တနေ့ပြီးတနေ့ (၃) Day by Day (3)

Ma MaFebruary 26, 20155min21822

 

 

 

 

 

တနေ့ပြီးတနေ့ သွားလိုက်တာ နံပါတ် ၃တောင် ရောက်လာပါပေ့ါ။

မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံပေါက်မှာပဲ (တနေ့ပြီးတနေ့ ၁မှ) ဆိုတာရယ်

မစခင် ဘယ်လိုဆုံးမလဲ တွေးပါ (တနေ့ပြီးတနေ့ ၃တွင်) ဆိုတာရယ်ကို

အရင်ဆုံးဖတ်မိရင် အခုပိုစ့်တွေ ရေးဖြစ်မှာ မဟုတ်ဘူး။  :((

 

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ဇွဲကလည်း မရှိတော့…….

စချင်သလို စပြီး ဆုံးချင်သလို ဆုံး ရတော့မှာပဲ။ :a:

 

 

CAM03121အရွှေ့နဲ့ အရွေ့ ဘယ်ဟာကြိုက်ကြမလဲဆိုတာ ပြောစရာမလိုအောင် ရှင်းလင်းပြီးသား ဖြစ်ကြပါလိမ့်မယ်။

 

ဒီနေရာမှာ မြန်မာစာပေရဲ့ ထူးခြားမှုကို ပြောချင်မိတယ်။

အရွှေ့ နဲ့ အရွေ့

လျှောက်တာ နဲ့ ရောက်တာ

လျှော့တာနဲ့ လျော့တာ

မြှင့်တာ နဲ့ မြင့်တာ….

စသဖြင့် ဟထိုး ရဲ့ အသုံးနဲ့တန်ဖိုးကို သတိပြုမိတယ်။

 

CAM03122ပုဂ္ဂိုလ်ခင်ရင် လူကိုမင်တယ် ဆိုသလို…..

လေးစားရတဲ့ ချစ်ခင်ရတဲ့သူဆိုရင် လုပ်သမျှ ပြောသမျှ အကောင်းမြင်ပေးတတ်ကြတာကို ဆိုလိုတယ်လို့ထင်တယ်။

 

နောက်တမျိုးက စိတ်လှရင် ရုပ်လှတယ် လို့လည်း လက်ခံမိပြန်တယ်။

CAM03123

စိတ်ကူးယဉ်အိပ်မက် မက်နိုင်တယ်။

အောင်မြင်အောင် အကောင်အထည်ပေါ်အောင် ကြိုးစားဖို့တော့ လိုတာပေ့ါ။

 

ကြုံတုန်း ပြောရရင် ချန်နယ်ဆဲဗင်းကလာတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ကို သဘောကျတယ်။

 

အဲဒီအစီအစဉ်ကနေ အိပ်မက်တွေ အကောင်အထည်ပေါ်သွားကြပြီး နေရာရလာကြတဲ့ အနုပညာရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်လို့။ 🙂

 

ဒီနေရာမှာ အိမ်မက် လို့ မရေးပဲ

အိပ်မက် လို့ ရေးထားတာကို ကြည့်ခြင်းဖြင့် စာလုံးပေါင်းသတ်ပုံကို ဂရုစိုက်တာကို  သဘောကျတယ်။

CAM03124

အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း လို့ အဆိုရှိတယ်မဟုတ်လား။

အဲဒါနဲ့ပတ်သက်ပြီး

ဖောင်တိန် ဘောပင်တွေက အာကာသထဲမှာ ကမာ္ဘ့ဆွဲအားမရှိလို့  သုံးမရတာကို အစားထိုးဖို့ အမေရိကန်က သုတေသနလုပ်ပြီး အမျိုးမျိုးတီထွင်ဆန်းသစ်ဖို့ ကြိုးစားတယ်။

ရုရှားကတော့ ဖောင်တိန်အစား ခဲတံကိုသုံးပြီး ဖြေရှင်းလိုက်တယ်။

 

ကဲ- ဘယ်လောက်များ လွယ်ကူရှင်းလင်းတဲ့အဖြေလဲ။ 🙂

 

CAM03125မြန်မာစကားပုံ စစ်မရောက်ခင် မြှားကုန် ဆိုတာနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ခံစားမိတယ်။

 

ကျရှုံးမှာကို ကြောက်ပြီး မကြိုးစားဖူးတာထက်

ကြိုးစားပြီး ကျရှုံးဖူးတာက အတွေ့အကြုံ ခံနိုင်ရည် တခုခုတော့ အကျိုးအမြတ်ရလိုက်နိုင်မယ် မဟုတ်လား။ 🙂

CAM03126

ကန့်သတ်ချက်ဆိုတာ သူများက ကိုယ့်ကိုကန့်သတ်တာထက်

ကိုယ့်ကိုကိုယ် ကန့်သတ်တာတွေက ပိုများနေနိုင်တယ်လို့ ဆိုချင်တယ်။

 

လူတွေဟာ ကိုယ့်ကိုကိုယ်ဆိုရင် အသေးအဖွဲလေးတွေကအစ ကန့်သတ်ချုပ်ချယ်ထားတတ်ကြတယ်။

 

ဥပမာ-

ဝ လို့ အရောင်နု မဝတ်ရဲတာ၊

အရပ်ပုလို့ ဖိနပ်အမြင့်စီးချင်တာ၊

အသားမဲလို့ အနီရောင် မဝတ်ရဲတာ…. တွေလိုမျိုးပေ့ါ။ :a:

CAM03127

၃၆၅ ရက် ၃၆၅ ကွက်သော ကာတွန်းတွေထဲက အကြိုက်ဆုံးကာတွန်းတွေထဲမှာ…..

 

မြစ်က ကျောက်ကို ဖြတ်နိုင်တာ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ဖြစ်တယ် ဆိုတာလည်း ပါတယ်။

 

အောင်မြင်မှုရဖို့ ဇွဲသန်သန်နဲ့ ကြိုးစားမှုလိုတယ် လို့လည်း သဘောကျသလို။

နောက်တမျိုး အနေနဲ့…..

အင်အားနည်းတယ်ဆိုပြီး အထင်သေးလို့မရဘူး လို့လည်း သဘောကျတယ်။

CAM03128

လူ့ဘဝက ခဏလေးဆိုတာကို ငယ်ရွယ်သူတွေအနေနဲ့ လက်ခံချင်မှ လက်ခံမှာဖြစ်ပေမယ့်…

 

အသက်ကြီးသူတွေအတွက်ကတော့ ပြန်လှည့်ကြည့်လိုက်ရင် ခဏလေးလိုပဲ။

 

ကုန်ခဲ့တဲ့အချိန်တွေကို အကျိုးရှိရှိသုံးနိုင်ခဲ့ရင် တော်ပါရဲ့…..

မသုံးနိုင်ခဲ့လို့ နောင်တရစရာတွေကို ပြန်တွေးရင် ရင်နာစရာ ကောင်းလှပါတယ်။

 

နောင်တ မရရလေအောင် ဘဝကို တန်ဖိုးရှိစွာဖြတ်သန်းဖို့ ကြိုးစားကြရပါမယ်။

CAM03129

၃၆၅ ရက် ၃၆၅ ကွက်သော ကာတွန်းတွေထဲက အကြိုက်ဆုံးကာတွန်းတွေထဲမှာ…..

သန်မာသူဟာ သူများကို ဆွဲမချဘူး။ တွန်းတင်တယ် ဆိုတာလည်းပါတယ်။

 

သန်မာတယ်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူတွေအတွက်လို့ ထင်မိတယ်။

CAM03130

ရန်သူမှန်း မသိရတဲ့ ရန်သူဆိုတာ ဘဝမှာ တကယ့်ကို သတိထားစရာ အရေးကြီးတဲ့ အချက်တစ်ချက်ပဲ။

 

ကိုယ့်အကျိုးကိုလိုလားလို့ တုတ်ထိုးအိုးပေါက်ပြောတဲ့စကားက နားဝင်မချိုပေမယ့် အဲလိုပြောတတ်သူကို တန်ဖိုးထား လေးစားရမယ်။

 

နားထောင်ကောင်းအောင် အချိုသပ်ပြောတတ်ပေမယ့် အတွင်းစိတ်က ကောက်ကျစ်တတ်သူကို ဝေးဝေးက ရှောင်သင့်တယ်။

 

CAM03131

ဒီကာတွန်းကို ဖတ်မိတော့ သူငယ်ချင်းတစ်ယောက် အမှတ်တရ ရေးပေးခဲ့ဖူးတာလေး သွားသတိရမိတယ်။

 

လောကမှာ မပြောင်းလဲသော အရာရှိတယ်။

အဲဒါက ပြောင်းလဲခြင်းပဲ တဲ့။

CAM03132

ပုံထဲမှာ ပြထားသလိုပဲ နားဂွမ်းဆို့ထားသူကို သွားပြောရင် ကျွဲပါးစောင်းတီး 

ပဲ ဖြစ်နေမှာပေ့ါ။

CAM03133

ဒါကိုတော့ ရွာထဲက သင်္ဘောသီးတွေရေးဖို့ ချန်ထားခဲ့မယ်။ :mrgreen:

 

CAM03134

မတွေးမိလို့ ရေးမိပြီ။ :p:

CAM03136အဲဒီကာတွန်းကိုတော့ အွန်လိုင်းပေါ်က လေသူရဲကောင်းတွေ အတွက်လို့ ပြောချင်တယ်။

ပုံ/

လေရဲမိုးအမျိုးတီမာမား :kwi:

CAM03137ပေးတာနဲ့ ယူတာကို တဖက်စီလို့ ထင်ရပေမယ့်……

 

တခုခုလိုချင်ရင် တခုခုပေးဆပ်ရမယ်လို့ တွေးလိုက်ရင် တဖက်ထဲ ဖြစ်သွားလိမ့်မယ်။ :boss:

 

ဤတွင် ဇန်နဝါရီလအတွက် ပြီးပါပြီ။

 

ငါကွ………

(ခွက်ဒစ်တူ ကြောင်ကြီး)

22 comments

  • အလင်းဆက်

    February 26, 2015 at 11:12 am

    အိပ်မက်တွေကို ယုံပါတယ်။
    အိပ်မက်တိုင်း တကယ်ဖြစ်လာလိမ့်လို့တော့ မယုံချင်သေးဘူး..

    :k:

    • Ma Ma

      February 26, 2015 at 8:23 pm

      ပဏ္ဍိတာရာမဆရာတော်ကြီးက ကလေးတွေကိုသင်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာဆိုရင် ဆရာတော်က ဆုပေးပြီးရင် ပေးတဲ့ဆုနဲ့ပြည့်ပါစေ လု့ိ မပြောခိုင်းပဲ
      ပေးတဲ့ဆုနဲ့ပြည့်အောင် ကြိုးစားပါမယ် လို့ ပြောခို်င်းတယ်။
      🙂

  • တောင်ပေါ်သား

    February 26, 2015 at 11:14 am

    ကောင်းပါ့ဗျား 🙂

    ကာတွန်းကလည်း ကောင်း

    သရုပ်ပေါ်အောင် ရေးသူကလည်း ကောင်း

    • Ma Ma

      February 26, 2015 at 8:24 pm

      အားပေးလို့ ကျေးဇူးတင်ပါတယ်။ 🙂

  • Mike

    February 26, 2015 at 11:32 am

    .ကောင်းပီးရင်းကောင်းနေတော့တာပဲ…
    .“ဘယ်ရေတစ်စက်ကမှ ရေကြီးတာသူ့မှာတာဝန်ရှိတယ်လို့မထင်ဘူး”..ဆိုတာအကြိုက်ဆုံးပဲ…ဥပမာကိုစဉ်း.. .စားမိတာကိုကချီးကျူးစရာပါ :))

    • ခင်ဇော်

      February 26, 2015 at 11:37 am

      တခြားလူမှ မဟုတ်ပဲ။
      APK ပဲ ဟာကို။

      🙂

      • Ma Ma

        February 26, 2015 at 8:27 pm

        @Mike
        ဘယ်ရေတစ်စက်ကမှ ရေကြီးတာ သူ့မှာ တာဝန်ရှိတယ်လို့ မထင်ဘူးဆိုတာကို ကျမလည်းကြိုက်တယ်။

        ပြောရမယ်ဆိုရင် သူ့ကာတွန်းတွေကို အကုန်ကြိုက်ပြီးသားမို့
        ခိုင်ဇာပြောသလို ကောင်းရမယ်လေ APK ပဲလို့ …. 🙂

  • ခင်ဇော်

    February 26, 2015 at 11:40 am

    မမ ဖြည့်ရေးတာတွေနဲ့က ပိုဖတ်လို့ ကောင်းတယ်။
    ဟိ။
    ~~~
    ၂၁ ရက်ကို အကြိုက်ဆုံးးး
    ကွကို ဘာကိုမှ မကန့်သန့် ဘောင်မချထားဘူးးး
    :mrgreenn:

    ပုံ/
    ဘောင် မရှိဘူး လို့ သတ်မှတ်ထားတဲ့ ဘောင်ထဲက ခင်ဇော်

    (ဟိဟိ ငါကွ) စီဒီတူ ကြောင်ကြီး

    :mrgreen:

    • pooch

      February 26, 2015 at 12:02 pm

      ဟုတ်ပါ့ ကန့်သတ်ချက်တွေကို မုန်းတယ်
      ရုန်းမထွက်နို်င်သေးတာကိုလည်း မုန်းတယ်
      အရပ်ပုလို့ ဒေါက်စီးရတာကိုလည်း မုန်းတယ်
      ငွေလို်ချင်လို့ အလုပ်လုပ်ရတာကိုလည်း မုန်းတယ်
      ငွေမရှိလို့ ခရီးသွားချင်တိုင်း မသွားရတာကိုလည်း မုန်းတယ် :mrgreenn:

      • အလင်းဆက်

        February 26, 2015 at 12:15 pm

        တစ်ခုခုတွေကို မုန်းနေရတာကိုလည်း မုန်းတယ်…

        :k:

      • Ma Ma

        February 26, 2015 at 8:46 pm

        ခိုင်ဇာရေ-
        ဒီရွာမှာနေရင်း ဖြစ်လာတဲ့ရောဂါက ဘာလေးပဲ တွေ့လိုက်တွေ့လိုက် ဘယ်စာပဲ ဖတ်ရ ဖတ်ရ
        ကိုယ့်ထင်မြင်ချက်ကို ရေးချင်ပြောချင်တဲ့ ရောဂါ ရလာတယ်။

        အားပေးကြတဲ့ ခိုင်ဇာ၊ မယ်ပု၊ လက်လက်ဆင် နဲ့ ဘမ်ဘူး တို့ကို ကျေးဇူးတင်ပါတယ်။ 🙂

  • Wow

    February 26, 2015 at 1:43 pm

    အနော်တို့လို အူတူတူဒွေ ရှင်းကနဲနေအောင်ရှင်းပြသွားတဲ့ မွမွကို အာဘွား.. :kwi:

  • kai

    February 26, 2015 at 5:02 pm

    အဲဒီကာတွန်းအိုင်ဒီယာတွေက.. ဘယ်ဟာကိုဘာသာပြန်ယူသလည်းမသိဘူး….နော..
    မူရင်းကိုသိချင်.. :k:

    • Ma Ma

      February 26, 2015 at 8:50 pm

      ဟုတ်တယ် သဂျီးရေ။
      ကာတွန်းတွေ ဖတ်ပြီးကတည်းက ဘယ်က အိုင်ဒီယာလဲ ဘယ်ဟာကို ဘာသာပြန်တာလဲဆိုတာ သိချင်မိတယ်။

      ဘာပဲဖြစ်ဖြစ် အိုင်ဒီယာက ဘယ်ကလာလာ ကာတွန်းသရုပ်ဖော်တာကတော့ APK မူပိုင်မို့
      သရုပ်ဖော်ချက် ပီပြင်ရှင်းလင်းထိရောက်တာကတော့ APK ရဲ့ စိတ်ကူးနဲ့အစွမ်းအစပဲ။ 🙂

  • မြစပဲရိုး

    February 27, 2015 at 3:38 am

    ပုံ(၁)
    ကွ ကိုယ် အမှားကြီး ရွေ့ နေတာ ကို ဂုဏ်ယူ ရမှာလား။
    သူများ က အမှန် ကို ရွှေ့ ပေးတာ ကို လက်ခံရမှာလား။ 😉

    ပုံ(၃)
    အိမ်မက်တွေ ကို အိမ်မက် ထဲ မှာတော့ အကြွင်းမဲ့ ကို ယုံပါတယ်လေ။
    လက်တွေ့မှာသာ ….. 🙄

    ချစ်မမ
    ဒီ ကာတွန်း လေး တွေ အတွက် တကယ်ဘဲ ကျေးဇူးတင်တယ်။
    အရမ်းကို ကြိုက်ပါတယ်။
    ပုံတိုင်း ကို ကန့်လန့်တိုက် ချင်သား။
    အချိန် နဲ့ ရန်ဖြစ်နေရလို့။

    • Ma Ma

      February 27, 2015 at 6:35 am

      အချိန်နဲ့ရန်ဖြစ်နေရတဲ့ မလတ်ကို အဖိုးမတန်တဲ့ ကိုယ့်ရဲ့အချိန်တွေ ခွဲပေးချင်သားးးး
      မလတ်ပြောတဲ့ ရွေ့မှာလား အရွှေ့ခံမှာလားကို သဘောကျသွားပြီ။ 🙂

  • Kaung Kin Pyar

    February 27, 2015 at 12:11 pm

    အပေါ်က စာသားလေးတွေအားလုံးကို သဘောကျတယ်…
    သဘောကျတာတွေက အားလုံးနီးပါးဖြစ်နေလို့…ဘယ်စာကြောင်းလေး ညွှန်းရမယ်တောင် မသိ။
    နောက်ရက်တွေကိုလဲ စောင့်မျှော်နေပါတယ်လို့…
    ပြန်လည်မျှဝေတာကျေးဇူးပါ…အန်တီမမရေ…

    • Ma Ma

      February 27, 2015 at 7:57 pm

      တရွေ့ရွေ့နဲ့ ဇန်နဝါရီလအတွက်တော့ ပြီးသွားပြီ။
      ကိုယ်တိုင်လည်း ကာတွန်းအားလုံးကိုကြိုက်လို့ ၃၆၅ ရက်အတွက် ၃၆၅ ကွက်သော ကာတွန်းတွေအားလုံးကို တင်ပြနိုင်အောင် ကြိုးစားပါ့မယ် ကောင်းကင်ပြာလေးရေ။ 🙂

  • Ma Ei

    February 27, 2015 at 2:13 pm

    ဘယ်သူ့ကိုမှ မုန်းဘို့ မကြိုးစားနဲ့ အချိန်မရှိဘူး…
    သင်လိုနေတာက အလိုနည်းခြင်းဘဲ ဆိုတာ…
    ကိုယ့်ကို ပြောနေသလိုဘဲ…
    😥

    • Ma Ma

      February 27, 2015 at 8:23 pm

      အဲဒီကာတွန်းတွေကနေအကျိုးတစ်ခုရမယ်ဆိုရင် ဝမ်းသာပါတယ် မအိရေ။

  • black chaw

    March 1, 2015 at 11:23 am

    ဆရာ အော်ပီကျယ် ဟာ ကာတွန်းဆရာ ဆိုတာထက်ပိုတဲ့
    ဆရာ တစ်ယောက်လို့ ထင်ပါတယ်…။
    ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းကြီးကို အထင်ကြီးစိတ်ဝင်ခဲ့စေသော
    ကာတွန်းဆရာပေါ့ခင်ဗျာ…။
    ကာတွန်း ကို တကယ်ချစ်မြတ်နိုးတဲ့ ဆရာခင်ဗျ..။
    အမေရိကားတို့ အင်္ဂလန်တို့ ရဲ့ ဒိတ်ဒိတ်ကျဲ တက္ကသိုလ်ကြီးတွေမှာ
    ပညာတွေ သွားသင်ခဲ့တာဟာလည်း လုပ်ကိုင်စားသောက်ဖို့မဟုတ်ပဲ
    ကာတွန်း ရေးဖို့ အတွက်ပဲလို့ ကျွေးကျော်ခဲ့သူပါ…။
    အင်မတန်လေးစားစရာကောင်းတဲ့ ကာတွန်းဆရာ ပါ…။
    အခု မမ တင်ပြထားတဲ့ ပုံလေးတွေက သက်သေပါပဲ…။
    အင်မတန် မြင့်မားသော နေရာတစ်ခုကို ရောက်ရှိနေသော
    ကာတွန်းဆရာ တစ်ယောက်လို့ ကျွန်တော်က အထင်တကြီး
    သတ်မှတ်မိပါတယ်…။
    ဒီပို့စ်လေး တွေ တင်ပေးတဲ့အတွက်လည်း မမကို ကျေးဇူးအထူး
    တင်ပါတယ်…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ဦးကြောင်ကြီး

    March 2, 2015 at 3:03 am

    ဈာန်နဝါရီလအတွက် ပီး ပါပီ စိုဓါ အတိ်တ်မှာ ကြံနေဂဲ့ဒဲ့ တဗောရား… လေရဲမိုးအမျိုး ဘူဇွာတီမားမား…။

Leave a Reply