ဆက်​ဆွဲရ​အောင်​ဗျာ

ကျ​နော့်​မှာ သူငယ်​တန်းကတည်းက​ပေါင်းလာတဲ့

ငယ်​သူငယ်​ချင်းမ​လေးရှိတယ်

သူလည်းအ​မေ့ကို မာမီလို့ပဲ​ခေါ်တာ

သူက ကယားလူမျိုး ခရိယာန်​ဘာသာဝင်

တချိန်​က ကြံစီဖူး​ပေမယ့်​ အ​မေက တားခဲ့ဖူးတယ်

ကြားထဲမှာ မိညီမဂုန်းတိုက်​တာ​တွေလည်းပါ​သေးသ​ပေါ့

သူက အဲ့ကယားမ​လေးကိုအရမ်းမုန်းတာ

အာ့​ကြောင့်​​ပေါ့ ကျ​နော်​ ကျန်​ကိုယ်​​တော်​​လေးအ​မေကိုယူလိုက်​တာ

ကျ​နော်​ယူပြီကြား​တော့ ကယားမ​လေးက ယူအက်​စ့်​မှာ အ​မေ့ဆီဖုန်းဆက်​ပြီးငိုတယ်

မိညီမက​တော့ ​အေး​ဆေးပဲ သူမုန်းသူနဲ့လွဲပီး သူ့သူငယ်​ချင်းကို မသွားတာဆို​တော့ ကိုး

အဲ့သူငယ်​ချင်းနဲ့ ဂျပန်​ဆိုင်​လှည့်​ပတ်​စား​လေ့ရှိတာ ရွာထဲက မရို့စ့်​​တွေ့ဖူးတယ်

အဲ့ဒါဗျာ မိညီမပွဲတုန်းက ညပွဲမတက်​ဖြစ်​ဘူး

မနက်​ပွဲမတိုင်​ခင်​ နယ်​မှာ​နေတဲ့ အဘွား

အ​ဖေ့ရဲ့အ​မေ ဆုံးတဲ့သတင်းဝင်​တယ်

သူ့ပွဲသွားတယ်​ ​နေ့လည်​ကျ တာ​မွေလူမိုက်​နဲ့ဂဲသားရင်းသွားတယ်

လမ်းမှာကားတိုက်​ခံရတယ်

စိတ်​ညစ်​ညူးပီး အမူး​သောက်​တယ်​ သီချင်းတ၀ဆိုတယ်

ဘယ်​လိုမှမခံစားနိုင်​လို့ညပွဲမတက်​ဘူး

သူဟားနီးမူးမသွားခင်​ဖုန်းဆက်​ပီး ညပွဲမလာတာ​ဆောရီးပါဆိုပြီး​တောင်းပန်​တယ်

မိညီမ ဘာ​ပြောတယ်​ ​အောက်​​မေ့တုန်း

ဟိုကယားမနဲ့​ဝေး​ဝေး​နေတဲ့

ကျော်​ကလည်း​ကျော်​ပဲ စိတ်​ထဲခံစားရသမျှကို

အချစ်​ဆုံးသူငယ်​ချင်းဖြစ်​တဲ့ ကယားမ​လေးကိုဖုန်းဆက်​ဆက်​ပြီး ရင်​ဖွင့်​​လေ့ရှိတယ်

တခါမှာ​တော့ ကံမ​ကောင်းစွာနဲ့ မိညီမက နင်​နဲ့​ဝေး​ဝေး​နေ လို့မှာတယ်​ဆိုတာ ​ပြောချလိုက်​မိတယ်

တကယ်​​တော့ အဲ့ကယားမ​လေးက အရမ်းယဉ်​​ကျေးသိမ်​​မွေ့သူပါ

တသက်​လုံးလည်းအမြဲ​ကောင်း​ပေးခဲ့တယ်

ဒီတခါ​တော့ ​ကျော့်​ကို ​သောက်​ရူးဆိုပြီးဆဲတယ်​ စိတ်​ဆိုးပြီးဖုန်းချသွားတယ်​ဗျာ

မိညီမ အဲဒါကိုသိတယ်

အ​မေလည်းသိတယ်

အဲ့ကယားမ​လေးက ဟိုကရင်​မဇုတ်​နဲ့ ဖုန်းထဲမှာအသံတူတူပဲ​လေ

နှစ်​​ယောက်​လုံးအသံ​အေး​အေးချိုချို​လေး​တွေ

မာမီက သူနဲ့တုန်းက သ​ဘောမတူခဲ့ ဘာသာတူ ကျန်​ကိုယ်​​တော်​အ​မေနဲ့ပဲယူခဲ့​ပေမယ့်​ အဆင်​မ​ပြေခဲ့ ကွဲခဲ့​တော့

ဘာသာနဲ့မဆိုင်​​ကောင်းတဲ့လူက ​ကောင်းတာပဲ ဆိုးတဲ့လူကဆိုးတာပဲ ဆိုပြီး

လက်​ခံ​ပေးခဲ့တယ်

မိညီမက သူနဲ့ရှိ​နေစဉ်​လုံးဝစကားမ​ပြောဘူး ​ကျော့်​ကို

ကရင်​မ​လေးနဲ့ သူငယ်​ချင်းကယားမ​လေးက အသံချင်းသာမက ရုပ်​ချင်းပါဆင်​တာကိုး

ကျော့်​ဖုန်း​တွေကို ဘ​လော့လုပ်​ထား​လေ့ရှိရဲ့

နောက်​ပိုင်းမှသာ ပြန်​​ခေါ်တာ

အချုပ်​​ပြောရရင်​ ​ကျော်​ ကံမ​ကောင်းခဲ့ဘူးဗျာ

မိညီမ က ဘ၀မှာ​တော်​​တော်​ အခရာကျခဲ့သူပါ

နောက်​မှဆက်​မယ်​ဗျာ

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011