ရယ်ရယုံ (၃၈)

etoneAugust 20, 20102min460

ယောက္ခမ

ခိုးရာလိုက်မည့် ချစ်သူကို ကောင်လေး ကြည့်၍ မေးလိုက်သည်…

“အချစ် …. ဟင် .. ခိုးရာလိုက်တယ်လည်းဆိုသေး .. ဘာပစ္စည်းမှလည်းယူမလာပါလား . . .

“ဒီညတညတည်းပဲကိုကိုရယ်.ဘာယူရဦးမှာလဲမေမေကမှာလိုက်တယ်.

ခိုးပြေးတယ်ဆိုတာ စတိသဘောလောက်ဆ တော်ရောပေါ့တဲ့၊
မနက်ကျရင်နှစ်ယောက်စလုံး စောစောပြန်လာကြတဲ့။ ကိုကို့ ကို ခိုင်းစရာရှိလို့တဲ့ . . .”

သူနဲဝေးနေလို့ပါ…..

ဒေါ်စိန်ရဲ့သားမက်ကသူတို့မြို့ရဲ့ဘောလုံးအသင်းမှာရှေ့တန်းက ကစားတယ်။

မြို့ခံ အသင်း နိုင်လာချိန်မှာတော့ ဒေါ်စိန်ကကြွားလို့ကို မဆုံးတော့ဘူး။ တရက်တော့ အရှုံးကြီး ရှုံးလာတယ်လေ။
ဒေါ်စိန်ဘယ်လို့ဖြစ်တာလဲဆိုပြီ ဘေးက လူတွေက စ မေးမေး ကြတရ်.

ဒေါ်စိန် ပြန်ပြောလိုက်တာက….


” ကျုပ်သားမက်ကရှေ့တန်းက ကစားတာဆိုတော့ ဂိုးကနောက်မှာဆိုရှိတာဆိုတော့ဝင်ကုန်တော့တာပေါ့။……………”

ဒါတောင်ဖုန်းမှားဆက်တာ

မိန်းမဖြစ်သူ ဖုန်း ပြောပြီးသွားသည်.. …

ဖုန်းချလိုက်သည်…. ယောက်ျားဖြစ်သူကစပြောသည်…. .
” ဟ .. … ဖုန်းတစ်ခါပြောရင် တစ်နာရီနှစ်နာရီပြောတဲ့ မိန်းမ .. ခုကျတော့ နာရီဝက်နဲ့ ပြီးသွားပါလား အံဩစရာပဲ ဟေ့ ဘာလိုဖြစ်လို့လဲ”

“ဖုန်း မှားဆက်မိလို့”

ညမထွက်ရ

အချစ်အတွက် ကိုယ် ကောင်းကင်ပေါ်က ဓူဝံကြယ်ကို ဆွတ်ခူးပေးရမလား…….
ရှင် ဘာမှ အပိုပြောမနေနဲ့ .. . ဒီ ည ရှင် အပြင် လုံးဝ မထွက်ရဘူး .. .. .

မောင်တော့မောင်ပဲ …

ဟဲ လို မောင်လားဟင် ……
အင်း ဟုတ် တယ် မောင်ပါ .. ဒါနဲ့ အခုဆက်တာ ဘယ်သူလဲ

သိပြီလား

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။

“37…………37…………37” “

ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။

” ဘာလို ့ 37 လို ့အော်နေရတာလဲ”

လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။

အဲဒါနဲ ့ဆရာဝန်လည်း …အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း

“37…………37…………37”


“ဘာလိုအဲဒီလိုအော်နေကြတာလဲ” လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။

အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။ “ငါကိုပြောကြစမ်းပါအုံး….ဘာလို ့37 လို ့အော်နေတာလဲ..” လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။

ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည် ့လိုက်တယ်။

အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။

ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။

“38………….38………….38”