အယ်ဒီတာ့သင်ပုန်း – မတ်လ ၂၀၁၅

kaiFebruary 13, 20151min27629

အမည်မရှိ/မသိ လူမျိုးနှင့်နိုင်ငံတော်

ကမ္ဘာ့လူဦးရေသန်း ၃၆ဝကျော်အသုံးပြုနေ၍ နိုင်ငံပေါင်း ၆ရနိုင်ငံတွင်တရားဝင်သုံးဘာသာစကားသည် အင်္ဂလိပ်စာဖြစ်သည်။ နိုင်ငံအရေအတွက်ကျယ်ပြန့်စွာသုံးစွဲမှုအရလိုက်လျှင် ဒုတိယ ပြင်သစ်စာနှင့်၊ တတိယ အာရဘစ် တို့ဖြစ်၏။
အင်္ဂလိပ်စာတွင်  မြန်မာတို့သည်သာ (ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅နိုင်ငံထဲတွင်) နိုင်ငံ=Myanmar လူမျိုး=Myanmar ဟုတူလျှက်ရှိနေလေသည်။

Miean-Burman-Myanmar

နိုင်ငံခြားသားတို့၏မှတ်တမ်းများအရ မြန်မာတို့၏ မူလအမည်သည် မာကိုပိုလို၏ခရီးသွားစာအုပ် (ခရစ်သက္ကရာဇ် ၁၃၀ဝခန့် )ခန့်တွင် Capters LI-LIV of Book II ၌ပေါ်ခဲ့ဖူးသည်။ မြန်မာပြည်ကို Mien ဟုခေါ်ကာ ထိုခေတ်ပုဂံမင်းနေပြည်တော်ကို Amienဟုသုံးနှုန်းထားသည်။ Tibeto-Burman ဘာသာစကားနွယ်ပြောသော လူမျိုးကြီးတစုကို Burman ဟုခေါ်ပါသည်။
အင်္ဂလိပ်တို့က မြန်မာတို့ကို Burman (1814 ခုထုတ် F. CAREY ၏ Grammar of the Burman Language  ရှု ့)ဟုခေါ်ကြသော်လည်း ၁၈၂၄ ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်၍ စစ်နိုင်သောအခါ Burmese ဟုသိသာစွာပြောင်းလဲသုံးလာကြသည်ကိုတွေ့ရသည်။( 1849 ခုထုတ် A. JUDSON ၏ အဘိဓာန် ရှု ့) မြန်မာနိုင်ငံကို ကိုလိုနီပြုပြီးသောအချိန်တွင်ကား အင်္ဂလိပ်များနှင့် ညား၍ရကြသော ဥရောပသွေးပါသူများကိုမူ Anglo-Burman ဟုတွင်ကျယ်ပြန့်စွာသုံးကြပြန်သည်။
မြန်မာ့သမိုင်းမှတ်တမ်းများတွင်တော့ မြန်မာဟူသည် ပုဂံခေတ်ကတည်းက ကျောက်စာ မင်စာများတွင်သုံးနေကြသည်ဖြစ်ကာ ဗမာဟူသောအသုံးအနှုန်းကိုမူ သခင်ဘသောင်းမှ “တို့ဗမာအစည်းအရုံး” စတည်ထောင်ချိန်တွင်မှစတင်သုံးစွဲခဲ့ခြင်းဖြစ်၏။။

-ese နှင့် Myanmar

ကမ္ဘာ့နိုင်ငံ/လူမျိုးများကို အင်္ဂလိပ်အမည်ပေးရာတွင် အင်္ဂလိပ်(လက်တင်)များစွာလွှမ်းမိုးမှုရှိကာ suffixes တွင် -ian / -ean / -an ဖြင့်တိုင်းပြည်/လူမျိုးအမည်ပေးစနစ်အများဆုံးရှိသည်ကိုတွေ့ရပါသည်။ ထူးခြားချက်မှာထိုထိုအဆုံးသတ်နိုင်ငံများသည် ဥရောပနိုင်ငံများ(ပေါ်တူဂီမှလွဲ၍) နှင့် အမေရိကအပါအဝင် အင်္ဂလိပ်ယဉ်ကျေးမှု လက်တင်စာပေလွှမ်းမိုးပြီးနိုင်ငံအများစုဖြစ်နေခြင်းပေတည်း။
သို့ဖြစ်၍ လက်တင်ဘာသာစကားအရကောက်လိုက်လျှင် ရှေးလက်တင်ဘာသာစကားအသုံး၌ ဘုရင်ဧကရာဇ်များကသာ သူတို့၏အမည်နောက် -ian / -ean / -an  တွင်တွဲတပ်၍သုံးလေ့ရှိကြသည်။ ကြီးမြတ်သည်ဟု ဆိုကြပါစို့..။

-ian or -an, from Latin, –ianus, meaning “native of”, “relating to”, or “belonging to”

suffixes အုပ်စုကြီး ၈ခုရှိသော်လည်း မြန်မာတို့နှင်ဆိုင်သော -ese (from Latin -ēnsis) ကိုလေ့လာကြည့်ပါစို့။
Longman Dictionary of Contemporary English, 1978 တွင် -ese suffix ကိုဤသို့ဖွင့်ဆိုပါသည်။

“-ese”: suffix, 1. (the people or language) belonging to (a country); 2. (usually derogatory) literature written in the (stated) style. Examples: Johnsonese; journalese.
-ese, from the Latin, -ensis, meaning “originating in”

မြန်မာတွင်လူမျိုးနှင့်တိုင်းပြည်အမည် အင်္ဂလိပ်လိုရေးပါလျှင်တူတူဖြစ်နေသည်ကို Burman? Burmese? Myanmarian? Myanmese?Myanmarese? စသဖြင့် သူတပါးအမည်ပေးသည်ကို မစောင့်မူပဲ မိမိတို့ကြမ္မာမိမိတို့တာဝန်ယူ ရွေးသင့်ချိန်ရောက်ပြီထင်ပါသည်။

Burma/Myanmar

Burmaနှင့် Myanmar သည် ၂၁ရာစုဝင်ခေတ်တွင် ၁၉၈၈အရေးတော်ပုံသားများနှင့် အာဏာရှင်အစိုးရတို့ စိတ်ဓာတ်ရေးရာမဟာဗျူဟာတိုက်ပွဲ အခင်းအကျင်းဟုပင်တင်စား၍ရမည်။ ယခုအချိန်အထိ US အပါအဝင်နိုင်ငံတော်တော်များများကမူ Burma လော Myanmar လောတိတိကျကျ မူမချရသေးသည်ကိုတွေ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်လည်း တိကျပြတ်သားမှုမရှိသေးပေ။ အမေရိကသမ္မတအိုဘားမားကိုယ်တိုင်ပင် အခြေအနေကြည့်၍အဆင်ပြေသလိုသုံးစွဲနေရသည်ကိုသတိပြုမိပါသည်။ သို့သော် Myanmar အသုံးဖက်သို့ကား သိသာစွာကဲသွားပြီမြင်ရ၏။

ကုလား

မြန်မာတို့ဆွဲယူ မွေးစားအသုံးများသော ပါဠိစာတွင် ကုလကို”အမျိုး”ဟုဆိုသည်။ ကုလား( Kālá)ဟူသောအခေါ်အဝေါ်သည်အိနိ္ဒယဘာသာစကားများဖြစ်သော ဟင်ဒီ၊အူရဒူ၊ဘင်္ဂလီစသည့် ဘာသာစကားများတွင် “အမဲရောင်”ဟုအဓိပ္ပါယ်ရသည်။ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကမူ ကူးလာသူ(ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူ)မှကုလားဖြစ်သည်ဆိုပါသည်။
မာကိုပိုလို၏စာအုပ်တွင်တော့  ပုဂံမင်းဆက်မှ ကုလားကျမင်း(နရသူမင်း)အား“King slain by the Hindus.” ဟုရှင်းလင်းပြထားလေရာ ကုလားသည် ဟိန္ဒူလူမျိုးများဖြစ်နေပြန်လေသည်။ တကယ်လည်း ပုဂံခေတ်ကတည်းက ပုဂံတွင်ဟိန္ဒူသာသာနာလွှမ်းမိုးနေ၍ထိုခေတ်ကထဲက၊ ဟိန္ဒူလူမျိုးများကို ကုလားဟုခေါ်ဝေါ်သုံးစွဲခဲ့ကြသည့် ကျောက်စာအထောက်အထားများပင်ရှိသည်။
သို့ဆိုသော် မြန်မာပြည်ရှိ အစ္စလမ်သာသနာကိုးကွယ်သူ မွတ်ဆလင်များအား ကုလားဟုခေါ်ခြင်းမှာ မသင့်တော်ဟန်ရှိသည်။ အစ္စလမ်သာသနာကိုးကွယ်သူကို ဟိန္ဒူသာသနာကိုးကွယ်သူဟု အမည်ပေးလိုက်သည့်သဘောသက်ရောက်နေသောကြောင့်ပေတည်း။ အိန္ဒိယပြည်တွင် မဟတ္တမ ဂန္ဒီ၊နေရူး၊ မိုဟာမက်အလီဂျင်းနားလက်ထက်၌  ဟိန္ဒူလူမျိုးနှင့်မွတ်ဆလင်တို့၏အဓိကရုဏ်းများဖြစ်လျှက် ပါကစ္စတန်နှင့်အိနိ္ဒယပြည်ဟူ၍ကွဲထွက်သွားလောက်အောင် ပဋိပက္ခရှိဖူးခြင်းကြောင့်ပေတည်း။
အမှန်ကတော့ ကုလားဟုခေါ်ခြင်းကို ကာယကံရှင်ကမကြိုက်ပါလျှင်မခေါ်ကြယုံသာရှိပါသည်။

တရုတ်

တရုတ်ဘယ်ကစသည်မသိရသော်ငြား ယခုChinaပြည်ကိုမူ ရှေးမြန်မာတို့အစဉ်အဆက် စိနရဋ္ဌ၊ စိန၊ စိန့်တိုင်းပြည်၊ ဂန္ဓလရာဇ် စသဖြင့်သာခေါ်ဝေါ်ခဲ့ကြသည်။ အင်္ဂလိပ်အခေါ်အဝေါ်တွင်လည်း Sino, China ဖြစ်ပေရာများစွာနီးစပ်မှန်ကန်ပါသည်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးကမူ  ယူနန်ပြည်တွင် နေထိုင်သော အစ္စလမ်ဘာသာဝင်Turks လူမျိုးများအား Tayoke တရုတ်ဟုခေါ်ခြင်းဖြစ်နိုင်ကြောင်းရှင်းပြဖူးသည်။
သူပုန် သူကန် ၊တရုတ် တရက် ဆိုသော ပေါရာဏစကားရှိပေရာ ပုန်ကန်ထကြွသူကိုခေါ်ခြင်းဟုလည်းယူဆနိုင်သည်။  တရုတ်ပြေးမင်း(နရသီဟပတေ့မင်း အေဒီ၁၂၈ရခုနှစ်) သည်လည်း မြောက်ဖက်မှဝင်ရောက်စစ်ခင်းလာသော ကူဗလိုင်ခန်၏ မွန်ဂိုစစ်တပ်များအား စစ်ရှုံးလျှက်စစ်ပြေးရသောမင်းကိုခေါ်ဝေါ်ခြင်းဖြစ်၏။ မွန်ဂိုတို့သည် စိန့်တိုင်းသားများကား မဟုတ်။ သို့ဆိုရသော် ယခုအသုံးအနှုန်းများအရ China ပြည်တွင်နေသူ နိုင်ငံသားလူမျိုး Chinese များအား တရုတ်ပြည်။ တရုတ်လူမျိုးများဟုခေါ်တွင်လျှက်မှမြန်မာပြည်တွင်လွန်ခဲ့သောနှစ် ရာချီကတည်းက အခြေချနေကြသူ အသားဖြူသူ၊ စိနဇာတိနွယ်သူ၊ မြန်မာတိုင်းရင်းသားများနှင့်မျိုးဆက် ၂-၅-၁ဝဆက် ဇာတိနွယ်သူများအား တရုတ်များဟုခေါ်ဝေါ်သုံးစွဲနေကြထားပြန်ရာ အရင်ရောက်နှင့်နေသူများက နောက်ရောက်လာသူများအား အမုန်းတရားထား။ ခွဲခြားနေခြင်းလောဟုစိစစ်ရန်ရှိသည်။ အမှန်တကယ်တွင်တော့ မြန်မာပြည်ပေါက်များအား တရုတ်ဟုခေါ်လျှင် စိန့်တိုင်းသားများအား တရုတ်ဟု ခေါ်ရန်အကြောင်းကားမရှိ။

ဘင်္ဂလီ

မာကိုပိုလို၏မှတ်တမ်းတွင် ပုဂံရှိမြန်မာမင်းအား ဘင်္ဂလားမင်း(King of Mien and Bangala )ဟုသုံးစွဲထားသည်ကို အစောဆုံးတွေ့ရသည်။ အဆိုပါစာပိုဒ် ရှင်းလင်းချက်တွင် မြန်မာမင်းတို့သည် ကုလားမင်းသမီးများကိုယူလေ့ရှိ၍ ဘင်္ဂလားမင်းအဖြစ်ဘွဲ့ခံကြသည်ဟုကောက်ချက်ဆွဲထားပါသည်။ သို့ဆိုရသော် အာသံ၊ ဘင်္ဂလားပြည်၊ မဏိပူရ၊ စစ်တကောင်းနယ်တို့သည် မြန်မာပိုင်အဖြစ် နှစ်ရာချီရှိခဲ့ဖူးသည့်သဘောဖြစ်ပေရာ မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသား ဥပဒေအရ” နိုင်ငံသားဟူသည်” ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမတိုင်မှီကာလကစပြီးမြန်မာ့နယ်နမိတ်အတွင်းတွင် ပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်သူများဟုဆိုထားသဖြင့် လက်ရှိမြန်မာ့နယ်ထဲမွေးဖွားသူဘင်္ဂလီတို့အား မြန်မာနိုင်ငံသားအဖြစ် တန်း၍အသိအမှတ်ပြုကြရန်သာရှိသည်။

ဒေါက်တာသန့်မြင့်ဦးက ဘုရင့်နောင်မင်းမျိုးနွယ်များ၏ဓာတ်ပုံအထောက်အထားများနှင့်တကွ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းသို့ ခရစ်သက္ကရာဇ် ၁၅၉၉ကတည်းက ရောက်ရှိနေထိုင်နေကြသူ မြန်မာများအကြောင်း ရှင်းပြဖူးသည်။ တကယ်တော့ ရခိုင်၊ဗမာ၊ မွန်၂သိန်းကျော်နေထိုင်နေသော စစ်တကောင်းနယ်သည် ပထမအင်္ဂလိပ်မြန်မာစစ်ရှုံးပြီးနောက် အင်္ဂလိပ်ကလွတ်လပ်ရေးနှင့်အတူပြန်မပေး၊ အိန္ဒိယပြည်ဖက် အပ်လိုက်သောနယ်များအနက်တခုသာတည်း။

ရိုဟင်ဂျာ

လက်ရှိခေတ်တွင်မြန်မာတို့၏စိတ်ကို အထိခိုက်အလှုပ်ရှားဆုံးဖြစ်စေသည့် လူမျိုးအမည်တခုဖြစ်ပါသည်။
မြန်မာအစိုးရအနေနှင့်ပင် ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးကြီးတွင် ထုတ်ဖေါ်ငြင်းဆိုသည်အထိဖြစ်နေရသော အဆိုပါ လူမျိုးအမည်၏နောက်ကွယ်တွင် မည်သည်တို့ရှိသနည်း။
မြေပိုင်ဆိုင်မှုတို့ရှိသလော။ ဘာသာရေးလွှမ်းမိုးမှုတို့ပါသလော၊ စစ်ပွဲများနှင်ဆိုင်သလော၊ အဓိကရုဏ်းများဖြစ်စေသလော။
ဒီမိုကရေစီစနစ်အရကောက်ပါမူ လူအများစုက မိမိတို့၏ လူမျိုးအမည်ကိုလည်းကောင်း မိမိအမည်ကိုလည်းကောင်း စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိရမည်။ ထိုအမည်သည် ပြည်ထောင်စုတွင်ပါဝင်ပါတ်သက်နေပါက ပြည်ထောင်စုသားအများစု၏ဆန္ဒနှင့်ကိုက်ညီရမည်။

အမေရိက/အမေရိကန်

အမည်သညာ ပေးကြရာတွင် မြန်မာတို့အားနည်းကြသည်ကို သိသာစေပါသည်။ United State of America ဆိုထားပါလျှက်မှ မြန်မာတို့သည် အမေရိကန်ပြည်ထောင်စုဟုခေါ်သည်။ တကယ်တော့ အမေရိကန် American ဟူသည် မြန်မာကသီးသန့်ခေါ်ပေးလိုက်သောအမည်နာမဟုတ် ၊ အမေရိကပြည်၏နိုင်ငံသားများကိုခေါ်သော အသံထွက်/အဓိပ္ပါယ်ရှိပြီး အသုံးအနှုန်းသာလျှင်ဖြစ်၏။
ထိုင်းကို ယိုးဒယား၊ အင်္ဂလိပ်ကို ကုလားဖြူ၊၊ အင်္ဂလန်ကို ဘိလပ်ဟူ၍ မိမိကိုယ်ပိုင်စကားအသုံးအနှုန်းဖြင့်ခေါ်ဝေါ်ခြင်းတွင်ပြဿနာမရှိနိုင်သော်ငြား အမေရိက၊ အမေရိကန်ကဲ့သို့အင်္ဂလိပ်အသံထွက်စာ/စကားလုံးတူ ရှိနေမြဲကို မိမိဘာသာစကားသို့သွတ်သွင်းမွေးစား၍ အဓိပ္ပါယ်လွဲမှားသုံးစွဲခြင်းသည် မသင့်လျှော်သောသုံးစွဲမှုဟုဆိုရမည်။ အမေရိကန်သည်တိုင်းပြည်/နေရာ/ဒေသအမည်မဟုတ်။ ရှေးကာလ မြန်မာဘိုးဘွားများက အမေရိကားသွားလျှင်လည်း အမေရိကားသွားမည်ဟုသာခေါ်ဝေါ်သုံးဆွဲခဲ့ကြ၍ အမေရိကန်သွားမည်ဟုသုံးနှုန်းခြင်းမပြုခဲ့ကြ။ အင်္ဂလန်ကို အင်္ဂလိပ်ဟုခေါ်သင့်ပါသလော?

စကားလုံးများနှင့်ရန်ဖြစ်ခြင်း

အမေရိက/အမေရိကန်၊ ဘင်္ဂလီ/ရိုဟင်ဂျာ။ ကုလား/တရုတ်၊ Burma/Myanmar စသဖြင့် စကားလုံးများနှင့် မြန်မာတို့ရန်ဖြစ်ကြသည်။
ယဉ်ကျေးမှုမြင့်သော လူမျိုးကြီးတို့တွင် အမည်နာမ ခေါ်ခြင်း/ပေးခြင်းသည်လွန်စွာအရေးကြီးပါ၏။

မျိုးရိုးအမည်ကိုထိန်းသိမ်းစောင့်ရှောက်မှုသည်လည်း အယောက်စီ၏ ဘဝ၊မျိုးဆက်အတွက် များစွာအရေးပါသည်။
ထင်ရှားချက်တခုကား ကမ္ဘာလူမျိုးကြီးများ။နိုင်ငံကြီးသားများတွင်ရှိသော မျိုးရိုးဗီဇအမည် Family Name “ဗမာ”တို့တွင်မရှိခြင်းဖြစ်သည်။
မျိုးရိုးအမည်မရှိသဖြင့် မိမိကိုယ်အမည်ပေး နှောင်ကြိုးမရှိ လွတ်လပ်သည်ဆိုနိုင်ငြား အမည်နာမကိုတန်ဖိုးထားခြင်းနှင့် အမည်သညာခေါ်ခြင်း၌ကား”တာစား”သွားခဲ့သည်ဟုထင်ပါသည်။ မြန်မာစာဖြင့်အမည်ခေါ် စကားပြောအသုံးအနှုန်းကိစ္စတို့ကို နိုင်ငံတကာအတွေ့အကြုံ၊ ဗဟုသုတများသူ ပညာအရည်အချင်းနှင့် ပြည့်စုံသူ မြန်မာနှင့် နိုင်ငံခြားသားပညာရှင်များ တိုင်ပင်ဆွေးနွေးကြကာ နိုင်ငံတော်အဆင့်ထား စနစ်တကျ မူဘောင်ထားလုပ်သင့်လှပါသည်။
ဤသို့အားဖြင့် စကားလုံးများနှင့်ရန်ဖြစ်ကြရသူများဘဝမှ လွတ်မြောက်ကြမည်ဖြစ်ပါသတည်း။   ။

 

မှတ်ချက်။  ။ https://myanmargazette.net/210329 နှင့်အထောက်အထားယူ တွဲဖတ်စေလိုပါကြောင်း..။

29 comments

  • အလင်းဆက်

    February 13, 2015 at 1:34 pm

    အမေရိက/အမေရိကန်
    မြန်မာတို့ အမည်ပေးလွန်စွာအားနည်သည်ကို သိသာစေပါသည်။ United State of America ဆိုထားပါလျှက်မှ မြန်မာတို့သည် ( အားနည်း မှာ အစက်ကလေး နှစ်စက် ကျန်ခဲ့တယ်)

    ——————–
    မျိုးရိုးအမည်ကိုထိန်းသိမ်းစောင့်လျှောက်မှုသည်လည်း မိမိဘဝ၊မျိုးဆက်အတွက် များစွာအရေးပါသည်။
    (စောင့်ရှောက် ကို ဘာလို့ များ..စောင့်လျှောက်လို့ ရေးထားသလဲ..သိချင် )
    ——————–

    :k:

    • kai

      February 13, 2015 at 2:01 pm

      အခုစာလုံးပေါင်းပြင်နေသဗျ.. စာစစ်ဆရာကြီးရဲ့..။
      စစ်ပေးပါဦး.. :k:

  • Mr. MarGa

    February 13, 2015 at 1:41 pm

    စကားလုံးတွေနဲ့ပဲ ပတ်ပြီး ရန်ဖြစ်
    စကားလုံးတွေနဲ့ပဲ ပတ်ပြီး ပြဿနာတွေတက်
    စကားလုံးလေး တစ်လုံးကြောင့်ပဲ အဓိပ္ပာယ်အမျိုးမျိုးထွက်
    အသံထွက် ဖတ်တဲ့ လေသံပေါ်လိုက်လို့ စာရဲ့ လားရာ ကွာတာတွေလည်းရှိ
    ဒါ… မြန်မာ/ဗမာ
    ကွိကွိ

    • ခင်ဇော်

      February 13, 2015 at 2:27 pm

      မနေ့က ပြည်ထောင်စု နေ့ state dinner မှာ တိုင်းရင်းသား အားလုံး ခေါင်းဆောင်ကိုယ်စီက တိုင်းရင်းသား ဝတ်စုံ ဝတ်ကြတယ် …

      ကချင် ကလဲ ကချင် ပုံစံ ဆို သိသာတယ်၊ ရှမ်း ကလဲ ရှမ်းဝတ်စုံ၊ ကရင် ကလဲ ကရင် ပေါ့လေ …

      ဗမာ ကျတော့ တိုက်ပုံ နဲ့ ပုဆိုး ဘဲ၊ ဒါပေမဲ့ ပုဆိုး ကလဲ ဘဘကြီး ထွင်သွားခဲ့တဲ့ မိန်းမအဆင် ချိတ်တွေ …

      ဗမာ ဝတ်စုံ ပြန်စဉ်းစားကြည့်တော့ …

      သီပေါမင်း အရင် ခေတ်က တမျိုး၊

      ကိုလိုနီ ခေတ် စစ်ကြိုခေတ် မှာ တမျိုး၊

      စစ်ပြီးခေတ်မှာ တမျိုး၊

      မဆလခေတ်မှာ တမျိုး၊

      ဘဘကြီး လက်ထက်ကြ ပြန်တော့ တမျိုး ဆိုတော့ ….

      ကိုယ့် ဗမာ ဝတ်စုံ တောင် အရောရော အထွေးထွေး နဲ့ မေ့တေ့တေ့ ဖြစ်သွားပြီ ….

      ခရက်ဒစ် တူ ကို ဇော်မင်း

      ~~~~~~~~~~~~~~~~~~~

      ဘိုင်သဝေးး
      မြန်မာ ဝတ်စုံ စစ်စစ်တို့
      မြန်မာ စားစရာ စစ်စစ်တို့ ပြောပြပါ။
      :k:

      • kai

        February 13, 2015 at 2:36 pm

        ဘိုကေက.. ဘိုဆီက..
        စတစ်ကော်လံအကျီက.. အင်္ဂလိပ်က..
        တိုက်ပုံက.. စိန့်တိုင်းက…
        ပုဆိုးက.. ကုလားပြည်က…
        ဖိနပ်က.. နတ်ဆီက…။
        ဘယာစီယာတော့.. မပါကြ..။

        နောက်ဆို.. ဗမာကို.. “အစိန့်ကု”လို့ခေါ်မလား..။ “ကုရုတ်”လို့ခေါ်မလား..။ “တလား”လို့ခေါ်မလား.. ပြင်ရမယ်..။
        ကွိ..။

        မှတ်ချက်။ ။ မြန်မာ့စားစရာစစ်စစ်က.. အခုထိသိထားသလောက်တေ့ာ.. ပုန်းရည်ကြီးရယ်..။ လဖက်သုတ်ရယ်..။ ဒါပဲရှိသဗျ..။
        ကွ ကွ..။ :k:

        • ခင်ဇော်

          February 13, 2015 at 2:46 pm

          ဟဟဟ။
          ဟုတ်မယ်ဗျ။
          ညက ပြည်ထောင်စုနေ့ စတေးတပ်လေး တင်ချင်တာ
          တိုင်းရင်းသား အစားအသောက်တွေက ထွက်လာတယ်။
          ဗမာ အစားအသောက်စစ်စစ် စဉ်းစားတာ မပေါ်လာလို့။
          ဟုတ်ပြီ။
          ပုံးရည်ကြီးးး
          လက်ဖက်သုတ်
          :k:

        • Mr. MarGa

          February 13, 2015 at 2:54 pm

          ထညက်ကရော ဟင် :mrgreenn:

        • ခင်ဇော်

          February 13, 2015 at 3:01 pm

          အရှေ့ အာရှ နိုင်ငံတော်တော်များများမှာ သုံးတယ်။
          ဘယ်က စ လဲတော့မသိ။ 🙄
          အင်ဒိုမှာလဲရှိတယ်။
          ထိုင်းမှာလဲရှိတယ်။
          ဖီလစ်ပိုင်မှာလည်း ရှိတယ်။
          အရသာ နည်းနည်းစီ ကွာတယ်။
          :mrgreenn:

        • အလင်းဆက်

          February 13, 2015 at 3:19 pm

          ပုန်းရည်ကြီးရော
          လက်ဖက်သုပ်ရော ကြိုက်တဲ့အတွက်
          ကျနော်ကတော့ ဗမာစစ်ပုံရရဲ့

          :k:

        • ခင်ဇော်

          February 13, 2015 at 3:22 pm

          အို။
          ဒို့ ဆို အညာသား စစ်စစ် ကြိုက်လွန်းလို့ ရှာကာမှ လူညာတွေနဲ့ပဲ တွေ့နေတာတို့ ဘာတို့

          :k:

        • မြစပဲရိုး

          February 14, 2015 at 2:37 am

          အသုတ်စုံ။
          တို့ဖူးသုတ်။
          ကြာဇံဟင်းခါး။
          ရှောက်သီးသုတ်။

      • kai

        February 13, 2015 at 3:10 pm

        ဦးကျောက်တုံးပိုသိမယ်ထင်တယ်..။ :k:
        တကယ်တော့.. ပုန်းရည်ကြီးတောင်မှ.. မဲပြီးကြေနေလို့..။
        အစေ့အတိုင်း.. နှပ်ထားတဲ့ပဲပိစပ်တွေ.. စိနပြည်နဲ့.. ကိုရီးယားအစာမှာတွေ့ဖူးတယ်..။

        ဒညင်းသီးနဲ့.. ဆူးပုတ်ရွက်ကလည်း.. ထိုင်းတွေကစား..။
        မုန့်ဟင်းခါးကလည်း.. ဦးကျောက်တုံးလက်ချက်နဲ့.. ဗမာဖြစ်ဟုတ်ပုံမရတော့…။

        ဟိုဒင်း.. သင်ပေါင်းပိုးအစိမ်းလိုက်ကိုက်စားတာ.. ဗမာအစာဖြစ်မလားမသိ..။ :k:

        • ခင်ဇော်

          February 13, 2015 at 3:20 pm

          ဗျာ။
          သင်ပေါင်းပိုး အရှင်ကို ဆီပူထဲ ပစ်ထည့်ကြော်စားတာမှ ဗမာ စာ ဖြစ်စာလား??
          :g:

          အစိမ်းလိုက်တောင်ကိုက်စားခိုင်းတဲ့ တဂျီးး
          သင်ပေါင်းပိုး ကျိန်စာမိတော့မယ်

          :h:

        • hmee

          February 19, 2015 at 9:58 pm

          သူဂျီး ပုံးရည်​ကြီးက ပဲပိစပ်​နဲ့ လုပ်​တာ မဟုတ်​ဘူးထင်​တယ်​။ ပဲကတ်​တီပါပဲနဲ့ လုပ်​တာ မဟုတ်​ဘူးလား။ မြန်​မာ အစား စစ်​မှာ ပဲနှမ်​းပတ်​ချဉ်​လည်​း ပါ​လောက်​တယ်​။

  • naywoon ni

    February 13, 2015 at 9:21 pm

    တိုင်​းပြည်​ ကယ်​တင်​ရှင်​များက အ​ရေးကြီးတာ​နောက်​ထား သူတို့အိတ်​ထဲ ​ရောက်​မှာ အရင်​လုပ်​​နေရတာမို့ စိတ်​ဝင်​စား​တော်​ မမူ​သေးပါဘူး ။ ​နောက်​တက်​လာတဲ့ ပြည်​သူ့ အစိုးရကျမှပဲ ပြင်​စရာရှိတာ​တွေ အကုန်​ပြင်​နိုင်​ဖို့ စာရင်​းတို့ထားရတယ်​ 🙂

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 14, 2015 at 1:32 am

    ဗမာ့ရိုးရာ စားစရာ စစ်​စစ်​က
    မသိရင်​မှတ်​ထား
    ကြက်​​ဒေါ်လှကြည်​ ဗျ ကြက်​​ဒေါ်လှကြည်​

    ဒါမျိုး ဘယ်​တိုင်​းပြည်​မှာမှမရှိဝူး
    ​ဒေါ်လှကြည်​ တီထွင်​တာမို့

    ငိငိ

  • မြစပဲရိုး

    February 14, 2015 at 2:36 am

    လောလောဆယ်မှာတော့ စကားလုံးအသုံးအနှုန်း တွေ နဲ့ ရန်ဖြစ် နေတာ ….
    ရှင် ကိုယ်တိုင်ပါဘဲ လား သူကြီးမင်းရယ်။ 🙄
    မင်းလူ ရဲ့ တစ္ဆေ ငါကိုယ်တိုင်ပါဘဲ ဆိုသလို ဖြစ်နေဦးမယ်။ lol:-)))) 😉

    • pooch

      February 14, 2015 at 10:55 am

      မင်းလူ ရဲ့ တစ္ဆေ ငါကိုယ်တိုင်ပါဘဲ ဆိုသလို ဖြစ်နေဦးမယ်

      totally agree with a yee…… :loll:

      • naywoon ni

        March 12, 2015 at 2:15 pm

        တ​စ္ဆေ ငါကိုယ်​တိုင်​ပါပဲ ဆိုတဲ့ ကဗျာက ဆရာမကြီး ကြည်​​အေးပါ ။ ခု သူကြီးတို့ဆီမှာ​ရောက်​​နေတယ်​လို့ သိရ ။ သက်​ရှိထင်​ရှားရှိမရှိ​တော့ သူကြီးကို​မေးကြည်​့မှရမယ်​ ။

        • kai

          March 12, 2015 at 2:25 pm

          တစ္ဆေ

          အိပ်လို.မရ
          ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
          မွေ.ရာတွေလဲ၊ ကြေမွတွန်.လိပ်
          သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
          ခိုတွယ်စရာ၊ အတည်မကျ။

          အပြင်ဘက်မှာ
          သစ်ရွက်တွေကြား၊ ကြယ်လေး ငါးပွင့်
          စကားပင်အို၊ ကန်ရေစိုစွတ်
          ဟိုမှာ လှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
          စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
          တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

          ခုတင်ခြေရင်း
          ဖြည်းနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
          ခန်းဝကိုလာ၊ ဝရန်တာမှာ
          သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန်.
          ကြောက်ကြောက်နဲ.ကြည့်၊ မျက်နှာလှည့်စမ်း
          တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
          တဆင်တည်းပဲ သူနှင့်ငါ။

          မြစ်နက်ထဲမှာ
          ငါ ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
          ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
          ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

          မောပန်းလျနှင့်
          တစ်ယောက်သော ငါ၊ ငါများစွာမှ
          ထလာလွင့်ပါး၊ မောင့်အနားကို
          စကားထွေရာ၊ ငိုသံပါနှင့်
          ဘာမှမကြား၊ မောင့်အနားမှာ
          `ထသွား စို.ဆို၊ မေ့ကို အိပ်မက်
          မမက်ဘူးလား၊´ တစ္ဆေဖြားယောင်း
          မှုန်မွှားစိတ်ဝယ် အရိပ်ထင်။ ။

          (တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ ၁၉၄၇)
          =
          အရှေ့ဖက်ကမ်းရိုးတန်း.. နယူးယောက်.. ကျုပ်နေရာနဲ့ (မြန်မာပြည်နဲ့ဂျပန်)အကွာလောက်မှာ အသက်၈၅နှစ်နဲ့ ကျမ်းမာချမ်းသာစွာနေပါတယ်…။

  • ဦးကျောက်ခဲ

    February 14, 2015 at 8:15 am

    အဟိ… အဆဲခံချင်လို့ ပြောရရင်…
    ဗမာအပါအဝင် တိုင်းရင်းသားတွေက ကုလား တရုတ် ခမာ အစွန်အဖျားတွေ စုနေတာ…
    အဲဒါကြောင့် နိုင်ငံအရွယ်နဲ့စာရင် များလိုက်တဲ့ တိုင်းရင်းသား…
    နောက်ပြီး စစ်ဝါဒီတွေကြီးစိုးတာမပြောနဲ့ နဲနဲအင်အားရှိလာရင် တခြားနိုင်ငံတွေကို စစ်တိုက်…
    ရွှေငွေကျောက်သံရတနာတွေအပြင် အနုပညာနဲ့ ပညာသည်တွေပါ အကုန်သိမ်းလာတာ…
    မယုံရင်ကြည့် … ယိုးဒယားပတ်ပျိုး ၊ ယိုးဒယားအက….
    မြန်မာဝတ်စုံစစ်စစ်ဆိုရင်တော့… လန်ကွတ်တီသာသာ ခါးတောင်းကျိုက်ပဲရှိမယ်…
    ခေါင်းပေါင်း …. အာသံ မဏိပူရက ကသည်းတွေဆီက
    တိုက်ပုံ… တရုတ်
    လည်ကတုံး…. တရုပ်နဲ့ အင်္ဂလိပ်ဖက်စပ်
    ပုဆိုး… ကုလား
    ဖိနပ်… ခမာတွေဆီက
    မြန်တျန့်တွေက ဖိနပ်မစီး ၊ နန်းတွင်းမှာစီးတာက ခြေပိတ်ဖိနပ် (တရုတ်)
    အစားအသောက်ရော ဘာထူးလို့လဲ … အကုန်မြန်မာမှုပြုထားတဲ့ ဖက်စပ်တွေ
    တရုတ် ကုလား မွန်ခမာ စာတွေကို ရောသမမွှေလုပ်ထားတာ…
    မယုံရင် လက်ဘက်ကိုကြည့်…
    အော်ရီဂျင်နယ်က တရုတ် ၊ ရှမ်းတွေက မျိုးပွါးပြီး ခံတွင်းမချဉ်အောင် ဆေးငုံသလိုငုံတယ်…
    မြန်တျန့်တွေက အကြော်စုံရောပြီး မြန်မာမှုပြုလိုက်တယ်…
    ပုန်းရည်ကြီးလည်းမြန်မာစစ်စစ်မဟုတ် … တရုတ်ဆင့်ပွါးနည်း
    မြန်မာစာစစ်စစ်က ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာထဲကလို အကုန်ပစ်ထည့်တွေ…
    အနုပညာမထွန်းကားတာလည်းမပြောနဲ့ … မြန်မာများက စိတ်မရှည် သွေးဆူလွယ်၏… ဟီဟိ
    :k:

    • kai

      February 14, 2015 at 2:55 pm

      ဝန်ကြီးပဒေသရာဇာကဗျာတွေ့ရင်.. ပြန်ဖတ်ချင်သား..
      အိမ်ရဲစာအုပ်ပုံထဲ..တနေရာမှာရှိတာတော့..သိတယ်..။
      တွေ့ရင်တော့.. ရိုက်တင်ပေးဦးမယ်…။

      ပုဂံခေတ်က.. စိန့်တိုင်းစားတော်ကဲနဲ့..ဗမာစားတော်ကဲတို့..ဟင်းချက်ရင်းအစားအသောက်ပြိုင်တဲ့အကြောင်း… ဇတ်လမ်းလေးလည်းရှိတာ…ရေးရေးမှတ်မိတယ်..
      တွေ့ရင်..ပြန်တင်ပေးမယ်ဖြစ်..။ :k:

  • ဦးကျောက်ခဲ

    February 14, 2015 at 10:18 am

    ကုလား ဆိုတာ ဒေါက်တာသန်းထွန်းက ကူးလာ ကနေ ဆင်းသက်တယ်လို့ အဓိပ္ပါယ်ဖွင့်တယ်…
    ကျောက်စ်ကတော့ အိန္ဒိယတောင်ပိုင်း Kerala State က လာတယ်လို့ ယူဆပါတယ်…
    အဲသည့်အရပ်သားတွေက သူတို့ကိုယ်သူတို့ “ကရဲလား” လို့ပဲပြောတဲ့အပြင်…
    မြန်မာနိုင်ငံနဲ့ အဲသည့်အရပ်… ဟိုးပုဂံခေတ်ကတည်းက အဆက်အသွယ်ရှိပါတယ်…
    .
    ထိုင်းလည်း အရင်တုန်းက Siam နဲ့ Siamese လေ နောင်မှ ပြောင်းတာ…
    ဆိုတော့ -ese ကိုမကြိုက်ရင် Myanmarish or Myanmian သာ လုပ်ပလိုက်ပါဗျာ….
    :k:

    • kai

      February 14, 2015 at 2:48 pm

      စိန့်တိုင်းသားတွေလည်း.. Chinese ကို Chinian ပြောင်းဖို့.. ကြိုးစားဖူးပါ့..။
      Laos တွေလည်း…ပြောင်းလိုက်ပြီထင်ရတာပဲ..။ တလောကတီဗီမှာ.. Laotian လို့သုံးနေတာတွေ့တယ်..။
      အင်္ဂလိပ်စာပေသမိုင်း.. Literature နားလည်သူတွေမှာတော့.. မသိစိတ်ထဲက.. ခံစားချက်ရှိမယ်လို့ထင်တယ်..။
      ဗမာတွေ.. မွန်ကို.. တလိုင်းခေါ်သလိုပေါ့..။ နှိမ်ခေါ်သလားလို့ဆိုရင်.. မဟုတ်ဖူးပြောမှာပါပဲ..။
      သိလည်း.. အကျိုးမှမရှိတာကိုး….။

      ဆိုတော့..
      မြန်မာပြည်ပေါက်အသားဖြူမျက်မှေးအုပ်စုကို.. တရုတ်ခေါ်တာကနေ.. စိန့်တိုင်းသားစိန့်တိုင်းပြည်ကို.. တရုတ်ခေါ်ခေါ်ပြီး..အတင်းတံဆိပ်တပ်.. နိုင်ငံခြားသားတွေအဖြစ်..စကားအရ.. စွဲစေ့ထားတာ.. အခုလို.. လောက်ကိုင်မှာကိုးကန့်နဲ့ချလည်းချရော.. ဖေ့ဘုတ်ဆဲဆြာတွေ..တရုတ်တွေကို.. ရောဆဲကုန်တာ… ခပ်စိတ်စိတ်လေးတွေ.. ဖတ်ရပြီးသကာလ… လက်မဲတချို့မြင်မိ…။
      ..
      ဒီလို အူကြောင်ကြောင်နဲ့ဆက်သွားကြရင်.. သိပ်မကြာခင်… တရုတ်-ဗမာရိုက်ပွဲလာနိုင်ကောင်းတယ်..။
      သမိုင်းဘီးက.. တပါတ်လည်တတ်တယ်လေ…။
      ဗကပသာမရှိရင်.. စ,နေတာတောင်ကြာပြီ… ထင်..။
      စိန့်ပြည်နေ..ဗကပက..ထိန်းထားပေးလို့သာ..။ :i:

  • ဝင့်ပြုံးမြင့်

    February 14, 2015 at 3:19 pm

    .ကျမ ဘာသာပြန်ရင်လည်း ပြ၁သနာ နည်းနည်းတော့ ရှိတာပေါ့။ ကိုရီးယားလူမျိုးကို Korean လို့ ရေးထားပေမယ့် အဲဒါကို မြန်မာလို ကိုရီးယန်းတစ်ယောက်လို့ ရေးလို့ ဘယ်ရမလဲ။ ဖတ်တဲ့လူက ကြောင်သွားမှာပေါ့။ ကိုရီးယားလူမျိုးလို့ပဲ ရေးရတယ်။ ကနေဒါနိုင်ငံသားကို Canadian လို့ ခေါ်ပေမယ့် မြန်မာလိုရေးရင် ကနေဒီယန်တစ်ယောက် လို့ ရေးလို့ ဘယ်ရမလဲ။ ဘယ်သူမှ နားမလည်ဘူး။ အီရန်နိုင်ငံသားဆိုရင်လည်း အီရန်နီယန် လို့ ရေးလိုက်ရင် မြန်မာစာဖတ်ပရိသတ် ကြောင်သွားမှာပေါ့။ အီရန်လူမျိုးလို့ပဲ ရေးရတာပေါ့။

    • kai

      February 14, 2015 at 4:46 pm

      ဂျပန်က.. အမေရိကကို ဘဲကောကုလို့ခေါ်တယ်..။
      米国 America
      米国人 bekokujin べいこくじん[n.] American

      အမေရိကန်ကို.. ဘဲကောကုဂျင်လို့ခေါ်ပါတယ်..။ မြန်မာဘာသာစကားက.. ဝါကျဖွဲ့စည်းပုံ. ဂျပန်နဲ့လည်းတူပါတယ်..။
      ကိုယ့်ဘာသာစကားကို.. အင်္ဂလိပ်စာနဲ့လိုက်ညှိနေစရာတော့မလိုပါဘူး..။
      သူတို့ဖြစ်တည်နေမှု..ခေါ်တွင်နေမှုကိုလည်း.. ကိုယ်က..ကလိမ်း..ဘလိန်း..မလုပ်ချင်ပါဘူး..။
      မြန်မာစစ်အစိုးရကသာ အူကြောင်ကြောင်နဲ့ထညှိတာပါ..။ Burma to Myanmar
      ကိုယ့်တိုင်းပြည်ငွေကုန်တာပေါ့..။ လိုက်ပြင်ပေးရတဲ့တခြားနို်င်ငံတွေလည်း.. ကျောင်းသုံးစာအုပ်တွေပြင်ရတာနဲ့..ငွေ(ဘက်ဂျက်) အပိုကုန်တာပေါ့.။
      ငွေ(ဘက်ဂျက်)ဆိုတာက.. အကျိုးရှိအောင်သုံးစွဲတတ်ဖို့လည်းရှိသေးတယ်လေ..။

      ဆိုတော့..
      ကိုရီးယန်းနိုင်ငံ..။ ကနေဒီယန်းနိုင်ငံ..။ အီရန်နီယန်းနိုင်ငံလို့မရေးရင်အိုကေလောက်ပါတယ်..။ :k:

  • ဦးကြောင်ကြီး

    February 16, 2015 at 12:58 pm

    သန်ဆင်ခိုမ် နဲ့ သံစဉ်ခိုင် ဘယ်ဟာ သက်ပုန် မှံသနီး … ဦးမာမွတ်

  • kai

    March 12, 2015 at 1:46 pm

    တကယ်တော့ မြို့တော်ခမ်းမရှေ့က ပြသနာ ဟာ စုံကော်ဖွဲ့စရာမလိုပါဘူး။
    ဘာသာပြန်သူကို ဖမ်းလိုက်ရင် ရပါတယ်။ အဓိက သူမှားတာပါ။

    အင်္ဂလိပ်အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမှာ ဖေါ်ပြထားတာက လူစုလူဝေးကြီးကို ထိန်းတဲ့အခါမှာ ရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ နယ်မြေက Gentlemen တွေကို ခေါ်ယူထိန်းသိမ်းခိုင်းနိုင်ပါတယ်လို့ဆိုပါတယ်။

    အဲသည်မှာ အဲသည် Gentlemen ကို ဘာသာပြန်တဲ့သူ မှားသွားတာ။

    အင်္ဂလိပ်ပြောတဲ့ Gentlemen ဆိုတာ သိပ်ကို မြင့်ပါတယ်။ ရပ်ရွာက အများလက်ခံတဲ့ လူကြီးလူကောင်းတွေကို ဆိုလိုပါတယ်။ အင်္ဂလိပ်ရဲ့ Gentlemen ဆိုတာကိုက အများကြီးမြင့်ပါတယ်။ (Gentlemen ဟာ သောတာပန်ထက်မြင့်တယ်လို့ ဆိုတဲ့ စာတွေ တောင်ရှိပါတယ်။) အင်္ဂလန်မှာ Gentlemen ဖြစ်ဖို့ က မြန်မာမှာ ဘုရားလူကြီးဖြစ်ဖို့ထက် ခက်ပါတယ်။

    ဒီတော့ ဖြစ်ရမှာက အများက လက်ခံသော Gentlemen တွေကို ခေါ်ယူပြီးသူတို့အနေနဲ့ ရှင်းလင်းပြောပြ ထိန်းသိမ်းဖို့ ရဲကို ကူညီပေးနိုင်ပါတယ်လို့ အမှန်ဘာသာပြန်ရမှာပါ။

    ဒါကို ဘာသာပြန်သူက မှားပြီး Gentlemen ကို အမျိုးသားများ လို့ ဘာသာပြန်လိုက်ပါတယ်။ အဲသည်အတိုင်း အောက်ကို ချပေးလိုက်တော့ တွေ့ကရာ ယောက်ျားတွေ ခေါ်ပြီး လူစုလူဝေးကို ဝိုင်းဖမ်းတဲ့ ပုံပေါက်ပြီး အရုပ်ဆိုးသွားတာပါ။

    ခက်တာက ရန်ကုန်မှာ အိမ်သာတွေက အစ (ကျား) လို့ မရေးပဲ (Gentlemen) လို့ ရေးကြတာကိုလည်း သဘောမကျပါ။ နိုင်ငံတကာမှာလိုပဲ ရု့ပ်ပုံကလေးနဲ့ ပြသင့်တယ်မြင်ပါတယ်။

    တကယ်တော့ ဆူးလေရှေ့က တာဝန်လက်ပတ်ပြသနာဟာ ဘာသာပြန်အမှားပါ။

    ရဲထွန်း
    (ဘာသာပြန်)
    https://www.facebook.com/yto.vivo?fref=nf

Leave a Reply