‘ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ဇာတ်ကား စတင်ပြသမည့် စနေ၊ တနင်္ဂနွေတွင် နံနက် ၈ နာရီပွဲစဉ် တစ်ပွဲအား တိုးချဲ့ပြသမည်

manawphyulayAugust 20, 20101min600
‘ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ဇာတ်ကား စတင်ပြသမည့် စနေ၊ တနင်္ဂနွေတွင် နံနက် ၈ နာရီပွဲစဉ် တစ်ပွဲအား တိုးချဲ့ပြသမည်

‘ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ ရုပ်ရှင်ဇာတ်ကားအား စတင်ပြသမည့် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက် စနေ၊ တနင်္ဂနွေတို့တွင် နံနက် ၈နာရီပွဲစဉ်တစ်ပွဲအား တိုးချဲ့ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
“အခုတစ်ပတ်ကစပြီး ရုံတင်ပြသ မယ့်ဒီဇာတ်ကားကလည်း ကြိုတင် လက်မှတ်ရောင်းချရတဲ့ အနေအထား ကများတဲ့အပြင် နံနက် ၈ နာရီပွဲစဉ် ကိုလည်း မရှိဘူးလားလို့ လှမ်းမေးတဲ့သူ များတာကြောင့် အခုတစ်ပတ် မှာ ၈ နာရီပွဲစဉ် တစ်ပွဲတိုးပြီး ပြသ ဖြစ်ပါမယ်။ စနေ၊ တနင်္ဂနွေနှစ်ရက် ထဲပါပဲ။ နောက်တစ်ပတ် ထပ်လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတာကတော့ ကြားထဲမှာ ကြိုတင်လက်မှတ် ရောင်းချရတဲ့ပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ” ဟု လက်မှတ် အရောင်းဝန်ထမ်းတစ်ဦး က ပြောပြခဲ့သည်။
နံနက် ၈ နာရီပွဲစဉ်ပြသခြင်းသည် ‘ဟက်ထိတယ်’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသစဉ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်လက်မှတ်ရောင်းအား မြင့်မားသောကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နံနက် ၈ နာရီပွဲစဉ်အား ကြည့်ရှုလိုသော ပရိသတ်များရှိနေခြင်းကြောင့်လည်း ယခု’ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ စတင်ပြသမည့် အပတ်စဉ်တွင် ထည့်သွင်းပြသခြင်း ဖြစ်သည်ဟု သိရသည်။

source: news-eleven