ဖားသက်ပြင်း နှင့် အနီးတစ်ဝိုက်…။

black chawFebruary 7, 20155min20213

 

ဖားသက်ပြင်း နှင့် ကျန်ကိုယ်တော်လေး...။
ဖားသက်ပြင်း နှင့် ကျန်ကိုယ်တော်လေး…။

 

 

 

 

 

 

 

 

 

 

 

 

 

 

အခုတလော ဖားသက်ပြင်း ခေါ် မောင်ဂီ တစ်ယောက် ပါးစပ်က

မိန်းမ…မိန်းမ… ဆိုတဲ့ ဂါထာကို တစ်ဖွဖွရွတ်နေတတ်ပါတယ်…။

သူ့ ရည်းစားဦး ယောက်ျားယူသွားလို့တဲ့…။ အသဲ ဟက်တက် ကွဲသွားသတဲ့…။

ရွာထဲတောင် မိညီမ ကို စီးရီးစွဲပြီး လွမ်းချင်းဖွဲ့သီနေလေရဲ့…။

အွန်လိုင်းမိတ်ဆွေတွေနဲ့လည်း ရန်လှည့်ဖြစ်နေပါတယ်…။

ဟိုတစ်နေ့က သူ့ မိညီမ ပို့စ်မှာ သူ့ နှိတ်ကွပ်လို့တဲ့ ကျွန်တော့် ကို စိတ်ကောက်ပါတယ်…။

ကျွန်တော် က သူ့ချစ်တော့ လိုက်ချော့ရတာပေါ့…။

မွသဲ နဲ့လည်း မတည့်အတူနေ၊ မိဇာယီး နဲ့လည်း တစ်ကျက်ကျက်..။

အောက်မှာ ဖေါ်ပြထားတာကတော့ ဖားသက်ပြင်းနဲ့ အနီးတစ်ဝိုက်

မနေ့က ရာသီဥတုအခြေအနေဖြစ်ပါတယ်။

Black             – ဟေ့ရောင် ဖွတ်ကျား…။

မောင်ဂီ          – ဘာတုန်း…။

Black             – နင်က ငါ့ကို စိတ်ကောက်နေတာလား…ဟား…ဟား…။

မောင်ဂီ          – ကျုပ် နှာခေါင်းသွေးပြန်ထွက်နေတယ်ဗျာ…။

Black           – အိုး…၊ ငြိမ်ငြိမ် နေဦး…၊ ဆေးခန်းမပြဘူးလား…။

ခင်ဇော်တို့ကလည်း ငါ့ညီလေးကို ပြစ်ထားကြတယ်ကွာ…။

                       စိတ်မကောင်းပါဘူး…။ အိမ်လာခဲ့ရမလား…။

                      (ကြုံတုန်းလေး ခင်ဇော့်ကို အဆင်းဘီးတပ်ပြီး ကူတွန်းပေးလိုက်တာ…အေးရော…။)

မိဇာယီး         – Take Care

                        better go clinic n see doctor

မောင်ဂီ          – လာနဲ့…၊ သေလည်း…အေးတာပဲ…။

Black             – လာမယ်ဟာ…၊ မသေပါနဲ့ဦးကွာ…၊ နင်က အသက်ရှည်ဦးမှာပါ…။

မောင်ဂီ          – ကျုပ်က အစကတည်းက အမွေ တစ်ပြားမှ မယူတာ…။

Black             – အင်း…၊ ပြောပါဦး…။

မောင်ဂီ          – ကျန် ကိုယ်တော်လေးကို ပေးပြီးသား…။

Black             – အေးပါ..၊ နင် အမွေမမက်ဘူး ဆိုတာ ငါသိပါတယ် ကွာ…။

(နည်းနည်း မြှောက်ပြောပေးမှ…၊ ဒင်းက အမြှောက်ကြိုက်…။)

မောင်ဂီ          – ဒင်းက ရှာစရာ လိုဘူး၊ ပြည့်စုံပြီးသား…။

Black             – ကောင်းတာပေါ့ကွယ်…။

မောင်ဂီ          – ကျုပ်..နောက်ဆံတင်းဖို့ မရှိ..။

(ကြည့်…ဒင်းပြောနေတာက သူ သေမှာမို့ သူ့သား နောက်ဆံတင်းဖို့ မရှိဘူးပြောတာလား

နောက်ဆံတင်းဖို့ မရှိလို့ မိန်းမ ထပ်ယူလို့ရတယ် ပြောချင်တာလား..။

မာယာတွေ…မာယာတွေ…မာကက်တာတွေရဲ့ မာယာတွေ…။)

Black             – နင်အိမ်မှာ ရှိနေလား..၊ နင့်ကိုငါ စိတ်ပူတယ်..၊ ငါလာခဲမယ်..။

မောင်ဂီ          – လာနဲ့..။ ထွက်မတွေ့ဝူး..။

Black             – လာနဲ့ဆို လာဘူးကွာ..။ ဘာတွေလျှောက်ပြောနေတာလဲ..ဟ။

မောင်ဂီ          – ကျုပ်..သေမယ်ဆို..သေလို့ရပြီလို့ ပြောတာလေ..။

Black            – မသေပါနဲ့ဦးကွယ်..။ ဆဲလို့…ဝ သေးဝူး…။

မောင်ဂီ          – ကျုပ်သားကို ပူစရာမရှိဘူး..။

Black             – ဘယ်သူက နင့် သေခိုင်းနေလို့လဲ..ဟ။

မောင်ဂီ          – အဲ့ကောင် လက်ထက် ကျရင်လည်း ဂဇက်သာရှိဦးမယ်ဆိုရင်

                         ခီညားတို့ကို အနိုင်ကျင့်ဦးမှာ အသေအချာပဲ..။

Black             – နင့် လောက်တော့ အနိုင်ကျင့်မှာ မဟုတ်ပါဘူး။

မောင်ဂီ          – မသေခင် မှာခဲ့ပါ့မယ်..။

Black             – မမှာနဲ့..၊ မကြားချင်ဘူး..။

မောင်ဂီ          – ဘလက်ချော ဇုတ် နဲ့ ဇာယီး ဇုတ်ကို ဆဲသာဆဲ..လို့..။

Black            – အွန်..၊ ငါကတော့ နင့်ကို ကိုယ့်ညီလေးလိုပဲ ချစ်လိုက်ရတာ..။

                        ဟို ဇာယီး ဇုတ်တော့ နင့်ချစ်မချစ် သိဝူး..။

                        ဂဇက် မှာလည်း နင့်ကို ချစ်တဲ့လူတွေ အများကြီး။

                        မွသဲ..ဆိုလည်း ဆဲသာဆဲနေရှာတာ၊ နင့်ကို ချစ်လို့ဆဲတယ် မှတ်လိုက်စမ်းပါ..။

မိဇာယီး         -Me too

my most beloved bro in mg

                       I love Ghi

 

မောင်ဂီ          – မဇာယီး ကို ချစ်ဝူး..။

တူဂ ကျော့်ကို လက်သီးနဲ့ ထိုးတယ်..။

                        သေးပေါက်မယ် ဆိုပြီးလည်း ဂျီကျသေးတယ်..။

                        ကားလမ်းလည်း မကူးတတ်ဝူး..။

 မိဇာယီး        – I love u sooooo much

ကိုဆွေ          – ငါလည်း ချစ်ပါတယ်..ဟ။ ၁၂/သကမ ရဲ့..။

Black            – ဟေ့လူ။ ကိုဆွေ..ခင်ဗျားနဲ့ အမတ် ဘယ်ပျောက်နေကြတာလဲ..။

မောင်ဂီ          – နှာဗူးတွေပဲဗျာ..။ နှာဗူး အလုပ်ပဲ လုပ်နေမှာပေါ့..။

မွသဲ               – ဟားဟားဟား။

ကိုဆွေ          – ရောဂါနဲ့ သွားရတော့မယ့် ကျော့် ညီလေးကို မလှောင်ပါနဲ့ ဗျာ..။

မွသဲ               – မသွားနိုင်သေးပါဘူး ဗေတားရယ်၊

မောင်ဂီ          – သွားဇယာလား။ ဆေးကူနေရတဲ့ ခညားသာ သွားမှာ။

မိဇာယီး         – I will buy you from ur mommy

                        So u will get better

မောင်ဂီ          – ဘာပြောဒယ်။

မိဇာယီး         – Baby tway so

                        E d lo pal Chu char yin

                        Yaung ya tal

 မောင်ဂီ         – အသေပဲခံလိုက်မယ်..။ ကျနော့်ကိုနှင်းပွင့်ဆဲတယ်

 မွသဲ              – ဟဲ့ နေပူနေပါဘီ အေ…၊ နှင်းမရှိတော့ပါဘူး..။

 မောင်ဂီ         – ဇဘယ့်အကြောင်း စောနကမှ နှင်းပွင့်သိတာ၊ ဆဲတယ်၊ ဖုန်းချသွားတယ်

မွ သဲ             – အင်းးးးးဒီထမီဒေအကုန်ဖမ်းပီးယောက်ကျားပေးစားမှရဒေါ့မယ်

 မောင်ဂီ          – တောက်ယူးမဆိုပြီးဇဘယ့်ကိုဆဲတယ်

 မွ သဲ             – ဆဲပဇေ

 မောင်ဂီ          – ကျနော်မခံနိုင်ဝူး

 မွ သဲ             – အေး…မခံနဲ့ သူခံလိမ့်မယ်

 မောင်ဂီ         – မွတဲတို့…၊ မွဇာယိတို့လို

                         တောက်ကျီးတန် ဏှာဗူးထန် သေဂါနီးဆိုရင်တညိုးပေါ့ဗျာ

မွ သဲ             – အေးဟဲ့ တော်သေးငါ့ကိုရုပ်ဆိုးတယ်မြင်လို့ မဟုတ်ရင်နင့်ထမီဇာတ်လမ်းထဲ ပါနေအူးမအေ

 

မောင်ဂီ          – မည်သို့ပင်ဆိုစေကာမူ ဂနေ့ မိညီမ နဲ့ကျုပ် ဆဲခံထိတယ်။ ကျုပ်မကျေနပ်ဘူး..။

 

မွ သဲ                 – အေး၊ ငါလဲမကျေနပ်ဖူး၊ ငါ့အရင်ဆဲလို့

 

မောင်ဂီ               – နှင်းပွင့်ကိုလည်းမြတ်နိုးတယ်

 

မွ သဲ                 – အေးဇလုံထဲထည့်ထားပျော်မကျဇီနဲ့

 

မောင်ဂီ               – ခီညားတို့ကိုတော့ ခြောက်မြင်ကပ်တယ်

 

မွသဲ                  – ခြောက်မျက်နှာက အမွန့်ရဲဇားအေ။ ဟိဟိ စဂလုံးရှာမြဒေါ့ဝူးး

 

မောင်ဂီ               – စနိုးဖလိပ်လေးနဲ့တိုင်မယ် ဒါမှမဟုတ် မိညီမနဲ့တိုင်မယ်

 

                             ဘူနဲ့တိုင်တိုင် ခီညားအသက်ရှင်လမ်း မရှိဝူးဗဲ

 

မွသဲ                 – ရာဟုဆင်တော့ ချမ်းသာပေးပါဟယ်

 

မောင်ဂီ               – ခု ချက်ခြင်းတောင်းဗန်ဇမ်း

 

မွ သဲ                  – မိညီမကအားဝူးဒဲ့

 

မောင်ဂီ               – တူတို့က ခီညားကိုတကယ်ရှော့မှာညော် ဖုန်းတချက်ဆက်လိုက်တာနဲ့

 

သွားချေးယိုးဒယားကသွားမယ်၊ ဘာမှတ်တုန်း

 

မွ သဲ                 – ယိုးဒယားက အကယ်ဒမီမှ ကဒါလေ တနှစ်စောင့်အူး

 

မောင်ဂီ               – ညီးကအကျီးအလွန်တန်တာလေ၊ ကိုယ်လုံးကလည်မလှဝူး

ကိုယ်ပေါက်ကတော့ ကတ်ပီတန်ထိပ်ပြောင်ယီးပဲသိလိမ့်မယ်

ဂလောက်ရုပ်ဆိုးထှာဗျာ၊ ယိုးဒယားက ကလို့ဖြစ်မား

 

 

မွသဲ                  – အေးဟဲ့ တော်သေးငါ့ကိုရုပ်ဆိုးတယ်မြင်လို့ မဟုတ်ရင်

နင့်ထမီဇာတ်လမ်းထဲ ပါနေအူးမအေ

 

                           ငါချောဒါငါပဲသိပါဒယ်အေ နင်သိလို့ဖြစ်ဝူး အေ့၊ ပစ်မှားမိရင်ငရဲကျမစိုးလို့ဘာအေ

 

မောင်ဂီ               – ခညားကိုခေါ်ဝူး

 

မွသဲ                  – ဟယ်ဂယ် ဝမ်းသာထှာအေ

 

မိဂီလေး ချစ်လိုက်ထှာအေ မွမွ..၊ ဟိဟိ

 

မောင်ဂီ               – မိဂီ မဇာယိနဲ့တူတူ မစင်စားနေတယ်၊ ကူစားဂျင်ယို့ယား။

 

ဖားသက်ပြင်း နှင့် အနီးတစ်ဝိုက် က ရာသီဥတု အခြေအနေပဲ ဖြစ်ပါသည်။

 

အပေါ်က ရေးထားတာလေးတွေ ဖတ်ကြည့်လိုက်ရင်ဖြင့် မိညီမ ယောက်ျားယူသွားပေမယ့်

ဖားသက်ပြင်းတစ်ယောက် အထီးကျန် မဆန်ပါ။

ဖားသက်ပြင်းတစ်ယောက် ဒီတောင်က ကျော်နိုင်ပါစေဗျာ…။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…ဇုတ်…။

 

 

13 comments

  • မွသဲ ( 17082011 )

    February 7, 2015 at 9:16 pm

    ဟားဟားဟားဟား ရီလိုက်ရဒါ။ ပြန်ဖတ်မှပိုပိုရီရဒယ် မိဂီမ ချစ်ဖို့ကောင်းချက်။ ဖုန်းဆက်ပီးတောင်းပန်ရှာဒယ် ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါဆိုလား :mrgreen:

  • weiwei

    February 7, 2015 at 9:21 pm

    ဒီပွဲမှာ ပိတ်​သတ်​ ​နေရာက ​နေပါတယ်​။

  • ခင်ဇော်

    February 7, 2015 at 9:24 pm

    I’be bough him from his mommy already.
    :k:

    • မွသဲ ( 17082011 )

      February 7, 2015 at 9:31 pm

      ဘယ်လောက်နဲ့ဝယ်လဲ ခင်ဇော် တမတ်လားဟင်

      • ခင်ဇော်

        February 7, 2015 at 9:48 pm

        5 cents
        :mrgreenn:

  • မြစပဲရိုး

    February 7, 2015 at 11:49 pm

    ပထမ မြင်တာ ပထမ မန့်ရရင်
    မောင်ဂီ ရော၊ သားကျန်ကိုယ်တော်လေးပါ အင်မတန် ချစ်ဖို့ ကောင်းပါတယ်။
    သားလေး ကြည့်ရတာလဲ အဖေ ရော အမေကိုပါ တူလေး ထင်မိရဲ့။။

    ဒုတိယ မြင်တာ မန့်ရရင်
    ရီးစားဦး ဆိုတာ မိညီမ?
    မမှီ တော့ဘူး။ အစ က ပြန်ဖတ်မှ ထင်တယ်။
    ရီးစား မဟုတ်ဘဲ သူငယ်ချင်း ထင်နေတာ။

    တတိယမြင်ရာ မန့်ရရင်
    အသဲ ဟက်တက် ကွဲသွားတယ်?
    ရီးစားဦး ရှိခဲ့ရက် တစ်ခြားမိန်းကလေး တွေ နဲ့ ဇာတ်လမ်းလုပ်ရင် ဖြစ်လာတဲ့ ဇာတ်သိမ်း က Fair enough ပါလေ။
    အာ့ ငိုပြစရာလား။
    အရင်က ကိုယ် လွှတ်ခဲ့လို့ ဟာကို။

    စတုတ္ထ မြင်လိုက်တာ မန့်ရရင်
    နေမကောင်းတာ ကြားလို့ စိတ်မကောင်းပါဘူး။
    သို့ပေမဲ့ ဒီရုပ်ခန္တာ ရထားမှတော့ နာခြင်း ဆိုတာ ရှောင်မလွှဲ မို့ အတော် သတိထားနိုင်မှ တော်ကာကျမှာ။
    မဟုတ်ဘဲ ပေတေပြီး သောက်ချင်သလိုသောက် စားချင်သလိုစား ရင်တော့ နေမကောင်းဖြစ်ရင် မညည်း နဲ့။ ဒါလဲ fair enough ပါလေ။

    ပဉ္စမ မြင်လိုက်ရတာ မန့် ရရင်
    အနားမှာ ဆူဆူဆဲဆဲ ပေမဲ့ ဂရုစိုက် တဲ့ အစ်ကို၊ အစ်မ တွေ ရှိတာ ကုသိုလ်ထူးပါတယ်။
    ရှေးအကြောင်းကံ က ဒီ လို လူဆိုးလေး ကို ဖေးမ ပေးဖို့ ဖန်နေတာ နေမှာပေါ့။
    ဆရာဝန်ပြတာလဲ ပြတာပေါ့။ ကိုယ့်ဟာကိုယ်မှ ဂရုမထားရင် သိကြားမင်း လဲ ဆင်းလာကု နိုင်မှာ မဟုတ်။
    သေချင်တိုင်းလဲ သေတာမဟုတ် တော့ ဟိုမရောက် ဒီမရောက် ဖြစ်မှာ သတိထားပါ။

    ဆဌမ မြင်ရတာမန့်ရရင်
    သားလေး အပေါ် စိတ်ပူသလို နဲ့ စိတ်ပူတတ်တဲ့ ဖခင်tတစ်ယောက် ရဲ့ ချစ်ခြင်း ကို မြင်လိုက်ရတယ်။
    မောင်ဂီ ရယ်။
    တစ်ခြား ဟာ တွေ ဂရုမစိုက် ရင် နေပါ။
    ဒီသားလေး အတွက် မင်း ဘဝ ကို ပေးဖို့ ကြိုးစားပါ။
    ဒီသားလေး ဂုဏ်ယူရမဲ့ အဖေ ဖြစ်အောင် ကြိုးစားပါ။
    မင်း အသက် ထက်တောင် ပိုမြင့် တဲ့ မင်း ရဲ့ ပညာရပ်ကျွမ်းကျင်မှု တွေ ကို တစ်ခြား အပျော်တမ်း ပညာ တွေ နဲ့ လဲ မပစ်ပါနဲ့။
    လုပ်သင့်တာ နဲ့ လုပ်ချင်တာ ကိုခွဲ သိပြီး လုပ်သင့်တာ ကို စွဲစွဲမြဲမြဲ လုပ်နိုင်ဖို့ ကြိုးစားပါ။
    သား က အထင်ကြီး တဲ့ အဖေ ဖြစ်ဖို့ မလုပ်သင့်တာ တွေ ကို မလုပ်ပါနဲ့။

    ဘာမှန်း မသိ ဟုတ်ဟုတ် မဟုတ်ဟုတ် ခေတ်မှီအောင် ထင်ရာ ဝင် ဆွမ်းကြီးလောင်းသွားသည်။
    ချစ်ခင်စွာဖြင့်
    အရီး

    ဖား တစ်ကောင် ကို ချဉ်သူ အဲ မွားပြန်ပေါ့ ချစ်ခင်သူများ စာရင်းထဲ အရီးလဲ ပါ ဗျစီ။
    ဒီမှာ လာ စာရင်းပေးကြပါဗျို့။
    ဖားသက်ပြင်းတစ်ယောက် အထီးကျန် မဆန်ပါ။ (ခွက်ဒစ် တူ ကိုချော)
    😉 :))

    • ဖားသက်ပြင်း

      February 8, 2015 at 12:06 am

      မှန်​တာ​ပြောရရင်​ စိကလက်​​ကြောင်​့ဗျ
      ဂျပန်​မှာ​နေတုန်​းက ​ဈေးကြီးတာ​ကြောင်​့ တ​နေ့တ​နေ့
      ​လေးငါးလိပ်​ထက်​ပိုမ​သောက်​ဖြစ်​ဘူး
      ပျံ​ရောက်​လာ​တော့ ​ဆေးလိပ်​​ဈေး​ပေါလို့ ပို​သောက်​ဖြစ်​လာတယ်​
      ​နောက်​ဆုံး စိကလက်​စက်​ရုံ​ရောက်​​တော့ ပိုဆိုး
      အ​ပေါဆုံးက ​ဆေးလိပ်​ဖြစ်​​နေတာကိုး
      ​မောပြီး အားနည်​း​နေတာပါဗျာ
      ပျံ​လျော့​နေရတယ်​
      မိညီမနဲ့ပတ်​သတ်​လို့က​တော့ အင်​း
      ပျံ​ပြောပြဖို့​တော်​​တော်​ခက်​လိမ်​့မယ်​

    • မွသဲ ( 17082011 )

      February 8, 2015 at 9:04 am

      ကျေးဇူးအရီးရေ ဒီစကားတွေပြောပေးလို့။ ဒီပြောမကောင်းဆိုမကောင်းလေးက သူသိသူတတ်ချည်းပဲပြောမြဘူးရယ်။ သားမျက်နှာလေးထောက်ပါဆိုတာကို တေတယ် ပေတယ်။ စိတ်ကကောက်သေး။ စကားနားမထောင်ဘူး နားရင်းနာနာအုပ်ကြပါ

  • Mike

    February 9, 2015 at 11:32 am

    .ချစ်သောဂီ ကို ချစ်သော ဝီ စောင့်နေပါတယ်လေ..အားငယ်နဲ့နော် :k:

  • Ma Ei

    February 9, 2015 at 2:59 pm

    မှန်​တာ​ပြောရရင်​ စိကလက်​​ကြောင်​့ဗျ… ဆိုလို့
    .တွေ့ဆုံပွဲနေ့က ခန်းမထဲ မဝင်နိုင်ကြတဲ့ ရွာသားတွေ( စိကလက်သောက်သူ) .အတော်များခဲ့တာသတိထားမိတယ်…
    .စိကလက်သောက်တာနဲ့ ပတ်သက်လို့ စာလေးတစ်ပိုဒ်ရေးထားတာ…
    .နေမကောင်းဘူး ဆိုလို့ တင်သေးပါဘူးလေ…
    .

    • kai

      February 9, 2015 at 4:33 pm

      အခုတင်.. စားပွဲဘေးရောက်နေတဲ့.. အသက်အာမခံဌာနကစာကြည့်မိတယ်..။
      ဘာတဲ့..။
      အသက်အာမခံဒေါ်လှ၁သိန်းအတွက်…
      အသက်.. ၁၈-၃၄ကြား.. နီကိုတင်းမသုံးသူ တလ ၁၂.၆၁ဒေါ်လှ.. နီကိုတင်းသုံးသူ တလ၂၇.၂၉ဒေါ်လှ
      အသက်.. ၅၀-၅၄ နီကိုတင်းမသုံးသူ တလ ၄၇.၂၄ဒေါ်လှ.. နီကိုတင်းသုံးသူ တလ၁၀၃.၉၄ဒေါ်လှ

      နီကိုတင်းသမားက.. ၂ဆကျော်များ..။ :k:

  • မိဂီအသည်းကွဲနေတာတော့သိတယ်
    ဘာဖြစ်လို့ဆိုတာ ခုမှသိတော့တယ်။
    ငါ့မောင်လေး စကားဂျိုနဲ့ညားပါဇေ
    ဟီလာရီဝက်နဲ့ပေါင်းဖက်နိုင်ပါဇေ ကွယ်

Leave a Reply