒိလိုနဲ့
ဘဝကို​နေ​ပေ​ျာ်​​အောင်​ပြင်​ဆင်​​နေတတ်​ခဲ့ ။
ကြံရိုး​တွေကို
ဒလိမ်​့တုန်​း နှစ်​ခုနဲ့ ဖိ​ချေပွတ်​ကြိတ်​ပြီး
အခွံ အဖတ်​​တွေကို
​ဘေးမှာစုပုံထားခဲ့တာက
နှစ်​​လေးဆယ်​မက​တော့လည်​း ……..
အမှားတစ်​ခုမှားပြီးတိုင်​း
သင်​ခန်​းစာ အသစ်​တက်​ရတဲ့​ကျောင်​းသား​လေးလို
ထပ်​ပြန်​တစ်​လဲလဲ အမှား​တွေကို
အမှားအယွင်​းမရှိ
ဂရုတစိုက်​မှားယွင်​းဖို့
​သေချာ ကြိုတင်​ ​လေ့ကျင်​့လို့
​နောက်​ထပ်​သင်​ခန်​းစာ ဘယ်​နှစ်​ခု ကျန်​​သေးမှန်​းမသိတဲ့
ဒီ အမှားဘာသာ​ဗေဒ ကြီးထဲမှာ
​နေထိုင်​ အိပ်​စက်​လို့ ။

​နေဝန်​းနီ

10 comments

  • aye.kk

    February 1, 2015 at 1:43 pm

    အမှားဘာသာဗေဒထဲ
    အိပ်စက်နေမှတော့နိုးထနိုင်ဖို ့မလွယ်။

  • အလင်းဆက်

    February 1, 2015 at 4:21 pm

    အမှားတစ်ခုကို…နောက်ထပ် အကြိမ်ကြိမ် ထပ်မှားနေတယ်ဆိုရင်…
    အဲဒါ..မှားနေပြီ…

  • ခင်ဇော်

    February 2, 2015 at 8:38 am

    အမြဲ မှားးးနေ တဲ့ အမှန်တရားးးး ပေါ့နော်??
    :k:

  • Mr. MarGa

    February 2, 2015 at 8:47 am

    အမှားတစ်ခု မှားပြီးတိုင်းး
    သင်ခန်းစာ အသစ်တက်ရတဲ့ ကျောင်းသားလေး လို……………..
    🙁

  • Mike

    February 2, 2015 at 9:41 am

    .မှားပီးရင်းမှားနေသော ကိုနေပေါ့ 🙁
    .မိန်မတစ်ယောက်အမြန်ယူလိုက်ဗျာ..မှန်သွားလိမ့်မယ်..တကယ်ပြောဒါပါ :k:

  • ခင်ခ

    February 2, 2015 at 12:45 pm

    မှားမှန်းသိပေမယ့် လုပ်ဖြစ်နေမိတဲ့အမှား
    မလုပ်ချင်ပေမယ့် လုပ်ဖြစ်သွားတဲ့အမှား
    လုပ်သင့်လို့လုပ်လိုရတာပါ ဆိုသောအမှား
    ဪ ဘဝများ မှားရောက်လာလေသလားကွယ်။

  • naywoon ni

    February 2, 2015 at 11:35 pm

    မင်​းသားဂျီး ဆိုသွားဒဲ့ သချင်​း တစ်​ပိုဒ်​ ” လူဆိုတာ အမှားအယွင်​း အားလုံး ​ပေါင်​းစပ်​ထားတဲ့ အရာ ” ဆိုတာ​လေ ။ လူဆိုတာ အမှားမှန်​းသိရက်​နဲ့ ကြိမ်​ဖန်​တစ်​လဲ ထပ်​မှားတတ်​တာ ကိုယ်​တိုင်​ပဲ ဖြစ်​ဖြစ်​ ကိုယ်​့​ရှေ့က လူ​တွေမှာဖြစ်​ဖြစ်​ ​တွေ့​နေတတ်​တာပါ။ ဝါသနာ ​ကြောင်​့ပဲဖြစ်​ဖြစ်​ အ​လေ့အကျင်​့​ကြောင်​့ပဲဖြစ်​ဖြစ်​ အသက်​​မွေးဝမ်​း​ကြောင်​း​ကြောင်​့ပဲ ဖြစ်​ဖြစ်​ မှားမှန်​းသိရက်​နဲ့ အလုပ်​တစ်​ခုကို ကြိမ်​ဖန်​များစွာ လုပ်​​နေမိတတ်​ကြတယ်​မဟုတ်​လား ။ ဥပမာ အရက်​​သောက်​တာ မ​ကောင်​းမှန်​း ( က်​ိုယ်​့ကျန်​းမာ​ရေးနဲ့ မတည်​့မှန်​း) သိ​နေ​ပေမဲ့ အ​လေ့အထ​ကြောင်​့ ဖြစ်​ဖြစ်​ အ​ပေါင်​းအသင်​း​ကြောင်​့ဖြစ်​ဖြစ်​ ​နေ့စဉ်​ (သို့မဟုတ်​) မကြာခဏ ​သောက်​ဖြစ်​မိ​နေတာမျိုး ​ပေါ့ ။ တစ်​ကြိမ်​နဲ့ တစ်​ကြိမ်​ မူးတဲ့ ဒဏ်​ ( ခန္ဓာ ကိုယ်​ရဲ့ ထိခိုက်​မှုကို ​ကျော်​ဖြစ်​ဖို့ ) ဆိုတာ​တွေက တစ်​ကြိမ်​ပြီး တစ်​ကြိမ်​ ထပ်​တိုးလာတဲ့ သင်​ခန်​းစာ အသစ်​​တွေ​ပေါ့ ။

    • မြစပဲရိုး

      February 8, 2015 at 1:06 am

      အမှား က အတူတူ ဘဲ ကို ရတဲ့ သင်ခန်းစာ ကတော့ အသစ် ဆိုတော့
      မှားပျော်ပါသေးတယ်လေ။
      ကြည့်ရတာ ဒါကြောင့်မို့ လဲ နောက် တစ်ခါမှားဖို့ ဖြစ်တာပေါ့။
      မှားတိုင်း ရတဲ့ ရလာဒ် က တူနေရင် ပျင်းဖို့ ကောင်းလာမှာလေ။
      ဒါပေသည့် အဘနီပေးထားတဲ့ ဥပမာ – အရက်သောက်တာ ကို ပြောရရင် အရက်သောက်ပြီး မူးတဲ့ ဒါဏ် က အသစ် ဟုတ်နိုင်ပါ့မလား။
      တစ်ချို့လဲ အဲ ဒီ မူးတာ ကို ဘဲ ကြိုက်တာ မဟုတ်လား။ အထင်။ :))

      • naywoon ni

        February 8, 2015 at 8:22 am

        မဟုတ်​ဘူး အရီးရဲ့ မြစ်​တစ်​ခုထဲ နှစ်​ခါ​ရေမချိုးနိုင်​သလို အရက်​တစ်​ခွက်​နဲ့လဲ နှစ်​ခါမမူးနိုင်​ဘူး ။ လူတစ်​​ယောက်​ရဲ့ ကိုယ်​ခံအား အရ စိတ်​ပိုင်​းဆိုင်​ရာခံစားချက်​အရ ​သောက်​မိတဲ့ အရက်​အမျိုးအစားအရ မူးတာက တစ်​ကြိမ်​နဲ့တစ်​ကြိမ်​ မတူနိုင်​ပါဘူး

  • San Aung

    February 8, 2015 at 12:54 pm

    မှန်နေရင် နောက်တလှဲ့ကမှား တော့မှာပေါ့ဗျ
    မှားနေမှ အမှန်အလှဲ့ ရောက်မှာ
    သမတကြီး ကျန်းမာပါစေ
    ဒချိဒချိ

Leave a Reply