အနမ်း…။

black chawFebruary 13, 20151min13911

ဇန္နဝါရီ လအတွင်း လူပြောသူပြော အများဆုံးသတင်းတစ်ပုဒ်ကတော့

ရန်ကုန် အနောက်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီ လွှတ်တော်အမတ်တစ်ဦး ရဲ့

လူမြင်ကွင်းက အနမ်း သတင်းပဲ ဖြစ်ပါတယ်။

နားကြပ်ကြီးပုခုံးပေါ်တင်၊ ဗိုက်ထဲမှာလည်း ဆေးပစ္စည်းအစုံထည့်ထားပြီး

Miss Face of Myanmar ထက်ထက်ဝင်း ကို နမ်းနေတဲ့ အဲဒီလွှတ်တော်အမတ်နာမည်က

ဒေါက်တာ တင်ထွန်း ပါ။

Facebook ပေါ်မှာတော့ ဒေါက်တာတင်ထွန်း ရဲ့ အနမ်းပုံကို သူ့ထက်ငါ အပြိုင်အဆိုင် ရှဲ ကြပြီး

ဆဲလိုက်ကြတာလည်း မိုးမွှန်လို့ပါ။

သတင်းအမှန်ကတော့ Miss Face of Myanmar ထက်ထက်ဝင်းဟာ

လွှတ်တော်အမှတ် ဒေါက်တာတင်ထွန်းရဲ့ သမီး အရင်းပါ။

သမီးရဲ့ အောင်မြင်မှုကို ဖခင်တစ်ယောက်အနေနဲ့ အားရပါးရ ဂုဏ်ပြုလိုက်တဲ့ သဘောပါ။

နောက်…ပုခုံးပေါ် နားကြပ်ကြီး တင်ထားတာနဲ့ ဆေးပစ္စည်းတွေ ဗိုက်ထဲ ထည့်ထားတာကလည်း

ဒေါက်တာတင်ထွန်း ရဲ့ အကျင့်ပါတဲ့…။

အင်း…သူ့အကျင့်ကြီးက တစ်မျိုးကြီးတော့ တစ်မျိုးကြီးပါပဲ။

အိမ်သာတက်ရင်ရောလို့ မေးရမယ့် အပေါက်မျိုးကြီးပေါ့။

လွှတ်တော်အမတ်မင်း ဒေါက်တာတင်ထွန်းကို အကြံပေးချင်တာက

နောက်တစ်ခါ များ သမီးတွေ ဝင်ပြိုင်တဲ့ မယ်ရွေးပွဲကို တက်ရောက်အားပေးမယ်ဆိုရင်ဖြင့်

ပုခုံးပေါ်က နားကြပ်ကြီးနဲ့ ဗိုက်ထဲက ဆေးပစ္စည်းတွေကို ကားထဲမှာဖြစ်ဖြစ် ထားရစ်ခဲ့ဖို့ပါ။

ကိုယ်က လွှတ်တော်အမတ် ဖြစ်နေပြီဆိုတာလေးကို သတိလေးကပ်ပြီး

လူမြင်ကွင်းမှာ သမီးတွေကို အနမ်းနဲ့ ဂုဏ်ပြုတာမျိုးတွေကိုလည်း နည်းနည်း ဆင်ခြင်ပေါ့ဗျာ…။

ချစ်ခင်လေးစားတဲ့…

ဘလက်ချော…။

DSC09663

 

 

 

11 comments

  • ရာမည

    February 13, 2015 at 10:01 am

    ဆြာဝံ ဖြစ်ကြောင်း သိစေချင်လို့ပါ ခင်ဗျာ
    ဟီဟိ
    ဆြာဝံကွ

  • ခင်ဇော်

    February 13, 2015 at 10:03 am

    ဘာပဲ ပြောပြော
    နာမည်တော့ ကြီးသွားတာပေါ့။
    :boss:

    သများတော့ ပုံမှန် မဟုတ်တဲ့သူတွေကို ပုံမှန်စကားဝိုင်းထဲတောင် မထည့်ချင်တော့ဘူးးး
    :mrgreenn:
    သားချောချောလေး မွေးထားရင်တော့ တစ်မျိုးပေါ့လေ။
    :mrgreenn:

  • ဦးကျောက်ခဲ

    February 13, 2015 at 10:03 am

    ကျောက်စ်လည်း ပြင်သစ်ကုမ္ပဏီမှာ အလုပ်လုပ်နေတာမို့…
    အနမ်းသန်တာ အကျင့်ပါနေလို့ ရွာပြန်ရောက်ရင် သတိထားရတယ်…
    သိတဲ့အတိုင်း ပြင်သစ်တွေက ထီးထီးမမ အာဘွားရွှတ်ရှလူးဖို့ကအရင်…
    …….
    ဆြာဘလက်ပြောတဲ့ စည်ပင်လူကြီးမင်းရဲ့ နားကြပ်အကျင့်က …
    ကြုံရင်ကူရအောင်ဆိုတာထက် ဆရာဝန်မှန်းလူသိအောင် ပြချင်တာလားလို့…
    အဲဂလိုသာဆို ဘောင်းဘီဝတ်တွေ သေနတ်တကားကားကို ခွေးလွှတ်ရကိန်းပဲ…
    :k:

  • Mr. MarGa

    February 13, 2015 at 10:10 am

    အစက နားကြပ်ပဲမှတ်နေတာ
    ခုကျ သူက ဗိုက်ထဲမှာပါ ဆေးတွေထည့်ထားတာဆိုတော့
    အင်း…. 🙁

  • အလင်းဆက်

    February 13, 2015 at 10:31 am

    ခင်ဝင့်ဝါလေးနဲ့ ဖွေးဖွေးကို နမ်းချင်လိုက်ထာ

    :k:

    • Mr. MarGa

      February 13, 2015 at 10:34 am

      ခင်ဖွေးကို နမ်းချင်ပြန်ပလား

      • အလင်းဆက်

        February 13, 2015 at 12:57 pm

        ခင်ဖွေကို နီဘဲနမ်း
        ခင်နဲ့ဖွေးကို ရောမပစ်ဇမ်းဘာနဲ့ဟာ…
        တေချင်တယ်…
        ဖွေးဖွေးကိုဖက်ပြီး…

        😥

  • Mike

    February 13, 2015 at 11:02 am

    .စည်ပင်သာယာရေးကော်မတီ ရုံးမှာလည်းနားကျပ်ကြီးနဲ့ပဲဗျို့ :k:
    .ပြောသေးတယ်..ကိုယ့်ကိုယ်ပိုင်နားကျပ် ကိုယ့်ပုခုံးပေါ်တင်ထားတာဘာဖြစ်တုန်းတဲ့

  • မြစပဲရိုး

    February 14, 2015 at 3:07 am

    သများ လဲ တွေ့လိုက်တယ်။
    သမီးလေး မှာ မျက်နှာကြီး ရှုံ့တွ လို့။
    ဒီလူကြီး ကို ပေးတဲ့ မဲ က အမှန်ဆိုရင်တော့ အများ သူငါ ကို စိတ်ရီမော ဖို့ ရွေးလိုက်တယ်လို့ သာ မှတ်ကြပေါ့။
    ရီဖို့ ကောင်းတာကို။

    BTW …
    . ကျောင်းတုန်း ကတော့ “တီ” ချောင်းကြီး တွေ ကိုင် လာ တဲ့ သူ တွေ ကို ခဲ နဲ့ ပေါက်ချင်တာ။
    (ရွာထဲ က ဆိုင်ရာ ခုနှစ်ပါး (ဘူ ကျန်ခဲ့လဲ မသိ) ကို ရည်စူး ပါသည်)
    အိုက်ဟာကြီး တွေ ကို သူရို့ ကျောင်းမှာ ထားခဲ့လို့ မရလို့ လား။
    တကထဲမှဘဲ။ 🙄 😉

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 14, 2015 at 4:13 am

    သဂျီးကဗျာ​လေးသဒိရပါ့
    ပြန်​မရှာတတ်​​တော့ဝူးရယ်​
    ဘာတဲ့
    လျှာချင်​းစီးချင်​းထိုးတဲ့
    ​လေမှုတ်​ပီး ​ခြေချုပ်​တဲ့ က​ဝေ
    ဆိုလားဘာလားဗျာ
    ငိငိ
    🙂

  • မွသဲ ( 17082011 )

    February 14, 2015 at 9:07 pm

    သူ့သမီးကိုကျောင်းအပ်တုန်းကလဲအိုက်လိုဘဲဒဲ့။ သူကအမြဲအိုက်လိုဘဲဒဲ့။

Leave a Reply