နားစွန်နားဖျား ရပ်ကွက်…။ (JAN’ 2015)

black chawFebruary 6, 20153min62844

ကြိုပြောထားမယ်နော်…။

အခုတင်မယ့် သတင်းတွေက လွန်ခဲ့တဲ့ ဇန္နဝါရီ ဒုတိယ ပတ်လောက်က သတင်းတွေပါ ခင်ဗျာ…။

နည်းနည်း တော့ မလတ်ဆတ်တော့ဘူး ဆိုတဲ့ သဘောပေါ့…။

 

၂၀၁၃ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကတော့ ပြောစရာတွေ ဖြစ်ကျန်ခဲ့ပါရောလားဗျာ…။

နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့

ဒီလို ပွဲကြီးရဲ့ အဓိကဖျော်ဖြေမှု အချို့ဟာ မြန်မာတိုင်းရင်းသားတွေ မဟုတ်ခဲ့တာကတော့ဖြင့်

ဘယ်လိုမှ နားလည်ပေးဖို့ မကောင်းခဲ့ပါဘူး။

ဖျော်ဖြေရေး

မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းနဲ့ အော်ပရာ က ကြသတဲ့။

ရှေ့က အမျိုးသမီးက ပေါင် ၂ ချောင်းကို ကား

ရင်ကိုကော့ တင်ကိုပစ် ပြီး ကြယ်ကိုလှမ်းဆွတ်…၊ (ယိုးဒယားမလို့ ထင်ပါတယ်)

ပေါင်ကားတင်ကော့ရင်ပစ် ပြီဆိုမှတော့

တင်ပါး ၂ ခြမ်းကလည်း ထင်းကနဲပေါ့ ကျောင်းဒကာတို့ရယ်…၊

(ကွက်ကွက်ကွင်းကွင်း ပေါ်အောင်ရေးရတာမို့

အရေးအသား လျှပ်ပေါ်လော်လီသွားရင် ခွင့်လွှတ်)

ပြီးတော့မှ

အောက်က အမျိုးသားက ခါးကနေ လက် ၂ ဘက်နဲ့ သိမ်းကျုံးပြီး ခေါင်းပေါ်မြှောက်တင်…။

Sexy ပဲ…ဟေးဟေး…။

အိုးလေး လှုပ်ပါဟေ့…ရေအိုးလေးလှုပ်ပါဟေ့

 အိုးလေး လှုပ်ပါဟေ့…ရေအိုးလေးလှုပ်ပါဟေ့

အောင်မယ် Shell We Dance မြန်မာဗားရှင်း ကြည့် နေရသလိုပါပဲ။

အဲဒါ မြန်မာ့စိတ်ရင်း မြန်မာ့ ရှုခင်း တဲ့။

မြန်မာသီချင်းကို မြန်မာစောင်း ဆရာက မြန်မာဆန်ဆန် တီးပေးတာကို

အကပညာမှာ မြန်မာတွေက မော့ကြည့်နေရတဲ့ ယိုးဒယားတွေက က ကြသတဲ့။

သွားရော။

မြန်မာ့ သဘင် အနုပညာ သမားတွေကို အားနာစရာ ဗျာ။

မြန်မာတွေက မကတတ်လို့ ယိုးဒယားတွေ အကူအညီတောင်းရသလို ဖြစ်နေပြီ။

ဒီလို ပွဲကြီးမျိုးမှာ ဖျော်ဖြေနိုင်တဲ့ မြန်မာလူမျိုး အနုပညာသည်တွေ

မရှိတော့ဘူးလား ကိုကိုတို့ရယ်။

ခင်ဗျား တို့ မှာလည်း သင့်တော်၏ မသင့်တော်၏ ဆိုတာမျိုးတော့ စဉ်းစားသင့်ပါတယ်ဗျာ။

အဲဒါနဲ့ပတ်သက်လို့ ဒို့မြန်မာ ဇာတ်မင်းသားတစ်လက်ဖြစ်တဲ့

မိုးဝင်း ရဲ့ ဒိုင်ယာလော့ခ် လေး တင်ပြခွင့်ပြုပါခင်ဗျ။

 “ကျွန်တော်ထင်တယ်။ စောင်းသံနဲ့အတူ ကပြသွားတဲ့ အဖွဲ့တွေက မြန်မာမဟုတ်လောက်ဘူး။

ပြည်ပက ပညာရှင်တွေ ဖြစ်နိုင်တယ်။ ကျွန်တော် ပြောချင်တာက ပေါင်းစပ်ဖန်တီးပါ။

ဆန်းသစ်ပါ။ ကောင်းပါတယ်။

ဒါပေမယ့် အစအဆုံးကို မြန်မာလူမျိုးတွေကပဲ လုပ်စေချင်တယ်။ အဲဒီတင်ဆက်မှုက

ကကွက်တွေကို မြန်မာလူမျိုးတွေ ကခဲ့ရင် လှပတဲ့ တင်ဆက်မှုတစ်ခု ဖြစ်မယ်”

လို့ ပြောသွားခဲ့တာပါ။

အကယ်ဒမီ မျိုးသန္တာထွန်း ကလည်း

“ ကျွန်မတို့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု ဌာနက ပညာရှင်တွေ ဒီလောက်တော့ ကောင်းကောင်း

ကနိုင်ပါတယ်။ ဒါက မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲလေ။

ယိုးဒယား ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှ မဟုတ်တာ။

သူတို့ ကျွမ်းကျင်တဲ့ အပိုင်းတွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။

တော်လည်း တော်ကြပါတယ်။

ဒါပေမယ့် မြန်မာ့ရုပ်ရှင်လောက ရဲ့ အလေးအမြတ်ထားရာ ထူးချွန်ဆုပေးပွဲမှာ

မြန်မာ့စောင်းနဲ့ ယဉ်ကျေးမှု ကဇာတ်က အကနဲ့သာ တက်ဖျော်ဖြေရင် 

ကြက်သီးထလောက်အောင် ကောင်းမှာပါ။”

လို့ ပြောသွားခဲ့ပါတယ်။

အဲ့ဒါ နဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံး နာယက တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း ကို

နံနက်ခင်း ဂျာနယ် က အင်တာဗျူးလုပ်ပါတယ်။

နံနက်ခင်း ။      ။ အကယ်ဒမီဆုနှင်းပွဲမှာ ယိုးဒယားတွေ စင်ပေါ်တက်ကကြတာ တချို့ပြည်သူတွေ

မကြိုက်ကြဘူးဆရာ။ နည်းပညာကို ယူတာ လက်ခံတယ်ပေါ့ဆရာ။

ဆရာ ကိုယ်တိုင် ဒီအစီအစဉ်ကို နှစ်သက်ပါသလား။

ကြည်စိုးထွန်း ။             ။ ကြည်စိုးထွန်း အနေနဲ့ ဖြေရရင် မကြိုက်ပါဘူး။

နံနက်ခင်း။       ။ ဒါဆို အဲဒီပရိုဂရမ်ပါမယ်လို့ စီစဉ်တဲ့အခါ ဆရာတို့က နာယက တွေပဲ။ ငြင်းလို့မရဘူးလား ဆရာ။

ကြည်စိုးထွန်း။             ။ အဲဒီ အစီအစဉ်ပါတယ်လို့ ကိုယ့်ကို ဘယ်သူမှလာပြီး မတိုင်ပင်ပါဘူး။ စင်ပေါ်ရောက်ပြီး

ကပြမှပဲ သိရတာပါ။ ဒါတွေဟာ နောင်ကို စဉ်းစားစရာပေါ့။ ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ပေါ့။

နောက်နှစ်တွေမှာ ဆင်ခြင်နိုင်အောင် တင်ပြပေးလိုက်ရပါတယ်ဗျာ။

စပွန်ဆာ များရဲ့ မကျေနပ်မှု

အကယ်ဒမီ ပေးပွဲကြီး မစခင်မှာပဲ အဓိက စပွန်ဆာ ပေးတဲ့

Alpine ရဲ့ မကျေနပ်မှု ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင် အစည်းအရုံးရဲ့ တာဝန်ရှိသူတွေအနေနဲ့ အဓိက စပွန်ဆာ ပေးသူကို နေရာမပေး၊

မလေးမစားဆက်ဆံလိုက်ပုံရပါတယ်။

Alpine အတွက် ပွဲတက်ဖို့ ပေးထားတဲ့ ခုံနေရာဟာ

နောက်ဘက် ရောက်နေတဲ့အတွက် Alpine တာဝန်ရှိသူတွေက

မကျေမနပ် ဖြစ်ပုံရပါတယ်။ ပွဲ မတက်ဘူးလို့ ဖေ့ဘုတ်မှာ တင်လိုက်ပါရောလား။

တာဝန်ရှိတဲ့ ရုပ်ရှင်အစည်းအရုံးဘက်က Alpine အတွက် ပွဲတက်ဖို့ ထိုင်ခုံတွေကို

ရှေ့ဘက်ပြန်ပို့ပေးခဲ့သော်လည်း

Alpine ဘက်ကတော့ ပွဲ မတက်တော့ဘူးလို့ သိရပါတယ်။

မန္တလေး မြို့က ပိုးထည် စပွန်ဆာ ပေးသူ ကလည်း ရွှေကြို တွေ ဝတ်ဖို့၊ မမများအဖွဲ့ဝတ်ဖို့၊

အလုပ်အမှုဆောင်အဖွဲ့တွေ ဝတ်ဖို့ ပိုးထည်များ ပေးခဲ့ရသော်လည်း

ပွဲတက်လက်မှတ် တစ်စောင်မှ မရတဲ့ အတွက် စိတ်ဆိုးသွားတယ်ဆိုလား။

နောင် ဆင်ခြင်စရာ၊ သင်ခန်းစာ ယူစရာ ကိစ္စတွေပဲပေါ့။

စန္ဒယားတင်ဝင်းလှိုင်ကို အားနာပါ

အကောင်းဆုံး ရုပ်ရှင် နောက်ခံတေးဂီတ ဆုကို စန္ဒယားတင်ဝင်းလှိုင် က ရရှိသွားတဲ့အခါ

ထုံးစံအတိုင်း ဆုယူအပြီးမှာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားတယ်ပေါ့ခင်ဗျာ။

ဒီအချိန်ဟာ အကယ်ဒမီဆုရသူရဲ့ အထွဋ်အထိပ်ပါ။

အသက် ၇ဝ ပြည့်လုနီးမှ ပထမဆုံး အကယ်ဒမီဆုကို ရရှိတဲ့ ပုဂ္ဂိုလ်ကြီးမှာ

ပြောစရာစကားတွေ တစ်ပုံတစ်ပင်ကြီး ရှိနေပုံရပါတယ်။

ပြောရင်း နဲ့ ဆယ့်လေးမိနစ်လောက်ကြာသွားတဲ့အခါ ပရက်စင်တာတွေက

ယဉ်ယဉ်ကျေးကျေး နဲ့ ကျေးဇူးတင်စကားပြောကြားနေသူကို တီးတိုးသတိပေးသင့်ပါတယ်။

ဒါမှ မဟုတ်လည်း အကယ်ဒမီ ဆု ရသူတစ်ယောက် ကျေးဇူးတင်စကားပြောခွင့်ပြုတဲ့

အချိန်ကို ကြိုတင် သတ်မှတ်ပေးထားသင့်ပါတယ်။

အခုတော့ ပြောနေဆဲတန်းလန်းကြီး ပရက်စင်တာတွေက အတင်းရပ်စေခဲ့တာကတော့

အရုပ်ဆိုးလွန်းပါတယ်။

ဆုရသူကို ဂုဏ်ပြုရမယ့်အစား စော်ကားလိုက် သလို ဖြစ်သွား တယ်လို့ စွတ်စွဲချင်ပါတယ်။

ပွဲကို ကြည့်နေရင်း ဆုရသူ ကိုတင်ဝင်းလှိုင် အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။

အော်…သူ့ခင်ဗျာ…ဆုရတော့မှပဲ တိုင်းသိပြည်သိ အစော်ကားခံလိုက်ရရှာတာပါလား

လို့လည်း အတွေးဝင်မိပါတယ်။

ပွဲအပြီး နောက်တစ်နေ့ထွက်လာတဲ့ သတင်းစာတစ်စောင်မှာ အကယ်ဒမီ တင်ဝင်းလှိုင်က

“ ဦးက နှစ်နှစ်ကာကာ လေးလေးနက်နက် ပြောနေတဲ့ အချိန်မှာ သူတို့က ပေါ့ပေါ့လေးနဲ့

ဟိုဘက်ကနေ ဖျက်လိုက်သလို ဖြစ်သွားတယ်။ ဦးလွန်တယ်ဆိုရင်လည်း တစ်ယောက်ယောက်က

အနားကို ကပ်လာပြီးတော့ တိုးတိုးပြောသင့်တယ်။ ပြီးတော့မှ ဆရာပြောတာလည်း လုံလောက်ပါပြီ။

ပရိသတ်ကလည်း ဒီလောက်ဆို ကျေနပ်ပါပြီဆိုပြီးတော့ စကားကို ရှေ့က အရင် ခံသင့်တယ်။

အခုဟာက အတင်းစင်ပေါ်ကနေ အခုဆင်း ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်”

လို့ ပြောသွားပါတယ်။

ဘာမဆိုင် ညာမဆိုင် ရွှေကြို တွေကို မော်ဒယ်ရှိုး လို လျှောက်ခိုင်းဖို့ အချိန်ပေးနိုင်သေးတာပဲ။

အကယ်ဒမီ ရသူတစ်ယောက်အနေနဲ့ ကျေးဇူးတင်စကားပြောတာကိုတော့ အချိန်ပေးသင့်တယ်

ထင်တာပါပဲ။

နောက်နှစ်တွေအတွက် သင်ခန်းစာယူစရာ တစ်ခုပါဗျာ။

ပွဲပြီး မီးမသေ

ဒီနှစ် မြန်မာ အကယ်ဒမီ ပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊

အကောင်းဆုံးတည်းဖြတ်ဆု၊ အကောင်းဆုံး အသံဆု၊ အကောင်း ဆုံး ဓါတ်ပုံဆု စတဲ့

ပညာသည်ဆုတွေ ချီးမြှင့်ခဲ့ခြင်း မရှိပါဘူး။

အဲဒါ နဲ့ ပတ်သက်လို့ ဇန်နဝါရီ ၈ ရက် ညနေက ရုပ်ရှင်အစည်းအရုံးမှာ ရှင်းလင်းပွဲကျင်းပ ခဲ့ရပါတယ်ဗျာ။

အကယ်ဒမီ ဘုတ်အဖွဲ့ ကလည်း ကြေညာချက် ထုတ် ရတဲ့အထိ ဖြေရှင်းခဲ့ရပါတယ်။

တာဝန်ရှိတဲ့ လူကြီးတစ်ဦးက အရည်အချင်းမမီလို့ မပေးတာ ဆိုတဲ့ စကားအတွက်လည်း

အနုပညာရှင် တချို့က အစာအကြေကြဘူးလို့ အသံတွေ ထွက်လာပါတယ်ဗျာ။

၂၀၁၃ အကယ်ဒမီ အပေါ် မကျေနပ်သူတစ်ယောက်ကတော့ ရုပ်ရှင်အစည်းအရုံးနာယက ကြီး

ပန်ချီစိုးမိုး ခင်ဗျ။

ပန်းချီစိုးမိုးက စံတော်ချိန်သတင်းစာထဲမှာ

“ဇာတ်ကားလည်း မရဘူး။ ဇာတ်ညွှန်းလည်း မရဘူး။ ဒါရိုက်တာလည်း မရဘူး။ တကယ်ကောင်းတဲ့

အချက်အလက်တွေပဲ။ စိတ်မကောင်းဘူး။ လူတွေလုပ်လို့ ရိုးသားတယ်ဆိုတာ မရှိဘူး။

အရိုးဆိုတာ သင်္ချ ိုင်းကုန်းမှာပဲ ရှိတယ်။ ကျွန်တော် ပြောချင်တာ ဒါပါပဲ။’’

လို့ ပြောသွားခဲ့ပါတယ် ဗျာ။

အကဲဖြတ်အဖွဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း နဲ့ ဦးနှင်းမိုး တို့ရဲ့

ဖြေရှင်းချက်အရဆိုရင် တော့ အကဲဖြတ်အဖွဲ့ဝင် ၅ဝ % နှုန်း ကျော်ကျော် ပေးမှ ဆုချီးမြှင့်လို့ရတယ်

ဆိုတဲ့မူ ရှိတယ်ဆိုတဲ့ အကြောင်း၊ အကဲဖြတ်သူ အများစု က မှတ်ချက်မပေးလို့

ဆုမချီးမြှင့်ရဘူး ဆိုတဲ့ သဘော ပြောသွားတာ ဖတ်လိုက်ရပါတယ်။

အော်…ဉာဏ်မမီ…၊ ပညာသည်မဟုတ်တဲ့ လူတွေလက်ထဲ ပညာရပ်ဆိုင်ရာ ဆုတွေ အကဲဖြတ်ဖို့

ဝကွက်အပ်လိုက်တဲ့ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူတွေရဲ့ အားနည်းချက်လို့ပဲ

ဘလက်ချောကြီးက ထောက်ပြလိုက်ချင်ပါတယ်ဗျာ။

နောက်ဆုံး ကြားရတာကတော့ ဒါရိုက်တာ အန်ထော်နီ က ပန်းချီစိုးမိုးကို

နံနက်ခင်း ဂျာနယ်ထဲက ဆောင်းပါး တစ်ပုဒ်နဲ့ ဝေဖန်လိုက်ပါတယ်တဲ့။

ပန်းချီစိုးမိုး ဘက်ကလည်း တုန့်ပြန်ဦးမယ့် အနေအထားခင်ဗျ။

၂၀၁၃ အကယ်ဒမီ ပေးပွဲကြီးကတော့ အပြန်အလှန် ငြင်းခုန်မှုတွေနဲ့ ပွဲဆက်ရှည်ဦးမယ့် သဘောခင်ဗျ။

ဆရာ ကိုအလင်္ကာ စကား ငှား ပြောရရင်ဖြင့်

ဟုတ်ကဲ့ မြန်မာ့ ရုပ်ရှင်လောကမှာ ဒီလိုပဲ ရှိပါတယ်ခင်ဗျ။

သိင်္ဂ ီထွန်းရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ

အကယ်ဒမီ ပေးပွဲမှာ ဇာတ်ပို့ဆုရမယ်လို့ သတင်းကြီးခဲ့ပြီး လွဲချော်သွားရတဲ့ သိင်္ဂ ီထွန်း ကလည်း

ဇန်နဝါရီ ၁ဝ ရက်နေ့ ညနေ ၃ နာရီက Orchid Hotel မှာ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်သွားခဲ့ပါသေးတယ်။

“စုန်းပြူး ဇာတ်ကားမှာ မခိုင်လေးရော သက်မွန်မြင့်ရော အဓိက ဇာတ်ဆောင်ပါ။

ဇာတ်ပို့ ဆုလုပ်လိုက်တာကိုက လွဲနေတာ”

ဟု ပြောသွားခဲ့ပါတယ်။

အင်း…။ စဉ်းတော့ စဉ်းစားစရာကိစ္စပေပဲ။

ဦးကျော်ဟိန်းကြီး အကယ်ဒမီရခဲ့တဲ့ ဝေလည်းမွှေးကြွေလည်းမွှေး ဇာတ်ကားကို ပြန်ကြည့်ပါ။

အဓိက ဇာတ်ဆောင် က ဦးကျော်ဟိန်းပါပဲ။ တစ်ကားလုံး ကျော်ဟိန်းကို တည်ရိုက်ထားတာပါ။

ဝေလည်းမွှေး ကြွေလည်းမွှေး ဆိုတဲ့ ဇာတ်ကားနာမည်ကအစ ကျော်ဟိန်းကို ကိုယ်စားပြုထားတာပါ။

ဒွေးက ဇာတ်ပို့ပါ။

အဲဒီနှစ်က ကျော်သူကို ဇာတ်ဆောင်ဆုပေးချင်တော့ ကျော်ဟိန်းကို ဇာတ်ပို့ဆု ပေးချလိုက်ပါလေရောလား။

တကယ်တမ်းပြောရရင် အဲဒီ နှစ်က ဇာတ်ပို့ သရုပ်ဆောင်တွေ နစ်နာပါတယ်။

ဇာတ်ဆောင် စစ်စစ်ကြီးဖြစ်တဲ့ ကျော်ဟိန်းကြီးက ဇာတ်ပို့ဆု ဝင်ယူသွားတာကိုး။

ပန်းချီစိုးမိုး စကား ငှားပြောရရင်တော့ ယူတဲ့သူ အပြစ်မရှိဘူး…၊ ပေးတဲ့သူ သာ အပြစ်ရှိတယ် ပေါ့ဗျာ။

အကယ်ဒမီ ဆု ရွေးချယ်ရေးအဖွဲ့အနေနဲ့လည်း တစ်နှစ် မှာ တစ်ယောက်ပဲ ရွေးရမှာမို့

ဇာတ်ဆောင် ပေးလို့မရရင် ဇာတ်ပို့ဆု ပေးလိုက်မယ် ဆိုတဲ့ အတွေးအခေါ်မရှိတဲ့

ဖြေရှင်းနည်းကြီးကို မလုပ်ကြဖို့ လိုပါတယ်ခင်ဗျ။

အခု ဇာတ်ပို့ စစ်စစ် တစ်ယောက် ယူရမယ့် ဆုကို ဇာတ်ဆောင် တစ်ယောက်က ဝင်ယူသွားလို့

သိင်္ဂ ီထွန်း နစ်နာသွားသလို နောက်နှစ် နောက်နှစ်တွေမှာ

ဒီလို နစ်နာမှုတွေ မဖြစ်ပေါ်အောင် ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်ဗျာ။

ခုတစ်မျိုး တော်ကြာတစ်မျိုး လူမင်း

မကြာခင် ကျင်းပတော့မယ့် ရုပ်ရှင် ရွေးကောက်ပွဲမှာ လက်ရှိ အစည်းအရုံးဥက္ကဌ ဦးလူမင်း အနေနဲ့

ဝင်ရောက် အရွေးအချယ် မခံတော့ဘူးလို့ ပြောထားရာက အခု ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ဦးလူမင်းက

ကျွန်တော်က စကား ၂ မျိုး ပြောတဲ့သူတော့ ဖြစ်သွားတာပေါ့

လို့ ပြောသွားခဲ့ပါတယ်။

စကား ၂ မျိုး ပြောတဲ့ လူမင်း ပေါ့ ခင်ဗျာ။

ဒါရိုက်တာ ရာဇာနေဝင်း

ရာဇာနေဝင်း တစ်ယောက် သရုပ်ဆောင် အလုပ်တွေပြန်လုပ်နေရာက ဒါရိုက်တာလုပ်ဦး မလို့တဲ့။

ညွန့်မြန်မာ ညီညီအောင် နဲ့ တွဲပြီး ဒါရိုက်တာပညာကို လေ့လာဆည်းပူးနေပါသတဲ့။

ရာဇာနေဝင်း ဒါရိုက်တာ လိုင်းဘက်ကူးလာတာကို ရုပ်ရှင်လောကသားတွေက

စိတ်ဝင်တစား စောင့်ကြည့်နေကြပါသတဲ့။

ဒါရိုက်တာဝိုင်း ရဲ့ ဈေးကွက်ကို လုယူမယ့် သူရယ်လို့လည်း ထုတ်လုပ်သူတွေက ပြောဆိုနေကြပါသတဲ့။

မင်းသားတချို့ဆို ဒါရိုက်တာ ရာဇာနေဝင်းအတွက် ရိုက်ရက်ပေးဖို့ မစောင့်နိုင်အောင် ဖြစ်နေကြဆိုပဲ။

ဟေးဟေး ပို့မယ့်ပို့ အရောက်ပဲ ပို့ပေးလိုက်ပါတယ် ဒါရိုက်တာ ရာဇာနေဝင်းရေ…။

ယောက်ျား ယူတဲ့ ရည်မွန်

မူလ လက်ဟောင်း No အဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် အပျိုကြီး ရည်မွန်တစ်ယောက်

ဇန်နဝါရီ ၈ ရက်က မောင်ဇေယျာတင်အေး နဲ့ လက်ထပ်ထိမ်းမြားလိုက်ပါပြီတဲ့။

အိုအောင် မင်းအောင် ပေါင်းရပါစေဗျာ။

ဗိုက်ကြီးကြသူများ

ပြေတီဦးကတော် အိန္ဒြာကျော်ဇင် တစ်ယောက် နောက်ထပ် ဗိုက်တစ်လုံးကို လွယ်ထားရတာတော့

ခင်ဗျားတို့ သိပြီးဖြစ်မှာပါ။

ဗိုက်ကြီး ကြသူများ ကို စာရင်းတွက်ကြည့်လိုက်တော့

ကိုစစ်နိုင် ကတော် သက်မွန်မြင့်ကလည်း ဗိုက်တစ်လုံးနဲ့ပဲ ခင်ဗျ။

အောင်မယ် သားလေး တဲ့ မောင်။ ယောက်ခမ တော်ဖို့သာ ပြင်ထားကြပေတော့။

လာမယ့် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ မွေးမှာတဲ့။

နောက် ဗိုက်ကြီးသည် တစ်ယောက်ကတော့ ကိုသာကောင်း ကတော် မယ်လိုဒီ ပါ ခင်ဗျာ။

အောင်မယ် သူတို့ကလည်း သားလေးပဲတဲ့ ခင်ဗျ။ ဧပြီလ ထဲမှာပဲ မွေးမှာပါတဲ့။

နောက်ထပ် ဗိုက်ကြီးသည် တစ်ယောက်ကတော့

မြန်မာဂဇက်ရဲ့ Best Seller စာရေးဆရာ ဦးကျောက်ခဲ ကတော် မမနှင်း ပါ ခင်ဗျာ။

သူတို့ကလည်း ယောက်ျားလေးပဲ ခင်ဗျ။ ဧပြီလ မွေးမှာပါတဲ့ ခင်ဗျာ…။

သက်မွန်မြင့်၊ မယ်လိုဒီ၊ မမနှင်း တို့ တစ်နှစ်တည်း တစ်လတည်းမွေးမှာမို့

ကိုစစ်နိုင်၊ ကိုသာကောင်း နဲ့ ကိုကျောက်ခဲတို့အတွက်

ဝမ်းသာဂုဏ်ယူမိပါတယ်ဆိုတဲ့အကြောင်း ဟောဒီနေရာကနေ

ပြောကြားခွင့်ပြုပါခင်ဗျာ…။

ဖြူ ဖြူ ကျော်သိန်း ချစ်သူရသွားပြီလား

ဖြူ ဖြူ ကျော်သိန်း တစ်ယောက် အခုတလော မိန်းမပိုဆန်လာပါတယ်။

ဆံပင်အရှည်လေးနဲ့ တစ်ခါတစ်ခါများဆို Sexy တောင် ဖြစ်လို့…။

ဓါတ်ပုံတွေမှာ ကြည့်တဲ့အကြည့်ကိုက နူးညံ့နေတာပါ…။

တချို့ကလည်း ပြောကြပါတယ်။ ဖြူဖြူကျော်သိန်း ချစ်သူရသွားပြီတဲ့။

တချို့ကလည်း ဖြူဖြူကျော်သိန်းကောင်လေးက ဘာပေါ့ ညာပေါ့ ဘာညာပေါ့။

ထုံးစံအတိုင်းပါပဲ။ ဖြူဖြူကျော်သိန်းကတော့ ဝန်မခံသေးပါဘူး။

အချစ်ဆိုတာ ဝန်ခံဖို့ မလိုအပ်ပါဘူး ဖြူဖြူကျော်သိန်းရေ။

ရဲရဲ သာ ဆက်ချစ်ပါဗျာ…။

 One Lady Show ကြမယ့်သူတွေ

ယောက်ျားယူပြီး အနည်းငယ် ငြိမ်သွားသလို ရှိတဲ့ သရုပ်ဆောင်အဆိုတော် ဝိုင်းစုခိုင်သိန်းတစ်ယောက်

သူမ ရဲ့ ပထမဆုံး One Lady Show ကို မတ်လအတွင်း ဆယ်တန်းတွေ စာမေးပွဲ ပြီးချိန်လောက်မှာ

ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ရက်အတိအကျ သတ်မှတ်ပြီးရင် ကြေညာပေးသွားပါမယ်တဲ့။

ယောက်ျားမယူပဲ ငြိမ်နေတဲ့ အပျိုကြီး ကော်နီ ကလည်း သူမရဲ့ ဂီတသက်တမ်း နှစ်သုံးဆယ်ပြည့်

အထိမ်းအမှတ် “30 Dreams Connie” One Lady Show ကို ဇန်နဝါရီ ၂၃ အမျိုးသားဇာတ်ရုံမှာ

ပြုလုပ်မှာပါတဲ့။

ညိုမင်းလွင် ရဲ့ မုဒိမ်းကျင့်ခြင်း အနုပညာ

ဒါရိုက်တာ ညိုမင်းလွင် ရဲ့ ဇာတ်သိမ်းအထိ မကြည့်နဲ့ ဆိုတဲ့ ဇာတ်ကားကတော့

လူစိတ်ဝင်စားမှု အမြင့်ဆုံး ရရှိနေပါတယ်ဗျာ။

ဆင်ဆာကလည်း မုဒိမ်းကျင့် ခန်းတွေကို အနည်းငယ် ပြင်ဆင်ရုံကလွဲလို့ ခွင့်ပြုပေးခဲ့ပါသတဲ့။

ဥပမာ – မုဒိမ်းအကျင့်ခံရတဲ့ ကောင်မလေးရဲ့ အတွင်းခံဘောင်းဘီကို ဆွဲချွတ်တဲ့အခန်း။

ကောင်မလေးရဲ့ အတွင်းခံဘောင်းဘီကို မုဒိမ်းကျင့်မယ့်ကောင်က ပါးစပ်နဲ့ ကိုက်ပြီးတော့

ဆွဲခါလိုက်တဲ့ အခန်းမျိုး။

ကဲ ခင်ဗျားတို့လည်း ညိုမင်းလွင်ရဲ့ မုဒိမ်းကျင့် ခန်းတွေပါတဲ့ ဇာတ်သိမ်းအထိ မကြည့်နဲ့

ဆိုတဲ့ ဇာတ်ကားကို နည်းနည်း မြည်းစမ်းကြည့်သင့်ပါတယ်။

ညိုမင်းလွင် က ဘယ်လို အနုပညာ အသစ်အဆန်းတွေကိုဖန်တီးချင်လို့ ဒီလို မုဒိမ်းကျင့်ခန်းတွေကို

ကွက်ကွက်ကွင်းကွင်း ဖေါ်ပြရတာတဲ့လဲ။

ညိုမင်းလွင် ရဲ့ အနုပညာကို ကျွန်တော်တို့ အကဲဖြတ်ပြီး အမှတ်ပေးကြည့်လိုက်ရအောင်။

ဟေးဟေး။

 

44 comments

  • ခင်ဇော်

    February 6, 2015 at 1:39 pm

    သများက အကြမ်းပညာသမားမို့ အနုပညာကိစ္စတွေကို နားမလည်ပါဘူး ခင်ညာ။
    :k:

  • Ko chogyi

    February 6, 2015 at 1:51 pm

    အဲဒီအနုပညာဆိုတဲ့လောကကို ကျော်လည်းနားမလည်ပါဘူးဗျာ
    ကိုဘလက်ရေးလိုသာဖတ်လိုက်ရ
    ချာချာကိုလည်နေတာပဲ

    • black chaw

      February 7, 2015 at 2:29 am

      @ Ko Chogyi ;
      နားမလည် ပေမယ့်
      ကွန်းမန် ့လေး ရေးပေးသွားတာ
      ကျေးဇူးပါဗျာ။

  • Ma Ei

    February 6, 2015 at 2:00 pm

    .အကယ်ဒမီပွဲ သတင်းတွေဒီထဲ အစည်းရုံးဥက္ကဌကြီးရဲ့
    .ပြေတီဦးအတွက် ဂုဏ်ပြု အဆဲ ကိုများ နားစွန်နားဖျား
    .မကြားလေရော့လား ကိုဘလက်ရေ…

    • black chaw

      February 6, 2015 at 2:06 pm

      @ Ma Ei ;
      အဲ့ဒါ က ထည့်ရေးရလောက်တဲ့ အဖြစ်အပျက်တစ်ခုမဟုတ်ဘူး
      ထင်လို့ ထည့်မရေးလိုက်တာပါ။
      တိုက်ရိုက်လွှင့်တာပြီးသွားပြီမှတ်လို့ ဆဲလိုက်မိတာပါလို့
      နောက်နေ့မှာ ကျင်းပတဲ့ စကိုင်းနက် က ဂုဏ်ပြုတဲ့ပွဲမှာ
      ဖြေရှင်းသွားပါတယ် မအိရေ…။
      အမှတ်တမဲ့ ပါးစပ်က ထွက်သွားတာ ဖြစ်မှာပါ…။
      တမင်တကာ နစ်နာစေချင်စိတ်နဲ့ ဆဲတာ မဟုတ်လောက်ပါဘူးခင်ဗျ…။

    • pooch

      February 6, 2015 at 2:15 pm

      ဟုတ်လား မအိ ဆဲကြသေးတာလား
      အဲ့အကယ်ဒမီလား စကားထဲကို ထည့်မပြောတော့တာ စိတ်ကုန်လို့
      ကြည့်လည်း မကြည့်တော့ဘူး

      အရည်အသွေးတွေ အကျဘက်ကို ဆင်းချလာတဲ့အထဲ သူတို့လောက အဆိုးဆုံးပဲ
      ပြောရရင်လည်း ကုန်မှာ မဟုတ်ပါဘူး

      • black chaw

        February 6, 2015 at 2:54 pm

        @ pooch ;
        ကွန်းမန့်လေး ချီးမြှင့်သွားတာ ကျေးဇူး…။
        :k:

  • Foreign Resident

    February 6, 2015 at 2:07 pm

    ” မြန်မာ့ရုပ်ရှင် အစည်းအရုံးရဲ့ တာဝန်ရှိသူတွေအနေနဲ့
    အဓိက စပွန်ဆာ ပေးသူကို နေရာမပေး၊
    မလေးမစားဆက်ဆံလိုက်ပုံရပါတယ် ”

    ပိုက်ဆံ ဟာ ဒုတိယ ဘုရားသခင် ဆိုတာ မေ့နေရလား ။
    နောက်နှစ်ကျရင် နင်တို့ ရုပ်ရှင် အစည်းအရုံးက လူတွေ ၊
    ေ–ာက်ရှက် မရှိတဲ့ မျက်ခွက်ကြီး နှင့် လက်အုပ်ချီပြီး ၊
    Alpine မှာ အဓိက စပွန်ဆာ တောင်းနေရမယ် ။

    • black chaw

      February 6, 2015 at 2:56 pm

      @ Foreign Resident ;
      ကွန်းမန့်လေး အတွက် ကျေးဇူး ပါ FR ကြီးရေ…။
      :k:

  • weiwei

    February 6, 2015 at 2:39 pm

    မြန်​မာရုပ်​ရှင်​ စိတ်​မဝင်​စားလို့ အကယ်​ဒမီလဲ စိတ်​မဝင်​စားဘူး။ ဒီပို့စ်​ဖတ်​မှ နားစွန်​နားဖျားသိလိုက်​ရတာ ။

    • black chaw

      February 6, 2015 at 2:49 pm

      @ weiwei ;
      စိတ်မဝင်စားတဲ့ အကြောင်းအရာကို
      ဝင်ဖတ်ပြီး ကွန်းမန့်လေး ချီးြှမှင့်သွားတာ ကျေးဇူးအထူးပါ ဗျာ…။
      :k:

  • Hnin Hnin

    February 6, 2015 at 2:48 pm

    အစအဆုံးဖတ်သွားပါတယ်…သတိတရရှိတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်..အစ်ကိုဘလက်ရေ..သက်မွန်မြင့်ထက်တော့ ရက်နောက်ကျပါတယ်လို့ 🙂

    • black chaw

      February 6, 2015 at 2:51 pm

      @ Hnin Hnin ;
      အစအဆုံး ဖတ်သွားတဲ့ အတွက်ရော
      ကွန်းမန့်လေး ချီးမြှင့်သွားတဲ့ အတွက်ရော
      ကျေးဇူးပါ မနှင်းရေ…။

  • ဦးကျောက်ခဲ

    February 6, 2015 at 2:56 pm

    လက်ရှိ မြန်တျန့် ဓာတ်ရှင်ရော ဓာတ်ရှင်လောကသားတွေရောကို စိတ်ကိုမဝင်စား…
    ကျွန်ုပ်ကြည့်မိ အပြစ်ရှိ၏ ဆိုတာကလွဲရင် သုတလည်းမပေး ရသလည်းမပေး…
    ဆင်ဆာခွင့်ပြုလိုက်တော့လည်း ညှီတာ ဆဲတာ ရမ်းကားတာပဲ ထွက်လာတာပဲ…
    ဟိုး… အဖြူ အမဲခေတ်က ရသစုံပေးတဲ့ ဇာတ်ကားတွေကိုပဲ လွမ်းမိပါတယ်…
    ဦးကျောက်စ်က စီနီယာကျောက်ခဲ ဒါရိုက်တာ ကြည်စိုးထွန်းကို မန့်ရရင်…
    သူလည်းဘာထူးလို့လဲ… ကော်ပီနဲ့ အကယ်ဒမီယူသွားခဲ့တာပဲ…
    .
    အဲ အဲ … ကျောက်စ်ကတော် ဗိုက်စ်ကြီးတာ သူတို့အရင် ကြေငြာတာပါဗျ…
    အသာလုပ်ပါ ဆြာဘလက်ရယ် … Best Seller ဆိုပြီး ဒရစ်ပ် မချိတ်ပါနဲ့… ခီညား
    :k:

  • Mike

    February 6, 2015 at 3:05 pm

    .နားစွန်နားဖျားသတင်းတွေမကြားရတာကြာပေါ့….
    .အကယ်ဒမီပွဲတော့ မကျိလိုက်ရဘူး…ပွဲပီးမှ ဂျာနယ်တွေမှာပွက်လောရိုက်တာတော့ ဖတ်ရပါ့
    .ဥပမာ – မုဒိမ်းအကျင့်ခံရတဲ့ ကောင်မလေးရဲ့ အတွင်းခံဘောင်းဘီကို ဆွဲချွတ်တဲ့အခန်း။
    .ကောင်မလေးရဲ့ အတွင်းခံဘောင်းဘီကို မုဒိမ်းကျင့်မယ့်ကောင်က ပါးစပ်နဲ့ ကိုက်ပြီးတော့
    .ဆွဲခါလိုက်တဲ့ အခန်းမျိုး။ :harr:

    • black chaw

      February 6, 2015 at 3:18 pm

      @ Mike ;
      ဟဲ…ဟဲ…ဟဲ
      သိတ်ကြောက်သွားသလား မိုက်…။
      မကြောက်ပါနဲ့ဗျာ…။
      အဲဒလို မုဒိမ်းကျင့်တဲ့ အခန်းမျိုးတွေဟာ
      တကယ်လိုအပ်လို့ ထည့်ရိုက်တာလား…။
      အညှီအဟောက်အနေနဲ့ လူငယ်တွေကို မြှူဆွယ်ချင်ရုံသက်သက်ပဲလားဆိုတာ
      ကျွန်တော်တို့ အကဲဖြတ်ကြည့်သင့်ပါတယ်။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
      :k:

    • kai

      February 6, 2015 at 5:27 pm

      အဲဒါဖတ်ပြီး.. ယူအက်စ်က.. ကိုရွှေမြန်မာတွေ.. မျက်လုံးပြူထွက်ကုန်တယ်..။

      • black chaw

        February 7, 2015 at 2:05 am

        @ kai ;
        အခု ဆင် ဆာ တောင် ပြန် ရှိနေပြီတဲ့ ဗျာ။

  • black chaw

    February 6, 2015 at 3:11 pm

    @ ဦးကျောက်ခဲ ;
    မည်သို့ပင်ဆိုစေကာမူ
    ပို့စ်လေး ဝင်ဖတ်ပြီး မြန်မာ့ရုပ်ရှင် လောကကို
    စိတ်မဝင်စားကြောင်း ပြောသွားတာအတွက်ရော
    အဖြူအမဲ ခေတ်က ရုပ်ရှင်တွေကို လွမ်းသွားတာ အတွက်ရော
    ကျေးဇူး အထူးပါခင်ဗျ။
    ဒရစ်ပ် မချိတ်ရပါဘူး ကိုကျောက်ရယ်…။
    အရှိအတိုင်းရေးလိုက်ရခြင်းပါဗျာ…။
    :k:

  • Shwe Ei

    February 6, 2015 at 3:41 pm

    -သများ အခုတလော စွဲစွဲ မြဲမြဲ နားထောင်ဖစ်တာက..ချယ်ရီ FM မှာ မန်းဒေးညနေ ရခွဲတိုင်းလွှင့်တဲ့
    -ကျားပေါက်နဲ့ဆန်းထွတ် ရဲ့ Talk Show ခည..
    -အနုပညာသတင်းဆိုပီး…ကော်ပီကူးသမျှတေ ကြွားလုံးထုတ်…ချမ်းသာသမျှတေ ကြွားလုံးထုတ်နေကြတဲ့
    -အမည်ခံ အနုပညာရှင်တွေ အများရီးသာတယ်။
    -အနုပညာကိတ်စနဲ့ပတ်သတ်ရင်.. ရင်ဘတ်ချင်း ဂျက်ပင်ထိုးလို့ ရတာ သီချင်းတွေဘဲရှိပါတော့တယ်… 🙂

    • black chaw

      February 7, 2015 at 2:34 am

      @ Shwe Ei ;
      သီချင်းတွေပဲ နားထောင်တော့အေ။
      ကွန်းမန် ့လေးအတွက် ကျေးဇူး။

  • ခင်ခ

    February 6, 2015 at 4:01 pm

    အကယ်ဒမီပွဲလဲ မကြည့်ဖြစ် ဘာဆိုဘာမှမသိတာ
    သတင်းရပ်ဝန်းနားစွန်နားဖျားဖောက်သည်ချသူ ကိုဘလက်ရေ အခုလိုရေးပြမှဘဲ ဪ အဲလိုတွေလားပေါ့ဗျာ။

    • black chaw

      February 7, 2015 at 3:07 am

      @ ခင် ခ ;
      ကျေးဇူးပါ ကိုခင် ခ ရေ။

  • Crystalline

    February 6, 2015 at 4:18 pm

    ဝိုင်​းစုက liveဆိုတာ ဘယိလိုမှ အဆင်​မ​ပြေဘဲ.. one lady show. လုပ်​အုန်​းမယ်​​ပေါ့​လေ.. :p:

    • black chaw

      February 7, 2015 at 3:13 am

      @ Crystalline ;
      ဝိုင်းစု Live ဆိုတာ တစ်ခါမှ နားမ ထောင် ဖူးဘူးဗျ။
      One Lady Show ကျမှ TV က
      စောင့် ကြည့်ဦးမယ်။

    • black chaw

      February 7, 2015 at 3:38 am

      @ အလင်းဆက် ;
      ဖတ်ပြီးပေမယ့် ကွန်းမန့် ဝင် ရေးသွားတာ
      ကျေးဇူး။

  • Ma Ma

    February 6, 2015 at 5:08 pm

    မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲအပြီးမှာ အသံတွေ ပွက်လောညံလာတယ်။

    ရုပ်ရှင်မကြည့်ဖြစ်လို့ ဘယ်သူအမှား ဘယ်သူအမှန်ဆိုတာ မသိပေမယ့်..
    (လူတွေလုပ်လို့ ရိုးသားတယ်ဆိုတာ မရှိဘူး။) ဆိုတဲ့ စကားကို ထောက်ခံတယ်။

    စပွန်ဆာတွေကို နေရာကောင်းမပေးတာ၊ လက်မှတ်မပေးတာကတော့ စီစဉ်သူတွေ ညံ့လွန်းတယ်လို့ပဲ ပြောချင်တယ်။

    ၂၀၁၅ခုနှစ်မှာ လူဦးရေတိုးပွားမယ့် နာမယ်ကျော်ကြားလူကြိုက်များသူများစာရင်းထဲက ……..
    ကိုယ့်ရွာ့ဆွေရွာ့မျိုး အမျိုးကောင်းသားလေးကို လှိုက်လှဲဝမ်းသာကြိုဆိုပါကြောင်းးးးးးးးး 🙂

    • black chaw

      February 7, 2015 at 3:46 am

      @ Ma Ma;
      ကွန်းမန် ့လေးချီးမြှင့်ပေးသွားတာ
      ကျေးဇူးပါ မမ ရေ။

  • မွသဲ ( 17082011 )

    February 6, 2015 at 6:37 pm

    နားစွန်နားဖျားနဲ့ အပြေးအလွှားဝင်ဖတ်သွားပါတယ် ထူးအိမ်ဘလက်ရယ်

    • black chaw

      February 6, 2015 at 7:08 pm

      @ မွသဲ
      ကျေးဇူး ပါ ဗျာ။

  • black chaw

    February 6, 2015 at 7:22 pm

    @ Khin Zaw ;
    ကွန်းမန် ့ လေးအတွက် ကျေးဇူးပါ ဗျာ။

  • ဦးဦးပါလေရာ

    February 7, 2015 at 12:32 am

    .ကိုချောရေ-
    .ခင်ဗျားက အစဆွဲထုတ်မှတော့ အောင့်ထားတာတွေ သွန်လိုက်ဦးမယ်…
    .ဒီနှစ်အကယ်ဒမီနဲ့ပါတ်သက်ရင် အစအဆုံး တစ်ခုမှ သဘောမကျဘူး….
    ၁- ပရိတ်သတ်မပါပဲ အခန်းအနားလုပ်တယ်….
    ပရိတ်သတ်နဲ့ထမင်းစားရတဲ့သူတွေကများ ပရိတ်သတ်ကိုရှုပ်တယ်ထင်ရသေးသတဲ့လား….
    တကယ်တော့ အကယ်ဒမီကသပ်သပ် .. အကယ်ဒမီပေးပွဲက သပ်သပ် ..
    အကယ်ဒမီပေးပွဲရဲ့ ရသ က ပြည်သူချစ်တဲ့ ရုပ်ရှင်လောကသားတွေကို ပရိတ်သတ်က အရှင်လတ်လတ်သွားကြည့်တာ သွားနှုတ်ဆက်တာ သွားအားပေးတာ…
    အခန်းအနားကို တံခါးပိတ်လုပ်ပြီး တီဗီမှာပြမှတော့ ဘာစိတ်ဝင်စားစိတ်လှုပ်ရှားစရာရှိတော့မှာလဲ…

    ၂- အဖွင့် အကနဲ့ သရုပ်ဖေါ်ကို မလိုအပ်ပဲ အကြာကြီး အချိန်ယူလုပ်တယ်…
    အဲဒါတွေကို ဘယ်သူမှ စိတ်မဝင်စားတဲ့အပြင် စိတ်အနှောက်အယှက်တောင်ဖြစ်တယ်ဆိုတာလေးမှ မသိဘူးတဲ့လား ရုပ်ရှင်အစည်းအရုံးရယ်…
    ပြီးတော့ နဲနဲမှလဲ ကောင်းလဲမကောင်း လိုက်လဲမလိုက်ဖက်ဘူး…

    ၃- ဆုကြေညာတာ ညံ့တယ်.. နဲနဲမှ စိတ်ဝင်စားစရာမရှိဘူး

    ၄-စန္ဒယားတင်ဝင်းလှိုင်ကို အတင်းဆွဲထုတ်တာကတော့ ရုပ်အပျက်ဆုံးပဲ….
    သရုပ်ဆောင်တွေ အကုန်စုနေတဲ့နေရာမှာ ဒါ့ထက်လှအောင်တောင် သရုပ်မဆောင်တတ်ကြတော့ဘူးလား…

    ၅-စပွန်စာတွေကို နေရာမပေးတဲ့အပြင် ကြော်ငြာလဲအလုံအလောက်မပေးဘူး..
    တော်တော်ရိုင်းတယ်လို့ ထင်မြင်ရတယ်…
    တကယ်တော့ အခန်းအနားကို လူစိတ်ဝင်စားအောင်မလုပ်တာကိုက စပွန်စာတွေအပေါ် ဝတ္တရားမကျေတာပဲဖြစ်တယ်။

    ၆-နောင် အခန်းအနားလုပ်ရင် အပြောအဆို အထောက်အမ အချီအပို့ပိုင်တဲ့ အပေးအယူမျှတဲ့ (လူရွှင်တော်လိုင်းကဖြစ်ဖြစ်) အနုပညာရှင်တွေကိုပဲ သုံးသင့်တယ်။ အခုအခန်းအနားမှာ ပရဲဆင်တာတွေသုံးထားတာ လူမှားနေတယ်…။

  • black chaw

    February 7, 2015 at 1:54 am

    @ ဦးဦးပါလေရာ ;
    ကျေးဇူးပါ ကိုပါကြီးရေ။
    ပြီးခဲ့တဲ့ အကယ်ဒမီ ပွဲ အ ပေါ်
    ကိုပါကြီးရဲ ့ မှတ်ချက်လေး ဖတ်ခွင့် ရတဲ့ အတွက်
    BC ရွေးထားရခြင်းပါ။

    • Foreign Resident

      February 7, 2015 at 7:24 am

      အမလေး ၊” ကိုပါကြီး ” တဲ့ ။

  • black chaw

    February 7, 2015 at 7:51 am

    @ FR ;
    ကျွန်တော်က ကိုပါကြီးလို ့ ခေါ်တာ
    အ တော်ကြာ ပါပြီဗျာ။
    FR ကြီးတို ့က ဦးပါ လို ့ခေါ် ကြတာလည်း
    သတိထားမိပါတယ်။
    မကြာခင် ကမှ ကိုပါကြီး တစ်ယောက်က
    နာမည်ကြီးလာတာပါ ခင် ဗျ။
    ချစ်ခင် လေးစားတဲ့…
    ဘလက်ချော…။

  • naywoon ni

    February 7, 2015 at 11:30 pm

    ကိုဘလက်​
    ခင်​ညား နစွန်​နဖျား ရပ်​ကွက်​ကလဲ ဘူဇွာ​ အ​ကြောင်​း​ဒွေချည်​့ပါပဲလား ။ လူထုထဲနဲနဲ ဆင်​းပါအုံးဗျ ။

    • black chaw

      February 8, 2015 at 10:15 am

      @ naywoon ni ;
      မမြင်ရတာ အတော်တောင် ကြာပြီနော်…
      ကိုနေကြီး…။
      ကိုနေကြီးပြောသလို လူထုထဲ ဆင်း နိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • မြစပဲရိုး

    February 8, 2015 at 2:58 am

    ဘူဇွာ တွေ ကဘဲ အစွန်အဖျား မှာ နေကြတာလေ အဘနီ ရဲ့။ lol:-))

    မီးပုံးပျံများ သတင်း အရ ဆို ဒီနှစ် ကျားနှစ် မှာ ကျားလေး တွေ မို့ ဟန်ကျတာဘဲ။
    ကျောက်စ်တို့ နှင်းတို့ ရေ တရုတ်ပြက္ခဒိန် မှာတော့ ကျားနှစ် ကို လိုချင်ကြလွန်းလို့ ပြောတာဘဲ။
    သိပြီးသားနေမှာပါ။
    ကျောက်စ် က အဖေတွေထဲ ပိုပိုသဲ ပါပါး ဖြစ်နေမှာ ကိုလဲ မြင်ပြီးသား။ 😉

    နှစ်ခါ ဖတ်လဲ မရိုးနိုင်တဲ့ အရေးမို့ ထပ်ဖတ်သွားပါတယ် ကိုချော ရေ။ :))

    • ဦးကျောက်ခဲ

      February 8, 2015 at 11:19 am

      အဟိ … အရီးမှားနေပြီ…
      တရုတ်ပြက္ခဒိန်မှာ လာမည့်နှစ်က ဆိတ်နှစ်ခီည…
      သိမ်မွေ့ နူးညံ့မယ် ၊ အတွေးအခေါ်ထက်မြက်မယ် လို့တော့ ပြောတာပဲ…
      :k:

  • black chaw

    February 8, 2015 at 10:19 am

    @ မြစပဲရိုး ;
    ဝင်ဖတ်ပြီး ကွန်းမန့်လေးပါ ချီးမြှင့်ပေးသွားတာ
    ကျေးဇူးပါ အစ်မရေ…။
    ချစ်ခင်လေးစားတဲ့..
    ဘလက်ချော..။

  • Novy

    February 10, 2015 at 11:46 am

    ခရီးသွာနေလို့ အကယ်ဒမီပွဲလည်းမကြည့်လိုက်ရပါဘူးအေ
    ကိုမည်းရဲ့ နားစွန်နားဖျားလေးပဲ အားကိုးဖတ်နေရတာပါကွယ်

  • black chaw

    February 10, 2015 at 7:03 pm

    အားကိုး ဖတ်နေရတာ တဲ့လား…။
    အဆင်းဘီးတတ်ပြီး…တွန်းချလိုက်တာတော့မဟုတ်ပါဘူးနော်…။
    နောက်ကျနေတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ရီရီဝင်းရေ…။
    ချစ်ခင်လေးစားတဲ့…
    ကိုမည်း…။
    :k:

Leave a Reply