မိညီမ ဆိုသည်​မှာ ၃

ムラカミFebruary 5, 20151min23823

ဒင်​းအ​ကြောင်​းက ​ပြောမကုန်​ပါဝူးဗျာ

ကျ​နော်​က ခီညားတို့သိတဲ့အတိုင်​း ဘယ်​သန်​

စိကလက်​​သောက်​ရင်​​တော့ ညာနဲ့​သောက်​တယ်​

အိမ်​ကကားက ညာ​မောင်​း​လေ ဒင်​းကိုတင်​ပြီး အပြင်​သွားတိုင်​း စိကလက်​ညာနဲ့​သောက်​ဖို့​လေ့ကျင်​့ထားရတာ​ပေါ့

မိညီမနဲ့စား​လေ့ရှိတာက​တော့ ​ကြေးအိုးပဲ

သူ့အကျင်​့က ဆီ​မွှေးထပ်​​တောင်​း​လေ့ရှိတာပဲ

အဲ့အကျင်​့ ကျ​နော်​့ဆီကူးဆက်​သွားတယ်​

​ကြေးအိုးဆိုင်​​ရောက်​တိုင်​း ဆီ​မွှေးထပ်​မှာမိရဲ့

ချစ်​ဖို့တကယ်​​ကောင်​းခဲ့ပါတယ်​ အမြဲတမ်​း အား​ပေး​လေ့ရှိတယ်​

နာမည်​ကြီးအသည်​းဆရာဝန်​တေ​ယောက်​ရြြဲ့ အစစ်​စတန်​့ လုပ်​တယ်​​လေ

အရက်​သမားကုတဲ့ဆရာဝန်​ဆိုပြီး​ခေါ်​တော့ ကျ​နော်​့ကို ဂျပန်​အထိဖုန်​းဆက်​ဆဲတယ်​

ကျုပ်​ကိုသာဆဲတာ ကျန်​ကိုယ်​​တော်​​လေးနဲ့ကျ အ​တော်​အဆင်​​ပြေသဗျ

မုန်​့ထွက်​စားရတာနဲ့ ကားပတ်​စီးရတာနဲ့ မသူ​တော်​အချင်​းချင်​းကြည်​ညိုဂျတယ်​

မာမီ့ကို စမတ်​ဖုန်​းနဲ့ ​အွန်​လိုင်​းသုံးတတ်​​အောင်​သင်​တာလည်​း ဒင်​းပဲ​လေ

မားသားဂျီးထိပ်​ဆုံးဖုန်​းနဲ့ရိုက်​ပို့တဲ့ပုံက ဒင်​းပုံ

ဂျူတီကုတ်​​လေးနဲ့​ချောင်​ထဲမှာ ငို​နေတာ

ကျန်​​ကျောင်​း အသည်​းကာကွယ်​​ဆေးသွားထိုးတဲ့​နေ့က​ပေါ့

သူမထိုးရက်​လို့ တခြားတ​ယောက်​ကိုထိုးခိုင်​းပြီး ​ချောင်​ထဲမျက်​ရည်​ကျ​နေတာ​လေ

အဲ့လိုကျ​တော့လည်​းချစ်​စရာ​ကောင်​းသား

တခါတခါ​တော့​ဖောက်​သဗျ

ကျုပ်​ငယ်​ငယ်​က စိတ်​ဆိုးတိုင်​းဒင်​းပုံ ကာရီကာချာဆွဲပီးဟားဖူးတယ်​

အဲ့လိုကျ​တော့လည်​းပြုံး​နေပြီးဘာမှမ​ပြောတတ်​ဘူး

ကျ​နော်​ အ​ရှေ့ကျွန်​းသွား​တော့ တနှစ်​စာအိမ်​သုံး​ဆေးအကုန်​ထည်​့​ပေးတယ်​​လေ

​ဆေးညွှန်​းနဲ့တကွ

အဲ့တာနှစ်​တိုင်​းပဲ

ကျ​နော်​ဓာတ်​မတဲ့တာလည်​းသူသိတယ်​

ခနခန သတ်​မယ်​ချိန်​း​ခြောက်​ဖူးတယ်​ စိတ်​ဆိုးတိုင်​း

တကယ်​​တော့ သူသတ်​ရင်​ကျ​နော်​​သေခဲ့တာ ကြာပါပြီ

တကယ်​ချစ်​ဖို့​ကောင်​းတဲ့ မိညီမပါ

​နောက်​မှဆက်​မယ်​ဗျာ

 

 

23 comments

    • ဖားသက်ပြင်း

      February 5, 2015 at 1:41 pm

      ​သောက်​​ကောင်​မ ပါးပိတ်​ချမှာ​ညော်​
      :'(

  • Ma Ei

    February 5, 2015 at 1:55 pm

    မိညီမ တစ်ထောင့်တစ်ည ပုံပြင်များ ဆိုပြီး ဘုတ်အုပ်ထုတ်နော်…

    • မြစပဲရိုး

      February 5, 2015 at 2:10 pm

      Well … I think …. those re-reading one may last until starting another new chapter.
      Let’s see. lol:-)))))
      But … good to read anyway. :))

  • black chaw

    February 5, 2015 at 2:16 pm

    ဇာတ်လမ်းက ဘယ်လိုမှ လွမ်းစရာ မ ကောင်းပါဘူး။
    ဒါရိုက်တာ တစ်ယောက်နေရာက
    ဇာတ်ကို ဆက်တွေးကြည့်မိတယ်။
    မင်းသမီး က လင် ယူပြီး သမီးလေး မွေး။
    ၂နှစ်လောက် ကြာတော့
    လင် နဲ ့ကွဲ။
    ပြီးတော့ မင်းသား နဲ ့ညားကြ လေသတည်းပေါ့။
    လောလောဆယ်
    မင်းသမီးကလင်ယူသွားချိန်ဆိုတော့
    မင်းသားမ နေနဲ ့
    မင်းသမီးက လေးရမယ့်အချိန်
    သူ ့လင် နဲ ့ကွဲ မယ့်အချိန်ကိုတော့
    စိတ် ရှည်လက် ရှည် စောင့်ပေဦးပေါ့။
    ဒီကြားထဲ အလွန်အကျွံ တွေ
    သောက်မြင် ကတ်အောင်
    လွမ်းနေရင် တော့
    ဒု..သ..န..သော ပဲဟေ့။

    • ခင်ဇော်

      February 5, 2015 at 2:29 pm

      အားရထာ
      ကျေနပ်ထာ၊
      ဝမ်းသာထာ ကိုဂျီးဘက်
      ဒင်း ကို ဒီလောက်တော့ ပြောသင့်တယ်။

      👿

      • ဖားသက်ပြင်း

        February 5, 2015 at 2:37 pm

        ချဉ်​ထှာ
        ငမိညီမနဲ့တိုင်​မယ်​
        အစ်​မဇုတ်​

      • nicolus agral

        February 5, 2015 at 8:23 pm

        မှတ်ဟ ကိုဂီ
        ရွာထဲမှာ လဗ်ဆင်းလာရိုက်တာကိုး

        အားကျတယ်ဗျာ (အာလုပ်သံဖြင့်ဖတ်ပါ)

    • pooch

      February 5, 2015 at 3:28 pm

      အေးတာပဲ အဲ့လို ဆုံးမပေးလိုက်စမ်းပါ
      ပတ်ရမ်းပြီး မိုက်ရိုင်းထွားကျိုင်းနေတာ

    • မွသဲ ( 17082011 )

      February 5, 2015 at 6:48 pm

      ဟိဟိ ဘက် မိုက်ချက်။ မှန်လွန်းလို့သွေးတောင်ထွက်တယ် ဘက်ရယ် ခိခိ

  • Mr. MarGa

    February 5, 2015 at 2:32 pm

    လွမ်းတော်မူလို့ စာကိုစီတယ်..
    ဒီဇာတ်ရယ်.. ဘယ်မှာ ဆုံးပါမယ်…

  • ကိုရင်စည်သူ

    February 5, 2015 at 3:16 pm

    အဲ့လောက်ချစ်ဖို့ကောင်းတာ ဘာလို့ ရအောင် မယူဒါလဲဂျာ..
    ကုန်းစွန်းချဲ့ နည်းပညာသုံးချမ်းပါ။

  • Foreign Resident

    February 5, 2015 at 3:20 pm

    အီးးးးးးးး ၊ အားကျ ထှာ မေါင်ဂီ ရယ် ။
    သာမီးလေးဒွေ အညားဂျီးက ဝိုင်းပြီး အချစ်ခံရတဲ့ ဘဝ ။

    အဘ မှာတော့ ၊ ဒီတစ်ယောက်ကဘဲ ချစ် ၊
    အဲဒီ တစ်ယောက်ကိုဘဲ ယူလိုက်ရတဲ့ ဘဝ ။
    ဇတ်လမ်းက ရိုးလိုက်တာ ။

    ့တောက် ၊ ပြန်ငယ်ချင်စမ်းပါဘိ ။ ဟီ ဟိ ၊ နောက်ထှာ ။

  • မွသဲ ( 17082011 )

    February 5, 2015 at 6:47 pm

    ဘာပဲဖြစ်ဖြစ်နင်အသီးကွဲဒေါ့ ငဒို့လဲပွိုင့်တိုးဒါပေါ့ဟယ်။ ကောင်းပါဒယ် အသီးများများကွဲပါဇီတော်

  • Ma Ma

    February 5, 2015 at 9:01 pm

    ကိုယ်တိုင်လည်း မစား
    သူများလည်း မကျွေး
    မတရားတာများ။ :boss:

    နောက်ဆုံးမတော့…..
    ဂီ့ခမျာ….
    ဇာတ်လမ်းပမာ နားဆင်စရာ ကွက်စိပ်ဟောသူ ဖြစ်ရရှာ။ :e:

  • မြစပဲရိုး

    February 6, 2015 at 12:07 am

    မနက်က အချိန်မရတော့ လို့ ကိုချော စာကို ဖတ်ပြီး ပြုံးရုံ ပြုံးသွားခဲ့တာ။
    ကျန်​ကိုယ်​​တော်​​လေး ရဲ့ ပါပါး ကိုတော့ ရှေ့နေလိုက်ပေးဖို့ ကြောက်ပါရဲ့။
    သို့ပေသည့် အခြေအနေ လေး ကိုတော့ ရှေ့နေလိုက်ခွင့်ပြုပါ။

    အခု မောင်ဂီ ပြောနေတဲ့ အကြောင်းက အတိတ် ကို ပြန်ဖတ် နေတာလို့ သတ်မှတ်လို့ ရမှာပါ။
    ရှင့် အစ်မ နားလည် မိတာကတော့ အဲဒီ အတိတ်ထဲ မှာ တစ်ယောက် နဲ့ တစ်ယောက် ခင်တွယ်မှု သံယောဇဉ် သန့်သန့်လေး ဘဲ တွေ့ပါတယ်။
    နောက် အပိုင်းတွေမှာတော့ မသိ။
    အခုထိတော့ တဏှာပေမ နွယ်တဲ့ ချစ်ခြင်း အကြောင်း မတွေ့သေး။ (နောက်မှ ဖောက်လာရင်တော့ မသိ)

    မကြာခင်မှာ သူကြီး နဲ့ စစ်ခင်း မဲ့ အေအိုင် ရဲ့ အလို အရ ဆိုရင်တော့
    ကျား နဲ့ မ အင်မတန်ရင်းနှီး တဲ့ ကျောင်းသွားဖော် သူငယ်ချင်း၊ မိဘ ချင်းလဲ ခင်မင်၊ အချင်းချင်းလဲ သံယောဇဉ်ကြီး၊ နားလည်မှု ရှိ၊ ကြားဖျက်မျဉ်း လဲ မတား ရင် လင်မယား အဖြစ် ပေါင်းသင်း ကြစေသတည်းပေါ့။
    လက်တွေ့ လောကထဲ မှာတော့ ဒီအတိုင်း အကြင်လင်မယား ဖြစ်တာတွေလဲ ရှိ။ မဖြစ်ခဲ့ ဘဲ တစ်ခြားသူ တွေ နဲ့ ဆုံ သွားတာလဲ ရှိပေါ့။

    အစ်မ ဦးလေး အငယ် တက္ကသိုလ် တက်တော့ သူ့မှာ အင်မတန် ရင်းနှီး တဲ့ သူငယ်ချင်း မ လေး ရှိခဲ့ တယ်။
    နှစ်ဦး အပေါ် က အချက် တွေ အတိုင်းဘဲ။
    ဆုံ ချင် ဆုံ နိုင်ဖို့ ရာနှုန်းပြည့်ပေါ့။
    အဲဒါကို သမီးရီးစား မဖြစ်ကြပါ။ ခင်တာမှ တစ်တွဲတွဲ။
    နောက် တက္ကသိုလ်မှာ ဆရာဖြစ်ကြတော့ လဲ အတူတူ။
    နောက်တော့ အဲဒီ အန်တီ မှာ အဖော်တွေ့လာတယ်။
    သူ့ ရီးစား ကလဲ သူတို့ နှစ်ယောက် အကြောင်း သိမှသိ။
    ပိုးတာ ဦးလေး ကို အရင်ကပ်ရတယ် ပြောတာဘဲ။
    ဒီလောက် တွဲ တာ မသိဘဲ နေမလား။
    နောက်တော့ သူတို့ အိမ်ထောင်ပြု ပြီး လဲ ဦးလေး က သူတို့ အိမ် ဝင်ထွက် နေတာဘဲ။
    ဟို အန်တီ ကလဲ ဂရုစိုက် ဆဲဘဲ။
    သူ့ ယောကျာင်္းကြီး ကလဲ ဝန်မတို နားလည်ပုံဘဲ။
    ဦးလေးကတော့ တော်တော်လေး ကြာမှ အိမ်ထောင်ပြု တယ်။
    သူ့မိန်းမကလဲ သူတို့ နှစ်ယောက် အကြောင်း သိတယ်။
    တစ်ခုခု ဆို အဲဒီ အန်တီ ကို တိုင်ရော။
    အဲဒါ ကို ဒု သ နသော နဲ့ ညှိ တယ်လို့ ပြောမရ ဘူး ထင်ရဲ့။
    သူတို့ နှစ်ယောက် စိတ်ထဲ တဏှာစိတ် မှ မရှိတာ။
    နောက် သူတို့ အနေအထိုင် ကလဲ အများ အမြင်မှာ သန့်ရှင်း နေတာ မို့ လဲ ဖြစ်နိုင်ပါတယ်။

    ဦးလေး ကို နောက်ပြီး အမြဲ မေးနေကျ။
    အဲဒီ အန်တီ က ဒီလောက် ချောပါရက် နဲ့ မကြိုက်ခဲ့ဘူးလားလို့။
    သူကပြောတယ်။ စိတ်ထဲမယ် အဲဒီလို တဏှာပေမ ထားလို့ မရဘူးတဲ့။
    ချစ်တာမှ ဖြူဖြူလေးချစ်တာ တဲ့။
    သူ တစ်ခြား နောက် ပါမှာကိုလဲ ဝန်တိုစိတ် မရှိဘူးတဲ့။
    အဲဒီ အန်တီ ပျော်ရင်ပြီးရောတဲ့။ အဲဒီ အန်တီ ကလဲ သူ့အပေါ် အဲ လို စိတ် ဘဲတဲ့။

    အဖွား ကတော့ ပြောတယ်။
    သူတို့ အရင်ဘဝက အင်မတန်ချစ်တဲ့ မောင်နှမ တွေ ဖြစ်ခဲ့တယ် ထင်ရဲ့ တဲ့။
    (သူကြီး ငြင်း ချင်ရင် အဖွား နဲ့ ငြင်းပေရော့)

    ဒါကြောင့် ပလေတိုးနစ် အချစ် ဆိုတာ အလကား စာထဲ ရှိနေတာ မဟုတ်လောက်ပါဘူးလေ။

    (ဟိ – အရီး ရှေ့နေ ဝင်လိုက် တာ နဲ့ မောင်ဂီ ရဲ့ ဇီးသီးပျက်ပြီ လား မသိ)
    lol:-))))

    • kai

      February 6, 2015 at 2:06 am

      အချစ်သည်..ရယူပိုင်ဆိုင်ခြင်းလို့… နားလည်ထားတယ်..။
      ချစ်ပြီးမပိုင်ဆိုင်(ချင်)တာကို.. အချစ်လို့မထင်…။
      စိတ္တဇ…။

      ဘုရားဟောမှာလည်း.. ၅၂၈ဖြစ်ဖြစ်.. ၁၅၀ဝဖြစ်ဖြစ်.. ရေတွက်တာက… ကိလေသာတွေအနေနဲ့ပါ..။
      ဆိုတော့…
      လူသားတွေချစ်ကြရင်.. (နောင်တမရအောင်) အိပ်ယာပေါ်မှာဘေးထား.. တူတူအိပ်ကြစေလို..။ :k:

      • မြစပဲရိုး

        February 6, 2015 at 2:33 am

        Love does not claim possession, but gives freedom.
        Rabindranath Tagore
        😉 😉 😉

    • black chaw

      February 6, 2015 at 7:34 am

      အစ်မလတ် ရေ…။
      အစ်မလတ် နမူနာ ပေးသွားတဲ့ ဦးလေး နဲ့ အန်တီ ဇာတ်လေးကို
      နည်းနည်း ချဲ့တွေးကြည့်မိရင်
      ထူးအိမ်သင် ရဲ့ မျက်ရည်ဝဲရုံ ဆိုတဲ့ သီချင်းလေးလိုများ
      ဖြစ်နေမလားမသိဘူး။
      (ရင်မှာ လှိုက်ခုံသွားရုံလေး…အချစ်ဆုံး…ကိုယ်ဘာကိုမှလည်း မမျှော်လင့်ဘူး…
      ကြင်နာစွာ ရီဝေတဲ့ အကြည့်လေးနဲ့ နှစ်သိမ့်နေလို့
      တကယ်ဆိုကိုယ့်စိတ်ထဲမှာ…ဘယ်လိုဖြစ်နေမယ် ထင်လဲကွယ်…
      ရင်ထဲ…ကိုယ်ခံစား…
      ကိုယ်မြတ်နိုးခဲ့ရတာ…ရင်မှာထား…
      ချစ်လားမေးရင်…ကိုယ်ငြင်းမယ်…)
      (ကိုယ်စီ မျက်ရည်ဝဲရုံလေး…ပါပဲကွယ်…ဒီလိုနဲ့ ဝေး…ဝေးရမှာပဲ…
      နာကျင်စွာ ကြင်နာသူကို အဝေးက ငေးကြည့်နေရင်း…
      ကိုယ်သာချစ်မိခဲ့တာ…ရင်မှာလွမ်းရလည်း ကျေနပ်တယ်…
      အချစ်လေး…တကယ်လို့များ…မဆုံအောင်ဝေးခဲ့ကြရင်…ငိုမှာလား…
      တစ်ယောက်တည်းကြိတ်ကာ…ကိုယ်ခံစား…)
      (ဒီလို တိတ်တိတ်မျက်ရည်ဝဲရုံ…ကြေကွဲသွားရုံလေး
      ရင်ခွင်ထဲ…နွေးထွေးသွားရုံလေး…
      အသည်းမှာ မင်းအကြည့်တွေ ရင်ခုန်ရုံလေး ချစ်နေမှာ…
      ကြင်နာတာတွေကို ရင်မှာသာ သိုဝှက်ထား
      ကိုယ်ဘယ်တော့မှ မပြောတော့ပါ…)
      သူတို့ ၂ ယောက် သိတ်ချစ်ပေမယ့်
      တိတ်တိတ်မျက်ရည်ဝဲရုံ ကြေကွဲသွားရုံ လေးလောက်နဲ့
      ကျေနပ်လိုက်ကြတာလား…ပေါ့။
      ဆိုတော့…။
      အဲဒီ ပလေတိုးနစ် အချစ်အကြောင်း…
      ရွာထဲက ကိုကိုတချို့နဲ့ စိတ်ဝင်တစား ဆွေးနွေးခဲ့ဖူးပါတယ်…။
      တစ်ချိန်ချိန်တော့ ပို့စ် အဖြစ်တင်ဖို့လည်း ရည်ရွယ်ထားပါတယ်…။
      သီချင်းလေးတွေလည်းပါမယ်ပေါ့…။
      ဥပမာ – ခိုင်ထူးရဲ့ ဆိုင်သူကိုယ်စီနဲ့ သီချင်းမျိုး…။
      ဒါပေမယ့်… မဒမ်ဘလက် နဲ့ သူ့ ရုံးက အဖွဲ့တွေကလည်း
      မြန်မာဂဇက် ကို ပုံမှန်ဝင်ဖတ်နေကြတော့
      အတော် စွန့်စားရမယ့် ကိစ္စကြီးဖြစ်နေတယ်ခင်ဗျ…။
      အခုတော့ ကျန်ကိုယ်တော်လေးရဲ့ ဖေဖေ ကိစ္စပဲ ဆက်ပြောပါရစေ…။
      ကျွန်တော်တို့ မင်းသားက
      စောဘွဲ့မှူး သီချင်းလို ဖြစ်နေတာ ခင်ဗျ…။
      ( အော်…မိန်းမ…မိန်းမ တဖွဖွ
      ဂါထာကို ရွတ်ရင်းက ရူးသွပ်ခြင်းဟာ
      ကားလမ်းမထက်မှာ)
      ဟုတ်ကဲ့ အစ်မ ရေ…။
      သေချာတာကတော့ မောင်ဂီ ရဲ့ အချစ်က
      အစ်မပြောတဲ့ ပလေတိုးနစ် အချစ် မဟုတ်ပါဘူး…။
      ဒင်းအချစ်က မပုလဲ သီချင်းလိုပါပဲ…။
      နင် ယောက်ျား ရှိရှိ မရှိရှိပါကွယ် ငါက ချစ်မှာပဲ…။
      ဟေးဟေး…ဒင်း…ကို…ညီလေးတစ်ယောက်လို ချစ်လွန်းလို့ သာ
      ရေးလိုက်ရခြင်းပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

      • ခင်ဇော်

        February 6, 2015 at 7:48 am

        မှန်တယ်။
        မှန်တယ်။
        အရီး ရှေ့နေလိုက်မှားမယ်.။
        ဒင်းက အတိတ်ကဟာတွေကို ရှေ့မှာယူယူလာပြီး ကွဲကွဲပြတော့ ကျနော်တို့က ကိုယ်တွေ့ဒဏ်ခံလိုက်ရဘီ။
        မုန်းဒယ်
        မုန်းဒယ်

        :k:

  • Shwe Ei

    February 6, 2015 at 11:41 am

    -ဟဝှာပိုး..ခေါင်းထဲရောက်သွားရင် ရူးတတ်တယ်တဲ့ခည :mrgreen:

Leave a Reply