Valentine နဲ့ ရင်ဘတ်တစ်စုံ

ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ

အဲသည်နေ့က သူရောက်လာတယ်

ပန်းနုရောင်တွေအပြည့်နဲ့ပေါ့

အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ်

ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ်

သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့

ကျွန်တော် အရူးအမူးပဲ။

 

ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ

အေးစိမ့်တဲ့အထိအတွေ့နဲ့

ကျွန်တော်သူ့ကို အနမ်းအချ ို့ကပန်ပေးချင်ပါရဲ့

သူလက်ခံနိုင်ပါစေ

သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့

ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။

 

ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့

သူ့ကိုတစ်ချက်မောကြည့်မိတယ်

ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ

နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ

……………………………………..

……………………………………..

နံရံမှာနားရှိသလို

ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ်

သူ့မှာရော…………………………..။

 

နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ

ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ

သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ

ရောက်တော့မယ်…….ရောက်ခါနီးနေပြီ

သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့

လေပြေ…….တစ်ဆင့်…….လေပြင်း……

လေပြင်း…….တစ်ဆင့်……မုန်တိုင်း……..

ကျွန်တော့်လည်ချောင်းကတစ်ဆင့် ပင့်သက်ကိုရှိုက်လိုက်တယ်…

သူ့ရဲ့အပြုံးတစ်ချက်……

အပြုံးတစ်ဝက်…….

အပြုံးတစ်စက်…….

မှေးးးးးးးးးးးးမှိန်………လွင့်ပါး………..

……………………………………..

………………………………….။

 

တိတ်ဆိတ်……..မှောင်မိုက်………

ကျွန်တော့်သီးသန့်ကမ္ဘာရဲ့အခန်းထဲမှာ

……………

……………

Valentine နေ့တွေအစီအရီနဲ့ ရှာဖွေကြည့်ပါ

နှလုံးသားအသေနဲ့ ရင်ဘတ်တစ်စုံကို ခင်ဗျားတွေ့လိမ့်မယ်။

 

*****************

 

ရင်းနှင့်ရင်း၍

အောင်မိုးသူ

ဖေဖော်ဝါရီ ၁ရက် ၂၀၁၃ခုနှစ်

သောကြာနေ့

နေ့လည် ၁နာရီ ၂၄မိနစ်

8 comments

  • ခင်ဇော်

    February 6, 2015 at 11:50 am

    ခုတော့ အစီအရီနဲ့ ကို တည်းခိုခန်းတွေ ဒစ်စကောင့်ချနေတယ်။

    :a:

    သန့်စင်တဲ့ နှလုံးသားတွေ ရှားပါးကုန်ပြီ။

    😥

  • Ma Ma

    February 6, 2015 at 9:15 pm

    Valentine နေ့ရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို မသိပဲ
    Valentine နေ့ကို ဆင်နွဲနေကြတာ

    မနှစ်က ကေဇီရေးထားတဲ့ပိုစ့်လေးကိုတောင် သတိရလာပြီ။

    • ခင်ဇော်

      February 6, 2015 at 9:35 pm

      သင်္ကြန်တုန်းးးကရေးးတဲ့ ပို့စ်လားးးဟင်???
      :k:

  • kai

    February 7, 2015 at 4:54 pm

    တခါတလေတော့…
    မြန်မာတွေ…
    “ဟိုလူတွေ”ရဲ့ချွန်တွန်းတွေကြောင့်….
    လိင်ကာမကိစ္စ.. အပြစ်လို့မြင်နေကြသလား..
    တွေးနေမိ…။
    ကျားနဲ့မသာရှိ.. လူသားရဲ့မိသားစုချစ်ခြင်းမေတ္တာ..
    ထုံမွန်းတဲ့လောကမှာ..
    လိင်ကာမ,မရှိရင်…
    လူသားမျိုးနွယ်လည်း.. ဆက်ဖြစ်ရန်မရှိ…
    သဘာဝတရားဖြစ်၏
    အင်းလေ…
    မင်းလည်းသိပါ၏..။ သိပါ၏..။

    • မြစပဲရိုး

      February 7, 2015 at 6:26 pm

      လိင်ကာမ,မရှိ လဲ လူ တွေပွါးနိုင်ပါပြီလေ။
      IVF ဆိုတာ ပေါ်တာကြာပေါ့။
      Clone တောင် အလုပ် ဖြစ်မဲ့ ဆဲဆဲ ပျက်သွားတာ။
      အခု ဒီမှာ အမေ နှစ်ယောက် အဖေ တစ်ယောက် လူ ၃ယောက် နဲ့ ကလေး ထုတ်ဖို့ လုပ်နေပြီ။
      So…
      Que Sera Sera ….. lol:-)))) :)) :))

      • အောင် မိုးသူ

        February 10, 2015 at 11:21 am

        အဲ့လိုလုပ်နိုင်ရင်လေ ကျတော်ကလေးတစ်ယောက်မွေးချင်တယ်။ မိန်းမမယူချင်ဘူး။ မေမေနဲ့တူမလေးတွေနဲ့နေချင်တယ်။ ကိုယ့်သားသမီးတစ်ယောက်လောက်လည်း လိုချင်တယ်။

Leave a Reply