တနေ့ပြီးတနေ့ (၁) Day by Day 1

Ma MaFebruary 14, 20153min21520

နှစ်သစ်တစ်နှစ်ပြောင်းတိုင်း ပြက္ခဒိန်အသစ်တွေ လက်ဆောင်ရတတ်ပါတယ်။

 

CAM03045

ဒီနှစ်တော့ ကာတွန်းပုံလေးတွေနဲ့ အတွေးအခေါ်ပေါင်းမြောက်မြားစွာကို

ပီပြင်စွာ၊ ထိရောက်စွာ၊ ထူးခြားစွာ တင်ပြထားတဲ့ အော်ရီဒူးပြက္ခဒိန်လေးကို  ကြိုက်လွန်းလို့  ပြန်လည်မျှဝေပေးချင်ပါတယ်။

 

CAM03071

ကြိုက်ရတဲ့အထဲမှာ စာလုံးပေါင်းသတ်ပုံ မှန်အောင် အထူးဂရုစိုက်ထားတာကလည်း တစ်ခုအပါအဝင်ပေ့ါ။

 

ပျင်းရိလေးတွဲ့သူတို့ရဲ့ထုံးစံအတို်င်း ၂၀၁၅ နှစ်သစ်က အကြံအစည်ဟာ  ၁လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်တာတော့ ရှက်မိပါတယ်။ :s:

 

CAM03065

ပြက္ခဒိန်ကိုကြည့်ပြီး ကာတွန်းတွေကို သဘောကျလို့ တနေ့ပြီး တနေ့ သူ့ရက်နဲ့သူ ကာတွန်းကို ခံစားတင်ပြမယ်။

ဖတ်မိ ကြည့်မိသူတွေက သူတို့အမြင်တွေကို ကွန်မန့်ကတဆင့်ပြောကြရင်း အတွေးအမြင်တွေ စုံသွားမယ်လို့ စိတ်ကူးယဉ်မိတယ်။ :kwi:

 

CAM03049

ဒါပေမယ့်လည်း အလုံးစုံပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ပဲ ကြိုးစားရတော့တာပေါ့။ 😆

 

CAM03048

ကဲ-အကောင်းဆုံးအချိန်မှာ စာစပြီး ရေးလိုက်ပါပြီ။ :mrgreenn:

CAM03051

၂၀၁၄ ကို သင်ခန်းစာယူပြီး

၂၀၁၅ မှာ အောင်မြင်မှုအသစ်တွေ ရယူကြရအောင်။

 

CAM03054ပထမဦးဆုုံး ပေးချင်တဲ့မက်ဆေ့ချ်လေးပါ။

 

အလုပ်လုပ်တဲ့အခါမှာ ဘေးအမြင်တွေကို ဂရုစိုက်လွန်းအားကြီးရင် လမ်းချော်တတ်ပါတယ်။

 

ကိုယ့်ကိုကိုယ် အမှန်အတိုင်းမြင်ပြီး ကြိုးစားတဲ့ လုပ်ရပ်ကမှ အောင်မြင်မှုတွေကို ခေါ်ဆောင်လာနိုင်မှာပါ။ 🙂

 

CAM03052

 

ကြုံတွေ့လာသမျှကို လိုက်ခံစားနေမယ်ဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်လို့ လွှတ်ချသင့်တာတွေကို လွှတ်ချထားနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတဲ့ ကောင်းဆိုးလောကဓံတွေအားလုံးကို စိတ်ထဲထည့်ထားရင် ရွာသာကြီးကို မကြာမတင်မှာပဲ ရောက်သွားနိုင်တယ်။

 

အဖေပြောဖူးတာလေးတခု …..

နေရာတိုင်းလိုု်က်ခံစားနေရင် ခဏလေးနဲ့ ရူးသွားမယ်တဲ့။

 

CAM03050

မေဆွိရဲ့ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ် သီချင်းလိုပေ့ါ။

ကိုယ်နှစ်သက်တာ တခုခုကို လုပ်ပြီး စိတ်ညစ်တာကို ပြောင်းလဲပစ်လိုက်ပါ။

 

ကိုယ့်အတွက်ဆိုရင်တော့ စိတ်ညစ်/ရှုပ်ရင် ခရီးထွက်သွားလိုက်ချင်တယ်။

 

CAM03060

စိတ်ညစ်စရာ စိတ်ရှုပ်စရာဆိုတာ လူတိုင်း တွေ့ကြရတာပဲ။

စိတ်ထဲမှာ သိမ်းထားပြီး အကြာကြီး ခံစားနေသူနဲ့

စိတ်ထဲက လွှင့်ပစ်လိုက်နိုင်သူပဲ ကွာမယ်ထင်ပါတယ်။

 

ပျော်ပျော်နေ သေခဲ

လို့ ဆိုတယ် မဟုတ်လား။

CAM03105[1]

ကိုယ့်ကိုကိုယ် ဘာလဲဆိုတာ (တည့်တည့်မတ်မတ် မှန်မှန်ကန်ကန်) သိဖို့လိုတယ်။

နောက် ကိုယ်လိုချင်တာ ဘာလဲ သိဖို့လိုပါတယ်။

ကိုယ်လုပ်နိုင်/ချင်တာ သိပြီး ကိုယ်ချင်တာ သိပြီးမှ လုပ်ရမှာကို သိ/လုပ်နိုင်မယ် မဟုတ်ပါလား။

 

တနေ့ပြီးတနေ့ လျှောက်လှမ်းနေရတဲ့ ဘဝလမ်းခရီးမှာ ဒီကာတွန်းလေးတွေက တစုံတခုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

🙂

 

 

 

 

 

 

 

 

20 comments

  • Kaung Kin Pyar

    February 14, 2015 at 11:56 am

    .Idea လေး ကောင်းချက်နော်…..။
    .နှစ်ကုန်သွားတောင် သိမ်းထားချင်စိတ်ပေါက်စရာ..
    🙂

  • ခင်ဇော်

    February 14, 2015 at 12:06 pm

    Ohhhhh…
    It is so lovely…
    :chit:
    I want it… I want it…!!!
    :mrgreen:

  • Mr. MarGa

    February 14, 2015 at 12:31 pm

    အဲ့ ပြက္ခဒိန်ကို လိုချင်တာ ဘယ်လိုက်ရှာရမယ်မသိ 🙁

  • pooch

    February 14, 2015 at 12:31 pm

    ဟုတ်ပါ့ စာရေးချင်တယ်ဆိုပြီး စိတ်ထဲပဲရေးနေမိတယ်
    စကို မစနိုင်သေးဘူး
    ဘယ်လိုပဲ ပြောပြော သူတို့ အိုင်ဒီယာကတော့ အလန်းပဲ

  • Mike

    February 14, 2015 at 3:06 pm

    .အလွန်ကောင်းတဲ့ပြက္ခဒိန်လေးရထားတာပဲ..သဘောကျတယ်ဗျာ

  • kai

    February 14, 2015 at 3:30 pm

    ဘုရားစာတွေ.. ရက်ရာဇာပြဿဒါးတွေမထည့်ထားတာကိုပဲ..
    အသိအမှတ်ပြု.. လွှတ်… ကျေးဇူးတင်သဗျို့.. :k:

    • Ma Ma

      February 14, 2015 at 3:41 pm

      ကာတွန်းတွေကိုပဲ သဘောကျပြီးကြည့်ဖြစ်တော့ နေ့ လ ရက်တွေကို မကြည့်ဖြစ်တော့ဘူး။
      မူလပြက္ခဒိန်ရဲ့ အနှစ်သာရတော့ ပျောက်သွားတယ် ပြောရမယ်။ :k:

  • Ma Ma

    February 14, 2015 at 3:31 pm

    အဲဒီပြက္ခဒိန်ကြည့်ပြီး ကိုယ့်ခံစားချက်ကို ပြောပြချင်နေတာ။

    ပုံလေးတွေက လွယ်ကူရှင်းလင်းတော့ ပေးချင်တဲ့ မတ်စိတွေကို ရင်ထဲရောက်အောင် အလွယ်တကူပို့နိုင်တယ်။ 🙂

  • မြစပဲရိုး

    February 14, 2015 at 5:30 pm

    ချစ်မမ
    ကာတွန်းလေး ကို အင်မတန်ကြိုက်သူမို့ အားပါးတရ ပုံ ကို ဖြဲ ကြည့် ပေးမဲ့ တစ်ချို့မမြင်ရ။
    ဒီတော့ အပါတ်စဉ် ရ ပုံ တင်ပေးပါ။ ဟိ။
    သူကြီး မျက်ခုံး လှုပ်စေသတည်း။ 😉

    ကလေး က ကြောင်ချစ် လို့ “၃၆၅ ကြောင် ကလန်ဒါ” ကို နှစ်တိုင်း ဝယ်ပေးထားရတာ။
    သူကြီး တို့ ဆီက ထုတ်တာ။
    အိုင်ဒီယာ က တစ်နေ့ တစ်ခါ ပြက္ခဒိန် စာရွက် ကို လှန် ရတယ်။
    ကြောင် တစ်ကောင်စီ ရဲ့ ပုံပြင်ပေါ့။
    နောက်နှစ် ဆို အဲဒီ ကာတွန်း တွေ ကို တစ်နေ့ တစ်ပုံ ၃၆၅ ရက် စာ လုပ်လိုက်ရင် ပိုပြီး ကြည့်လို့ ကောင်းမယ်။
    ဆိုက် ကို သေး ပေါ့။ ၆လက်မ ဒါမှမဟုတ် ၄ လက်မ ပါတ်လည်ပေါ့။

    ကျေဇူးပါ။ ဆက်ပြီး တင်ပေးပါ။
    မဟုတ်ရင် အိမ်လာလာပြီး စန္ဒာပြမဲ။
    lol:-))))

    • kai

      February 14, 2015 at 5:37 pm

      မြန်မာတွေမှာ အနုပညာလူလုပ်အားနဲ့.. ပါဝါရှိတာမို့..
      အဲဒါမျိုး အနုပညာ-လုပ်အားအခြေခံအလုပ်တွေနဲ့ကမ္ဘာ့ဈေးကွက်တို့ကို တို့ထိဖို့လိုမယ်ထင်မိတယ်..။
      အခုလိုကလင်န်ဒါမျိုးက..ထုတ်ရောင်းရင်.. ယူအက်စ်ကမြန်မာတွေတင်.. တော်တော်ဝယ်ကြမှာ..။
      အင်္ဂလိပ်လို ဘာသာပြန်ရေးရင်လည်း.. ဘိုတွေဝယ်နိုင်ပါ့..။

      တိုင်းပြည်စီးပွားရေးတက်.. အလုပ်အကိုင်အခွင့်အလန်းတက်ရအောင်က.. နိုင်ငံရေးသမားတွေအလုပ်..။ :i:

      • မြစပဲရိုး

        February 14, 2015 at 5:49 pm

        အဲဒါ အမှန်ပါ။ ဒီတစ်ခါတော့ လွှတ်ပြီး သဘောတူပါတယ်။
        အစောကဘဲ Facebook မှာ တွေ့တာ။ မြန်မာပြည်က … ကလေး တစ်ယောက် လို့ တောင်ပြောရအောင် ငယ်ငယ်လေး။
        အာကာကျော် ဆိုတာ သိကြပြီးဖြစ်မှာပါ။
        တကဲ့ ကို ပါရမီ ရှင်ဘဲ။
        ဗိုလ်ချုပ်အောင်ဆန်း ပုံ ကို စပရေး သုံးပြီး အလွတ်ဆွဲသွားတာများ တော်လိုက်တာ။
        အဲဒီလို လူမျိုး တွေ ဒီလို နိုင်ငံမှာသာဆိုရင် ထိပ်ရောက်နေပေါ့။

  • မြစပဲရိုး

    February 14, 2015 at 5:34 pm

    ၁၃ ရက်နေ့ က အကြောက်တရားကို ကျောခိုင်းမထားနဲ့။ မျက်နှာချင်းဆိုင်မှာဘဲ ထား ဆိုတဲ့ ပုံ ကို အကြိုက်ဆုံး ရွေးပါတယ်။ :))

  • မွသဲ ( 17082011 )

    February 14, 2015 at 9:19 pm

    ဒီနေ့ပဲဖတ်လာတာ သဘောကျလို့

  • padonmar

    February 14, 2015 at 10:00 pm

    အဲဒီပြက္ခဒိန်လေးကို ဆရာအော်ပီကျယ် FB မှာ နမူနာတင်ပေးတာ ကြည့်လိုက်ရတယ်။ နှစ်ဆန်းရင်တော့ တနည်းနည်းနဲ့ရမှာပဲထင်တာ။
    အော်ရီဒူးက ဒီပြက္ခဒိန်ကို ကျယ်ကျယ်ပြန့်ပြန့် မဖြန့်တာ ရေးရတဲ့သူ နစ်နာပါတယ်။ဆရာအော်ပီကျယ်လက်ရာတွေ၊ပေးချင်တဲ့ ပညာတွေ လူထုကြားကို မရောက်သွားဘူးပေါ့။
    မနှစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရွက်ဆုတ် ပြက္ခဒိန်လေးတုံးကတော့ လက်ဆောင်ရလိုက်တယ်။
    တနေ့ တရွက်ဖြဲ ကဒ်ပြားမှာ ပြန်ကပ်ပြီး နံရံမှာ ချိတ်ထားပေးလိုက်တယ်။
    ……….
    ဒီပြက္ခဒိန် လက်ဝယ်ရှိပြီဆိုတော့ မပျက်မကွက် ဆက်တင်ပေးရမယ့် တာဝန်ရှိလာပြီနော်။
    2015 အတွက် ဖတ်ဖို့ အသင့်ပါပဲ။

  • Ma Ma

    February 16, 2015 at 8:05 am

    (မြန်မာတွေမှာ အနုပညာလူလုပ်အားနဲ့.. ပါဝါရှိတာမို့..
    အဲဒါမျိုး အနုပညာ-လုပ်အားအခြေခံအလုပ်တွေနဲ့ကမ္ဘာ့ဈေးကွက်တို့ကို တို့ထိဖို့လိုမယ်ထင်မိတယ်..။)

    အပြည့်အဝ ထောက်ခံပါတယ်။

    ပေးချင်တဲ့အချက်အလက်ကို လွယ်ကူရှင်းလင်း ထိရောက်အောင် ရေးနိုင်ဆွဲနိုင်တဲ့စွမ်းရည်က အင်မတန်အဖိုးတန်ပါတယ်။

    အဲဒီတန်ဖိုးကို ပိုမိုကျယ်ပြန့်အောင် ဈေးကွက်ချဲ့ထွင်နိုင်ရင် မြန်မာကာတွန်းဆရာတွေရဲ့ ဘဝတွေအများကြီး မြင့်မားလာနိုင်ပါတယ်။

    (မြန်မာ့ဂဇက်သတင်းစာမှာလည်း တစ်ကွက်ကာတွန်းလေးတွေနဲ့ အားဖြည့်လိုက်ရင် ပိုလှ/အားကောင်း လာမယ်ထင်တယ်နော်။ 🙂

    မလတ်ကြည့်ချင်တဲ့ပုံကို ထပ်ဖြည့်ရင်းးးး
    ကိုယ်ပြောချင်တာလေးတွေလည်း ထပ်ဖြည့်လိုက်သေးတယ်။
    🙂

    • kai

      February 16, 2015 at 8:52 am

      မြန်မာ့ဂဇက်က ကာတွန်းပုံတွေက ဝယ်ထားတာတွေပါ..။
      ဆရာအော်ပီကျယ်ဆွဲပေးမယ်ဆို.. ဉာဏ်ပူဇော်ခပေးရန်အသင့်..၊ :k:

  • Ma Ei

    February 16, 2015 at 10:33 am

    မမ..
    တစ်နေ့ တစ်နေ့ တစ်ပုံစီတင်ပေးနော်…
    ကိုယ့် ကိုယ် ကိုယ် နေ့တိုင်းသတိပေးရအောင်….
    :chit:

    • ခင်ဇော်

      February 16, 2015 at 11:32 am

      ဟိ။
      ၃၆၅ ရက် ကို ၃၆၅ ပို့(စ) တင်ပစ်။
      ချစ်မမ။
      သဂျီး ကို လုပ်ကြံရအောင်။
      ခိခိ

      :k:

      • Ma Ma

        February 16, 2015 at 3:36 pm

        သဂျီးကို လုပ်ကြံချင်တာ ….
        စိတ်ပဲရှိတယ်။
        လက်က မလိုက်နိုင်တာ ခက်တယ်။ :k:

Leave a Reply