ဗိုလ်ချုပ်ရာပြည့်ပွဲ အမီ ပြင်စေချင်သည်

၁၃-၂-၂၀၁၅ ရက်နေ့ဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့ပါ။

ဗိုလ်ချုပ်ရဲ့မွေးရာဇာတိ နတ်မောက်မြို့မှာ ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သလို၊ မြန်မာပြည် တနှံတလျားမှာလည်း အမှတ်တရပွဲတွေ အသီးသီးကျင်းပကြမှာ မလွဲပါပဲ။

(နှစ်ပေါင်း ၅ဝ ကျော် ဗိုလ်ချုပ်အကြောင်းကို မပေါ်လွင်စေချင်တဲ့ သူတွေကဆင်းသက်လာတဲ့ အစိုးမရသူများကတော့ အထူးတလည်ပွဲလမ်းလုပ်မယ် (ကျနော့်အထင်)မကြားမိပေမယ့် ရန်ကုန်မှာ လမ်းပိတ်ပြီး ရာပြည့်ပွဲလုပ်မယ်ဆို ခွင့်မပြုလို့ တနေရာမှာ ဖတ်လိုက်မိသလားလို့ … …)

ဗိုလ်ချုပ်ရာပြည့်ပွဲမှာ တပြည်လုံး ဂုဏ်ယူဆင်နွှဲကြမှာ ဖြစ်သလို ဒီနှစ် ၁၃-၂-၂၀၁၅ ရက်နေ့မှာဆိုရင် ဗိုလ်ချုပ်နောက်ဆုံးခေါင်းချသွားရာ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သာမန်နေ့တွေထက် ပိုများတဲ့ လူသူလေးပါး အမှတ်တရ လာရောက်ကြမှာ အမှန်ပါပဲ။

gm

ပြတိုက်ဖွင့်ရက်၊ ဝင်ကြေး
ပြတိုက်ဖွင့်ရက်၊ ဝင်ကြေး

လူကြီး၊ လူငယ် အစုံလာမယ်။ ပျိုပျိုရွယ်ရွယ် ကလေးငယ်လည်း အကုန်ပါမယ်။ ရိုင်းခဲ့တဲ့သမိုင်းကို နှမျောတသ အမှတ်တရရှိသူ လူကြီးသူမတွေ လာကြမယ်။

ဒီနေ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးတစ်ယောက်အကြောင်း စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေတောင် လာနိုင်တယ်…

အဲဒီ မြန်မာပြည်ရဲ့ မြို့တော်ဟောင်းဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ကြီးက၊ အထင်ကရ လွတ်လပ်ရေးဗိသုကာကြီးအတွက် အထိမ်းအမှတ်ပြတိုက်ကြီးရဲ့ အဝင်ဝ တစ်ဖက်တစ်ချက်မှာတော့ လမ်းဘေးမြောင်းဖုံးတွေ ဟောင်းလောင်းနဲ့ မြင်မကောင်း၊ ရှုမကောင်း၊ အန္တရာယ်မကင်းစရာ ဖြစ်နေပါရောလား။

ညာဘက်ဘေးက မြောင်းပေါက်
ညာဘက်ဘေးက မြောင်းပေါက်
ဘယ်ဘက်က မြောင်းပေါက်
ဘယ်ဘက်က မြောင်းပေါက်

၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်ကို သုံးလတစ်ခါလောက်ရောက်တာ ရောက်တိုင်း ဒီလိုဟောင်းလောင်း၊ ခု ဗိုလ်ချုပ်ရာပြည့်ပွဲနဲ့ ဘာနဲ့ ကြုံကြိုက်လွန်းလို့သာ ပြောရတာ.. တကယ်တမ်းက နေ့စဉ် ဖြတ်သွားဖြတ်လာ ကလေးလူကြီးတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။

ကြည့်လုပ်ကြပါဦး တာဝန်ရှိသူတို့….

17 comments

  • Mr. MarGa

    February 3, 2015 at 4:36 pm

    အဲ့လောက်ကို ဥပဓိရုပ်ကောင်းအောင်လုပ်ထားတာကိုး
    အထဲမှာလည်း ဘယ်လိုနေမယ်မသိ….. 🙁

  • Ma Ei

    February 3, 2015 at 4:57 pm

    ငယ်ငယ်တုံးကဆို ကျောင်းတွေကနေ အာဇာနည်နေ့ ပတ်ဝန်းကျင်မှာ ဗိုလ်ချုပ် ပြတိုက်ကို လေ့လာရေးသွားကြရတယ်…
    ခုတော့ အဲ့လိုမျိုးတွေ မရှိတော့ဘူးထင်တယ်…
    ပလက်ဖောင်းကတော့ ပြတိုက်နဲ့ မဆိုင်လောက်ဘူး ပြင်ကိုမပြင်တာ…
    ရှက်စရာပါဘဲ..

  • ရွာစားကျော် မင်းနန္ဓာ

    February 3, 2015 at 5:25 pm

    ဟုတ်ပါ့
    သုမေလင် လူကြီးတွေအိမ်ရှေ့ဆို ဒီလို ထားရဲမယ်မထင်

  • Ma Ma

    February 3, 2015 at 10:26 pm

    ပြင်သင့်တာပေ့ါ။
    တခြားမတွေးနဲ့။
    ဒီအပေါက်တစ်ခုအကြောင်းပြုပြီး လူတွေအများကြီး ဒုက္ခိတ ဖြစ်သွားနိုင်တယ်။ :b:

    ပြောမယ့်သာ ပြောရတယ်။
    လုပ်သားပြည်သူတရပ်လုံးကလည်း မြောင်းပေါက်မကျွံအောင် သွားတတ်နေပါပြီ။ :k:

  • kai

    February 4, 2015 at 5:43 am

    မတော်.. နိုင်ငံခြားသားတယောက်ယောက်.. အဲဒီအပေါက်ထဲခြေချော်ကျ.. ခြေကျိုးသွားရင်.. ကမ္ဘာကျော်ဦးမယ်..။
    ဟေ့.. ပြင်ရင်ပြင်.. မပြင်ရင်.. ယူအက်စ်က…အဖြူတယောက်လွှတ်လိုက်မှာနော… :k:

  • အလင်းဆက်

    February 4, 2015 at 9:46 am

    ကျနော် ဟိုးတလောက… ကုန်းမြင့်သာခန်းမရှေ့ ပြည်လမ်းပေါ်က …လမ်းအပေါက်အပြဲကြီးကို ကင်မရာလေး ထုတ်ပြီး ဓါတ်ပုံရိုက်လိုက်မိတယ်…
    နောက်နေ့ကျ… အဲဒီအပေါက်ကြီးကို…စနစ်တကျ..ဖာပြီးသွားရောဗျား…
    တစ်ယောက်ယောက် ဓါတ်ပုံရိုက်ပြီး… အော်ချက်လုပ်မှာတော့..ကြောက်ပုံရတယ်..
    ဆိုတော့… ဒါက…ပြည်လမ်း… ရှစ်မိုင်နဲ့ ခုနစ်မိုင် ကြားက..ကုန်းမြင့်သာခန်းမ…ရှေ့….

  • Mike

    February 4, 2015 at 10:19 am

    .ခုလိုအမြင်မတော်တာလေးကို တင်ပြပေးတာ ဗရာဗိုပါဗျို့

  • ခင်ဇော်

    February 4, 2015 at 11:47 am

    တာဝန်ရှိသူတွေဆိုတာ ဘူတွေကို ပြောတာတုန်းဟင်?
    တာဝန်ရှိသူတွေ ရှိသေးရဲ့လားး

    :a:

  • lu lu

    February 4, 2015 at 12:59 pm

    NLD ဦးဆောင်ကျင်းပတဲ့ ရာပြည့်ပွဲ ကို
    ဦးအောင်ဆန်းဦး ကတက်ရောက်မှာမဟုတ်ဘူးတဲ့
    ဗိုလ်ချုပ်ကို ခုတုံးလုပ်နေတာတဲ့
    ဘာလို ့ဒီလို ပြောနေပါလိမ့်
    သူ ့ညီမ သူ ့အဖေ ပဲမဟုတ်ဘူးလား
    သူ ကရော နိုင်ငံအတွက်ဘာတွေလုပ်ခဲ့ပေးလို ့လဲ
    နားမလည်တော့ဘူး

  • Yae Myae Tha Ninn

    February 4, 2015 at 5:01 pm

    အဲနေ့ ရုံးပိတ်ဖို့ တောင်းဆိုချင်ပါတယ်ဗျာ… နောင် နှစ် ၁၀ဝ ထပ်ပြည့်ရင် ဗိုလ်ချုပ်ကို သိတဲ့သူတောင် ရှိတော့မှာ မဟုတ်ဘူးဗျ… 🙁

  • kai

    February 4, 2015 at 5:38 pm

    Monday, February 02, 2015
    “ကျွန်တော့်အဖေဟာ မြန်မာတစ်မျိုးသားလုံးက အမျိုးသားခေါင်းဆောင် အဖြစ်သတ်မှတ်ခံထားရတဲ့
    ခေါင်း ဆောင်ကြီးပါ၊ NLD ပါတီ ရဲ့ ခေါင်းဆောင်ကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် NLD ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကို NLD ပါတီရဲ့ ပါတီပိုင်အဖြစ်သဘောထားပြီး အသုံးချနေတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ တစ်ခြား အကြောင်းအချက်တွေ ရှိပါသေးတယ်။ သို့သော်လည်း မပြောသင့်တဲ့ကိစ္စတွေ ကျွန်တော် မပြောတော့ပါ ဘူး။ ပြောလို့ရသလောက်ကတော့ ကျွန်တော့်အဖေကို မောင်ပိုင်စီးပြီး တစ်ဦးတည်းပိုင်၊ တစ်ဖွဲ့တည်းပိုင် မဖြစ်သင့်ဘူး။ ဒါကြောင့် နတ်မောက်မှာ NLD ပါတီက ဦးဆောင်လုပ်မယ့် ဗိုလ်ချုပ်ရာပြည့်ပွဲကို တက်ဖို့ ကျွန်တော်ငြင်းလိုက်တာပါ၊ နိုင်ငံရေးအမြတ်ထုတ်တာမျိုးမရှိတဲ့ ပွဲမျိုး၊ ဆိုလိုတာက အစိုးရ၊ နိုင်ငံရေးပါတီ တွေနဲ့ အသင်းအဖွဲ့ ပေါင်းစုံ
    ပေါင်းစည်းပြီး ဖေ့ဖေ့ကို တစ်ကယ်တမ်းလေးစား ဂုဏ်ပြုကြမယ့် ပွဲမျိုးကိုပဲ ကျွန်တော်တက်ချင်ပါတယ်။ ပါတီတစ်ခုက ပါတီစည်းရုံးရေးအတွက် ဖေဖေ့ image ကို အသုံးချမယ့် ပွဲမျိုးကိုတော့ ကျွန်တော်ဘယ်တော့မှ တက်မှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်၏ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးက တယ်လီဖုန်းမှ တစ်ဆင့်ပြောကြားခဲ့သည်။

    • Ma Ma

      February 4, 2015 at 6:21 pm

      သူ့အဖေ မဟုတ်တဲ့အတိုင်းပဲ။ :angry:

    • အလင်းဆက်

      February 5, 2015 at 2:06 pm

      သူ ့ Image နဲ့ သခင်အောင်ဆန်းရဲ့ Image တွဲလျက်မရှိ…
      သူမပိုင်ရလို့ နေမှာ…
      အဟိ..

      သခင်မျိုးဟေ့..ဒို့ဗမာ..
      မနာလို ဝန်တိုစိတ်ဆိုတာ..သခင့်သွေးမှာတောင်..ရှိနေသလား ဘာလား..

      :k:

  • ခင်ခ

    February 4, 2015 at 5:52 pm

    ဗိုလ်ချုပ်ရာပြည့်မွေးနေ့လုပ်လိမ့်မယ်လို့ အစကမသိခဲ့တဲ့အတွက် အဲဒါတွေပြင်ဖို့ ဘက်ဂျဏ်မှာထဲ့မတောင်း မိဘူးလို့ ပြောလေမလားကွယ်။

    • Yae Myae Tha Ninn

      February 5, 2015 at 8:49 am

      ဗိုလ်ချုပ် ရာပြည့်က လွန်ခဲ့သော တနှစ်လောက်ကတည်းက အစ ပျိုးလုပ်နေကြပါတယ်ဗျာ…မသိဘူးတော့ မဖြစ်လောက်ပါဘူး… တနှစ်ထက်တောင် ပိုချင်ပိုဦးမှာ သိသလောက်ဆို အနော်မင်္ဂလာဆောင်ပွဲ စီစဉ်နေကတည်းက အဲဒါတွေ စီစဉ်နေတာ… အနော်တို့တောင် မင်္ဂလာသက်တမ်း ဒီလ ၁၄ ဆို တနှစ်ပြည့်ပြီဆိုတော့ အဲထက်ပိုမယ်ဆိုတာ အသေချာပဲ… ကိုခင်ခရဲ့… 🙂

  • ဦးကျောက်ခဲ

    February 4, 2015 at 7:42 pm

    အဲသည့်မြောင်းပေါက်က စည်ပင်တာဝန်… ဗိုလ်ချုပ်ရာပြည့်ပွဲနဲ့ ကြုံကြုံ မကြုံကြုံ…
    စကားအတင်းစပ်ပြီးပြောရရင် အဲသည့်တာဝါလိန်းအိမ်က အတော်သရဲခြောက်တယ်…
    ဗိုလ်ချုပ်တော့မဟုတ် … အရပ်ရှည်ရှည် ကုလားအဖိုးကြီးနဲ့ ကုလားမလေး နှစ်ယောက်တဲ့…
    အခုအထိ ညဘက် အိမ်ထဲမှာ အိပ်ရဲသူမရှိ…
    ကွယ်လွန်သူ ဟိုအဆိုတော်ကြီး “ဟိုဟာဒီဟာ ကြုံးအော်” တောင် မယုံလို့စမ်းတာ…
    ညသန်းခေါင်ကြီး ထွက်ပြေးခဲ့ရဖူးတယ်… ဂီတအစည်းအရုံးကလူတွေ ကိုယ်တွေ့…
    နောက်ပြီး အဲ့အိမ်မှာ အမဲသားချက်ရင် ကွိုင်ရှာသတဲ့… အဟိ
    :k:

  • မြစပဲရိုး

    February 8, 2015 at 2:44 am

    ဟိုးတုန်းက အာဇာနည် နေ့ ဆို ဗိုလ်ချုပ် အိမ် ကို သွားကြည့် နေကျ။
    ပြီးတော့ အဲဒီ နားမှာ ရောင်းတဲ့ ထမင်းခြောက်ကြော် ဝယ်စားနေကျ။
    အရင်ကတော့ အာဇာနည်နေ့ နီးမှ ဖွင့်တာလား မသိ။
    အခုတော့လဲ လုပ်စား ရကောင်းမှန်း သိလာပြီပေါ့။

    လမ်းအပေါက် တွေ ကတော့ မဆန်း ဖြစ်နေလောက်ပြီ။
    ချစ်မမ အပေါ်မှာ ပြောတာလေး သဘောကျလွန်းလို့။
    {လုပ်သားပြည်သူတရပ်လုံးကလည်း မြောင်းပေါက်မကျွံအောင် သွားတတ်နေပါပြီ။}

    မြောင်းအပေါက်ကြီး ပြင်ပြီး မပြီး သတင်းလေး update လုပ်နိုင်သူရှိရင် လုပ်ပေးကြပါဦး။

    ဦးအောင်ဆန်းဦး က မယက လေ။
    ဘေးမဲ့ ပေးလိုက်ကြစို့။

Leave a Reply