11 comments

  • ခင်ဇော်

    February 13, 2015 at 10:06 am

    ပြန်မလာစေချင်ဘူးးး
    အားနာတယ်။

    😥

  • Mr. MarGa

    February 13, 2015 at 10:14 am

    သခင်အောင်ဆန်းလို “လူ” မျိုးတွေပဲ ထပ်လိုချင်တယ်
    🙁

  • အလင်းဆက်

    February 13, 2015 at 10:26 am

    မမဇီ= ဟုတ်တယ်နော် သူ့ကို အားနာမိတာရော မျက်နှာပူမိတာတွေရေ. . .

    ဂျားဂျား= သားကောင်းမ်ိခင်တွေရော
    မိခင်ကောင်း သားစွမ်းရည်တွေရော လိုတော့ လိုနေတယ်နော်
    သူရဲကောင်းဆိုတာ လိုသလောက်မရတော့လည်း ခက်သား

    ======

    ဒီကဗျာလေးက ကဗျာပြခန်းအမှတ် (၅) မှာ ပြခဲ့ပြီးသား ကဗျာလေးပါ။
    အခု အမှတ်တရ ပြန် ဆွဲထုတ်လာမိတာပါခင်ဗျ

    😆

  • Mike

    February 13, 2015 at 11:55 am

    #‎လူ‬ ‘အ’ ကြီး#

    ‪#‎ဒီမှာ‬ ဦးအောင်ဆန်း

    ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလတ်တွေ ကြိုက်ခဲ့ပါတော့လား … အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ … ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် …

    #ဒီမှာ ဦးအောင်ဆန်း

    ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး လမ်းဘေးမှာ အကြော်ဝင် စားရသလားဗျာ … ဒီခေတ်ဗိုလ်ချုပ်တွေလို ဟိုတယ်မှာ တက်ပြီး စားပါတော့လား … ခုတော့ ခင်ဗျား စားခဲ့တဲ့အကြော်တွေ ကြွေးနေကြတယ်ဗျ …

    #ဒီမှာ ဦးအောင်ဆန်း

    ခင်ဗျားဗျာ ဖဆပလ ဥက္ကဋ္ဌ အိမ်သွားတုန်းက သင်္ဘောဆက်သွား မရလို့ဆိုတာကို လာကြိုတာတောင် မစောင့်ပဲနဲ့ ဘာလို့ ဇွတ်ဆင်းပြီး ခြေလျင် လျှောက်သွားရတာတုန်းဗျာ ဒီခေတ်ကလူတွေကတော့ ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ကြတာဗျ ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ဘက်စ်ကား စီးရတာတောင် မသတီတော့ဘူး လေဗျာ …

    #ဒီမှာ ဦးအောင်ဆန်း

    ဖဆပလ ဥက္ကဋ္ဌအိမ်ရောက်တော့ ခြံစောင့်အဆင့်လောက်ရှိတဲ့လူက ထိုင်ခိုင်းတဲ့နေရာမှာ ဘာကိစ္စ ထိုင်ရတာတုန်း … ပြီးတော့ဗိုက်ဆာလွန်းလို့တဲ့ ကျွန်တော်တို့ စားစရာလေးများရမလားဗျာ တဲ့ တောင်းစားတာ … ဟိုလူက သနားလို့ ချကျွေးတဲ့ ကောက်ညှင်းပေါင်းကို ပလုတ်ပလောင်းစား ရေလေးသောက်ပြီး ကြမ်းပြင်ပေါ်ပြန်ထိုင်နေတာ … ဥက္ကဋ္ဌရောက်လာမှ ခင်ဗျားကြီးကို နှုတ်ဆက်လို့ ဟိုလူက ဗိုလ်ချုပ်မှန်း သိပြီး ကြောက်တာမှတုန်လို့လေ … ဒီခေတ်ဗိုလ်ချုပ်တွေလို ငါ့မသ်ိရကောင်းလား ဆိုပြီးတော့ စစ်ဖိနပ်နဲ့ကန် သေနတ်ဒင်တွေနဲ့ ထုပါတော့လား … ခင်ဗျားကြီးအဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်ဖို့ တောင်မှ စိတ်မသန့်ဘူး ဗျ…

    #ဒီမှာ ဦးအောင်ဆန်း

    ခင်ဗျားကြီးဗျာ ကိုယ့်ကိုလိုတာရှိ သုံးရအောင်လာလှူတဲ့ရွှေဒင်္ဂါးတွေကိုများ ထားခဲ့ မနက်ဖြန် ဖဆပလ အဖွဲ့ကြီးဆီကျုပ်ပေးလိုက်ပါ့မယ်တဲ့ … ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေက ၃ သိန်းထက်ပိုမယူရဲကြတော့ဘူးလေဗျာ …

    #ဒီမှာ ဦးအောင်ဆန်း

    ခင်ဗျားချစ်လှပါပြီဆိုတဲ့ ခင်ဗျား မိန်းမ ဒေါ်ခင်ကြည်ကို ရဲဘော်လေးတွေက ဈေးချင်းတောင်းလေးကူဆွဲပေးတာကို ဘာလို့ဆူရတာတုံး … ဘာတဲ့ သူတို့ကိုဈေးချင်းမဆွဲခိုင်းပါနဲ့ကွာ … သူတို့တွေက နိုင်ငံတော်အတွက်ကွ တဲ့ … ဒီခေတ်မှာလေ လက်အောက်ငယ်သားတွေကို အကုန်လုပ်ခိုင်းတာဗျ … အတွင်းခံတောင်လျှော်ခိုင်းတာ သိလား … ခင်ဗျားကြီးက အဲ့လိုပြောခဲ့တော့ ကျွန်တော်တို့ သူများကိုအနိုင်ကျင့်ရမှာမရဲတော့ဘူးဗျ …

    #ဒီမှာ ဦးအောင်ဆန်း

    အိမ်ကိုဆန်လေးဆီလေး လာကန်တော့လို့ လက်ခံရင် မင်းအရင်ဆုံး ထောင်ထဲဝင်ရမယ်လို့ ပြောတယ်ဆိုဗျ ခင်ဗျား အပါးတော်မြဲကို … အဲဒီတုန်းကခင်ဗျား စားနေရတဲ့ထမင်းက ရဲဘော်တွေတောင်မစားနိုင်တဲ့ ထမင်းတွေလေဗျာ … ခင်များကြီးအဲ့ လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေ လည်း သူတို့ကိုယ်တိုင်မယူရဲကြတော့ ဘူးပေါ့ဗျာ … အိမ်ကမိန်းမဆီ ပို့လိုက်လို့ပဲ ပြောကြတော့တာဗျ …

    #ဒီမှာ ဦးအောင်ဆန်း

    ကျွန်တော်ဆက်မပြောပါရစေနဲ့တော့ ဗျာ … ခင်ဗျားလုပ်ခဲ့သမျှတွေအားလုံးက ကျွန်တော်တို့ရင်ကို ကိုင်လှုပ်ဆွဲယမ်း ပရမ်းပတာ ဖြစ်အောင်လုပ်သွားတာတွေ ချည်းပဲ … ကျွန်တော် ခင်ဗျားကြီးကို မသိဘူး မမှီလိုက်ဘူး … ဒါပေမယ့် ခင်ဗျားကြီးက ကျွန်တော့် နှလုံးသားထဲမှာဘာကိစ္စနဲ့များ နေရာများများ ယူထားရတာတုန်းဗျာ … ခင်ဗျားကြီး မွေးနေ့နီးလာတိုင်း … ဇူလိုင် ၁၉ ရောက်တိုင်း ခင်ဗျား ကြီးကျွန်တော့် ကိုအရမ်းနှိပ်စက်တယ် …
    တော်ပြီဗျာ … ဆက်မရေးတော့ဘူး … ကျွန်တော် ထပ်မငိုချင်တော့လို့ပါ …

    မောင်အေးချမ်း
    8 2 2015
    SUN; 9:02 pm

      • Kaung Kin Pyar

        February 14, 2015 at 9:31 am

        .မချွိပြောသလိုပဲ…ဗိုလ်ချုပ်ကို အရမ်းးးးအားနာမိပါတယ်…..
        .ဦးမိုက်မန့်ထားတဲ့စာကလဲ…. အလက်ဆင်းပြောသလို ထိပါတယ်…..။

  • naywoon ni

    February 13, 2015 at 9:26 pm

    သခင်​​အောင်​ဆန်​းက ပြန်​လာလို့ မရ​တော့ဘူးကွယ်​့ ။ ​မောင်​ရင်​မသိ​သေးရင်​​ပြောရအုံးမယ်​ ။ ဘာလို့လဲဆို​တော့ သခင်​​အောင်​ဆန်​းကို ပြည်​ဝင်​ခွင်​့ဗီဇာ ထုတ်​မ​ပေးလို့​လေ သိဘူးလား ဘလက်​လစ်​စ်​​တောင်​သွင်​းထားပလားမသိဘူး 🙂

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 14, 2015 at 1:42 am

    တိုင်​းပြည်​အတွက်​ တခါ​သေ​ပေးတာနဲ့တင်​ ​ကျေးဇူးတင်​ဖို့​ကောင်​းလှပါပြီ
    ပြန်​လာရင်​ ဖြစ်​ပျက်​​နေတာ​တွေကြည်​့ပြီး အခါအခါ ​သေချင်​သွားမှာစိုးလို့ပါ

    သခင်​​အောင်​ဆန်​း ပြန်​မလာနဲ့
    သခင်​​အောင်​ဆန်​းအ​ကြောင်​း မျိုးဆက်​တခုစီ လက်​ဆင်​့ကမ်​းပီး သခင်​​အောင်​ဆန်​း​ပေါက်​စ​လေး​တွေ
    များများ​မွေးဂျ

    • အလင်းဆက်

      February 14, 2015 at 2:28 pm

      သားကောင်းမိခင် ဖြစ်ဖို့..ဖွေးဖွေးလေး..ကြိုးစားပါ…
      သားကောင်းဖခင်ဖြစ်ဖို့.. ကျနော်လည်း ကြိုးစားမယ်…

      :k:

  • မြစပဲရိုး

    February 14, 2015 at 2:25 am

    ဟောဒီမှာ သူကြီးမင်း ရေ
    သခင် တဲ့။ ခေါ်နေကြတယ်။

Leave a Reply