ကျွန်​ုပ်​ နှင်​့ ပဲနံ

ムラカミFebruary 14, 20151min49128

​ပြောရအုံးမယ်​ မိညီမ​ရေ

ပဲပြုတ်​ နံပြား​ပေါ့

အ​တော်​ဂယက်​ထတာ

တနိုင်​ငံလုံး ပဲပြုတ်​ နံပြား အလှူလုပ်​သဗျာ

မည်​သူမဆို စားနိုင်​ပါသည်​ ဘာညာဆိုင်​းဘုတ်​​တွေနဲ့

​ကောင်​းပါတယ်​ ဗိုလ်​ချုပ်​အမှတ်​တရ အ​နေနဲ့လုပ်​တာ

စိတ်​ရင်​း ရည်​ရွယ်​ချက်​ကို​တော့ ​ပြောစရာမရှိပါဘူး

ဒါ​ပေမယ်​့ဗျာ ခိညားတို့ စဉ်​းစားကျိ

ဗိုလ်​ချုပ်​ရဲ့ ထရိတ်​မာ့ခ်​ က ပဲနံဖြစ်​သင်​့လားဗျာ

ဒီဂျားထဲ ပဲပြုတ်​က ​ဆော်​ဒါပါလို့ ဘလားဘလား ဆိုတဲ့ ကျန်​းမာ​ရေးသမား​တွေကတမျိုး

နံပြားက အင်​ဒိယအစာမို့ ဗိုလ်​ချုပ်​ကို ကီလားစာကြိုက်​တယ်​ ​ပြောသူ​တွေကတဖုံ

တကယ်​ဆို ဗိုလ်​ချုပ်​​မွေး​နေ့က က​လေးများ​နေ့ဗျ

ဖတ်​မိသ​လောက်​​တော့ အရင်​က က​လေး အားကစားပြိုင်​ပွဲ​တွေ ကျပန်​းစကား​ပြော​တော လုပ်​ကြတယ်​

သည်​နှစ်​ ပြည်​​ထောင်​စု​နေ့မှာ အာ့​တွေလုပ်​သဗျာ

ဗိုလ်​ချုပ်​​မွေး​နေ့ကျ​တော့ ပဲနံ ​ပွဲ​တော်​ကြီး ကျင်​းပကြတယ်​

မဟုတ်​​သေးဘူး​နော

ပဲနံဝိုက်​မယ်​့အစား ပိုက်​ပိုက်​စုပီး က​လေး​တွေကို ဗိုလ်​ချုပ်​ကို ​လေးစားအားကျအတုယူ​စေမယ်​့ အီဗန့်တခုခု လုပ်​သင်​့တယ်​ထင်​့

​နေရာတိုင်​း​တော့မဟုတ်​ပါဘူး က​လေး​တွေပွဲလုပ်​​ပေးတဲ့​နေရာ​တွေလည်​း ရှိပါရဲ့

ဒါ​ပေမယ်​့ တချို့ကျ​တော့ လမ်​း​တွေပိတ်​ မန်​းဒပ်​​ဆေကာက် ပဲနံ​ကျွေး ပြကဒိန်​​ရောင်​း ထုံးစံအတိုင်​း​လော်​နဲ့​အော်​

ဗိုလ်​ချုပ်​သာရှိလို့ မြင်​ရင်​ ​ဆေးရိုးလှမ်​းတဲ့ ​စောက်​ကျင်​့​တွေ မပြင်​နိုင်​ကြ​သေးလို့ တန်​ရာတန်​ရာ အစိုးရ ရတာမလွဲိုလို့ ​ပြောမှာအမှန်​

သူ့သမီးမြင်​ရင်​လည်​း ဒါဒီမို​ခွေစီ ​ဘောင်​လွတ်​တယ်​ ရှုံ့ချမှာ ​အေကန်​ပဲ

က​နေ့ ​ဆေးခန်​းသွားတယ်​ အမျိုးဆရာဝန်​ထိုင်​တဲ့​နေရာ

သူ့မိန်​းမ အ​မှတ်​မှား အ​ပြောမှားလိုက်​တာ တကယ်​ထိုင်​တဲ့် ​ဆေးခန်​းကတခြားမို့ ​ရောက်​​အောင်​​မောင်​းလိုက်​တာ မြို့တပါတ်​ပဲ

တလမ်​းလုံး မြင်​လိုက်​ရတြြဲ့ ကား​တေ်ွ ပိုစတာ​တွေ အလံ​တွေ

ကျန်​း ဖြုန်​းတီးလိုက်​တဲ့ အချိန်​​တွေ ​ငွေ​တွေ ဆီ​တွေ လုပ်​အား​တွေ အင်​နာဂျီ​တွေ

​ပြောချင်​တာက ဂလိုပါ

တကယ်​​လေးစားကြည်​ညိုရင်​ သူလို စိတ်​ထားနိုင်​​အောင်​ ကြိုးစား​ပေါ့

သူ့ရည်​မှန်​းချက်​အတွက်​ ဝိုင်​းကူတွန်​းကြ​ပေါ့

သူစိတ်​ချသွားနိုင်​​လောက်​​အောင်​ ဝိုင်​းဝန်​း​​ပေါ့

 

သူစားတာ လိုက်​စားဖို့မလိုဘူးရယ်​

​နောင်​ ထမနဲပွဲ​တွေလို တရပ်​ကွက်​နဲ့တရပ်​ကွကိ ပဲနံပြိုင်​ပွဲ​တွေ ဘာ​တွေဖြစ်​လာရင်​ အင်​း​မေ့ချ်​အရ​သေဘီဆြာပဲ ပဲနံပွဲ​တော်​​နေ့ဖြစ်​လာပြီး ကမာ္ဘက ​အောင်​ဆန်​း ဆိုတာကို ပဲနံနဲ့ပဲ ​ရောမှတ်​ကြလိမ်​့မယ်​

မသိရင်​ဘဲ ပဲနံတီထွင်​ခဲ့တဲ့ စားဖိုမှူးကြီးလိုလို

​နောက်​တချက်​

ကြည်​

ဒညင်​းသီးနဲ့ ဆူးပုပ်​ရွက်​ ရရင်​ စားချင်​တယ်​

လို့များ​ရေးခဲ့တာများဆိုရင်​​တော့ ကျိ​ကောင်​းပြီ

ဒါမှမဟုတ်​

အာမီရမ်​ နဲ့ ကန်​စွန်​းရွက်​​ကြော်​ ဆိုရင်​ ပိုနားကားကိန်​းမြင်​တယ်​

​နောက်​တာမဟုတ်​ပါဘူး ​တွေးမိတာကို ​ရေးတာပါ

ဆုံးသွားပြီဖြစ်​တဲ့ ဆရာမကြီးတ​ယောက်​နဲ့ပါတ်​သတ်​ပြီး သိခွင်​့သင်​ခွင်​့ရလိုက်​တဲ့ စကားတခွန်​း ​ပြောပါရ​စေ

ငဒို့ လူမျိုးက ချစ်​တာ နဲ့ မုန်​းတာ အ​ပေါ်လိုက်​ပြီး ​ပေးတဲ့အမှတ်​​တွေက အရမ်​းခြားနားလွန်​းတယ်​ဆိုတာ ပါပဲ

ဒီလို အမြု​တေပမာ တန်​ဖိုးရှိတဲ့လူကြီးရဲ့ တသက်​စာ ဖြတ်​သန်​း ခဲ့တဲ့ထဲ မှတ်​သားနာယူ ကိုယ်​စားပြုစရာ ​မြောက်​များစွာထဲကမှ အနှီ ရိုမန်​တစ်​ဆန်​တဲ့ လက်​​ရေးမူမှာပါတဲ့ ပဲနံကို ​ဘောက်​မဲ့​ကြောင်​့ အသဲစွဲတယ်​မသိ

သိန်​ဂါရ ရသ ကို နှစ်​ခြိုက်​တဲ့ အသည်​းမမာတဲ့ လူမျိုးစရိုက်​​ကြောင်​့ထင်​့

 

ဒုတိယအချက်​

လမ်​း​တွေပိတ်​​တော့ နဂိုကမှ ကားပိတ်​ ကားရှုပ်​ရတဲ့အထဲ ပိုဒုက္ခ​ရောက်​ကြရတယ်​

အဲ့နာရီ​တွေက သန်​းချီတဲ့ လူဦး​ရေနဲ့ တွက်​ရင်​ လူတ​ယောက်​ချင်​း ခိုးဝှက်​ခံရတဲ့နာရီေ​ပါင်​​းက သန်​းဂဏန်​းမ​လျော့ဘူး

သဒင်​းကျွတ်​ကျွတ်​

တန်​​ဆောင်မုန်​းမုန်​း

နယူးရီးယားရီးယား

အမျိုးသား​နေ့​နေ့

ဂါးးး

ကြား​ပေါက်​​ဒေသအလိုက်​ ပွဲ​တော်​​တွေနဲ့ဆို

တွက်​ကျိ​ဗျာ

မိဂီ စိတ်​ညစ်​တဲ့ယ်​့

​ရှေ့ဆက်​​တော့ ဘာဖြစ်​မယ်​မသိ

အိမ်​က ကျန်​ကိုယ်​​တော်​က​တော့ ဂ​နေ့ ဗိုလ်​ချုပ်​​မွေး​နေ့ဆိုတာ​တော့သိတယ်​

ဂ​နေ့ အိမ်​လာ​ပေးတဲ့ ပဲနံနှစ်​ထု်ပ်​ကို မစားဘူး

မုန်​့ဟင်​းခါး​ရွေးသွားတယ်​

ပီးမှ ထမင်​းမစားခင်​ဆာလို့ ဆိုပီးအုပ်​တယ်​​လေ

သား ဂ​နေ့ ဘာ​ကြောင်​့ ပဲနံ​ကျွေးလဲသိလား ဆို​တော့

သိတယ်​​လေ တဲ့ က​နေ့ ဗိုလ်​ချုပ်​​မွေး​နေ့​လေ တဲ့

သူ့အမှတ်​တရ အ​နေနဲ့ သူအရမ်​းကြိုက်​တဲ့မုန်​့ကို ​ကျွေးတာ​လေတဲ့

ဒီအရွယ်​​လေးကို မိဂီ နားလည်​​အောင်​ ဘယ်​လိုရှင်​းပြရမဲဗျာ

ဗိုလ်​ချုပ်​ခညာ က​လေး​တွေစိတ်​ထဲ ပဲနံပလုပ်​ပ​လောင်​းဝါးရင်​း ​တော်​လှန်​​ရေးလုပ်​ခဲ့သူကြီးကိုဖြစ်​လို့

အဲ

တခု​တော့စိတယ်

 

ဗိုလ်​ချုပ်​နဲ့ ​မွေး​နေ့တူတဲ့ က​လေးများ​နေ့​မွေးသူ

က​လေးချစ်​တတ်​တဲ့ ဆရာမ​လေးရှိတယ်​​လေ

သူဆိုရင်​​တော့​ပြောပြနိုင်​မလားပဲ

သူ​ပျောက်​​နေတာ ​တော်​​တော်​ကြာပြီ

 

ဟက်​ပီဘာ့သ်​​ဒေးပါ

ဇက်​က​လေး

 

ဒချိဒချိ

 

ဂ​နေ့​တော့ ဟိုဒင်​းနဲ့ဟိုဟာ စားပါမည်​

 

ပုံ

ကိုအင်​ဂျီး

28 comments

  • မြစပဲရိုး

    February 14, 2015 at 3:18 am

    ဒီ နေ့ မိုးဇက်လေး မွေးနေ့လား။
    ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ မိုးZ ရေ။
    မောင်ဂီ ပြောသလိုဘဲ တစ်ခါသား ရွာထဲမယ် စာရေးကောင်းတဲ့ ကလေးချစ်တတ်တဲ့ မိန်းကလေး ကို အရီး လဲ မကြာမကြာ သတိရပါတယ်။
    ဘာလုပ်နေလဲ သိချင်သား။

    မောင်ဂီ
    တကယ်လား။
    ပဲ နံပြား သည် တွေ ဟန်ကျတာပေါ့။
    ကျန်ကိုယ်တော်လေး ကတော့ တော်သကွယ်။ :))
    ဒါကြောင့် ဟိုဘက်မှာ မောင်ကာကြီး ပြောနေတာကိုး။ ဘဲကင် နဲ့ ခေါက်ဆွဲကြော် ဆိုတာ။

    လော်ကိစ္စ နဲ့ လမ်းပိတ်ကိစ္စ ကတော့ တိုင်ပေါ့ကွယ်။
    တိုင်တာကို ဂရုမစိုက်ရင် ဆိုင်းပေါက်ပေါက်ကိုင်ပြီး တစ်ကိုယ်တော်စန္ဒာပြ အေ။
    lol:-)))))

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 14, 2015 at 3:26 am

      သဒိရတာဂျင်​းသာ တူမယ်​ဆိုရင်​ ​ကျေ်ာ့ဘက်​က ပိုပါဒယ်​​လေ
      🙂
      ငိငိ
      ဆဲ​ဇေသဒီး

      • မြစပဲရိုး

        February 14, 2015 at 4:18 am

        ဒါနဲ့ ဒီအချိန်ကြီးမှာ အလုပ်လုပ် နေတယ်ပေါ့လေ။
        . တော်လိုက်တဲ့ ငါ့တူလေး။
        မာ့ကက်တင်း စာအုပ်ကြီး ခေါင်းအုံးလုပ် အိပ်နေလား။ :))
        မော်ဒယ်မမ လေး တွေ နဲ့ တော့ လဲ မပစ် လိုက်ပါနဲ့။

        • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

          February 14, 2015 at 5:14 am

          အထင်​ကြီးခံရ နည်​းလားဆိုပီးနက်​ဖြန်​ အိမ်​မှာပုန်​းအိပ်​​နေမယ့်​တူတူ ဂ​နေ့ည အိပ်​မရလို့ ​ရွှေရင်​ရှုပ်​ထိုင်​ကျိမိ​နေတာမဆန်​း
          🙂
          Nihon Go No Fukufhuu

          ​ကျော်​က ​တောင်​ဆို ​မြောက်​​ရောက်​တတ်​တာ​လေ
          ငိငိ

          အဘအူးတန်​း​ချွေ ကျမ္မာပါဇီ
          ဗီလိန်​​တေ ဇာတ်​ရုပ်​မပီရင်​ မင်​း​တား​တွေ ဘိုလုပ်​မဲ
          🙂

        • မြစပဲရိုး

          February 14, 2015 at 5:33 am

          တစ်ချို့ ဗီလိန် တွေ က ချစ်ဖို့ကောင်းပါတယ်။
          (ဦး)အံ့ကျော် ပေါ့။
          ရွှေလဲ တစ်ချိန် ကိုအံ့ကျော် လို ထန်းလျက်တောင်းကြီး ထမ်းပြီး နွားလှည်းကြီး နောက် ပြေးလိုက် ပေး ရင်
          ထစ်ကနဲ ဆို အီမိုရှင်းများတတ်တဲ့ တို့ရွှေပြည်သူ/သား များ သနား သွားကြမဲ့ ဖြစ်ချင်း။ 😉

        • ခင်ဇော်

          February 14, 2015 at 6:47 am

          အတိတ်မေ့သူများရဲ့နိုင်ငံ

          😥

    • Mr. MarGa

      February 14, 2015 at 10:03 am

      ဆူးလေမှာ ဆိုင်းဘုတ်ကိုင်ပြီးသာ လမ်းလျှောက်ခိုင်းလိုက်ပါတော့ဗျာ..

  • ခင်ဇော်

    February 14, 2015 at 6:49 am

    သိပ်တော့လည်း အပြစ်မမြင်ကြပါနဲ့ …

    “ ကြည် … ရနိုင်ရင် ပဲပြုတ် နဲ့ နံပြား စားချင်တယ် ” ဆိုတာ

    ဗိုလ်ချုပ်ရဲ့ ချစ်ခြင်းမေတ္တာသံ ပါတဲ့ စကားသံ … “ ကြည် ”

    ဗိုလ်ချုပ်ရဲ့ အမိန့်အာဏာသံ မပါတဲ့ အသံ “ ရနိုင်ရင် ”

    ဗိုလ်ချုပ်ရဲ့ ရိုးရှင်းပွင့်လင်းပြီး တပ်မက်မှု ကင်းတဲ့

    တောင်းဆိုမှု “ ပဲပြုတ်နဲ့ နံပြား ” တဲ့လေ …။

    ဗော်ဒဂါ နဲ့ ကာဗီယာ ငါးဥ စားချင်တာ မဟုတ်ခဲ့ပါဘူး ။

    ဒီသဘောတွေကြောင့် သမိုင်းဝင် စကား ဖြစ်ခဲ့တာ ပါ ။။

    ဒီတော့ အမှတ်တရ အနေနဲ့ ( အထူးသဖြင့် မျိုးဆက်သစ်တွေ

    စိတ်ထဲစွဲ မှတ်မိသွားအောင် ပဲပြုတ်နဲ့ နံပြား ကျွေးကြတာပါ )

    မှန်ပါတယ် ။ အိုဗာတင်း ၊ ဟော်လစ် ၊မိုင်လိုတွေနဲ့

    မျိုးဆက်သစ်လေးတွေ ကျန်းမာသန်စွမ်း ဉာဏ်ပညာ

    ထက်မြက်စေဖို့ ကျွေးမယ်ဆိုလည်း ကောင်းပါတယ် ။

    ကျွေးပါ ။ ဒါပေမယ့် ပဲပြုတ်နဲ့ နံပြားကိုလည်း ပြားကြ

    ပါစေ … ဗျာ ။ အပြစ်မမြင်ကြပါနဲ့ ခမျ ။ တနှစ်မှ တရက်ထဲပါ ။

    နောက်တချက် ဟောပြောပွဲတွေ နဲ့ သမိုင်းထဲက ဗိုလ်ချုပ်

    စကားတွေ ၊ အပြုအမူတွေကိုလည်း လက်ဆင့်ကမ်း မျှဝေ

    နေကြတာပဲ မဟုတ်လား ။။။။

    ကဲ … ဒီနေ့ ဘာအမှတ်တရပဲ လုပ်လုပ် အားလုံးကို

    ချစ်တဲ့ မျက်လုံးနဲ့ ပဲ ကြည့်လိုက်ကြရအောင် ပါ …။

    ဘရန်ဆို်င်း ။

    • Ma Ma

      February 14, 2015 at 8:55 am

      I totally agree with KZ. 🙂

    • ခင်ဇော်

      February 14, 2015 at 10:24 am

      “ခါတော်မီ စာအတိုုအစ – ပဲပြုတ် နဲ့ နံပြား“
      ………

      ကျွန်တော့်မှာ “ပန်းသီး“ အမြင်ကတ်တဲ့ ရောဂါရှိခဲ့ဖူးတယ်။

      လူတွေက “ပန်းသီး“ မှ “ပန်းသီး“ သဲသဲလှုပ်ဖြစ်နေကြတာကိုု မြင်ရတော့ အလိုုလိုု အမြင်ကတ်ရောဂါ ရလာခဲ့တာ။ “ပန်းသီး“ က ပစ္စည်းတစ်ခုု ထုုတ်တယ်ဆိုုရင် .. ညအိပ်ပြီး တန်းစီဝယ်တာတိုု့၊ “ပန်းသီး“ က ထုုတ်တဲ့ ကုုန်ပစ္စည်းကိုု မကိုုင်ရရင်ကိုု မနေနိုုင်အောင် ဖြစ်နေတာတိုု့ကိုု မြင်ပြီး “မြင်ပြင်းကပ်“ တဲ့ ရောဂါ ရလာခဲ့ဖူးတယ်။

      ဒါကိုုပဲ ဂုုဏ်တစ်ခုုလိုု ယူဆပြီး “ဂုုဏ်ယူ“ ခဲ့ယူတယ်။ အများက ရောရောယောင်ယောင် လုုပ်တိုုင်း ငါက လိုုက်မလုုပ်ဘူး။ အဲဒီ သဲသဲလှုပ်နေတာတွေကိုု အမြင်ကတ်လိုု့ပေါ့။ သူများတဲ့ ထူးခြားတဲ့ အမြင်ရှိသူပေါ့။ ဘဝင်ကလေးကလည်း မြင့်လိုု့။ မဝယ်နိုုင်လိုု့ မကိုုင်တာ မဟုုတ်ဘူး။ သဲသဲလှုပ်ဖြစ်နေတာကိုု အမြင်ကတ်လိုု့ မကိုုင်တာပေါ့။

      အဲဒီလိုု ဖြစ်နေတဲ့ စိတ်ကိုု သတိမထားမိလေတော့ ဒါကိုု အမှန်အမှား မသုုံးသပ်မိဘဲ ကိုုယ့်ယူဆချက်နဲ့ကိုုယ် “ငါကွ“ ဖြစ်နေမိတယ်။ သူများထက် ထူးခြားတဲ့ အမြင်ရှိသူ ဆိုုပြီးတော့ .. ကိုုယ့်ကိုုယ်ကိုုတောင် ကျေနပ်နေသေးတယ်။

      ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ … တကယ်လိုု့ သူ့ကုုန်ပစ္စည်းဟာ အရည်အသွေးလည်း ကောင်းတယ်၊ ဈေးနှုန်းလည်း အဆင်ပြေတယ်။ အခြား ကုုန်ပစ္စည်းတွေနဲ့ ယှဉ်ရင်လည်း ပေးရတဲ့ ဈေးနဲ့ ထိုုက်တန်တယ်။ ကိုုယ့်လိုုအပ်ချက်နဲ့လည်း ကိုုက်ညီတယ် ဆိုုရင် .. သူများတွေ “သဲသဲလှုပ်“ ဖြစ်တိုုင်း ကိုုယ်က အမြင်ကတ်ပြီး “ပန်းသီး“ ဆိုု မသုုံးဘူးလိုု့ဆိုုပြီး ဘဝင်မြင့်နေတာ မှန်ရဲ့လားပေါ့။

      အဲဒီမှာ ကိုုယ့်ဘာသာ ကိုုယ့်စိတ်ကိုု ပြုပြင်ယူမိတယ်။ သူများတွေရဲ့ အပြုအမူ (ပြင်ပ ဖြစ်တည်နေမှု) ဟာ ကိုုယ့်အတွက် ခံယူချက် (သက်ရောက်မှု) တစ်ခုု ဖြစ်စေတာထက် .. ကိုုယ့်ရဲ့ တိုုင်းတာသင့်တဲ့ ပေတံတွေနဲ့ တိုုင်းပြီး “ခံယူချက်“ တည်ဆောက်ဖိုု့ဟာ ပိုုအရေးကြီးတယ်လိုု့ ခံစားမိတယ်။ ဥပမာ … “ပန်းသီး“ ကုုမ္ဗဏီဟာ မဟုုတ်တာတွေ လုုပ်တယ်။ အလုုပ်သမားတွေကိုု ကျွန်တွေလိုု ဖိနှိပ် ခိုုင်းစေပြီး ကုုန်ပစ္စည်း ထုုတ်တယ်။ အလုုပ်သမားတွေက မကျေမနပ်ဖြစ်တယ်။ သူတိုု့ ကုုန်ပစ္စည်းဟာ သွေးစွန်းနေတဲ့ ပစ္စည်းဖြစ်တယ်။ ဒါကြောင့် သူ့ပစ္စည်းကိုု မသုုံးဘူး ဆိုတာမျိုးသာ ဖြစ်သင့်တယ်။ သူများတွေ သဲသဲလှုပ်နေတိုုင်း “အမြင်ကတ်ရောဂါ“ နဲ့ မသုုံးဘူး ဆိုုတာမျိုးဟာ … အများထက်ထူးခြင်လိုု့ .. နဖူးမှာ ဂျိုပေါက်တဲ့ အူကြောင်ကြောင် စိတ်ဓါတ်လိုု့ပဲ ကိုုယ့်ကိုုကိုုယ် ပြန်မြင်မိတယ်။

      .. အော် … ပြောချင်တာက ဗိုုလ်ချုပ် အောင်ဆန်း နှစ် ၁၀ဝ ပြည့်မှာ “ပဲပြုတ် နဲ့ နံပြား“ – “အမြင်ကတ်ရောဂါပိုုး“ ပျံနှံ့လာနေမှုရဲ့ ဂျိုပေါက်နေတဲ့ စိတ်ထားအတွက် “စိတ်ရောဂါ“ ကာကွယ်ရေးအတွက် စဉ်းစားမိတဲ့ စာတိုုလေးတစ်ပုုဒ်ရယ်ပါ။

      (ကိုုထိုုက်)

      :k:

      • pooch

        February 14, 2015 at 10:42 am

        ဟိုဟာလေ စိုင်းစိုင်းအမြင်ကတ်ရောဂါကလည်း အဲ့လိုပဲ လို့ ငါကွ :loll:

      • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

        February 14, 2015 at 10:53 am

        ပန်​းသီးသုံးပြီး ပန်​းသီးဘာ​တွေမ​ကောင်​းတာလည်​း ဂဃနဏ သိသူကျ​တော့ စမတ်​ကျတယ်​ ​ခေါ်သဗျ

        စိုင်​းစိုင်​းခင်​လှိုင်​​တော့ နားမ​ထောင်​​ပေါင်​

        • ဝင့်ပြုံးမြင့်

          February 14, 2015 at 3:24 pm

          .ဂီဂီ ကျမ္မာပါဇီ။
          .လွတ်သောငါးများ ကြီးပါဇီ။
          PS ပို့စ်လေးကတော့ တအားကောင်း။

  • Nyo Win

    February 14, 2015 at 9:40 am

    ဒါနဲ ့ ဘယ်လိုလုပ် “ဂါးးး” ကပါလာသတုန်း…… 🙂

  • ဦးကျောက်ခဲ

    February 14, 2015 at 10:54 am

    ဖေဖော်ဝါရီ ၁၃ … ပဲပြုတ် နဲ့ နံပြား
    ဖေဖော်ဝါရီ ၁၄ … ချောကလက် နဲ့ ဆမူစာ
    ဘာစားမလဲ … ကြိုက်ရာကိုရွေး… ဟီ ဟိ
    :k:

  • black chaw

    February 14, 2015 at 11:09 am

    မောင်ဂီ ပြောသွားတာလေးကလည်း ထောက်ခံချင်စရာကောင်းလောက်အောင်
    ဆက်စီ ဖြစ်ခဲ့ပါရဲ့…။
    ခင်ဇော်ယီး ပြောသွားတာလေးကလည်း ကန့်ကွက်ချင်စရာ တစ်ကွက်မှ မရှိလောက်အောင်
    ဆက်စီ ဖြစ်ခဲ့ပါရဲ့…။
    ဆိုတော့ကာ…
    မောင်ဂီ့ စကားကိုပဲ ယူသုံးလိုက်ပါတော့မယ်…။
    တစ်နေ့ မုချ သေရမည်…။
    မသေခင် လုပ်ချင်တာ လုပ်ကြ…။
    စိတ်ညစ်တဲ့ယ်…။
    :k:

  • kai

    February 14, 2015 at 2:29 pm

    စိတ်မချရဘူး..
    တော်ကြာစာလုံးအတိအကျပျောက်သွားမှာစိုးလို့..။ သမိုင်းမှတ်တမ်းထားတာ..။

    ကြည်/
    ပဲပြုတ်နှင့် နံပြားရ
    ရင်. စါးချင်တယ်
    – အောင်ဆန်း

    :k:
    ဆိုတော့…
    ပို့စ်ပါအကြောင်းအရာကို.. ထူးထောက်ခံသဗျ..။
    လိုရင်းပြောရရင်တော့.. အောင်ဆန်းကိုချစ်ရင်.. အောင်ဆန်းထက်တော်တယ်လို့.. ကမ္ဘာကအသိအမှတ်ပြုတဲ့..
    အတိဇာတသမီး အောင်ဆန်းစုကြည် ပြောတာလုပ်ကြ..။
    ဒါပဲ..။

    • အလင်းဆက်

      February 14, 2015 at 2:39 pm

      ကျနော်လည်း ပိုစ့်ကို ထောက်ခံတယ်..
      ကိုဂီ ့ အစိုကို သဘူတောတယ်.. ။

      ——-
      သူကြီး က သခင်အောင်ဆန်း လက်ရေးစာမူလေး ပြလို့ သတိရသွားတာတစ်ခုက…
      ဗို်လ်ချုပ်ရုပ်ရှင်ထဲက ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်သူက …အောင်ဆန်းဆိုတဲ့ လက်မှတ်ထိုးတဲ့ အခန်း…
      အင်္ဂလိပ်လို Aung San လို့…စာမှာ လက်မှတ်ထိုးလိုက်တာနော…
      တကယ့် သခင်အောင်ဆန်းက တော့ ဗမာလိုပဲ..သူ့နာမည်ကို ရေးမယ်ထင်ရဲ့…

      😆

      • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

        February 14, 2015 at 4:26 pm

        အမှတ်​မမှားရင်​ ​နေရူးဆီ​ရေးတဲ့စာ​လေဗျာ
        ဇာတ်​လမ်​းမှာ ​ဗမာလိုဖတ်​ပြ​ပေမယ်​့ ​ရေး​တော့ ဘိုလို​ရေးမှာ​လေဗျာ
        ဆို​တော့ ဆိုင်​းကို ဘိုလိုထိုးတယ်​လို့ ယူဆနိုင်​ပါတယ်​

        ဗမာလို​ရေးတဲ့စာ​တွေကို​တော့ ဗမာလိုထိုးလိမ်​့မ​ပေါ့​လေ

        သည်​​တော့​ကောက်​ချက်​ချ
        ဗိုလ်​ချုပ်​မှာ ဆိုင်​းနှစ်​မျိုးရှိသည်​ဟူသတတ်​

        သူဂျပန်​လို​ကော စာ​ရေး​သေးသလားမသိ
        ဟီး

        • မြစပဲရိုး

          February 14, 2015 at 5:08 pm

          အောင်ဆန်း အက်တလီ စာချုပ် မှာ Sign Initial က AS ဖြစ်ပြီး ဘိုလို ဆိုင်းထိုးထားပါတယ်။
          သက်သေ ပုံ အဖြစ် သူကြီး မင်း ဆီပို့ လိုက်ပါ့မယ်။
          သူကြီး ဖြည့်ပေးပါရှင့်။ :))
          =

          တောင်းဆိုချက်အရဖြည့်..

        • kai

          February 14, 2015 at 5:11 pm

          တင်ပေးပါ့မယ်..။
          သခင်အောင်ဆန်းစကားထဲ.. ကျုပ်အင်္ဂလိပ်လူမျိုးတွေကိုမမုန်းပါဘူး.. ဆိုတဲ့.. စကားရှိဖူးတယ်မှတ်မိတယ်..။
          ပြန်ရှာတာမတွေ့လို့.. ရသူသိသူများ..တင်ထားပေးစေချင်..။

        • မြစပဲရိုး

          February 14, 2015 at 5:13 pm

          ပို့ပြီး။ ကျေးဇူး။ :))

  • မြစပဲရိုး

    February 14, 2015 at 6:52 pm

    သူကြီးမင်း စ ပြောတော့ ဒီ အရူးမ ကလဲ ကွေးနေအောင် ကချင်တာ နဲ့ စာအုပ် ပြန်ရှာဖတ် နေပါတယ်။
    အခုဟာ ကို လဲ ဖတ်ရင်း သဘောကျ လွန်းလို့ တစ်ချို့ စာပိုဒ် တွေ တင်ပေး လိုက်ပါတယ်။
    ဒီ ကျောင်းသား လေး တွေ ကို ဖတ်စေချင်လိုက်တာ။

    ++++++++++++++++++++++++++++++++++++++++
    ယူတတ်မှရမယ်။
    (၁၉၄ရဖေဖဝါရီ ၄ရက် ည ရနာရီ ခွဲ အသံလွှင့်ရုံမှ တိုင်းပြည်သို့ ပြောကြား သော ဘိလပ်ပြန် မိန့်ခွန်း)

    အခု တိုင်းပြည် ကို အတိအလင်း ကျုပ်ပြောချင်တယ်။
    လွတ်လပ်ရေး ကို အေးအေးချမ်းချမ်း ရနိုင်မဲ့နည်းလမ်း ကျုပ်တို့ရပြီလို့ ကျုပ်ထင်တယ်။
    အေးအေးချမ်းချမ်း ရနိုင်ရက်နဲ့ ဆူဆူပူပူ လုပ်ချင်တယ် ဆိုတဲ့ လူဟာ အရူးတွေဘဲ။
    ကျုပ်ပြောတာမှန်မမှန် တစ်နှစ်သာ စောင့်ကြည့်ပါ။

    ဗမာပြည် ကို လူမလေး ခွေးမခန့် ဖြစ်နေတဲ့ နေရာက တကမ႓ာလုံးက ဗမာပြည် အရေး ကို ဂရုစိုက်လာရအောင် ကျုပ်ဘဲ ဆွဲတင်ခဲ့ရတယ်။
    အခု ကျုပ်အစိုးရအဖွဲ့ထဲ ဝင်လာတဲ့ နေ့ကစပြီး တိုင်းပြည်သိ ကျုပ်တို့ တိုင်းပြည်အတွက်လုပ်နေတာတွေ ကို ခင်ဗျားတို့ အမြင်ဘဲ မဟုတ်လား။
    အခုလဲဘဲ တိုင်းပြုပြည်ပြု လွှတ်တော် ကိုရအောင် လုပ်ခဲ့တယ်။
    ကြားဖြတ်အစိုးရကိုလဲ အာဏာရအောင်လုပ်ခဲ့တယ်။
    တောင်တန်းများကို ကျုပ်တို့လို တန်းတူ အခွင့်အရေးပေးမယ် ဆိုတဲ့ မူလဲ ရခဲ့တယ်။
    ဒါတင်မကသေးဘူး။
    တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်စရာရှိခဲ့အခါ ကျုပ်စွန့်ခဲ့တယ် မဟုတ်လား။
    ရှေ့ ကိုလဲ စွန့်စရာ ပေါ်သေးရင် ကျုပ် စွန့်ပြီး လုပ်ရန် အသင့်ပါဘဲ။

    ဒါပေမဲ့ ကျုပ်ဟာ တိုင်းပြည်ကို အရမ်းမဲ့ ဗြောင်းဆန်အောင် ကျုပ်မလုပ်လိုဘူး။
    ကျုပ်ဟာ နိုင်ငံရေးစတန့်မင်းသား မဟုတ်ဘူး။
    ကျုပ် ရဲရဲကြီး အာမခံတယ်။
    ကျုပ်ရဲ့ ခေါင်းဆောင်မှု ကို ယုံယုံကြည်ကြည် နဲ့ လိုက်ကြပါ။
    တစ်နှစ်အတွင်း မြန်မာပြည် လွတ်လပ်ရေး ရစေမယ်။
    ရတဲ့နေရာမှာလဲ အရမ်းမဲ့ အင်အားမကုန်ဘဲ အေးအေးဆေးဆေး ဖြစ်နိုင်သမျှ ဖြစ်စေရမယ်။
    ကျုပ်ဟာကျုပ် ဂတိ ကို မဖျက်ခဲ့ဘူး ဆိုတာ ခင်ဗျား တို့ သိတယ်မဟုတ်လား။

    ဖ၊ ဆ၊ ပ၊ လ မှာ ဖြစ်ဖြစ်၊ ကျုပ်ခေါင်းဆောင် တဲ့ အစိုးရ အဖွဲ့မှာ ဖြစ်ဖြစ် ငွေရေး ကြေးရေး နဲ့ ပါတ်သက်ပြီး တပြားတချပ် လိမ်ကောက်တာ ကို ကျုပ်သိရင် သည်းမခံနိုင်ဘူး။
    အဲဒါမျိုးကို ခင်ဗျားတို့ သိရင် ကျုပ်ကို ကျကျနန လာပြောပါ။
    ဘယ်လောက်ကြီးတဲ့ လူ ဖြစ်ဖြစ် ကျုပ် အရေးယူမယ် ဆိုတာ အတိအလင်း ကျုပ်ပြောလိုတယ်။

    နောက်ဆုံး ကျုပ်ပြောလိုတာက ကျုပ်ဟာ ဗမာပြည် လွတ်လပ်တဲ့အခါ အင်္ဂလိပ် နဲ့ မိတ်ဆွေအရင်းအချာ သဘောဖြစ်စေချင်တယ်။
    အကြောင်းကြောင်း တွေ ကို ပြောရမယ် ဆိုရင် ရှည်လျား နေမယ်။
    တကြောင်းဘဲ ကျုပ်ပြောခဲ့မယ်။
    နိုင်ငံချင်းပေါင်းရတယ် ဆိုတာ အားသိပ်မကြီးတဲ့ နိုင်ငံနဲ့ ပေါင်းရင် အနိုင်ကျင့်ခံစရာမရှိဘူး။
    တဦးကိုတဦးလဲ အား ဖြည့် နိုင်တယ်။
    အားသိပ်ကြီး တဲ့ နိုင်ငံ နဲ့ ပေါင်းရ မယ် ဆိုရင် အနိုင်အကျင့်ခံ ရသလောက်ခံရမှာဘဲ။
    အဲဒါဟာ ကမ႓ာ့နိုင်ငံရေးဘဲ။
    ဒါကြောင့် ကျုပ်တော့ ခင်ဗျားတို့ ပြောချင်တာပြော။
    လွတ်လပ်တဲ့ ဗမာပြည်ဟာ အင်္ဂလိပ် နဲ့ ပေါင်းသင့်တယ်လို့ ကျုပ် အခု ကထဲ က အတိအလင်း ပြောထားချင်တယ်။

    ++++++++++++++++++++++++++++

    စဉ်းစားနေတယ်။
    တစ်အုပ်လုံး ကို ဖြေးဖြေးချင်း ရိုက်တင် ရ မလားလို့။
    စကားလုံး တိုင်း က တစ်အား ပါဝါကြီး တာ။
    သူကြီး ပြောတဲ့ စကားလုံး တစ်နေရာတော့ တွေ့ မယ် မှန်းတယ်။
    ပြီးရင် ဘုန်းကြီး များ ကို ဟောတဲ့ တရား တင်ဦးမယ်။

    သူကြီး ဒီ စာအုပ်ထဲ မယ်။ အမေရိကန်နိုင်ငံ တဲ့၊ အမေရိကန်ပြည်ထောင်စု တဲ့။
    သူလဲ ဂလို ဘဲ ခေါ်ခဲ့တာကို။
    ဆိုတော့ အကြောင်းရင်းသာရှာပါလေ။
    သများ တို့ ကျ မှ ထွင်ခေါ်တာ ဝုတ်ဘူး။ 😉

    • kai

      February 14, 2015 at 7:01 pm

      စာလုံးပြင်ဖို့က..သူ့အလုပ်မှမဟုတ်ပဲလေ..။
      စာပေသမားတွေအလုပ်..မီဒီယာသမားတွေအလုပ်..အယ်ဒီတာတွေအလုပ်ပါ…။
      အခုခေတ်မှာတော့.. အကြီးအကဲစကားပြောရင်..မိန့်ခွန်းရေးရတဲ့ ပရိုဆိုတာသတ်သတ်ရှိတယ်..။
      အဲလိုလူတွေလိုမှာပေါ့..

      တကယ်ကတော့.. အလောင်းဘုရားလက်ထက်လောက်ကတည်းက.. အမေရိကံပြည်ထောင်စုလို့..ပေလွှာထဲရေးတာတွေ့ဖူးတယ်..။
      ကကြီးကညစ်နဲ့ခြစ်ရေးနေတုံး.. အပေါ်က..အချွန်တခုခုများကလေးဆော့လို့ပြုတ်ကျပြီး.. အစက်တစက်ပိုသွားသလားမသိ.. :k:

  • မွသဲ ( 17082011 )

    February 14, 2015 at 9:17 pm

    တခါတလေလေးမြန်းအကောင်းမြင်ဖူးတယ်ရှိအောင်မြင်ကြည့်လိုက်ပါအူးမိမိဂီရယ်။ တကတဲကန့်လန့်တိုက်ဂွတီးဂွကိပြောရမယ်ဆိုရှေ့ဆုံးက

  • padonmar

    February 14, 2015 at 10:24 pm

    ဂီ့ကို ထောက်ခံပါတယ်။
    သူ့ကို ချစ်ရင် သူဖြစ်စေချင်တာတွေ ဖြစ်အောင်လုပ်ပေးကြရမှာ။
    သူ့ကို လေးစားရင် သူလျှှောက်ခဲ့တဲ့ လမ်း ဖြောင့်အောင် ဆက်လှမ်းကြရမှာ။
    သူစားတာတွေ လိုက်စားတဲ့ နေရာမှာ ရပ်မနေသင့်ဘူး။
    ကမှော်တို့ မြန်အောင်မှာ ဗိုလ်ချုပ်ဓာတ်ပုံတွေ ကာလာသွင်းပြီး ပုံပေါင်း ၁၀ဝ ပြပွဲ လုပ်တယ်။ကလေးတွေကို ဗိုလ်ချုပ်အကြောင်း ပြောပြကြတယ်။
    သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ။
    ……..
    Moe Z ကလေးကို အန်တီလည်း သတိရနေတာ။လက်က မရောက်ဖြစ်လိုက်လို့။

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 15, 2015 at 2:15 am

      ဇက်​က​လေးက အူးခိုင်​ကိုချဉ်​လို့မလာ​တော့တာဖြစ်​မယ်​
      သူက ဘူနဲ့မှ ရန်​မဖြစ်​တတ်​ဝူး

      မီးဒုတ်​မီးဒုတ်​ ရှို့ရှို့ဗျာ
      🙂

  • La Yeik

    February 20, 2015 at 9:21 am

    သာမီးကဒေါ့ ပဲပြုတ်နဲ့ နံပြား ကြိုက်တော့ အဆင်ပြေတယ်…အူးလေးလည်း နံပြားကြိုက်တယ်မား…အာဟိ

Leave a Reply