စဉ်းစားကြစေလိုပါတယ် ( ၇၉ ) ( နိုင်ငံသား မဟုတ်လဲ မဲပေးခွင့် ရပါတယ် )

 

အမှတ်တရလေး ဖြစ်သွားအောင် ပြောခဲ့ချင်လို့ပါ ။

 

သြဇီမှာတော့ နိုင်ငံသား မဟုတ်လဲ မဲပေးခွင့် ရပါတယ် ။

သြဇီ မှာ အမြဲတမ်းနေထိုင်ခွင့် Permanent Resident ရထားတဲ့ ၊

ဓနသဟာယ Commonwealth အဖွဲ့ဝင် နိုင်ငံက နိုင်ငံခြားသားတွေ ၊

( ဥပမာ ။ ။ အိန္ဒိယ နိုင်ငံသားတွေ ) သြဇီမှာ မဲပေးခွင့် ရှိပါတယ် ။

 

အဓိက ကတော့ ၊

ကိုယ့် အပေါ် နှင့် ကိုယ်နေတဲ့ ဒေသ ရပ်ရွာ အပေါ် မှာ ၊

ဘယ်လို စည်းမျဉ်း ဥပဒေတွေ ထားကြမယ် ၊

ဘယ်လို အုပ်ချုပ်ကြမယ် ဆိုတာ ကို ၊

နေထိုင်သူတွေ ကိုယ်တိုင် ပါဝင် ဆုံးဖြတ်ခွင့် ရှိတာဟာ ၊

ဒီမိုကရေစီ ရဲ့ အခြေခံ ပါဘဲ ။

 

မြန်မာ့ မြေပေါ်မှာဘဲ မွေးခဲ့တဲ့ ဘင်္ဂါလီတွေ ဟာ ၊

မြန်မာနိုင်ငံ ကို သစ္စာ စောင့်သိမယ် ၊

မြန်မာနိုင်ငံ ကို ချစ်ခင် မြတ်နိုးမယ် ဆိုရင် ၊

၁ ။ ဘင်္ဂါလီတွေ ကို နိုင်ငံသား ပေးတာ ၊

၂ ။ ဘင်္ဂါလီတွေ ကို မဲပေးခွင့်ပြုတာ ကို ထောက်ခံပါတယ် ။

 

မြန်မာပြည်မှာ လူကြိုက်နည်းမယ့် စကားတွေဆိုတာ သိပ် သိတာပေါ့ ။

ဒါပေမယ့် ၊ မတတ်နိုင်ဘူးရယ် ။

 

ကျနော်က ၊ အဓိက က ၊

တရားမျှတမှု ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကိုဘဲ ကြိုက်တယ် ။

 

ကျနော် ကံကောင်းတာ တစ်ခုက ၊

ကျနော် ကိုးကွယ်နေတဲ့ ဗုဒ္ဓ ဘာသာ ရဲ့ အနှစ်သာရ ဖြစ်တဲ့ မေတ္တာတရား ကလဲ ၊

တရားမျှတမှု ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကို ၊ မ ဆန့်ကျင်ဘူး ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

နောက်တစ်ခု တွေးဆဖို့ ထောက်ပြချင်တာ တစ်ခု က ။

 

” တကယ်တော့ ဒီ ယာယီသက်သေခံ လက်မှတ်တွေ ပေါ်ပေါက်လာတဲ့

သမိုင်းကြောင်းကလည်း မရိုးသားပါဘူး။

၁၉၉၃ ကစ အရင် စစ်အာဏာရှင်တွေဟာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် နဲ့

အခြား အသိအမှတ်ပြု သက်သေခံ လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားတဲ့

အစ္စလာမ် ဘာသာဝင် အများစုဆီကနေ သူတို့ကိုင်ထားတဲ့ လက်မှတ်တွေကို သိမ်း၊

ယာယီသက်သေခံ လက်မှတ်တွေ ပြန်ထုတ်ပေးခဲ့ပါတယ်။

 

အဲဒီ အစ္စလာမ် ဘာသာဝင် အများစု လက်ထဲမှာ

ဘာ သက်သေခံ အထောက်အထားမှ မကျန်ရစ်ပါဘူး။

ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာ- ဘင်္ဂလီတွေကို

အဲလို သက်သေခံ လက်မှတ်မျိုး အများအပြား ထုတ်ပေးခဲ့ပါတယ်။

 

တကယ်တော့ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ

ယာယီ အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။

ဒါပေမယ့် အရင် စစ်အစိုးရလုပ်ခဲ့ပုံဟာ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့တိုင်

အဲဒီ လူတွေကို စနစ်တကျ စိစစ်ပေးတာ မလုပ်ခဲ့ပဲ

ယာယီ သက်သေခံ လက်မှတ်ထုတ်ပေးထားပြီး နိုင်ငံသား အခွင့်အရေး မပေးတဲ့အပြင်

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတောင် ကျူးလွန်ခဲ့ပါသေးတယ် ။

 

စည်သူအောင်မြင့် – VOA မြန်မာပိုင်း “

 

အဲဒီတော့ကာ နောက်ဆုံး ၊ အဖြေထုတ်ရရင်တော့ ၊

 

၁ ။

စစ် အစိုးရ အဆက်ဆက် မပြတ်မသား ၊ ဝေ့လည် ကြောင်ပါတ် ၊

လုပ်ခဲ့တာတွေရဲ့ အကျိုးဆက် ဆိုတာကို တွေ့နေရတယ် ။

 

၂ ။

ဘင်္ဂါလီတွေ ကို မြန်မာနိုင်ငံ ကို သစ္စာ စောင့်သိကြမှာလားလို့ ၊

မေးရမယ့် အချိန် ၊ တွေးဆရမယ့် အချိန် ကို ရောက်လာပါပြီ ။

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။