ဒီတစ်ခါ နားဦးထဲကို တည့်တည့် ကြီး တိုးဝင်ပြီး အလှည့်ရောက်လာတာက လေးဖြူ ရဲ့ “အဖေ”။
ဘယ်သူရေးတယ် ဆိုတာ မသိတာမို့ ရေးစပ်သူ ကို သိရင် မျှပေးကြပါဦး။
ဗီစီဒီ ထုတ်ချိန် ဆင်ဆာ မကျ တာမို့ ထုတ်ခွင့်မရခဲ့တဲ့ သီချင်းလေး လို့ နားလည်မိတာ။
၂၀၁၄ က လုပ်ခဲ့တဲ့ ဒီချုပ် ရန်ပုံငွေပွဲမှာ လေးဖြူ က ဒီ သီချင်း နဲ့ ဖွင့်ခဲ့ သတဲ့။
. နောက်ခံ ကတော့ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ပုံရိပ်တွေ နဲ့။

သီချင်း ကို နားထောင်ရင်း မျက်ရည် ဝဲ ပါတယ်။
ဒီလို လူ ကို တိုင်းပြည် အတွက် စိတ်ကြိုက် မသုံးခဲ့ရဘူး။
ကိုယ်ကျိုး အတွက် အတ္တစိတ် မရှိဘဲ တိုင်းသူ ပြည်သား တွေ ကို ရုပ်အားရော စိတ်အားမှာပါ ကြီးပွါးစေချင်ခဲ့တဲ့ လူ တစ်ယောက် ရဲ့ မှတ်ကျောက် ဟာ မြဲလှတယ်။
လူ ကို မမြင်ဘူး ဘဲ နဲ့ သူ့ စကားတွေ သူပုံရိပ် တွေ ဟာ ကျွန်မ တို့ ကို ဘာလို့ ဒီလောက်တောင် လွှမ်းထားနိုင်တာလဲ။
အကြောင်းမဲ့ တော့ မဟုတ်ဘူး။
သူ့ရဲ့ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ ဖြောင့်မှန်ခြင်း၊ စေတနာမှန်ခြင်း၊ ကိုယ်ကျိုးမရှာခြင်း
ဒီ အကြောင်း တွေ က ဘဲ ကျွန်မတို့ ရဲ့ နှလုံးသားမှာ သူရဲကောင်း ဖြစ်နေစေခဲ့တာပါ။

လူတစ်ယောက် ရဲ့ စကားတွေ က ကိုယ့်ဘဝ ကို လွှမ်းမိုး စေသလား မေးရင် “ဟုတ်ကဲ့” လို့ ဖြေပါမယ်။
ဗိုလ်ချုပ်အောင်ဆန်း ကို လေးစားလွန်း တဲ့ ကျွန်မ မိဘ တွေ က သူ့ ပုံကားကြီး က အိမ်ရှေ့ ဧည့်ခန်းထဲ မှာ ချိတ်ထားတာ။
သူ့အကြောင်း စာအုပ်တွေ ကိုလဲ အားကျစရာ လူတစ်ယောက် အဖြစ် သူတို့ သားသမီး တွေ ကို ဖတ်စေခဲ့ တာ။
အဲဒီကနေ သူ ဟာ ကျွန်မ ရဲ့ Role Model ဖြစ်ခဲ့ပါတယ်။

သူ့ စကား တွေ ထဲ မှာ ကျွန်မ အကြိုက်ဆုံး တွေက

“ ကိုယ့်ကိုယ်ကိုမယုံတဲ့သူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။
ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။
ကျွန်တော့အဖို့ ကျွန်တော့ကို ကျွန်တော်ယုံတယ်။
ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။
ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။
ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။”
(၁၉၄၇ ခု၊ ဖေဖဝါရီလ ၂၈ရက်၊ မြို့မိမြို့ဖ များမှဂုဏ်ပြုသည့် ဧည့်ခံပွဲ၌ ပြောကြားခဲ့သော မိန့်ခွန်းမှ)

“ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။
ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။
(ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ)

ထပ်ပြီး ဖတ်ချင်ရင် သူ့ မိန့်ခွန်း ကောက်နှုတ်ချက် တွေ ၊ မိန့်ခွန်း ရှည် တွေ၊ သူ့ ပုံ တစ်ချို့ တွေ ကို စုစည်း ထား တဲ့ “aungsan.com” ဆိုတဲ့ website တစ်ခု ကို ညွှန်းပါရစေ။
အဲဒီထဲက ကြယ်လေး နဲ့ “Quotes” ဆိုတဲ့ အထဲ မှာ မိန့်ခွန်း ကောက်နှုတ်ချက် အတို လေး တွေ ကို ဖော်ပြပေးထားပါတယ်။
“Time Line” ထဲ မှာ လဲ သူ့ ရဲ့ သမိုင်းကြောင်း အတိုချုပ် ကို ဖတ်နိုင်ပါတယ်။
ကလေး တွေ ကို  မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး  အောင်ဆန်း ရဲ့ စိတ်ဓာတ် နဲ့ သူ့ ဘဝ ကြောင်း ကို သိ အောင် အမြန်ဖတ်လို့ ရနိုင်တဲ့ နေရာ လေး မို့ မျှ လိုက်ပါတယ်။

aungsan

အဖေ – လေးဖြူ

အဖေ နင်းဖြတ်ခဲ့တဲ့ ဘဝရဲ့ ဆူးတော အပြည့်နဲ့ လမ်းထဲ
အဖေ ပေးသွားခဲ့တဲ့ မြေပုံ လမ်းပြ ကွန်းပတ်စ်လေးနဲ့
ရှည်လျားလွန်းတဲ့ လောက
. တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ

သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကား သင်ခန်းစာများနဲ့
အဖေ မရှိတော့တဲ့ နောက်မှ အထပ်ထပ် တွေးခေါ်ရင်း နဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ
အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

အိုး – အဖေမရှိတော့တဲ့နောက်
အိုး – လူလားမြောက်တဲ့နောက်

သုညဘဝ က စလို့
အဖေရုန်းကန် မြှင့်တင်ပေးခဲ့
ရင်ကော့ ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားလည်း
. ဖြေရှင်းတိုက်ခိုက်ခဲ့ အဖေ့ရဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ် အဖေ

အဖေ ထွန်းညှိခဲ့တဲ့
အမှောင်ကိုခွင်းမဲ့ လမ်းပြမီး နဲ့
အဖေ အိမ်မက်ခဲ့တဲ့ အနာဂါတ် လောက အကျိုးသယ်ပိုး မယ်

ကျွန်တော့ ကိုယ်ထဲ လှည့်ပါတ်
အဖေ့ရဲ့ သွေးတွေ ရဲပါတယ် အဖေ

အိုး – အဖေမရှိတော့တဲ့နောက်
အိုး – လူလားမြောက်တဲ့နောက်

လှိုင်းထန်လေထဲ မျှောတဲ့ အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ

ဘဝ ဒါဏ်ချက်များ အိမ်မက်မှာ
မျက်ရည်တွေ စို့ရတဲ့ အခါ
အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ

ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တစ်ခြားသူမရှိဘူး ကျွန်တော့ အတွေးမှာ
အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ

(နှစ် တစ်ရာ တိုင် ဘယ်လောက် သတ်သတ် မသေသော သူရဲကောင်းကြီး သို့)

About မြစပဲရိုး

Khin Latt has written 240 post in this Website..