ရာဇဝင်​ထဲမှာ ဗိုလ်​ချုပ်​ကိုထားခဲ့

naywoon niFebruary 8, 20151min1086

ဗိုလ်​ချုပ်​
ဟုတ်​လား
မနာလိုစရာအပြည်​့နဲ့
ပုံပြင်​ထဲက ဇတ်​​ကောင်​
ဘယ်​ဇာတ်​ညွှန်​းဆရာမှ မတတ်​နိုင်​တဲ့
ဇာတ်​ညွှန်​းရှုပ်​​ထွေးမှုအပြည်​့နဲ့
လျှို့ဝှက်​ချက်​အပြည်​့နဲ့
နှစ်​​ပေါင်​းတစ်​ရာ ပြည်​့ခဲ့တာ​တောင်
သူ့သမိုင်​းကို ပုံ​ပြောဆရာ​တွေ
ဟိုနားတစစ်​ ဒီနားတစ်​စ ပဲ
ဆွဲထုတ်​​ပြောနိုင်​​သေးရဲ့
ပုံပြင်​မဟုတ်​ဘူး မ​ပြောပါနဲ့
တစ်​ကယ်​့ လက်​​တွေ့ဘဝမှာ
မရှိနိုင်​​တော့တဲ့သူ
မ​တွေ့နိုင်​​တော့တဲ့ အ​ကြောင်​းအရာ​တွေနဲ့
တစ်​ချိန်​တုန်​းက လူငယ်​တစ်​​ယောက်​ရှိ​လေသတည်​း ။
သူ့အမည်​နာမက ​အောင်​ဆန်​းဟု အမျာကသိ​လေ၏ ။
ဆိုတာမျိုး
တစ်​ကယ်​ရှိခဲ့ပါတယ်​ဆိုတာကို​တောင်​
မယုံနိုင်​​လောက်​​အောင်​
စိတ်​ဓာတ်​တက်​ကြွဖွယ်​
အားကျဖွယ်​
နာကျည်​းဖွယ်​
မနာလိုဖွယ်​ လူတစ်​​ယောက်​အ​ကြောင်​း
​ပြောရင်​း ​ပြောရင်​း
နား​ထောင်​ပြီးရင်​း နာ​ထောင်​ရင်​း
ရာဇဝင်​ပုံပြင်​ ထဲက ဇာတ်​​ကောင်​းအလားဖြစ်​ရ ။
​အေး​ပေါ့​လေ
သူ့​လောက်​​တော်​တဲ့သူ
သူ့​လောက်​ကိုယ်​ကျိုးစွန်​့နိုင်​တဲ့သူ
သူ့​လောက်​ ……..
သူ့​လောက်​ ………
………………………………….
………………………………….
​နောက်​တစ်​​ယောက်​မရှိ​လေ​တော့
ရာဇဝင်​ထဲမှာ ဗိုလ်​ချုပ်​ကိုထားခဲ့လို မဖြစ်​​သေးပါဘူး​လေ ။

​နေဝန်​းနီ
၈-၂-၂၀၁၅

6 comments

  • အလင်းဆက်

    February 8, 2015 at 11:29 am

    သူရဲကောင်းဆိုတာ..လိုသလောက် မရတဲ့ ရှားပါး ရတနာပါဆို…

    😆

  • မြစပဲရိုး

    February 9, 2015 at 12:48 am

    ထားခဲ့ဘူး။
    . နောက်တစ်ယောက် တောင် ထပ် လိုချင်တာပါ။
    . လောကကြီး ရယ် …..
    ဒီလောက် သိန်းပေါင်းများစွာသော အစိမ်းရောင်တွေ ထဲ က
    ကျွန်မတို့ သူရဲကောင်း ကြီး နဲ့ နဲနဲတူတာလေး တစ်ယောက်လောက်ကို တောင် မစွန့်ကြဲချင်လား။

  • ခင်ဇော်

    February 9, 2015 at 8:22 am

    ဪ။
    ဘနီရယ်။
    သူရဲကောင်းဆိုတာ ဘရိန်းဝပ် လုပ်ခံထားရတဲ့ အဖွဲအစည်းကနေ ထွက်ပေါ်ရိုးထုံးစံမရှိလို့။

    :k:

  • Mike

    February 9, 2015 at 11:22 am

    .ကိုနေဝန်းနီရဲ့ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ကဗျာလေးအတွက် လေးစားပါတယ်…
    .ကျုပ်လည်းပဲ ဗိုလ်​ချုပ် အကြောင်းတွေဖတ်ရတိုင်း​ ဟုတ်မှဟုတ်ပါ့မလားလို့တွေးမိတတ်တယ်
    .အံ့ဘွယ်လူသားတစ်ဦးပါပဲ 😆

  • kai

    February 9, 2015 at 2:49 pm

    မောင်ထိန်လင်းမွေးတော့.. ၁၉၁၅
    ၁၉၃၆မှာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ… ဆိုတော့… အသက်က.. ၂၁နှစ်…။
    ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်တော့.. ၁၉၃၇.. အသက်. ၂၂။
    ၁၉၄ဝမှာ ဒို့ဗမာအစည်းအရုံး အထေထွေအတွင်းရေးမှုး.. ဆိုတော့.. အသက်က.. ၂၅နှစ်။
    ရဲဘော်သုံးကျိတ်.. ၁၉၄၁ ဆိုတော့… အသက်က.. ၂၆နှစ်…။
    ဂျပန်အဝင်မှာ.. ဗမာစစ်တပ်အကြီးအကဲဖြစ်တော့.. ၁၉၄၃… ဆိုတော့.. အသက်က.. ၂၈
    ပင်လုံစာချုပ်ချုပ်တော့.. ၁၉၄ရ …သူ့အသက်က.. ၃၂..။
    ကျဆုံးတဲ့အချိန်မှာ..တိုင်းပြည်အကြီးအကဲ… အမျိုးသားခေါင်းဆောင်… အသက်၃၂နှစ်…။

    ဆိုတော့…
    အခု စစ်ကြောင်းချီတက်နေတဲ့ကျောင်းသူားများကို.. ကလေးတွေလို့.. မခေါ်ကြစေလို..။ :i:

  • naywoon ni

    February 9, 2015 at 9:05 pm

    ကျ​နော်​က နှစ်​တစ်​ရာအတွင်​း သူ့လိုလူ ထပ်​မ​ပေါ်​ပေါက်​လို့ စိတ်​ထဲကြိတ်​မနိုင်​ခဲမရဖြစ်​လို့ ဒီကဗျာ​လေး ​ရေးဖြစ်​တာ ။ အာဇာနည်​နဲ့ သူရဲ​ကောင်​း ​ပေါများရာ တိုင်​းပြည်​မှာ ဗိုလ်​ချုပ်​လို လူတစ်​​ကြောင်​့ ဘာ​ကြောင်​့ ထပ်​မ​ပေါ်​ပေါက်​​တော့တာလဲဟင်​ ¿ မဆီမဆိုင်​ သူကြီးရဲ့ ကျိမ်​စာကြီးကိုလည်​းသတိရမိပါရဲ့ 🙂

Leave a Reply