ရုပ်ရှင် ရိုက်ကြမယ်လေ….. :P

Kaung Kin PyarFebruary 9, 20151min117752

ခုတစ်လော…အဆဲခံချင်စိတ် ပေါ်နေတာ…..။ ဘယ်သူ့ကို ပတ်တနာရှာရမှန်းလဲ … မသိဝူး….။ ဒါနဲ့ပဲ ရွာထဲက ခင်သူများကို ရန်စဖို့ ဆုံးဖြတ်လိုက်တယ်….။ သည်းခံဂျဘာညှော်…..

***********************************************************************

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်မယ်တွေ ဂယက်ထနေတော့…ကောင်းကင်ပြာလဲ…ရုပ်ရှင်…ရိုက်ချင်စိတ်ပေါ်လာတယ်…။ မင်းသားမင်းသမီးတို့၊ ဇာတ်ပို့ ဇာတ်ရံတို့က မလိုပါဘူး…။ တစ်ရွာလုံး ရှိနေတာပဲဟာ…။ လူကြီးခန်းလိုမလား?…ရှိတယ်လေ..အရီးတို့..လေးခတို့…မွသဲတို့…၊ အာတီဒုံတို့… ဦးဘလက်တို့…ကျော်ဟိန်းနဲ့ ခပ်ဆင်ဆင်တူတဲ့ အူးကြီးမိုက်တို့…။ ကလေးခန်းဆိုရင်လဲ ကိုတိုက်သမီးလေးတို့…ညက်မှန်လေးတို့ ရှိသား…။ အရွယ်စုံ၊ လူစုံ၊ ဆိုဒ်အစုံပဲ….။

စစချင်းရိုက်မယ့်ဇာတ်ဆိုတော့လဲ ဇာတ်အိမ်ကျဉ်းကျဉ်းနဲ့ လူနည်းနည်းပဲ သုံးပ့ါမယ်….။

ဇာတ်လမ်းက ဗိုလ်ချုပ်ရုပ်ရှင်နဲ့ မတိမ်းမယိမ်းဖြစ်အောင်…လွတ်လပ်ရေးမရသေးတဲ့ကား….(သီဟတင်စိုး နောက်ကလိုက်တာ…)

ဇာတ်လမ်းထဲ ပါမယ့် သရုပ်ဆောင်တွေကို ဒီလို ရွေးထားတယ်…

၁) မချွိ

၂) မဝေါင်း

၃) ကိုထွဋ်

၄) သိကြား

၅) လက်လက်ဆင်

၆) အူးကြောင်

၇) ကောင်းကင်ပြာ

 

ဇာတ်အိမ်ကိုတော့…သန်လျင်ဘက်က လယ်ကန်သင်းရိုးတွေဘက် တည်မယ်….

စစချင်းအခန်းမှာ…အူးကြောင်ကြီးဟာ…လယ်ကန်သင်းရိုးတွေပေါ်ကို အူယားဖားယား ပတ်ပြေးနေတယ်…။ မပြေးလို့လဲ မရဘူးလေ… အနောက်မှာ ဂျပန်တွေက ဘက်နက်တွေ သေနတ်တွေကိုင်ပြီး တပ်စုလိုက် လိုက်နေတာကိုး….။ သူ့အပြစ်က ခွင့်မလွှတ်နိုင်လောက်အောင်ကို ကြီးတယ်…။ ရွာထဲက ဂျပန်တွေ မျက်စိကျနေတဲ့ ကွမ်းတော်ကိုင်ကလေးကို ဆားချဉ်သီတို့ ဆားမဲတို့ သွားပြောထားတာ….။

အဲ့ဒီလို အူးကြောင်ပတ်ပြေးတဲ့ အခန်းကို စ ရိုက်ပါ့မယ်….။ မကြိုက်မချင်းကို ရိုက်မယ်…၊ ရှုတင်စရိတ်ကုန်ချင်သလောက်ကုန်ပေ့စေ..။ အဲ့ဒီအခန်းကို တစ်ရက်နဲ့ စိတ်တိုင်းမကျရင် ၂ရက် ၃ရက် ဆက်ရိုက်မယ်…။ တခြား အထွေအထူး သရုပ်ဆောင်စရာမလိုဘူး…၊ လယ်ကန်သင်းရိုးပေါ် တစ်နေကုန် ပတ်ပြေးနေရုံပဲ….။

(၄)ရက်မြောက်နေ့ရောက်တော့ ဂျပန်တွေ အူးကြောင်ကြီးကို ဖမ်းမိသွားတယ်…၊ မမိခံနိုင်ရိုးလား၊ အူးကြောင်လဲ လျှာထွက်နေပြီလေ….။

ဒီလိုနဲ့ ဂျပန်တွေ အူးကြောင်ကို ဖမ်းမိသွားတော့…ရွာလည်မှာ..ကြိုးချည်ပြီး နှိပ်စက်ပါလေရော…၊ သူ့ခမျာ ဖူးယောင်လို့…(ဒီအခန်းကိုလဲ မကြိုက်မချင်း ရိုက်ပါ့မယ်….)

ကောင်းကင်ပြာရယ်…၊ မချွိ၊ မဝေါင်း၊ သိကြား၊ လက်လက်ဆင်တို့က သနားတယ်လေ…၊ အူးကြောင်ဒီလို အနှိပ်စက်ခံနေရတာ….။ မမြင်ရက်ဖူး…။ အဲ့ဒါနဲ့ပဲ…အခြေအနေပေးရယ် ကယ်မပေါ့…၊ ဘယ်အချိန် ဂျပန်တွေလစ်မလဲဆိုပြီး…ထရံပေါက်က ချောင်းနေကြတာ…။

အဲ့ဒီအချိန်မှာပဲ ရောက်လာတာက…ကိုထွဋ်….။ အကြောင်းက ဂျပန်တွေဖွက်ထားတဲ့ ရတနာသေတ္တာကြီး သူမြင်ခဲ့တယ်…၊ အတော်ကြီးလေတော့ လေးတယ်..၊ သူမသယ်နိုင်ဘူးလေ…။ ရရင် ခွဲယူကြမယ်ပေါ့…၊ သူလဲ စုရဆောင်းရဦးမယ်…၊ ကလေးကလဲ မွေးဦးမှာကိုး….(ကိုထွဋ်မိန်းမက ပြောပါတယ်….)

ဒါနဲ့ပဲ … ရတနာတွေကို သယ်ကြမယ်ပေါ့…..။ ဘယ်လိုသယ်မယ်…ဘယ်နေရာကို ပြေးကြမယ်…၊ ဘယ်လမ်းကြောင်းကတော့ အကောင်းဆုံးဖြစ်တယ်ဆိုတာတွေ…အစီအစဉ် သေချာဆွဲကြတယ်….၊ သို့သော်…အူးကြောင်ကိုလဲ မထားခဲ့ရက်ဖူးရယ်….။ အဲ့ဒီလို တစ်ဖွဲ့လုံးက စိတ်ကောင်းစေတနာကောင်းရှိကြတယ်လေ….။ ကိုယ်လွတ်ရုန်းပြေးဖို့ တစ်ယောက်မှ မတွေးကြဘူး…၊ အူးကြောင်ကိုလဲ သူဘယ်လောက် ဆားချဉ်သီပြောပြော…တစ်ရွာထဲသား သံယောဇဉ်ကလဲ ရှိသေးမဟုတ်လား….။

ဒါနဲ့ပဲ မချွိနဲ့ မဝေါင်းက ဂျပန်တွေစားဖို့…ဟင်းပို့သလိုလိုနဲ့ ဟင်းထဲမယ်…ဘာမီတွန်တွေ ကြိတ်ထည့်တယ်…(ဟင်းအရသာ အဆင်ပြေအောင်တော့ အိတ်စပီးရီးရန့်များတဲ့ ဦးကျောက်စ်ဆီက တိုးတိုးတိတ်တိတ် မေးရတာပေါ့လေ…)။ ဟိုဂျပန်တွေကလဲ စားကောင်းကောင်းနဲ့ ၂ပန်းကန် ၃ပန်းကန်လောက် စားလိုက်တာ…အကုန်အတုံးအရုန်း အိပ်မောကျကုန်ရော…

အဲ….အိုက်ဒိအချိန်မှ…အူးကြောင်ကို ကြိုးတွေဖြည်ပေး၊ ရတနာသေတ္တာကြီးကိုလဲ…တစ်ဖက်က သယ်ရသေးတယ်…။ ကောင်းကင်ပြာတို့ ပြေးကြတာ….ညဘက်ကြီး…(ထိတ်လန့်သည်းဖိုနော်…..၊ ဒီနေရာ ကြော်ငြာ ရခုလောက် ထိုးမယ်….)။ မနက် ဂျပန်တွေနိုးလာတော့…အပြေးအလွှား ဒီအဖွဲ့ကို လိုက်ရှာကြပါလေရော….၊ အူးကြောင်ပျောက်သွားတာက အရေးမကြီးဖူးလေ…ရတနာသေတ္တာကြီးပါ ပါသွားတာကိုး…။

မှီတယ်..မှီတယ်…ဂျပန်တွေ မှီတယ်….။ မှီမပေါ့လေ…အူးကြောင်ခမျာအနှိပ်စက်ခံထားရလေတော့ ခြေထောက်ကလဲ ထော့နင်းထော့နင်း ဖြစ်နေရှာတယ်….။ သူ့ကိုယ်ကြီးကိုလဲ ဘယ်သူမှ ချီမပြေးနိုင်ကြဘူးလေ…။ ဒီတော့ သူ့ကိုစောင့်ခေါ်နေရတာနဲ့ပဲ…ဂျပန်တွေ မှီလာပါရောလား……(ဒီနေရာ ကြော်ငြာ ထပ်ထိုးမယ်…)

ဂျပန်တွေက ဒီအဖွဲ့ကို မြင်တော့ မြင်နေရပြီ….လိုက်ရင် ကြာနေမယ်ဆိုပြီး လက်နက်ကြီးနဲ့ လှမ်းဆော်တယ်….။ အဲ…ဘေးမှာ မြေကြီးတွေ ဖွာခနဲ ဖွာခနဲ အခန်းထည့်မယ်…..။ ပြေးသူကပြေး၊ ပုန်းသူကပုန်းပေါ့လေ….။ ဒါပေမယ့်…ကံဆိုးစွာပဲ…နောက်ဆုံးပစ်လိုက်တဲ့ အမြှောက်ဆံဟာ အူးကြောင်နောက်ကျောဘက်လောက်ကို တည့်တည့်ကြီး ကျတယ်….။ အူးကြောင် လွင့်သွားတယ်….လွင့်သွားတယ်…လွင့်သွားတယ်..။ (၇)ပေအကွာလောက်အထိကို လွင့်သွားတာ…။

အိုက်ဒိ ဒဏ်ရာနဲ့ပဲ အူးကြောင်ရှောပါရောလား…။

အဖွဲ့တွေက စိတ်မကောင်းကြဘူး…။ အထူးသဖြင့် မချွိနဲ့ မဝေါင်းပေါ့လေ…။ ခက်ခက်ခဲခဲ ကယ်ခဲ့ရတာ….။ ဘာမီတွန်ဖိုးတွေလဲ အတော်ကုန်ခဲ့တာကိုး….။

ထားပါတော့လေ…ကမ္မသကာပဲပေါ့….။

အဲ့လိုနဲ့ ဂျပန်တွေလက်က ရတနာသေတ္တာနဲ့အတူ လွတ်ခဲ့တယ်….။

ဇာတ်လမ်းလေးက ပျော်စရာကောင်းတော့မလို ရှိသေးတယ်….။ စိတ်မကောင်းစရာ ကိစ္စတစ်ခုက အိုက်ဒိမှာ စ တာပဲ…..။ လက်လက်ဆင်နဲ့ သိကြားဟာ အစပိုင်းတုန်းက တော်တော်ချစ်ကြတာပဲ…။ လင်မယားတွေထက်တောင် ချစ်ကြသေးတယ်…။

သို့သော်…ရတနာတွေကိုလဲ မြင်ရော…လောဘတွေ တက်လာပြီး…မကောင်းကြံစည်ကြပါလေရော….။ ဘာနည်းသုံးရမယ်ဆိုတာ အစက မစဉ်းစားမိကြသေးဘူး…။ နောက်ဆုံးတော့ မချွိတို့ မဝေါင်းတို့သုံးခဲ့တဲ့ နည်းကိုပဲ ရွေးလိုက်ကြတယ်….။ မချွိတို့ကတော့ ဂျပန်တွေအတွက်ပို့ပေးတဲ့ အစာထဲ ဘာမီတွန် ကြိတ်ထည့်တာ…။ သူရို့ (၂)ယောက်ကတော့ အစာထဲ အဆိပ်ကြိတ်ထည့်လိုက်တာ ၂ယောက်လုံး စားမိပြီး ၂ ယောက်စလုံး ရှောပါရော့လား….(စိတ်မကောင်းပါဝူး…ကျွတ်…ကျွတ်…)။

အဖွဲ့ထဲကလူတွေဟာ ဒီအဖြစ်ဆိုးကြောင့် တော်တော်စိတ်ထဲမကောင်းဘူး ဖြစ်ကြတယ်…။ ကိုထွဋ်ဟာလဲ သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံးတော့ဘူး….။ ငါသာ ရတနာသေတ္တာကြီးကို သယ်ဖို့ မပြောခဲ့ဘူးဆိုရင် ဒီနှစ်ယောက် သေမှာမဟုတ်ဘူး..၊ ဘာညာပေါ့…။ ဘယ်သူပဲ ဘယ်လိုစကားတွေသုံးပြီး ဖျောင်းဖျဖျောင်းဖျ မရတော့ဘူး….။ ဒါနဲ့ပဲ သူ့ကိုယ်သူ အပြစ်ချေချင်တဲ့အနေနဲ့ရော…၊ လောကကြီးက လူတွေရဲ့သဘောကို နားလည်သွားလို့ရော..ဘုန်းကြီးဝတ်သွားခဲ့တယ်လေ….သာဓု…သာဓု…သာဓု…။

မချွိနဲ့ မဝေါင်းလဲ ဘာထူးသလဲ….၊ ကောင်းကင်ပြာ အတန်တန်တားနေတဲ့ကြားက…သူတို့ (၂)ယောက်ကလဲ ဒီအဖြစ်တွေကိုမြင်ပြီး လောကကြီးကို စိတ်နာတာနဲ့ ယောဂီအဖြစ်နဲ့ပဲ ရာသက်ပန် တရားအားထုတ်တော့မတဲ့….။ ရက်စက်စွာပဲ ကောင်းကင်ပြာကို မနိုင်မနင်း များပြားလှစွာသော ရတနာတွေနဲ့ လောကအလယ်မှာ ထားရက်ခဲ့ကြတယ်…။

အစကတော့ ကောင်းကင်ပြာလဲ..စဉ်းစားပါတယ်…။ ဒီအစ်မနှစ်ယောက်နဲ့အတူ လောကုတ္တရာဘက်ကို ကူးမပေါ့လေ…..။

သို့သော်…

ရတနာတွေက ရှိသေးတယ်…။

ဒီရတနာတွေကို အစိုးရလက်အပ်ဖို့ကလဲ စေတနာမရှိဘူးလေ….(တော်ကြာ တရုတ်ကို အကြွေးဆပ်တဲ့ထဲ ပါသွားမှာတို့၊ ဆန္ဒပြဖြိုခွင်းမယ့် လက်နက်တွေထဲ ရောက်သွားရင်…ကိုယ်က မကောင်းဘူး ဖြစ်မလေ..…)

ဆင်းရဲသားတွေကို ပေးဖို့ကျတော့လဲ…အဝေမတည့်ဘဲ အချင်းများမှာ စိုးရသေးတယ်….ဒုက္ခ…ဒုက္ခ..။

ဒါနဲ့ပဲ အဲ့ဒီဇာတ်ကားထဲက သနားစရာ မင်းသမီးကောင်းကင်ပြာဟာ…ကံဆိုးစွာပဲ…ဒီရတနာတွေ မြောက်များစွာနဲ့ တစ်ယောက်ထဲ လောကအလယ်မှာ ယောင်လည်လည်နဲ့ ကျန်ခဲ့လေတယ်…။

 

ပြီးပါပြီ….

 

ကောင်းကင်ပြာ

 

(ဇာတ်လမ်းလေးကတော့ ဒါပါပဲညှော်…..၊ နောက်ထပ် ရွာထဲကလူတွေအစုံနဲ့…ဇာတ်အိမ်ကြီးကြီး ဇာတ်ကားကောင်းကောင်းရိုက်ချင်သေးလို့…ရန်ပုံငွေ ထည့်ကြပါအူး…)

52 comments

  • ခင်ဇော်

    February 9, 2015 at 12:40 pm

    ကတောက်။
    နာ့ တို့ ကို မကောင်း ကျောင်းပို့တဲ့ ဇာတ် ပဲ။
    မတော် ဂျာပွန်လိုက်သွားတယ်လို့ ပြော ဟုတ်တုတ်တုတ်။
    :k:
    ဟိ။
    ဦးကြောင်ရဲ့ ဇာတ်ဝင်ခန်းတွေပဲ အားရထာ။
    :mrgreen:

    ပြန်လာမယ်။ အလုပ်ရှုပ်နေလို့။
    ခိ။
    ဖတ်ပြီး ရီနေရတယ်။
    :mrgreenn:

    • Kaung Kin Pyar

      February 9, 2015 at 1:47 pm

      ပြန်လာခဲ့ပါနော်….
      ရန်ပုံငွေလေးလဲ ထည့်ရမယ်နော်…..။ နောက်တစ်ခါ ကားကြီး ရိုက်ကြမယ်လေ…ခ်ခ်
      :k:
      :k:
      :k:

  • အလင်းဆက်

    February 9, 2015 at 1:19 pm

    ဟဲ့ပလောက်တောက်

    လင်မယားထက်တောင် ချစ်ကြတယ်ဆိုတဲ့ သဂျားနဲ့ ကျ ု ပ်ကို
    အဲ့ ချစ်ပုံချစ်နည်းအခန်းတွေတော့ ထည့်မရိုက်ဖူးမဟက်လား
    မကြံကောင်းမစည်ရာကွယ်
    မလွှဲသာလို့ ရိုက်ရမယ်ဆိုလည်း အဲ့သဂျားကို
    ခင်ဝင့်ဝါမျက်နှာနဲ့ တူအောင် ပြင်ပေးပါနော့
    (ပြောမယ့်သာပြောရတာ သဂျားက ဘယ်လိုနေနေ ဖြူဖြူမာဃက ဖြူဖြူမာဃ ပဲ။ ဖြူဖြူကျော်သိန်းတောင် သူ့လောက် ဖြူဖြူကျော်သိန်းနဲ့မတူဘူးလေ)

    အဲ
    သေပြီးှမှ လာပေးတဲ့ ကွန်မန့်ဆိုတော့
    ဒါဟာ
    ကျုပ်ကြီးက သရဲလာခြောက်တယ်ပဲ ထားပါတော့

    ဂ ွစ် ဂ ွစ်

    :k:

  • Kaung Kin Pyar

    February 9, 2015 at 1:41 pm

    ဒါတောင် အလက်ဆင်း ခင်ဖွေးကို တ ပြီး သေသွားတဲ့အခန်း မထည့်ထားဘူး….
    ချစ်ခန်းကြိုက်ခန်း လင်မယားထက်ပိုချစ်တယ်ဆိုတဲ့အခန်းကတော့….(မကြောက်ပါနဲ့…) ကျားကို သမင်ချီသွားတာတို့လောက်၊ နှင်းဆီပန်းတွေ ကြွေသွားတာတို့လောက် ရိုက်မှာဘာ….
    :mrgreen:

    • အလင်းဆက်

      February 9, 2015 at 1:56 pm

      ခင်နဲ့ ဖွေးကို ရောမပစ်ပါနဲ့ဂျာ… စိတ်ညစ်ထှာ…
      :k:
      ခင်ဖွေးဆိုတာကြီးကို စိတ်ထဲ ပြောင်းပြန်လှန်ဆိုကြည့်မိရင်…စိတ်ကို လေရော..
      😥

      ဘာပဲဖြစ်ဖြစ်.. ရိုက်မယ်ဆိုရင်.. သဂျားရဲ့ လက်ရှိ ဖြူဖြူကျော်သိန်းနဲ့တူနေတာကို …မတူအောင် လုပ်ပေးနော့…

      ဒါနဲ့.. သဂျားလေး သေခါနီး… aသွးရူးသွေးတန်းနဲ့… ဖြူဖြူကျော်သိန်းစတိုင်နဲ့
      ကြမ်းလှချည်လား..ဆိုတဲ့သီချင်းလေး…အော်ဆ်ိုသွားတဲ့အခန်းရိုက်ပါလား….
      ဇာတ်လည်း..မြူးသွားတာပေါ့..

      https://www.youtube.com/watch?v=eWuTLgOmCE0

      • Kaung Kin Pyar

        February 9, 2015 at 2:11 pm

        သိကြားကို ဖြူဖြူကျော်သိန်းနဲ့မတူအောင် လုပ်ဖို့ကတော့ မိတ်ကပ်ဖိုး အတော်ကုန်မယ်ထင်ပါရဲ့ကွယ်…။
        မကြီးစန်းရယ်၊ လင်းလင်းရယ်၊ ထက်ထက်ရယ် ၃ယောက်ပေါင်းပြီး….လောင်းကျော်..ကျော်…
        အဲ့…
        အဲ့ ၃ယောက်ကို ခေါ်ပြီး မိတ်ကပ်ဖိုး ညှိကြည့်ပါအူးမယ်လို့…..
        နာ့မလဲ…အမြှောက်ဆံကြောင့် ကြောင်မြီးညောင်ရိုးကျိုးတဲ့ရောဂါနဲ့ ရှောမယ့် အူးကြောင်အခန်းကို ပြန်ပြန်ရိုက်ရတာနဲ့….သိကြားကို မိတ်ကပ်ဖို့ရမယ့်..စရိတ်နဲ့တင် … အတော်ထောင်းမှာပါ့လား……သနားလိုက်တာ..ကျွတ်…ကျွတ်…
        ဟွာလေ…
        ရန်ပုံငွေလေး ထည့်ကြပါအူးညှော်…
        :k:
        မြူးအောင် သီချင်းကတော့ ထည့်ဘာထည့်ဘာ…
        ကော်နီ့ကိုပါ ခေါ်ပြီး အတွင်းပါကြေလိုက်ကြရအောင်လေ….
        :mrgreen:

        • အလင်းဆက်

          February 9, 2015 at 2:20 pm

          ဟွာလေ…Bank အကောင့် နံပါတ်လေး..ပေးထားလေ…
          အဲ့ထဲကို…တစ်ယောက်လျှင် တစ်ကျပ်မှ စ၍ ထည့်နိုင်ပါသီ ဆိုပြီး..ကြေညာ…
          အဲ..အမြည်းအနေနဲ့ ဇာတ်ဝင်ခန်းလေး လေးငါးခန်းကိုလည်း..ပြီးစလွယ် ရိုက်ပြီး
          လွှင့်ပေးပါဦး..

          :K:

        • Kaung Kin Pyar

          February 9, 2015 at 2:33 pm

          ရော့…ဘဏ်အကောင့်နံပါတ် အရင်ယူထား….တစ်ကျပ်က နည်းတယ်လေ..၊ ရှာရခက်ပါဘိသနဲ့….၊ တစ်သောင်းလောက်ကဖြစ်ဖြစ် စ ထည့်လဲ စိတ်မဆိုးဘူးရယ်…။
          0064201010008747 အိုက်ဒါ AYA
          9991911833111 အိုက်ဒါ KBZ
          ကြိုက်တဲ့ အကောင့်ထဲ ကြိုက်သလောက် ပိုက်ဆံလွှဲလိုက်ပါဟယ်…
          ဟွာလေ…
          ဇာတ်ဝင်ခန်းလေး လေးငါးခန်းလား…
          အင်းပေါ့…ဟွာပေါ့နော်…
          လာမယ်လေ…
          လွှဲလိုက်နော်…
          :k:

  • Yae Myae Tha Ninn

    February 9, 2015 at 1:47 pm

    အဲ့ဒီအချိန်မှာပဲ ရောက်လာတာက…ကိုထွဋ်….။ အကြောင်းက ဂျပန်တွေဖွက်ထားတဲ့ ရတနာသေတ္တာကြီး သူမြင်ခဲ့တယ်…၊ အတော်ကြီးလေတော့ လေးတယ်..၊ သူမသယ်နိုင်ဘူးလေ…။ ရရင် ခွဲယူကြမယ်ပေါ့…၊ သူလဲ စုရဆောင်းရဦးမယ်…၊ ကလေးကလဲ မွေးဦးမှာကိုး….(ကိုထွဋ်မိန်းမက ပြောပါတယ်….)

    သူများ အကြောင်းတွေနဲ့ စထားတော့ မျက်ခုံးလှုပ်နေတာ.. ငါ့အလှည့် ဘာများလဲ ပေါ့… အလှည့်ရောက်လို့ စာသားဖတ်လိုက်တော့ တကယ် .. ရီကိုရီမိတယ်… လူက လက်ရှိစိတ်ညစ်နေတာကိုး… ကျေးဇူးပါ ကောင်းကင်ပြာ အပေါ်ကစာသားလေးက တကယ်ကို ရင်ထဲ ထိတဲ့ စာသားလေးပါ… နောက်ထပ်များများ ထပ်ရိုက်နိုင်ပါစေဗျာ.. နော်… ဘုန်းကြီးလဲ တကယ် ဝတ်ချင်နေပါတယ်.. သို့သော် အမျိုးသမီး မယ်သီလရှင် နဲ့ ကျောင်းချင်းကပ်လျက်မှာပဲ ဝတ်ချင်တာ… ခိ..

  • Kaung Kin Pyar

    February 9, 2015 at 1:51 pm

    ဪ….သိဘာဒယ် သိဘာဒယ်…။ မယ်သီလရှင်တွေကို ကြည့်ကြည့်ပြီး ဖြစ်ပျက်ရှုတော့မယ် ဆိုတာကို..
    ဒီလိုပဲ ဖြစ်မှာပါ….
    :k:
    ဘာပဲဖြစ်ဖြစ်…ရီရတယ်ဆိုလို့ တော်သေးတယ်…
    ဒီဇာတ်လမ်းထဲကလို ရတနာသေတ္တာကြီးကြီး မြန်မြန်ရှာတွေ့ပါစေနော်…
    :mrgreen:

  • kai

    February 9, 2015 at 2:07 pm

    အမ်..
    ကျုပ်ကြားမိတာကတော့… ရပေလောက်လွင့်သွားတဲ့.. အောင်ကြူမသေဘူးတဲ့ဗျ…။
    အဲဒါလာပြောတာ.. :k:

    • Kaung Kin Pyar

      February 9, 2015 at 2:15 pm

      အယ်…သဂျီးပေါ်လာမှ…သဂျီးမင်း ကျန်ခဲ့တယ် ကျန်းးးးးး
      နောက်တစ်ခါ….ကားကြီးရိုက်ရင် လှမ်းချိတ်လိုက်ပါ့မယ်ညှော်…
      :k:

  • Mr. MarGa

    February 9, 2015 at 2:10 pm

    ဘယ်မလဲ သရုပ်ဆောင်ခ
    ကြော်ငြာတွေကျ စွတ်ရွတ် ထည့်ထားပြီး သရုပ်ဆောင်ခတော့ မပေးဘဲ ပတ်ပြေးနေတယ်
    အောင်သရဲလင်း ထက်တောင် သရဲနဲ့ပိုတူတဲ့ ဒညင်းဝက်ခမျာ
    သေရှာတော့ သရဲတွေတောင် သူ့ရုပ်မြင်ပြီး ကြောက်သွားတယ်ဆိုလား
    (သူ မျှော်လင့်နေတဲ့ ခင်ဖွေးနဲ့တော့ ရေစက်ပါသွားရှာသားဟဲ့)
    မှတ်ချက် – ခင်ဖွေးသည် ခင်ဝင့်ဝါနှင့် ဖွေးဖွေး မဟုတ်သလို မောင်မာဃလည်းမဟုတ်ပါ။ အဖြစ်နိုင်ဆုံးမှာ ဒေါ်ဖွားမေဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရကြောင်း

    • အလင်းဆက်

      February 9, 2015 at 2:26 pm

      .ဒေါ်ဖွားမေဆိုတာ… မန်းလေးမှာနေတဲ့ ညိုစိမ့်စိမ့်အသားအရည်နဲ့ဆိုတာရော..သတင်းရပ်ကွက်က..မပြောလိုက်ဖူးလား.. သဂျွဲ

      :k:

      • Kaung Kin Pyar

        February 9, 2015 at 2:44 pm

        အချစ်စမ်းဂျပြန်ဘီ….သူရို့၂ယောက်က …နာပြောရင်လဲ နာပြောကြီး ဖြစ်အူးမယ်….

        (လက်ဝှေ့ကြိုးဝိုင်း တီးလုံးသံဖြင့် ဖတ်ရန်…)
        နှောင်ဂျိန်….နှောင့်ဂျိန့်…..နှောင့်ဂျိန်…နှောင့်ဂျိန်…….နှောင့်ဂျိန်…….နှောင့်ဂျိန်…

  • Kaung Kin Pyar

    February 9, 2015 at 2:13 pm

    ဒါကတော့…လင်မယားလို ဂျစ်သူတွေက ပိုသိပါလိမ့်မယ်….ထင်ဘာရဲ့…
    အဟွတ်!!!

  • ဦးကျောက်ခဲ

    February 9, 2015 at 2:18 pm

    အဟမ်း… ဟင်းချက်နည်း မစရတဲ့အတွက် ရှယ်ယာခွဲပေးပါ…
    :k:

  • Kaung Kin Pyar

    February 9, 2015 at 2:24 pm

    ဪ….ဒါကတော့…ဦးကျောက်စ်က ရွာလူကြီးမဟုတ်လား….။ တတ်သည့်ပညာမနေသာဆိုသလို…ပညာအမွေ ခွဲဝေတယ်လို့ သဘောထားပြီး…ရှယ်ယာကိစ္စလေး လျှော်လိုက်ပါညှော်….ညှော်…

  • ခင်ဇော်

    February 9, 2015 at 2:31 pm

    ထနဂယေးးး
    တညား ပြောပါရစေညော်.။
    တညားကို သီလရှင် ဝတ်တဲ့ အခန်းမှာ တကယ် ဂဒုံး မတုံးပါနဲ့လို့ တောင်းဆိုဗျဇီ။
    :k:

    ရတနာတွေနဲ့ မက်စိ သားငယ် နား သားငယ် နဲ့ ကျန်နေခဲ့တဲ့ ကလေးမကိုလည်း
    မမချွိ နဲ့ မမဝေါင်းတို့ရဲ့ မျက်မမြင်မောင်ဂလေးနဲ့ နေရာချပေးဗျဇီအူးးး

    :chit:

    • Wow

      February 9, 2015 at 4:24 pm

      ဟုတ်လယ် ဟုတ်လယ် ရဒနာသစ်တာဂို ဒီအတိုင်းတော့ မထားခဲ့ဝူး မျက်မမြင်မောင်လေးဂိုနေရာချပီးမှ လက်ဖွဲ့ပေးခဲ့မာ…
      နောက်ပီး ယောဂီဝတ်စုံဒီဇိုင်းစုံကို ဗစ်တိုးရီးယားဗက်ခန်းကို ဆွဲခိုင်းအူးမာ :mrgreen:
      ရီလိုက်ရတာ ကင်းကောင်လေးရယ်… :hee:

      • Kaung Kin Pyar

        February 9, 2015 at 4:40 pm

        ဟင်…ဒါဆို…ယောဂီဝတ်ဖို့က အချိန်ကြာဦးမှာပေါ့နော်…
        🙁
        ရဘာဒယ်…ရဘာဒယ်…. ယောဂီဝတ်စုံဒီဇိုင်းစုံကို ဗစ်တိုးရီးယားဗက်ခန်းကို ဆွဲခိုင်းမယ့်ကိစ္စက စောင့်ပါ့မယ်လေ…။ စတိုင်ရှိမှ စတားဖြစ်မှာကိုးးး….ဒါကတော့ ကိုယ်လဲ အတူတူမို့ ကိုယ်ချင်းစာပါတယ်…ဖြစ်သင့်ပါတယ်လေ….
        ဟွာ နေရာချမယ့် ကိစ္စကတော့လေ…
        စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့ဘာနော်…
        လက်လက်ဆင်ဆီက ဒေါ်ဖွားမေတစ်ယောက်လုံးစိဒယ်…မရရအောင် တောင်းပေးဘာ့မယ်…
        ဟွာလေ..
        ဒီဇိုင်းချုပ်ပြီးမယ့် အချိန် ပြောပါနော့…
        :k:
        :k:

  • ဖားသက်ပြင်း

    February 9, 2015 at 2:34 pm

    ​နောက်​တကားကျရင်​ ကရင်​သဗုံ​တွေကို အဘ ​အောင်​ဆန်​းသူရိယဗိုလ်​ချုပ်​ကြီး ဖားသက်​ပြင်​းက ပက်​ပက်​စက်​စက်​​ခြေမှုန်​းတဲ့အ​ကြောင်​း ဆက်​ရိုက်​ပါ

    • Yae Myae Tha Ninn

      February 10, 2015 at 5:22 pm

      တိုကြီးဖား.. အောင်ဆန်းသူရိယ ဘွဲ့ ရသူ တော်တော်များများက ရှောပြီးမှ ရသလားလို့… 😛

  • Kaung Kin Pyar

    February 9, 2015 at 2:35 pm

    သိဒရယ်လေ….
    နာ့အစ်မတွေ အလှပျက်လို့ ဖြစ်ဝူးးး..
    ဒါကြောင့် ဆံမပယ်ရအောင်…ယောဂီပဲ ပေးဝတ်လိုက်တာ…
    :chit:
    ဒါနဲ့ ဇဂါးမစပ်…
    အိမ်က ဖားလေ…ခမ်းလုဆိုတာ…
    ခုတလော…ဆညင်ကတ်လို့…လှည့်ကိုမကြည့်ဝူးးးးး
    🙁

    • Kaung Kin Pyar

      February 10, 2015 at 9:11 am

      .ကရင်​သဗုံ​တွေကို အဘ ​အောင်​ဆန်​းသူရိယဗိုလ်​ချုပ်​ကြီး ဖားသက်​ပြင်​းက ပက်​ပက်​စက်​.စက်​​ခြေမှုန်​းတဲ့အ​ကြောင်​း မရိုက်ခင်…
      :
      :
      :
      .ဖားရိုက်ချင်တယ်…
      🙁

      • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

        February 10, 2015 at 9:22 am

        ဖားဆိုတာ သတ်​စားစရာမဟုတ်​
        ဖက်​ထားစရာ ကွယ်​့
        ဖားရိုက်​စားလို့ ကြီးပွားသွားတာ တခါမှမမြင်​ဖူးဘူး
        ပုံပြင်​ထဲက မင်​းသမီး​လေးလို လိမ္မာဇမ်​းဘာ

  • Mike

    February 9, 2015 at 3:19 pm

    .တကယ်က ကိုထွဋ်မသွားတာ ရတနာသေတ္တာ ပုံစံတူ အတုဂျီးဗျ…ဂျာပွန်တွေအတုနောက်လိုက်နေတုန်း
    .အစစ်က ရွာနောက်ဖက်စည်းရိုးကနေ ကျုပ်နဲ့ ရဲဘော်ဘလက်မပြေးကြတာ
    .အခုတောင်အဲ့ ရတနာလေးတွေထုခွဲပီး နေ့တိုင်း ဒါဘယ်ဘလက်လေးနဲ့ နှစ်ယောက်သားငြိမ့်နေကြတာ
    .ပြီးခဲ့တဲ့တွေ့ဆုံပွဲတုန်းကတောင် ဟိုခြင်ကျားပူက မမချွိ ကိုသနားလို့ ရွှေလက်ကောက်တစ်ကွင်း .လက်သိပ်ထိုးပေးလိုက်သေးတယ်
    .ကောင်းကင်ပြာကိုလည်းဒီတစ်ခါတွေ့ရင်ပေးမယ်နော်..ပူနဲ့ :k: :k: :k:

    • ခင်ဇော်

      February 9, 2015 at 3:34 pm

      ငင်?
      မိုက်မိုက် လျှောက်မပြောနဲ့လေ။
      ရှူးတိုးတိုး

      :k:

  • weiwei

    February 9, 2015 at 3:40 pm

    အမြည်​းကို​တော့ ကြိုက်​သွားြပြီ ။။။
    ရန်​ပုံ​ငွေ ထည်​့အုန်​းမှာ ….

    • Kaung Kin Pyar

      February 9, 2015 at 3:46 pm

      မဝေတစ်ယောက်တော့ ရဘီ…ဟေးးးးးးးးး

      :mrgreen:
      :mrgreen:
      :mrgreen:

  • Kaung Kin Pyar

    February 9, 2015 at 3:41 pm

    .ငွင့်…..
    .ဟုတ်ဝူးထင်တယ်ညှော်….မနောက်ရဝူးလေ….
    .အူးမိုက်စ်ပြောမှပဲ သေတ္တာပြန်စစ်အူးမှပါလေ…..
    .မိဘလုပ်စာထိုင်စားလို့မဝသေးတာနဲ့ပဲ…အိုက်သေတ္တာကို ပစ်ထားတာ…၊ လှည့်တောင် မကြည့်ရသေးဘူးရယ်…။
    :k:
    .ဒါနဲ့…အူးကြီးမိုက်အိမ်က ဘယ်နားမှာလဲငင်…..ကောင်းကင်ပြာလက်ထဲက သေတ္တာက မသေချာဘူး၊ ဦးကြီးမိုက်စ်သေတ္တာက သေချာနေပြီဆိုတော့လဲ….
    .ကောင်းကင်ပြာဖို့လဲ…လက်ကောက်တစ်ကွင်း ဟုတ်ရား….???
    .အဟွင်း….အဟွင်း….ဒီလောက်နဲ့တော့ ရဝူးလေ….။
    (အရက်ဖိုးတွေနဲ့ ရှိတာမကုန်ခင် ပါသမျှအကုန်ရအောင်…လူဇိုးဒွေနဲ့ မယ်တိုင်ပင်ရဒေါ့မယ်…)
    :mrgreen:

  • မွသဲ ( 17082011 )

    February 9, 2015 at 3:59 pm

    ဟမလေးရီလိုက်ရတာ။ အူူကျောင်အခန်းကအရီရဆုံးပဲ။ ရတနာသေတ္တာက ဘက်နဲ့ မိုက်ဆီမှာသေချာရင်တော့ ဒီတခါဘက်ကိုပြန်ဘေးဆွဲထားလိုက်အူးမယ်

    • Kaung Kin Pyar

      February 9, 2015 at 4:18 pm

      .လုပ်ပလိုက်…မွသဲ…လုပ်ပလိုက်…
      :k:
      .နံကြားကို ဓားထောက်ပြီးမေးရမယ်….။ ရတနာတွေ ဘယ်မှာလဲဆိုတာ…
      :mrgreen:
      :mrgreen:
      :mrgreen:

  • ရွှေတိုက်စိုး

    February 9, 2015 at 3:59 pm

    အော် ဦးကြောင်ဦးကြောင် အခုတော့ သွားရှဘြီပေါ့.. အမမမမမမလေးးးးးးးးးးးးးးးးးး
    အခုမှ အလတ်ကြီးရှိသေးတယ်… လူလုပ်ကောင်းတဲ့အရွယ်လေးးးးးးးးးးးးးးးးး အရီးးးးးးးဟီးဟီးးးးးး

  • Kaung Kin Pyar

    February 9, 2015 at 4:24 pm

    လူလုပ်ကောင်းတဲ့အရွယ်လေးးးးးးးးးးးးးးးးး အရီးးးးးးးဟီးဟီးးးးးး

    .ငင့်….အူးကြောင်နဲ့ အရီးနဲ့ ဆိုင်ဝူးလေ…
    .အရီးက နောက်ဇာတ်ကားမှ…လာမှာ…ခ်ခ်…
    .ကိုတိုက်နဲ့ သမီးလေးကိုလဲ ထည့်ပျဇီညှော်….ညှာညှာတာတာဖြစ်စေရပါ့မယ်…
    .အဟွာလေ…လူလုပ်ကောင်းတဲ့ကိစ္စတော့ မသိဝူး…
    .အူးကြောင် ရွာထဲ မရှိရင်လဲ ပျင်းစရာလေညှော်…. သူရှိမှသာ ရွာစည်တာကလား…
    ဒါကြောင့်…လွန်တာရှိရင် ဝန္ဒာမိပါ…
    ဘွာတေးနော်..အူးကြောင်…ကန်တော့…ကန်တော့…
    :k:

  • Ma Ma

    February 9, 2015 at 6:25 pm

    ဂျပန်လက်နက်ကြီးနဲု့ထုလို့ သေပြီလို့ ထင်ပြီး ပစ်ထားခဲ့တဲ့ ဦးကြောင်က မသေ။
    အဲ့နားက သနားတတ်တဲ့ ရွာသူားတွေကတွေ့လို့ ရွာကို ခေါ်သွားပြီး ဆေးကုပေး။
    ဆေးကုလို့ သက်သာလာတော့ ရွာထဲက ရွာသူလေးတွေကို ဆားချဉ်သယ် လို့ သွားပြော။
    ဆားဆိုတာ အငံပဲရှိတယ်။ အချဉ်မရှိဘူး။
    သေမလိုဖြစ်တုန်းက အပ မှီတာ ဖြစ်မယ်ဆိုပြီး ရွာထဲက ဆေးဆရာကြီး အဘဖောဆီပို့ပြီး ပယောဂနည်းနဲ့ကု။
    ဆေးတောင်ဝှေးနဲ့ရိုက်… ရိုက်….
    အဲ့အခန်းမှာ တခန်းရပ်။
    ကြောင်ချစ်သူတွေ :k: နောက်အပိုင်းမျှော်………..

    • Kaung Kin Pyar

      February 10, 2015 at 9:14 am

      .ဟုတ်တယ်…
      .ဆေးတောင်ဝှေးနဲ့က ပယောဂကုဆရာကြီး အသားကုန်ဆော်မှာ…
      .ဒီလို ဆော်ပလော်တီးလို့ အူးကြောင် လျှာထွက်သွားရင် ပယောဂဆရာက သူ့ကိုပြောင်ပြနေတယ်ဆိုပြီး .ထပ်ထပ် ရိုက်..
      .(အိုက်ဒိအခန်းကို ထပ်တိုးအနေနဲ့ လာရမှာ….. 🙂 ) ကျန်ခဲ့တယ်… :k:

  • ခင်ခ

    February 9, 2015 at 10:04 pm

    ဒရိုက်ဘာကြီး အဲ ဟုတ်ပေါင် ဒါရိုက်တာကြီး ဇာတ်လိုက်ကျော် ကြောင်မင်းသားကို စောစောစီးစီး သတ်ပလိုက်ရတာလဲ ဇာတ်ရှိန်လေးကောင်းတုန်း ဆက်ဆွဲခေါ်မှပေါ့ဟ။
    ဗိုလ်အောင်ဒင်ပြန်လာပြီ တို့လို ဗိုလ်ကြောင် ဒင်း ပြန်လာပြီတို့ ဘာတို့နဲ့ နောက်ဇာတ်ထုပ်လေး ဆက်ပါအုံး။
    ဖတ်ကောင်းသဗျ

  • Kaung Kin Pyar

    February 10, 2015 at 9:16 am

    အူးကြောင်ကို စောစောစီးစီး အနားပေးလိုက်တာက အကြောင်းရှိတယ် လေးခရဲ့…
    မဟုတ်..ဒီရတနာတွေကို သူအမွေခွဲတော့မှာလေ….။
    မခွဲလို့လဲ မရဖူး….
    သူက ကြာသပတေးနံတွေကို အားရီးကြိုက်တာဆိုတော့….။
    သူနဲ့ ၂ ယောက်တည်းလဲ မကျန်ခဲ့ရဲဘူး…
    ဒါနဲ့ပဲ မြန်မြန်ပေးလျှောလိုက်ရတာ…
    :k:

    • Novy

      February 11, 2015 at 9:50 am

      အသေမသတ်ဘဲ လက်တွေဖြတ်လိုက် မျက်လုံးတွေကန်ပစ်လိုက်
      အားရလိုက်တာ ဟီးးးးးးးးးး

  • Novy

    February 10, 2015 at 12:17 pm

    ဒါပေမယ့်…ကံဆိုးစွာပဲ…နောက်ဆုံးပစ်လိုက်တဲ့ အမြှောက်ဆံဟာ အူးကြောင်နောက်ကျောဘက်လောက်ကို တည့်တည့်ကြီး ကျတယ်….။ အူးကြောင် လွင့်သွားတယ်….လွင့်သွားတယ်…လွင့်သွားတယ်..။ (၇)ပေအကွာလောက်အထိကို လွင့်သွားတာ…။

    အိုက်ဒိ ဒဏ်ရာနဲ့ပဲ အူးကြောင်ရှောပါရောလား…။

    ကဒ် ……………
    ဒီအခန်းကို ပြန်ရိုက်မယ်
    ဇာတ်သိပ်မနာဘူးဖြစ်နေတယ်
    (၇)ပေအကွာလောက်အထိကို လွင့်သွားပြီးတော့ မြေပေါ်ကိုပြန်ကျမယ် ကံကောင်းတာကရွာရဲ့အချစ်တော်ဆိုတော့ ချက်ချင်းမသေသေးဘူး
    ဒါပေမဲ့ကံဆိုးတာကတော့ လက်ထောက်ပြီးပြန်ထတယ် လက်ထဲမှာဆုပ်ကိုင်မိတဲ့အရာကတော့
    အငွေ့တလူလူထွက်နေတဲ့ မကွဲသေးတဲ့ဗုံးတစ်လုံး
    ကဲ… ပိတ်သက်ကြီး ဖြစ်ချင်သလိုသာတွေးလိုက်ပါတော့

    • အလင်းဆက်

      February 11, 2015 at 11:15 am

      .နောက်ဆုံး အူးကျောင် လျှောခါနီးအချိန်မှာ..အကြော်စုံရောင်းဖို့ထွက်လာတဲ့ ဒေါ်ဖွားမေက… တစ်ဖက်သက်ကြိုက်နေရသူကြီး..သေပြီတော့်…ဆိုပြီး..ဖက်ငိုတဲ့အခန်း…
      အဲဒါလေး..ထည့်ရိုက်ပေးနော်..
      သူခမျာ..သေသာသွားရ…ဆားချဉ်သီလို့တောင်..မပြောလိုက်ရ မဖြစ်ရလေအောင်ပေါ့…
      .သေခါနီးလေးမှာ..ဒေါ်ဖွားမေကို…စိမ့်စိမ့်ကြီးကြည့်ပြီး…ဆားချဉ်သီ…လို့…ပြော…
      .ပြောပြီးတာနဲ့… ဂစ်…ဂစ်ဆို…လျှော…
      အဲဒလိုလေးဆို ပိုမကောင်းလား…

      :k:

  • Kaung Kin Pyar

    February 10, 2015 at 12:26 pm

    ဟီးဟီးဟီးးးး
    ဟုတ်တယ်…ဟုတ်တယ်….အိုက်ဒိအခန်းကိုလဲ မကြိုက်မချင်း ပြန်ရိုက်ရမယ်….။
    .ရပေလောက် လွင့်သွားတဲ့အခန်းကိုချည်းပဲ ၄ရက်လောက်…ဗုံးကိုင်မိတဲ့ အခန်းကိုချည်းပဲ ၄ ရက်လောက် မကြိုက်မချင်းကို အခေါက်ခေါက် အခါခါ ရိုက်မယ်….။
    :mrgreen:
    .ရွာမှာ ဒီလောက် လူတွေပေါတဲ့ကြားထဲက အူးကြောင်ကို မင်းသားနေရာတင်ပြီး သူ့ဇာတ်လို လုပ်ထားရတာ..၊ တော်ရုံဇာတ်နာလို့ မဖြစ်ဖူး….။ သူ့အဖြစ်ကို ကြည့်နေရင်းကို ကြည့်သူခမျာ…မျက်ရည်ရော နှပ်ရည်ရောပါ ထွက်စေရမှာဆိုတော့ သူဒီလောက်တော့ အပင်ပန်းခံမှ ဖြစ်မယ်….။
    .တခြား ထပ်ထည့်ချင်တဲ့အခန်းလေးတွေရှိရင်လဲ ပြောပါနော်….။ မကြိုက်မချင်း ပြန်ပြင်ရိုက်မယ်…
    :k:

  • Ko chogyi

    February 10, 2015 at 1:23 pm

    ဦးကြောင်ကို လက်သဲခွာခန်း
    ရေနွေးဖျောခန်း
    ……….
    ……….
    နှိပ်စက်ခန်းချည်းပဲ ပေနှစ်သောင်းလောက်ရိုက်ပစ်

  • ဦးကြောင်ကြီး

    February 12, 2015 at 11:40 am

    ကင်းကောင်နဲ့ ကားပြာဒဂါး ရိုက်ချင်လိုက်တာ…။ သဒံလှုပ် တရုတ်တူ လျှာထွက်အောင် အားဂျို းမှံတက် သရုပ်ဆောင်ဦးမှာ…

    • Kaung Kin Pyar

      February 13, 2015 at 9:23 am

      ကင်းကောင်လား…? ပြောပေးမဲ… ဖိုးဖြူတို့ဘာတို့ရော….လိုသေးလား…အူးကြောင်….
      🙂

  • အာဂ

    February 12, 2015 at 4:24 pm

    အပိုင်း ၂ ။ ။ ရတနာသေတ္တာတစ်လုံးနဲ့ ကျန်ခဲ့တဲ့ ကောင်းကင်ပြာအား..။ ဂျပွန်အလိုတော်ရိ များဖစ်ကြတဲ့ မစ္စတာကမ်း တို့က လိုက်လံရှာဖွေ။ အဲမှာ ဘီအိုင်အေ က တော်လှန်ရေး မင်းသား ဓားအာဂ က လိုက်လံကယ်တင် ရင်း….။ ဂျပွန်တွေလိုက်လို့အပြေး ချုံ ပုတ်တစ်ခုမှ အတူတူပုန်းနေတုန်း ..(ကြော်ငြာ ၁ဝခု ဝင်) ဂျပွန်အလိုတော်ရိနဲ့ ဂျပွန် တစ်သိုက် ခြုံပုတ်ဘေးနား ဖြတ်အလျောက် ကောင်းကင်ပြာ အားတွေ့သွားမည် စိုးလို့ မင်းသား အာဂ ကောင်းကင်ပြာ ပါးစပ်အား လက်နှင့် ပိတ်လိုက်ကာ (ကြော်ငြာ ၁၅ခုဝင်) တိုးတိုးတိတ်တိတ်နေရန်ပြော။ သို့သော် အဲဒီမှာ ကြေကွဲခန်းစ အလွမ်းဇာတ်လေးပေါ့နော်။ မင်းသမီးကလည်း မျက်လုံးလေးပြုူးပြီး ခေါင်းလေးခါခါနဲ့ အူးအူး အူူး အဲး အဲ(ပါးစပ်ပိတ်ထားသောကြောင့်) ပြော ဓားအာဂကလည်း အသံထွက်မှာဆိုးလို့ ပါးစပ်ကို ပိုတင်းတင်းပိတ်။
    နောက်ဆုံး ကောင်းကင်ပြာတစ်ယောက် မျက်လုံးပြူး မျက်နှာကြီးနီ အစ်ထွက်လာပြီး တောင်းပန်တိုးလှိူးပုံစံ ပြ။ အဲဒီမှာ အသံတစ်သံထွက်သွားတယ်။……. ဘူးးးးးးးးးးဘူးးးးးးးးး ဗူ…ဗူ….ဗူ…အစ်…အစ်…အစ်… အဲဒီမှာတင် ဂျပန်တွေသတိထားမိပြီး ဗုံးတစ်လုံးပစ်သွင်းလိုက်ရာမှာ…မင်းသားရော မင်းသမီးရော မလကီးယားသွားပါရော။
    အသက်မထွက်ခင် မင်းသမီးက မင်းသားကို တိုးတိုးလေးပြောသွားတာက ………ကျမတောင်းပန်ပါတယ်။ နောင်ဘဝများရှိခဲ့ရင်…….ပြာ…..လေ…ပြာ…..ပဲကုလားဟင်း ဘယ်တော့မှ မစားတော့ပါဘူး………အဟင့်…ဟင့်….(အသက်ထွက်)

  • Kaung Kin Pyar

    February 12, 2015 at 4:46 pm

    တွေ့မယ် တွေ့မယ်
    ခင်းညားဂျီးတွေ့မယ်
    :byee:
    မကျေနပ်ဖူးးးးးးးးး
    နောက်တစ်ကားရိုက်ရင် ဘရားသားကို ဂျပန်ကင်ပေတိုင်နေရာထားမယ်၊ ကွမ်းတော်ကိုင် မယွဲစီနဲ့ အိမ်ထောင်ချပေးပြီးမှ မဟာမိတ်တွေက ချစ်ခြင်းကိုခွဲတဲ့အခန်း ရိုက်မယ်။

    • အာဂ

      February 12, 2015 at 4:49 pm

      ခိခိ…..ခိခိ……လုပ်လိုက်ရေ ကြာရားလို့…။

  • မြစပဲရိုး

    February 12, 2015 at 6:28 pm

    ဒီမှာလဲ နောက် ဟာသ တစ်ပုဒ်။
    ဂျာပွန် အလိုတော်ရိ ဆို ဂျာပွန် လို ပြောတတ်သူ တွေ ရွာ ထဲ ရှိတယ်လေ ကွယ်။
    သင့်တော်သူ ထဲ သူကြီး နဲ့ မောင်ဂီ ကို မြင်မိ။
    နှစ်ယောက် လုံးကို ဘဲ အလိုတော်ရိ ခိုင်းလိုက်ပါတော့။
    ကြောင်ကြီး ကတော့ သတ်လို့ ရမယ် မထင်။ lol:-))))

  • ရာမည

    February 13, 2015 at 10:04 am

    ဦးကြောင်ကြီးရေ့
    သာဓုသာဓု 🙂

Leave a Reply