အားကိုးပါရဇီ ဒို့ဝီဝီ Count on WE

ဝီဝီ….. ဘာလုပ်နေသလဲ…. ထွက်ပါတော့လား…………………………………………………………………….

………………………………  …………………………… ………………………… ……………………. .

……………………………….. ……………………………. ………………………………… ……………………………………..

…………………………… ……………………………………………. ………………………………..  ………………………..

. ………………………………………………. …………………………………… ………………………………. …………………………………………… ………………………….. ……………………………. ……………………………… ……………………… …………………………..

……………………….. ……………….. ………..  ……………………. ……………………….. ………………………….. …………………….. ………………………….. ………..  ဆွမ်းခံ  ။။။။။။။။။။။။။။။။။။။။

ရည်ညွှန်းချက်။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုရန် လွှတ်တော်အတည်ပြု

By ဒီဗွီဘီ
3 February 2015

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကိုလည်း ဆန္ဒမဲ မဲပေးခွင့်ဖို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာမဲခွဲဆုံးဖြတ် အတည်ပြု လုိုက်ပါတယ်။
သမ္မတက မှတ်ချက်ပေးထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အသက် ၁၈ ပြည့်ပြီးတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေ ဆန္ဒမဲပေးခွင့်ရှိသည်ဆိုတဲ့ အချက်ကို ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက အဓိကထား ကန့်ကွက်ခဲ့သလို ဥပဒေကြမ်းပူးပေါင်း ကော်မတီကလည်း မူလက ကန့်ကွက်ထားပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် အခုလို အတည်ပြုခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုပြဌာန်းဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်စဉ်ကလည်း ယာယီသက်သေခံလက်မှတ် White Card ကုိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိခဲ့သလို လက်ရှိ တည်ဆဲဥပဒေတွေအရလည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေဟာ မဲပေးခွင့်ရှိတာကြောင့် သမ္မတရဲ့ မှတ်ချက်အတိုင်းအတည်ပြုသင့်တယ်လို့ တပ်မတော်သားတွေ က ဆွေးနွေးသွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်မဲဆန္ဒနယ် အမတ် ဒေါ်ခင်စောဝေကတော့ နိုင်ငံသားလို့ အသိအမှတ်မပြုနိုင်သေးလို့ မစစ်ဆေးနိုင်ခင်ကာလမှာ ယာယီထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေကို တိုင်းပြည် အချုပ်အခြာအာဏာနှင့်ဆိုင်တဲ့ကိစ္စတွေမှာ ဆုံးဖြတ်ခွင့် မပေးသင့်ကြောင်းနဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို ဆန္ဒမဲပေးခွင့်ပေးတာဟာ နိုင်ငံသားဥပဒေတွေ၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ လွှတ်တော်မှာ ပြောပါတယ်။
ယာယီသက်သေခံလက်မှတ်တွေကို ၁၉၅၁ ခုနှစ် အမျိုးသားမှတ်ပုံတင်ရေး နည်းဥပဒေပုဒ်မ ၁၃ အရ ထုတ်ပေးခဲ့ရာမှာ မြန်မာတစ်နိုင်ငံလုံးမှာ အမျိုးသားမှတ်ပုံတင်ကဒ်နဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ ၁ သန်းခွဲလောက်ရှိပြီး ရခိုင်ပြည်နယ်မှာ ၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

20 comments

  • Wow

    February 3, 2015 at 1:29 pm

    ဝီ က ဒါညိုးဘယ်တော့မှမလုပ် ဟိုရိုဟင်ဂျာအမတ်နဲ့တောင် ဒါ့ပုံတွဲရိုက်ထားဒါ

  • Ma Ma

    February 3, 2015 at 3:23 pm

    ဝီဝီ ပြောတာကို ကျန်တဲ့ မဘသ ကိုယ်တော်တွေရဲ့ သုံးသပ်ချက်လေး ကြားချင်မိတယ်။

    ကိုယ်သိတဲ့ထဲက မဘသ ဘုန်းကြီးတွေလည်း အကျင့်သီလသိက္ခာ ရှိကြတာမို့ …
    အခုလို အကြမ်းပတမ်းပြောတာကို ဘယ်လိုယူဆသလဲ သိချင်မိတယ်။ :b:

  • ခင်ခ

    February 3, 2015 at 3:50 pm

    သမ္မတက ဒီမှာ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ဘူး အတန်တန်ငြင်းဆိုမှုတွေ သက်တန်းတစ်လျှောက်လုံးငြင်းလာခဲ့တာ အခုတော့ သဘောပေါက်သွားပြီ၊
    စောစောစီးစီး ရှိခဲ့တယ်ပြောရင် စစ်မရောက်ခင်မျှားကုန်မှာစိုးလို့ကိုး။

  • ခင်ဇော်

    February 3, 2015 at 3:57 pm

    ဒါမျိုးကျ ၉၆၉ တို့
    ခြံစည်းရိုး အရိုးထိုးမဲ့ သူတွေ
    မျိုးချစ်တွေ ဘာသံမှ မထွက်ပါလားး
    အို မွတ်ပြောင်
    အို မွတ်စိန်

    :mrgreen:

  • kai

    February 3, 2015 at 4:07 pm

    အမေရိကားမှာတော့.. ဂရင်းကဒ်(အမြဲတမ်းနေထိုင်ခွင့်) ရထားသူတွေဟာ.. မဲပေးခွင့်မရှိ…။ ဒါဟာ.. စစ်ဒဇင်(နိုင်ငံသား)နဲ့.. အမြဲနေထိုင်သူ(ဂရင်းကဒ်)ကွာခြားချက်ကြီးတခု(သာ)ဖြစ်ပါ၏..။
    အသိမမှားရင်.. ဘာသာသာသနာ့ဝန်ထမ်း(ဘုန်းကြီး) တွေကတော့.. မဲပေးခွင့်ရှိ၏..။

    မြန်မာပြည်က.. ပြောင်းပြန်…။

    ဆိုတော့…
    ဗမာနဲ့ရခိုင်ဟာ.. ဘယ်တုံးကမှ မတည့်ခဲ့တဲ့လူမျိုးစုကြီး၂ခုမို့… တိုင်းပြည်ခွဲမထွက်နိုင်အောင်.. ဘင်္ဂလီတွေကို.. ကောင်တာမွေးထားသလားလို့.. တွေးရန်ရှိတာက..တခု…။
    ..
    .. :k:

    • CharTooLan

      February 6, 2015 at 1:16 pm

      ဒမာက လပင်းဖက်ပေါင်းနေကြဒါရယ်
      အဘက အတင်းကိုမတဲ့ခိုင်းနေဒေါ့ဒါဘဲ
      သီသီနဲ့သာဂဘာ့ရံဖက် ဝီဝီနဲ့ကသွေးသောက်တွေလားတောင်မသိ
      ဂနေ့အစီးအဝေးဂုထိပီးတေးဝူး ရီရီတို့ဆန်းဒေးမှာ ချက်စ်ကျောင်းတက်မို့ အဲမွှားလို့
      စံဒပြဂျမို့ဒဲ့ ဝီဝီလဲပါမယ်ထင့်

  • kai

    February 3, 2015 at 6:11 pm

    Eleven Media Group

    နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။

    ၁။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော နိုင်ငံသား ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပြုခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်းအား Eleven Media Group မှ ကန့်ကွက်အပ်ပါသည်။

    ၂။ နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက်အသိအမှတ်ပြု သကဲ့သို့ဖြစ်ပြီး နယ်စပ်ဒေသများမှ တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

    ၃။ ယခုကဲ့သို့ နိုင်ငံသားမဟုတ်သူ၊ တိုင်းရင်းသားမဟုတ်သူများအား မဲပေးခွင့်ပြုခြင်းမှာ နိုင်ငံအတွင်း၌ နှစ်ပေါင်း ထောင်ချီ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသား လူနည်းစုများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အခွင့်အရေးအား ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တို်င်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသားမဟုတ်သူများ၏ ဆန္ဒမဲများဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။

    ၄။ ထို့အပြင် အဆိုပါ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားစေသော အခြေအနေများအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

    ၅။ ထိုကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ၏ ဥမကွဲသိုက်မပျက် နေလိုသော စစ်မှန်သည့် ပြည်ထောင်စုဖြစ်ပေါ်ရေးအား အနှောင့်အယှက်ဖြစ်စေသည့် ဤဆုံးဖြတ်ချက်အား ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်စဉ်းစားပါရန် အကြံပြုအပ်ပါသည်။

  • naywoon ni

    February 3, 2015 at 6:27 pm

    ​ပြော​တော့လည်​း ဆင်​ဖမ်​းမယ်​ ကျားနဲ့ နဘမ်​းလုံး မယ်​ မီးရထားဇလီဖားတုံး သွားကြားထိုးမယ်​နဲ့ တစ်​ကယ်​့အ​ရေးအ​ကြောင်​း​ပေါ်​တော့ ဘယ်​နားသွားအိပ်​​ပျော်​​နေသီမသိ ။ ​ပြောရတာ​မောလို့ အိပ်​​ပျော်​သွားပုံရတယ်​ ။ တစ်​​ရေးနိုး​တော့ ထ​အော်​အုံး​ပေါ့ 🙂

  • Foreign Resident

    February 4, 2015 at 6:38 am

    တကယ်တော့ ဒီ ယာယီသက်သေခံ လက်မှတ်တွေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကလည်း မရိုးသားပါဘူး။ ၁၉၉၃ ကစ အရင် စစ်အာဏာရှင်တွေဟာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် နဲ့ အခြား အသိအမှတ်ပြု သက်သေခံ လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားတဲ့ အစ္စလာမ် ဘာသာဝင် အများစုဆီကနေ သူတို့ကိုင်ထားတဲ့ လက်မှတ်တွေကို သိမ်း၊ ယာယီသက်သေခံ လက်မှတ်တွေ ပြန်ထုတ်ပေးခဲ့ပါတယ်။ အဲဒီ အစ္စလာမ် ဘာသာဝင် အများစု လက်ထဲမှာ ဘာ သက်သေခံ အထောက်အထားမှ မကျန်ရစ်ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာ- ဘင်္ဂလီတွေကို အဲလို သက်သေခံ လက်မှတ်မျိုး အများအပြား ထုတ်ပေးခဲ့ပါတယ်။

    တကယ်တော့ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ ယာယီ အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် အရင် စစ်အစိုးရလုပ်ခဲ့ပုံဟာ နှစ်ပေါင်း ၂ဝ ကျော် ကြာတဲ့တိုင် အဲဒီ လူတွေကို စနစ်တကျ စိစစ်ပေးတာ မလုပ်ခဲ့ပဲ ယာယီ သက်သေခံ လက်မှတ်ထုတ်ပေးထားပြီး နိုင်ငံသား အခွင့်အရေး မပေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတောင် ကျူးလွန်ခဲ့ပါသေးတယ် ။

    စည်သူအောင်မြင့် – VOA မြန်မာပိုင်း

  • ဖားသက်ပြင်း

    February 4, 2015 at 9:01 am

    အ​မေ ဝီ့ကိုစိတ်​မပျက်​ဝူးလား♪ ♪
    စိတ်​ပျက်​တာ​ပေါ့ ​သောက်​​ကောင်​ယီးရဲ့

  • လုံမလေးမွန်မွန်

    February 4, 2015 at 12:22 pm

    ဒီအစိုးရထက်​ပိုပြီး အရှက်​မရှိတဲ့အစိုးရ ကမ္ဘာ​ပေါ်မှာ ရှိ​သေးရင်​ ​ပြောပြပါလား.. သိချင်​လို့

  • ဦးကျောက်ခဲ

    February 4, 2015 at 8:20 pm

    ဝီ လား … ဝီ ဒီရက်ထဲမှာ ရာသီဥတုအေးလို့ နှာစေးနေတယ်…
    ဝီ ဦးထုပ်ဆောင်းရင်လည်း အများက ကဲ့ရဲ့ကြဦးမှာလေ… ခွိ
    :k:

  • nicolus agral

    February 5, 2015 at 8:14 pm

    ဘဖောနဲ့ သဂျီးနဲ့ ဒီဘိတ်လေးလုပ်ကြပါလား (white card/Green Card/PR) မဲပေးသင့်မသင့်

    ရွာလူကြီးတွေလဲပါဝင်ဆွေနွေးလေ

    အနော်တို့က ဝင်ဝင်ဆဲပေးမယ်

    (အဘဖောကို ဆဲချင်ထာ အူကိုယားနေတာပဲ ဒီရက်ပိုင်း အကုသိုလ်လုပ်တာတွေများနေလို့ နောက်အပတ်မှဆဲတော့မယ်)

    • kai

      February 6, 2015 at 2:00 am

      ဒီမဘိတ်ပါဘူး..
      ဩစီနဲ့အမေရိက.. ချိန်ထိုးကြည့်ပြီးသကာလ… အမေရိကားက.. အိမ်နီးချင်းနိုင်ငံတွေရှိ… တကမ္ဘာလုံးကပြောင်းခိုသူတွေလည်းအသကုန်လက်ခံတာမို့..
      အင်မီဂရေးရှင်းကိစ္စ.. ပေါ်လစီပိုကျွမ်းကျင်တယ်မှတ်ပါတယ်..။
      ဆိုတော့….
      (အမေရိကားအတိုင်း)… PR တွေမဲပေးခွင့်မရှိရေး.. ဒို့အရေး…။
      မှတ်ချက်။ ။ အမေရိကဂရင်းကဒ် ကိုင်ထားသူ သည်လည်း.. တချိန်ချိန်တွင်.. ယူအက်စ်စစ်ဒဇင်.. အမေရိကန်အဖြစ်လျှောက်ခွင့်.. ဖြစ်ခွင့်အလိုအလျှောက်ရှိသည်။
      သာမန်အားဖြင့် စောင့်ရချိန် .. ၃နှစ်မှ-၅နှစ်…။
      PR တွေ စစ်ဒဇင်ဖြစ်လမ်းပေါ်လျှောက်ရရေး.. ဒို့အရေး..။ :k:

  • မြစပဲရိုး

    February 6, 2015 at 5:22 am

    ငဒို့ ဝီဝီ က သီချင်းတောင် ဆိုနေလိုက်သေး။
    ဘာ အကြံလဲ ဆိုတာ တော့ လိုက်မမှီ တော့ဘူး။

  • ဦးဦးပါလေရာ

    February 6, 2015 at 10:49 am

    .ဒီလွှတ်တော်ဆုံးဖြတ်ချက်ကိုကြည့်ရင် ဒီလွှတ်တော်မှာ နောက်ကွယ်ကအချက်ပေးရင် တညီတညွတ်ထဲဝိုင်းအူတဲ့ကောင်တွေ ကြီးစိုးနေမှန်း အလွန်ထင်ရှားပါတယ်။ အဲဒါကို အချိန်မီလေး သတိပေးသလိုဖြစ်သွားတယ်။
    .တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေတိုင်းက နောက်တပတ်လွှတ်တော်မှာ တိုင်းပြည်ကိုရောင်းစားလဲစားမယ့်ကောင်မျိုးတွေ တစ်ယောက်မှပါမလာအောင် တတ်နိုင်သမျှလုပ်ဆောင်ဖို့ အချက်ပေးသံပဲဖြစ်ပါတယ်။
    .ကျုပ်တို့လူမျိုးက အွန်လိုင်းမှာသာ အသံကောင်းဟစ်တာ။
    .တကယ်မဲပေးရမယ့်ရက်ကျတော့ မဲရုံသွားပြီး ကိုယ်တို်င်မဲပေးဖို့ ဝန်လေးသူတွေ အများသား…

    • Ma Ma

      February 6, 2015 at 1:49 pm

      ကိုယ့်မဲတပြားက တပြားဆိုသလို တန်ဖိုးရှိမယ်ဆိုရင် ကိုယ်တိုင်မဲရုံသွားပြီး မဲပေးဖို့ ဝန်မလေးပါဘူး။

      • (ရခိုင်ပြည်နယ်မှာတင်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ တစ်သန်းကျော်ရှိတယ်လို့သိရတာနဲ့အမျှ ဝှိုက်ကတ်ထုတ်ပေးခွင့်အာဏာရခဲ့သူတွေ ဘယ်သူတေတေငတေမာရင်ပြီးရော လူချမ်းသာရပ်ကွက်မှာ တိုက်ဟီးဟီးနဲ့မျက်နှာပြောင်တိုက်နေသူတွေ အကြောင်း အမြဲစဉ်းစားမိ ရင်နာမိပါတယ်)

        အန်တီမမရေးသလို ကိုယ့်မဲတပြားကတန်ဖိုးရှိမယ်ဆို မဲရုံသွားဖို့ဝန်မလေးပါဘူး။
        တကယ်လဲကိုယ်တိုင်သွားပါတယ်။
        ိုယ့်မဲပြားကိုတန်ဖိုးမထားပဲ ကိုယ်မဲစာရင်းပါတဲ့တာဝန်ကျရာအရပ်ကနေ ပိတ်ရက်မတိုင်ခင်ပြန်ရပြီးရော ထွေအုပ်နဲ့ညှိပြီးကြိုတင်မဲပေးခဲ့ကြသူတွေနိုင်ငံတဝှမ်း ဘယ်လောက်တောင်ရှိနေလိမ့်မလဲ
        ကိုယ်တိုင်မြင်တာတွေတင်မနည်း
        🙁

  • အလင်းဆက်

    February 7, 2015 at 11:58 am

    ဝီ့ကို ခွင့်လွှတ်လိုက်ကြပါတော့ကွယ် ငှယ် ငှယ်

    :k:

Leave a Reply