” လာတော့မည့် နွေ “

ခင္ခFebruary 2, 20151min17010

” လာတော့မည့် နွေ “

 

 

နှင်းမြူကျခင်း လျော့လာဆင်းပြီ
ဥဩဌက်က တွန်သံချီ
အေးလှဆောင်းပဝါ ခြုံလွှာသိမ်းလို့
သစ်ရွက်တို့လည်း ရော်ဝါညီ
တပေါင်းနွေဦး ခြေလှမ်းသစ်စို့
လှမ်းဖို့အတွက်လည်း တာဆူပြီ
ချည်ထည်ပါးပါး အဝတ်ဒီဇိုင်းတို့
ဆိုင်ပေါ်သို့လည်း ရောက်လေသည်
ရေနွေးခရားအိုး ထန်းညက်ခဲနဲ့
အညာနွေကို အန်ကာတုပြီး
ကုကိ္ကုလ်ရိပ်ဝယ် ထိုင်တော့မည်။

 

ခင်ခ။

10 comments

  • Kaung Kin Pyar

    February 2, 2015 at 4:07 pm

    .လေးခကမှ ကုကိ္ကုလ်ရိပ်ရှိသေးတယ်…
    .ကောင်းကင်ပြာတော့ ဥဩများအော်ရင် လည်ပင်းချည့်ညှစ်ချင်တာပဲ…
    .အရင်ကမှ..ဟိုသီချင်းလေ…နွေ ရောက်ပြီလေ…နဲ့..လွမ်းသလိုရှိသေး…။ ခုတော့ စိတ်ညစ်တယ်..။ ပူချက်က 9+ပဲ လေးခရေ့…။ ခရီးထွက်လို့လဲ မကောင်း…
    .ချည်သားအကျီင်္ပွပွရယ်၊ ရေတစ်ဗူးရယ်၊ ထီးရယ်နဲ့ ဆံပင်ကို မြင့်မြင့်တင်ပြီး လမ်းသလားရတော့မှာပဲ လေးခရယ်…။

    • ခင်ခ

      February 2, 2015 at 5:02 pm

      အရင်နှစ်ရဲ့ အပူချိန်ကို နောက်နှစ်တွေက အနိုင်ရအောင် စံချိန်ချိုးပြိုင်ခိုင်းသလား အောင်းမေ့ရလောက်တယ်၊ တစ်နှစ်ထက် တစ်နှစ်ပူချက်ကတော့ ပြောမနေနဲ့လို့ပြောရမယ်ကောင်းကင်ပြာရေ။
      အဲ နေပူထဲလမ်းသလားပြီး အိမ်ပြန်ရောက်ခြင်း ခြေတန်းမဆေးနဲ့ရေတန်းမချိုးနဲ့နော် အပြင်ကပြန်လာလို့ အိမ်ရောက်ရင် ရေတစ်ခွက်လောက်တော့ သောက်ပေးသင့်တယ်ဗျ။ ကြုံတုံးလေးပြောတာပါ။

  • Kaung Kin Pyar

    February 2, 2015 at 5:13 pm

    ဟုတ် လေးခ။
    ဒီမှာဆို…Taxi ယာဉ်မောင်းတစ်ယောက် မီးပွိုင့်စောင့်နေရင်း…လည်ဂုတ်ကို ရေနဲ့ပုတ်လိုက်မိတာတောင် ဦးနှောက်သွေးကြောပြတ်သွားတယ်…
    🙁
    နွေရာသီဆို သွားတာရော…စားတာပါဆင်ခြင်ရတယ်..
    🙁

  • Ma Ei

    February 2, 2015 at 5:51 pm

    ဥဩတွန်သံလေးတွေလဲ ကြားနေရပြီ…
    မြူနင်းလေးတွေလဲ တွေ့နေရတုံးဘဲ..
    ခုချိန်လေးတော့ နေလို့ကောင်းနေသေးတယ်..

  • naywoon ni

    February 2, 2015 at 11:46 pm

    ကိုကိုခ ​ရေ
    ​နွေ အ​ကြောင်​း​တော့ မကြားချင်​​ပေါင်​ဗျာ ။ ခု​တောင်​ စက်​ဘီး​လေး တစ်​ပတ်​​လောက်​စီးမိတာနဲ့ ​ချွေးက အရွှဲသား ။ ဒီကြားထဲ ဟိုသီချင်​းကလည်​း လွှတ်​ဖွင်​့ဆို အဲ့ သီချင်​းဖွင်​့ရင်​မီး​လောင်​တတ်​ပါတယ်​ဆိုလဲမရ 🙂

  • ခင်ဇော်

    February 3, 2015 at 6:35 am

    မရမ်းးးသီးးးပေါတော့မီ
    သရက်ကင်းး တို့ စားးးရတော့မီ
    :k:

  • Mike

    February 3, 2015 at 10:09 am

    .လာတော့မည့်နွေ
    .ထွက်ပြေးသည့်ဆောင်း
    .ဘယ်လိုပြောင်းလည်း
    .ဘဝတွေမှာ နေသာစေဖို့
    .ကြိုးကုပ် ကြိုးစား
    .လျှောက်နေကျလမ်း
    .မပျက်တမ်း ချီ
    .လျှောက်လှမ်းမည်။ :b:

  • Ma Ma

    February 4, 2015 at 6:23 pm

    နွေကြိုတေးးးး 🙂
    ငယ်ငယ်က သင်ရတာ မြန်မာနိုင်ငံမှာ နွေမိုးဆောင်း သုံးရာသီရှိတယ်။
    တစ်ရာသီကို ၄လ။
    ခုတော့ နွေချည်းပဲ ၆လလောက် ဖြစ်နေသလားလို့………….. :e:

  • မြစပဲရိုး

    February 8, 2015 at 2:23 am

    ငယ်တုန်းက နွေ ဆို အဖွား ဆီသွားလည်နေကျ။
    အဲဒီမှာ ကုက္ကိုပွင့် တွေ လှိုင်လှိုင် ပေါ်တာမို့ သုတ်စား ရတာ အရသာရှိလှတယ်။
    ဒီမှာတော့ ဖေဖဝါရီ မှာ အတော်အေး နေတုန်း။
    မြန်မာပြည်မှာကတော့ သစ်ပင်မှ မရှိတော့တာလေ။
    အတော်ပူမှာ ပါဘဲ။

Leave a Reply