ပြောရအုံးမယ်​ မိညီမ​ရေ

ပဲပြုတ်​ နံပြား​ပေါ့

အ​တော်​ဂယက်​ထတာ

တနိုင်​ငံလုံး ပဲပြုတ်​ နံပြား အလှူလုပ်​သဗျာ

မည်​သူမဆို စားနိုင်​ပါသည်​ ဘာညာဆိုင်းဘုတ်​​တွေနဲ့

ကောင်းပါတယ်​ ဗိုလ်​ချုပ်​အမှတ်​တရ အ​နေနဲ့လုပ်​တာ

စိတ်​ရင်း ရည်​ရွယ်​ချက်​ကို​တော့ ​ပြောစရာမရှိပါဘူး

ဒါ​ပေမယ့်​ဗျာ ခိညားတို့ စဉ်းစားကျိ

ဗိုလ်​ချုပ်​ရဲ့ ထရိတ်​မာ့ခ်​ က ပဲနံဖြစ်​သင့်​လားဗျာ

ဒီဂျားထဲ ပဲပြုတ်​က ​ဆော်​ဒါပါလို့ ဘလားဘလား ဆိုတဲ့ ကျန်းမာ​ရေးသမား​တွေကတမျိုး

နံပြားက အင်​ဒိယအစာမို့ ဗိုလ်​ချုပ်​ကို ကီလားစာကြိုက်​တယ်​ ​ပြောသူ​တွေကတဖုံ

တကယ်​ဆို ဗိုလ်​ချုပ်​​မွေး​နေ့က က​လေးများ​နေ့ဗျ

ဖတ်​မိသ​လောက်​​တော့ အရင်​က က​လေး အားကစားပြိုင်​ပွဲ​တွေ ကျပန်းစကား​ပြော​တော လုပ်​ကြတယ်

သည်​နှစ်​ ပြည်​​ထောင်​စု​နေ့မှာ အာ့​တွေလုပ်​သဗျာ

ဗိုလ်​ချုပ်​​မွေး​နေ့ကျ​တော့ ပဲနံ ​ပွဲ​တော်​ကြီး ကျင်းပကြတယ်

မဟုတ်​​သေးဘူး​နော

ပဲနံဝိုက်​မယ့်​အစား ပိုက်​ပိုက်​စုပီး က​လေး​တွေကို ဗိုလ်​ချုပ်​ကို ​လေးစားအားကျအတုယူ​စေမယ့်​ အီဗန့်တခုခု လုပ်​သင့်​တယ်​ထင့်

နေရာတိုင်း​တော့မဟုတ်​ပါဘူး က​လေး​တွေပွဲလုပ်​​ပေးတဲ့​နေရာ​တွေလည်း ရှိပါရဲ့

ဒါ​ပေမယ့်​ တချို့ကျ​တော့ လမ်း​တွေပိတ်​ မန်းဒပ်​​ဆေကာက် ပဲနံ​ကျွေး ပြကဒိန်​​ရောင်း ထုံးစံအတိုင်း​လော်​နဲ့​အော်

ဗိုလ်​ချုပ်​သာရှိလို့ မြင်​ရင်​ ​ဆေးရိုးလှမ်းတဲ့ ​စောက်​ကျင့်​​တွေ မပြင်​နိုင်​ကြ​သေးလို့ တန်​ရာတန်​ရာ အစိုးရ ရတာမလွဲိုလို့ ​ပြောမှာအမှန်

သူ့သမီးမြင်​ရင်​လည်း ဒါဒီမို​ခွေစီ ​ဘောင်​လွတ်​တယ်​ ရှုံ့ချမှာ ​အေကန်​ပဲ

က​နေ့ ​ဆေးခန်းသွားတယ်​ အမျိုးဆရာဝန်​ထိုင်​တဲ့​နေရာ

သူ့မိန်းမ အ​မှတ်​မှား အ​ပြောမှားလိုက်​တာ တကယ်​ထိုင်​တဲ့် ​ဆေးခန်းကတခြားမို့ ​ရောက်​​အောင်​​မောင်းလိုက်​တာ မြို့တပါတ်​ပဲ

တလမ်းလုံး မြင်​လိုက်​ရတြဲ့ ကား​တေ်ွ ပိုစတာ​တွေ အလံ​တွေ

ကျန်း ဖြုန်းတီးလိုက်​တဲ့ အချိန်​​တွေ ​ငွေ​တွေ ဆီ​တွေ လုပ်​အား​တွေ အင်​နာဂျီ​တွေ

ပြောချင်​တာက ဂလိုပါ

တကယ်​​လေးစားကြည်​ညိုရင်​ သူလို စိတ်​ထားနိုင်​​အောင်​ ကြိုးစား​ပေါ့

သူ့ရည်​မှန်းချက်​အတွက်​ ၀ိုင်းကူတွန်းကြ​ပေါ့

သူစိတ်​ချသွားနိုင်​​လောက်​​အောင်​ ၀ိုင်းဝန်း​​ပေါ့

 

သူစားတာ လိုက်​စားဖို့မလိုဘူးရယ်

နောင်​ ထမနဲပွဲ​တွေလို တရပ်​ကွက်​နဲ့တရပ်​ကွကိ ပဲနံပြိုင်​ပွဲ​တွေ ဘာ​တွေဖြစ်​လာရင်​ အင်း​မေ့ခ်ျ​အရ​သေဘီဆြာပဲ ပဲနံပွဲ​တော်​​နေ့ဖြစ်​လာပြီး ကမ္ဘာက ​အောင်​ဆန်း ဆိုတာကို ပဲနံနဲ့ပဲ ​ရောမှတ်​ကြလိမ့်​မယ်

မသိရင်​ဘဲ ပဲနံတီထွင်​ခဲ့တဲ့ စားဖိုမှူးကြီးလိုလို

နောက်​တချက်

ကြည်

ဒညင်းသီးနဲ့ ဆူးပုပ်​ရွက်​ ရရင်​ စားချင်​တယ်

လို့များ​ရေးခဲ့တာများဆိုရင်​​တော့ ကျိ​ကောင်းပြီ

ဒါမှမဟုတ်

အာမီရမ်​ နဲ့ ကန်​စွန်းရွက်​​ကြော်​ ဆိုရင်​ ပိုနားကားကိန်းမြင်​တယ်

နောက်​တာမဟုတ်​ပါဘူး ​တွေးမိတာကို ​ရေးတာပါ

ဆုံးသွားပြီဖြစ်​တဲ့ ဆရာမကြီးတ​ယောက်​နဲ့ပါတ်​သတ်​ပြီး သိခွင့်​သင်​ခွင့်​ရလိုက်​တဲ့ စကားတခွန်း ​ပြောပါရ​စေ

ငဒို့ လူမျိုးက ချစ်​တာ နဲ့ မုန်းတာ အ​ပေါ်လိုက်​ပြီး ​ပေးတဲ့အမှတ်​​တွေက အရမ်းခြားနားလွန်းတယ်​ဆိုတာ ပါပဲ

ဒီလို အမြု​တေပမာ တန်​ဖိုးရှိတဲ့လူကြီးရဲ့ တသက်​စာ ဖြတ်​သန်း ခဲ့တဲ့ထဲ မှတ်​သားနာယူ ကိုယ်​စားပြုစရာ ​မြောက်​များစွာထဲကမှ အနှီ ရိုမန်​တစ်​ဆန်​တဲ့ လက်​​ရေးမူမှာပါတဲ့ ပဲနံကို ​ဘောက်​မဲ့​ကြောင့်​ အသဲစွဲတယ်​မသိ

သိန်​ဂါရ ရသ ကို နှစ်​ခြိုက်​တဲ့ အသည်းမမာတဲ့ လူမျိုးစရိုက်​​ကြောင့်​ထင့်

 

ဒုတိယအချက်

လမ်း​တွေပိတ်​​တော့ နဂိုကမှ ကားပိတ်​ ကားရှုပ်​ရတဲ့အထဲ ပိုဒုက္ခ​ရောက်​ကြရတယ်

အဲ့နာရီ​တွေက သန်းချီတဲ့ လူဦး​ရေနဲ့ တွက်​ရင်​ လူတ​ယောက်​ချင်း ခိုးဝှက်​ခံရတဲ့နာရီေ​ပါင်းက သန်းဂဏန်းမ​လျော့ဘူး

သဒင်းကျွတ်​ကျွတ်

တန်​​ဆောင်မုန်းမုန်း

နယူးရီးယားရီးယား

အမျိုးသား​နေ့​နေ့

ဂါးးး

ကြား​ပေါက်​​ဒေသအလိုက်​ ပွဲ​တော်​​တွေနဲ့ဆို

တွက်​ကျိ​ဗျာ

မိဂီ စိတ်​ညစ်​တဲ့ယ့်

ရှေ့ဆက်​​တော့ ဘာဖြစ်​မယ်​မသိ

အိမ်​က ကျန်​ကိုယ်​​တော်​က​တော့ ဂ​နေ့ ဗိုလ်​ချုပ်​​မွေး​နေ့ဆိုတာ​တော့သိတယ်

ဂ​နေ့ အိမ်​လာ​ပေးတဲ့ ပဲနံနှစ်​ထ်ုပ်​ကို မစားဘူး

မုန့်​ဟင်းခါး​ရွေးသွားတယ်

ပီးမှ ထမင်းမစားခင်​ဆာလို့ ဆိုပီးအုပ်​တယ်​​လေ

သား ဂ​နေ့ ဘာ​ကြောင့်​ ပဲနံ​ကျွေးလဲသိလား ဆို​တော့

သိတယ်​​လေ တဲ့ က​နေ့ ဗိုလ်​ချုပ်​​မွေး​နေ့​လေ တဲ့

သူ့အမှတ်​တရ အ​နေနဲ့ သူအရမ်းကြိုက်​တဲ့မုန့်​ကို ​ကျွေးတာ​လေတဲ့

ဒီအရွယ်​​လေးကို မိဂီ နားလည်​​အောင်​ ဘယ်​လိုရှင်းပြရမဲဗျာ

ဗိုလ်​ချုပ်​ခညာ က​လေး​တွေစိတ်​ထဲ ပဲနံပလုပ်​ပ​လောင်းဝါးရင်း ​တော်​လှန်​​ရေးလုပ်​ခဲ့သူကြီးကိုဖြစ်​လို့

အဲ

တခု​တော့စိတယ်

 

ဗိုလ်​ချုပ်​နဲ့ ​မွေး​နေ့တူတဲ့ က​လေးများ​နေ့​မွေးသူ

က​လေးချစ်​တတ်​တဲ့ ဆရာမ​လေးရှိတယ်​​လေ

သူဆိုရင်​​တော့​ပြောပြနိုင်​မလားပဲ

သူ​ပျောက်​​နေတာ ​တော်​​တော်​ကြာပြီ

 

ဟက်​ပီဘာ့သ်​​ဒေးပါ

ဇက်​က​လေး

 

ဒချိဒချိ

 

ဂ​နေ့​တော့ ဟိုဒင်းနဲ့ဟိုဟာ စားပါမည်

 

ပုံ

ကိုအင်​ဂျီး

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011