မီးအိမ်ကလေး

တိမ်ဖြူလျလျတို့ တွန်ပြီလား…
မနက်ခင်းတွေ ဘယ်လောက်များများ ပွင့်ဝေကြပြီလဲ….
လူးလွန့်နာကျင်…ငါနဲ့ ငါ့ကြယ်ကလေး…ဒီလိုနဲ့ဝေးခဲ့ပြီ…

ခြေထောက်တွေ ပျောက်သွားလို့…
လမ်းအိုကြီးက တရှာရှာနဲ့…
ဘယ်သူများ ခိုးသွားသလဲတဲ့…
သစ်တောကလေးထဲမှာ…
ငှက်အပြာရောင်တစ်အုပ်… ခပ်သုတ်သုတ် ထပျံသွားတယ်…

မျက်လုံးတွေမှိတ်…
မီးအိမ်ကိုပိတ်ပြီး…
ကိုယ့်ကိုယ်ကို ကိုယ်သိပ်လိုက်တယ်…
အိပ်…အိပ်…
မကြာခင် ပြီးသွားမှာပါကွယ်…တဲ့….
တုန်ရီစွာ သက်ပြင်းရှိုက်လို့…..
မီးတောက်ကလေးက သူ…မငြိမ်းခင်ကလေးမှာ… ပြောသွားတယ်…

Maung Thura
13.02.2015

 

 

mee ein ka lay

alinsett

About alinsett

alinsett has written 615 post in this Website..

. . .