မီးအိမ်ကလေး

alinsettMarch 11, 20151min13410

မီးအိမ်ကလေး

တိမ်ဖြူလျလျတို့ တွန်ပြီလား…
မနက်ခင်းတွေ ဘယ်လောက်များများ ပွင့်ဝေကြပြီလဲ….
လူးလွန့်နာကျင်…ငါနဲ့ ငါ့ကြယ်ကလေး…ဒီလိုနဲ့ဝေးခဲ့ပြီ…

ခြေထောက်တွေ ပျောက်သွားလို့…
လမ်းအိုကြီးက တရှာရှာနဲ့…
ဘယ်သူများ ခိုးသွားသလဲတဲ့…
သစ်တောကလေးထဲမှာ…
ငှက်အပြာရောင်တစ်အုပ်… ခပ်သုတ်သုတ် ထပျံသွားတယ်…

မျက်လုံးတွေမှိတ်…
မီးအိမ်ကိုပိတ်ပြီး…
ကိုယ့်ကိုယ်ကို ကိုယ်သိပ်လိုက်တယ်…
အိပ်…အိပ်…
မကြာခင် ပြီးသွားမှာပါကွယ်…တဲ့….
တုန်ရီစွာ သက်ပြင်းရှိုက်လို့…..
မီးတောက်ကလေးက သူ…မငြိမ်းခင်ကလေးမှာ… ပြောသွားတယ်…

Maung Thura
13.02.2015

 

 

mee ein ka lay

10 comments

  • Kaung Kin Pyar

    March 11, 2015 at 10:26 am

    အိပ်…အိပ်…
    မကြာခင် ပြီးသွားမှာပါကွယ်…

    မကြာခင် ပြီးသွားပါစေ လို့ပဲ……
    🙁

    • ဦးကြောင်ကြီး

      March 11, 2015 at 10:29 am

      ကင်းကောင်က သိပ်ဆိုးတာပဲ.. ကြာလိုက်တာလည်း လွန်ရော.. ပီးကို မပီးနိုင်…

    • Alinsett@Maung Thura

      March 11, 2015 at 11:28 am

      ကင်ကောင်ရေ
      ဒီမှာ ကြောင်ကုတ်ထားတယ်
      လာကျိ
      ခွိ

      :k:

      • Kaung Kin Pyar

        March 18, 2015 at 4:44 pm

        ခုမှ တွေ့တယ်…
        နာဂိုက မှားမိတာပါအေရယ်…….

        • Alinsett@Maung Thura

          March 18, 2015 at 5:24 pm

          ခွိ ခွိ …

          :k:

          :k:

          အဲ့ကြောင်ကို…မီးနဲ့ရှိုှု…. ကြပ်တိုက်…

          :k:

  • Mr. MarGa

    March 11, 2015 at 1:46 pm

    ၂၀၁၅ မှာ
    ကောင်းကောင်းအိပ်ရဖို့ မျှော်လင့်တယ်လား
    ဆုတောင်းလေ… 🙁

    • Alinsett@Maung Thura

      March 11, 2015 at 1:56 pm

      ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တော့…
      ဆုတောင်းတိုင်း ပြည့်ပါရစေလို့… ဆုတောင်းလိုက်မယ်..

      :buu:

    • အကုန်လုံးက သူ့ဟာနဲ့သူကောင်းကောင်းအိပ်နေကြတာပါပဲ၊
      အွန်လိုင်းပေါ်မှာတော့မအိပ်ဘူးပေါ့။
      မအိပ်ရလို့ ကင်းထစောင့်နေလို့လား
      :p

  • naywoon ni

    March 11, 2015 at 3:46 pm

    မကြာခင်​ ပြီးမတဲ့ လား ကိုယ်​​တော့မထင်​ဖူး
    ဆက်​ရန်​ ဇာတ်​လမ်​းရှည်​ကြီး ​သေချာတာက​တော့ ဒါ တစ်​ခန်​းရပ်​ ပြဇာတ်​ မဟုတ်​ဘူးဆိုတာပဲ ။

    • Alinsett@Maung Thura

      March 11, 2015 at 3:52 pm

      ကြို ရေးထားပြီးသားးးး စာမျက်နှာတွေလားးး

Leave a Reply