ဝီ ဖတ်ဖို့စာ

မြစပဲရိုးFebruary 14, 20151min72223

၁၉၄၄ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းလာခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးသည် ၁၉၄၅ ဩဂုတ်လတွင် ဂျပန်စစ်တပ်များ လက်နက်ချပြီးသောအခါ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဟု အမည်ပြောင်းလွှဲ ခေါ်ဝေါ်စေခဲ့၏။
ထို့နောက် မြန်မာပြည်အနှံ့အပြား မြို့ရွာတိုင်းတွင် (ဖဆပလ) အဖွဲ့ခွဲများကို ပြင်ဆင်ဖွဲ့စည်းပြီး လျှင် လူထုစည်းရုံးလှုပ်ရှားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၄၆ ဇန်နဝါရီလ တွင် မြို့ရွာတိုင်း၌ ဖွဲ့စည်းပြီးသော အဖွဲ့များကို အခြေခံထားလျှက် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံရေးဆိုင်ရာ ညီလာခံကြီးကို စည်းဝေးကျင်းပခဲ့လေသည်။
ယင်းနိုင်ငံရေးဆိုင်ရာ ညီလာခံသဘင်ကြီးကို ဇန်နဝါရီလ ၁ရ ရက် နေ့မှ စတင်ကျင်းပလေရာ ညီလာခံ၌ ဖဆပလဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၂ဝရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းထဲ မှ “ဘာသာရေး” အပိုင်း ကို ခွဲ၍ ဖော်ပြပေးလိုက်ပါသည်။

++++++++++++++++++++++++
ဘာသာရေးမှာ လူ အသီးသီး တို့၏ သက်ဝင်ယုံကြည်မှု ဖြစ်၏။
နိုင်ငံရေးမှာကား လူ အသီးသီး တို့၏ ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာလျှင် ဖြစ်၏။
သိပ္ပံအတတ် အနေအားဖြင့် နိုင်ငံရေးသည် လူ အသီးသီးတို့၏ အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။

အခွင့်အရေးများတွင် လွတ်လပ်စွာဘာသာ ကိုးကွယ်နိုင်မှုလည်း ပါဝင်လေ၏။
ဤအခွင့်အရေး ပေးရာ၌ပင် ကျွန်ုပ် တို့သည် နိုင်ငံရေးနှင့် ကိုးကွယ်သည့်ဘာသာ နှစ်ဌာန စပ်ကြားတွင် စည်းတား ရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးနှင့်ဘာသာရေးမှာ သဘောမတူ အမူကွဲပြား တစ်ခြားစီ ဖြစ်သောကြောင့်တည်း။
ဘာသာရေး နှင့် နိုင်ငံရေး ကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရား ကို ဆန့်ကျင်ရာရောက်ပေ၏။

ဘာသာရေးသည် နောင်တမလွန်ဘဝ များကို (ဝါ) လောကုတ္တရာကို ရှေ့ရှုသည်ဖြစ်သောကြောင့် လောက အရေးနှင့်များစွာ မသက်ဆိုင်ချေ။
. နိုင်ငံရေးမှာမူကား လောကီရေးရာသာဖြစ်ပေ၏။

လုပ်ငန်းသဘောမှာ လူမှုတိုးတက်ရေးနှင့်ဘာသာရေး တို့သည် အခြေသဘောအားဖြင့် ဆန့်ကျင်စရာအကြောင်းမရှိဟု ယူဆမိပေသည်။
ဘာသာတရားက သစ္စာ၊ မေတ္တာ နှင့် သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ စသည်တို့ကို ဓမ္မအနေနှင့် ဟောကြားခဲ့ရာ လူမှုတွင်လည်း ဤဓမ္မတို့ကို လေးစားကြပေသည်။
သို့ဘာလျက်လည်း ဘာသာတရား၏နာမ ကို အလွဲသုံးစားပြူ့ကြပြီးလျှင် လူတစ်ဦးသည် တစ်ဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြု၍ မတရားသော အမှုတို့ကို
ပြုသည်ရှိသော် ပတ်ဝန်းကျင်ရှိ လူ တစ်စုသည် ထိုမတရားမှုကို လစ်လျုရှုခြင်း ဘယ်နည်းနဲ့မျှ ပြုနိုင်မည်မဟုတ်ပေ။

အကယ်၍ ဘာသာကို အမှီပြု အသက်မွေးသူတို့သည် ဘာသာ၏အမည်ကို သုံးလျှက် တရားဓမ္မဖြစ်လေဟန် ဟောပြောချက်တစ်ခု ကို ပြုလျှင် လူအများကို နစ်နာစေမည် ဖြစ်သောကြောင့်
ကျွန်ုပ်တို့သည် လူ့ချမ်းသာကို လိုလားသည့်အားလျော်စွာ တားမြစ်ရပေလိမ့်မည်။
ဤ ဥပဒေသသည် ကျွန်ုပ်က ထွင်လိုက်သော ဥပဒေသမဟုတ်ချေ။
ကျွန်ုပ်တို့၏ရာဇဝင်တွင် အလွန်ကျော်ကြား ထင်ရှားသော အနော်ရထာဘုရင်မင်းမြတ်သည် ဤဥပဒေသကို ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဘူးလေသည်။
ရာဇဝင်ကို ကြည့်မူ ဘာသာတရားကို မှီ၍ အသက်မွေးကြသော သူများကို ခွဲခြား၍ သိနိုင်ကြပေလိမ့်မည်။

ဘာသာတရားသည် ကျွန်ုပ်တို့ လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။
ဘာသာတရားကို မှီ၍ အသက်မွေးကြကုန်သော သူတို့သာလျှင် ရှုက်ထွေးကြစေ၏။
ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သောလူမျိုးကို အားပေးခြင်းမရှိသည် ကို တွေ့မြင်ကြရပေလိမ့်မည်။
သို့သော်လည်း အသီးသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဘူးလေပြီ။

ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွါးခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ် အရေး တွေ့ရပုံ၊
အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့ကသွားလုပ်၍ အလံကိုင်သူ နှင့် ကုန်သည်တို့က နောက်မှလိုက်ရပုံ အကြောင်းစုံ ကို ထောက်ထားလျှက်
မည်သည့်ကာက ဒေသ၌မဆို ဘာသာတရားက မှီ၍ အသက်မွေးသူများ ရှိခဲ့ဘူးကြောင်း ကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခုဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။
ဘုန်းကြီးပင်ခေါ်ခေါ်၊ ရဟန်းပင်ခေါ်ခေါ် နှစ်မျိုး နှစ်စားရှိ၏၊
တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာ ဖြစ်၍ ဘာသာတရား တိုးတက်ပြန့်ပွါမှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။
ဘာသာတရားနှင့် ဆန့်ကျင်သော အမှုမျိုးပင်ပြုကြ၏။
တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွါးမှုကို လေးစား၍ လောကီသားတို့၏ အမှု ကို ရှေ့ရှုခြင်း မရှိချေ။

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇဝင်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျှက် မြင့်မြတ်သောအမှုမျိုးကိုသာ ပြုလုပ်ခဲ့ကြပေ၏။
. ရှေးခေတ်များ၌ သံင်္ဃာတော်အရှင်သူမြတ်များသည် ကျွန်ုပ်တို့ တစ်မျိုးလုံးကို ပညာသင်ပေးရန်တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။
ယခုခေတ်၌ပင်တောရွာများတွင် သံင်္ဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျှက်ရှိသောကြောင့် မြောက်များစွာ သော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။
အချုပ်မှာ သံင်္ဃာတော်အရှင်သူမြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှု တို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။
ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံင်္ဃာတော်အရှင်သူမြတ်များ သည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက် ကြပါပေ၏။

ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ
. နှစ်ပေါင်း ၂၅၀ဝ အတွင်း လိမ်းကပ်၍လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင်  ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ႓ာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

သို့ဖြစ်သောကြောင့် ယခု သံင်္ဃာတော်အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။
အရှင်သူမြတ်များဘုရား။
အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။
အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။
ကမ႓ာလောကကြီး ကို သာသနာရောင် အလင်းပေးတော်မူကြပါ။
သို့မှသာလျှင် ကမ႓ာသူ ကမ႓ာသားတို့ မေတ္တာတရားပွါးများ၍ သမစိတ္တနှင့် ညီရင်းအစ်ကို မောင်ရင်းနှမ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။
အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။
တကမ႓ာလုံး ကိုးကွယ်ဆည်းကပ်သည် ကိုလည်း မြင်ချင်ပါသည်။
တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ႓ာလုံး မှာပင်  မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။
ဤစွမ်းပကား ကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿ        .. လူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။

ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။
တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသောနိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။
တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရား များ ကို ဟောတော်မူကြပါ။
. မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလဲ ဟောတော်မူကြပါ။
. မြင့်မြတ်သော လွတ်လပ်ရေး ဆိုရာ၌
— လွတ်လပ်စွာ ဘာသာရေးတရား ကိုးကွယ်နိုင်မှု၊
— လွတ်လပ်စွာ ဘာသာရေးတရား ကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊
—  ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊
—  လူအ လူန ဘဝ မှ လွတ်မြောက်မှု စသည်တို့ဖြစ်ပါသည်။
အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား ဩဝါဒ ပေးတော်မူခဲ့သည့် အတိုင်း
“အပ္ပမာဒေန၊ သမ္ပဒေထ” မမေမလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော် မူကြပါဘုရား။
ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏လူမျိုး သည် လောကုတ်လောကီ နှစ်လီသော အကျိုးထူးများကိုခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။

အရှင်ဘုရားများ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန်ဝတ္ထရားများရှိပါသည်။
ဤမွန်မြတ်သော တာဝန်ဝတ္ထရားများကို ကျေပြွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။

တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာပြုနိုင်ပါသည်။
. ဆောင်ရွက်ဖို့။ တာဝန်ကျေပြွန်မည် မကျေပြွန်မည် ဟူသော ပြသနာမှာ အရှင်သူမြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။

+++++++++++++++++++++++++++++++++++++

9904-bogoke-aung-san-01

23 comments

  • မြစပဲရိုး

    February 14, 2015 at 10:44 pm

    အခု ကျွန်မတို့ အချိန်မှာတော့
    “ဘာသာတရားကို မှီ၍ အသက်မွေးသူများ” များ လာတာ ကို မတားဆီးတဲ့ အပြင် အားပေးပြီး လက်ကိုင်တုတ် လုပ်နေတဲ့ သူများ ကြီးစိုး နေတော့
    ဒီ မြေမှာ သာသနာ မပျက် ရင် ကံကောင်း ပါ ဦးအောင်ဆန်းရေ။

    • kai

      February 16, 2015 at 6:27 am

      ယခုဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။
      ဘုန်းကြီးပင်ခေါ်ခေါ်၊ ရဟန်းပင်ခေါ်ခေါ် နှစ်မျိုး နှစ်စားရှိ၏၊

      “ဘာသာတရားကို မှီ၍ အသက်မွေးသူများ” ဆိုတဲ့စကားလုံးအသုံးအနှုန်းလေး.. လွှတ်ကြိုက်သဗျာ…။
      သခင်အောင်ဆန်းတို့… တော်ပုံများ.. အံ့ဩလို့မကုန်..။ :k:

  • မြစပဲရိုး

    February 14, 2015 at 11:13 pm

    Credit to – Pa Yit (Source from – Facebook)
    တပ်မတော်ကိုဖြိုခွဲသူများ
    ============
    (၁)
    ကိုးကန့်နဲ့..မြန်မာ့တပ်မတော်နဲ့..
    တိုက်ပွဲတွေဖြစ်တဲ့ကာလမှာ..
    ကျွန်တော် ဝေဘန်ချက်ပို့စ်တွေ
    အများကြီး တင်လိုက်ပါတယ်၊

    တင်လိုက်တဲ့သဘောက..
    စစ်တပ်ကို သွန်လိုသွန်၊ မှောက်လိုမှောက်
    အသုံးချနေတဲ့ အဘ တွေအကြောင်းကို
    သိချင်သွားစေချင်လို့၊

    စစ်သားတွေကို နှာဖါးကြိုးတွေ
    ထိုးချင်တိုင်းထိုး..
    ရုန်းချင်တိုင်းရုန်းခိုင်းနေတဲ့..
    ဘဘတွေရဲ့ အကြောင်းကို ဆင်ခြင်နိုင်ဖို့..၊

    ရှေ့တန်းမှာ အသက်စွန့်နေရတဲ့..
    စစ်သားတွေနဲ့ မိသားစုတွေကို…
    ကိုယ်အသက်စွန့်ရတာ…
    တန်ရဲ့လား… ဆိုတာကို.
    နားလည်စေဖို့….၊

    ပိုစ့်ကို သေချာဖတ်တဲ့သူတိုင်း
    ဘာကိုဆိုလိုတယ်ဆိုတာကိုသိပြီးသား…
    ———————
    (၂)
    အဲဒါကို မသိချင်ယောင်ဆောင်ပြီး
    အူကြောင်ကြားအထာနဲ့..
    စစ်တပ်ကိုပဲဖြိုခွဲသလိုပုံစံမျိုး..
    တံဆိပ်ကပ်နေတဲ့သူတွေကိုတွေ့ရတယ်..

    လူမှန်ရင် စာဖတ်တတ်ရင်
    နားလည်တဲ့ကောင်ချည်းပဲ
    စစ်တပ်က ပြိုကွဲပြီးသား…
    ဘယ်သူ့မှဖြိုခွဲစရာမလိုဘူး..

    ခင်ဗျားတို့အဘတွေပဲဖြိုခွဲခဲ့တာ..
    – စစ်တပ်ကို ပြည်သူမုန်းအောင်လုပ်တယ်၊
    – စစ်တပ်အောက်ခြေအဆင့်တွေကို
    ခွေးသာသာထားတယ်၊
    – စစ်တပ်အောက်ကလူတွေ ကိုခေါင်းပုံဖြတ်ပြီး..
    ဆင်းရဲချမ်းသာ အဆပေါင်းများစွာ
    ကွာဟအောင်ထားတယ်၊
    – အဆင့်ဆင့် ခိုးကြတယ်၊
    – ဗိုလ်ချုပ်ကြီးတွေက..
    မှောင်ခိုရာဇာတွေ၊ ခရိုနီတွေနဲ့ပေါင်းတယ်၊

    အရင်တုန်းကအသေအကြေတိုက်ခဲ့တဲ့..
    ကိုးကန့် ဝတို့နဲ့ ပြန်ပေါင်းထုတ်တယ်
    ပြီးရင် ဘိန်းလုပ်တယ်၊ စီးပွားရေးလုပ်တယ်
    အသေလဲ ချမ်းသာကုန်ကြတယ်

    ထိပ်ပို်င်းကကောင်တွေက..
    ဒေါ်လာသန်းချီ ချမ်းသာတဲ့အချိန်မှာ..
    အောက်မှာက လူမွှေးမမပြောင်ဘူး..

    အဲဒီလိုဖြစ်မှတော့..၊
    အဲဒီစစ်တပ်ကြီးက..
    မပြိုကွဲတော့ဘူးတဲ့လား..၊
    အံ့ဩပါ့..၊
    ————————
    (၃)
    အဲဒီရဲ့ အကျိုးဆက်က..
    စစ်သားဖြစ်ချင်တဲ့လူတွေနည်းလာတယ်..
    လူငယ်တွေထဲမှာ စစ်တမ်းကောက်ကြည့်
    စစ်ထဲဝင်ချင်တဲ့သူ (၁၀၀) မှာ
    ဆယ်ယောက်ပြည့်ဖို့နေနေသာသာ..
    စစ်သားအသစ်တွေကို အသေအလဲလိုက်စုရတဲ့
    အဆင့်အထိ အောက်တန်းကျသွားတယ်၊

    စစ်တပ်က အဲဒီအနေအထားဖြစ်လာပေမဲ့..
    ဘဘတွေကတော့ …
    ချမ်းသာပြီးရင်းချမ်းသာလာတယ်၊
    ဦးပိုင် ဆိုတဲ့အဖွဲ့အစည်းတွေဖွဲ့ပြီး
    စီးပွားရေးလုပ်ကြတယ်..၊
    စစ်သားတွေအတွက်ဆိုပြီး..
    ခေါင်းစဉ်လှလှလေးသုံးတယ်၊

    တကယ်ကျတော့..
    အောက်ခြေက..
    စစ်သားတွေဘာမှမရဘူး..၊
    အစိုးရကို အခွန်ဆောင်စရာမလိုသလို..
    အရှုံးအမြတ်ကိုလဲ ကြေငြာစရာမလိုပဲ..
    စိတ်ကြိုက် စားသောက်ခွင့်ရတဲ့အတွက်..
    ဦးပိုင်ဆိုတဲ့အဖွဲ့စည်းကိုတည်ထောင်ခဲ့သော
    ဘဘများနဲ့ အရာရှိကြီးတွေသာ..
    အကြီးအကျယ် သပိတ်ဝင်အိပ်ဝင်ရကြတယ်၊
    ——————-
    (၄)
    အဲဒီလိုသာယာနေတဲ့အချိန်မှာ..
    ပုခုံးပေါ်မှာ အပွင့်အခက်တွေ..
    တစ်ပိဿာလောက်ရှိတဲ့..
    ဘဘကြီးတွေဟာ..

    အောက်ခြေစစ်သားတွေရဲ့..
    ရိက္ခာဆီထဲမှာ အားလူးတွေထည့်ဖျော်ထားတာကို
    မေ့နေတယ်..၊

    အောက်ခြေစစ်သားတွေရဲ့..
    ရိက္ခာပဲထဲမှာ..
    ပိုးထိုးနေတာကို..မသိဘူး..၊

    အောက်ခြေစစ်သားတွေရဲ့..
    သားသမီးတွေ ပညာရေးစနစ်အစုတ်ပြတ်အောက်မှာ
    စာကောင်းကောင်းမသင်နိုင်တာကိုမေ့နေတယ်..၊

    ဆီတွေခိုးတာများသွားလို့..
    အောက်ခြေစစ်သားတွေရှေ့တန်းထွက်တဲ့အချိန်
    ကား နဲ့ လိုက်မပို့နိုင်တာကို..
    ရူးချင်ယောင်ဆောင်နေတယ်၊

    အောက်ခြေစစ်သားကို..
    ကျွန်တွေလိုသဘောထားတယ်..၊

    စစ်တပ်ကို ဘယ်သူဖြိုခွဲသလဲ..
    ဘယ်သူလုံးပါးပါးအောင်လုပ်သလဲ..၊

    အဲဒီလိုဖြိုခွဲအောင်..
    တည်းတည်းလေးဖြစ်အောင်..
    လုပ်တဲ့သူတွေကိုရော..
    ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ..

    မေးလိုက်ရင်…
    တိတ်ဆိတ်သွားကြတယ်..၊
    ————————-
    (၅)
    စစ်ဗိုလ်တွေကိုပြောချင်တာက..
    တခြားသူတွေကို ဝေဘန်နေမဲ့အစား..

    ကိုယ့်စစ်တပ်အောက်ခြေအဆင့်တွေကို..
    လူတစ်လုံးသူတစ်လုံးဖြစ်အောင်..
    လုပ်ကြစေချင်တယ်..၊

    ခင်ဗျားတို့သောက်ရမ်းချစ်တဲ့စစ်တပ်ကြီးကို
    လုံးပါးပါးအောင်လုပ်နေတဲ့..
    ခင်ဗျားတို့ ဘဘတွေ..
    တစ်ယောက်မှမသေသေးပါဘူး..၊

    ခင်ဗျားတို့အဖြစ်က..ရီရတယ်..
    တခြားလူတွေကိုဝေဘန်ဖို့ကျ..
    အသံတွေထွက်လာပြီး..
    စစ်တပ်ထဲမှာတကယ်လိုအပ်တာတွေ
    တကယ်ချို့တဲ့နေတာတွေကြတော့..
    မတောင်းဆိုရဲကြပါလား..၊

    ဘာလို့…အလှကြည့်နေတာပါလဲ..
    ဒါလား… စစ်သားစိတ်..၊
    အောက်လက်ငယ်သားကိုချစ်တဲ့စိတ်တဲ့လား..?
    —————————
    (၆)
    ဒီနေ့..
    ဗိုလ်ချုပ်မွေးနေ့ မို့လို့ …
    ထပ်ပြောလိုက်မယ်..

    ဗိုလ်ချုပ်ဟာ..အောက်ခြေအဆင့်တွေကို..
    ဘယ်လို..ဘယ်လောက်အထိ. တန်ဘိုးထားလဲ…
    ခင်ဗျားတို့ လေ့လာမိသလား…?

    ခင်ဗျားတို့ အဘတွေနဲ့တူလား.?
    သတိပေးချင်တာကတော့..
    ခင်ဗျားတို့ ဘဘတွေ..
    ဗိုလ်ချုပ်သမိုင်းကို…
    ဖျောက်ရတဲ့..အဓိကအကြောင်းရင်းထဲမှာ..
    နောက်ပေါက်စစ်ဗိုလ်တွေရဲ့
    နှလုံးသားထဲမှာ..
    ဗိုလ်ချုပ်လိုမျိုး စိတ်တွေ..
    ဝင်သွားမှာစိုးလို့ ဆိုတာလဲ..
    တစ်ချက်ပါဝင်တယ် ဆိုတာပါပဲ..၊

    ထပ်မေးချင်တယ်ဗျာ..
    ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့..
    မြန်မာ့တပ်မတော်ကို…
    ဘယ်ခွေးသူတောင်းစားတွေက..
    ဖြိုခွဲခဲ့တာလဲ..?

    ဘယ်ခွေးသူတောင်းစားတွေက..
    ယဲ့ယဲ့လေးကျန်အောင်လုပ်တာလဲ..?

    ကိုယ့်ကိုယ်ကို..
    စစ်သားဆိုတဲ့လေကျယ်တွေ ဖြေကြပေါ့ဗျာ..၊

    အခုဝေဘန်ချက်တွေဟာ..
    အဘနဲ့ စစ်သားစစ်စစ်တွေကိုခွဲတာလား..၊
    စစ်ခွေးနဲ့ စစ်သားကို ခွဲတာလား..၊

    ခင်ဗျားတို့နှာခေါင်းပေါက်ထဲဝင်နေတဲ့..
    ဘဘတွေရဲ့ နွားဖါးကြိုးတွေကို
    ဆွဲချွတ်ပေးနေတာလား..

    ဆိုတာ…

    လူ မှန်ရင်..စဉ်းစားတတ်မှာပါ၊

    ( Pa Yit)

    ——————–

    မှတ်ချက်-

    Online လေကျယ်နေတဲ့စစ်ဗိုလ်များအနေနဲ့..
    အခုတင်ထားတာကို လက်မခံဘူးထင်ရင်-

    နီးစပ်ရာတပ်ရင်းတစ်ရင်းကိုဝင်လိုက်ပါ၊
    အောက်ခြေအဆင့်စစ်သားမိသားစုတွေကို..
    လေ့လာလိုက်ပါ၊

    ပြီးရင်..ဘဘတွေရဲ့မိသားစုတွေရဲ့
    နေထိုင်မှုအဆောင်အယောင်ရပိုင်ခွင့်နဲ့
    ပိုင်ဆိုင်မှုတွေကို လေ့လာလိုက်ပါ..၊

    ပြီးရင် အဲဒီနှစ်ခု အချိုးချကြည့်ပါ..

    အဆပေါင်း ထောင်သောင်းသိန်း မက.
    ကွာခြားနေမှာဖြစ်ပါတယ်၊

    အဲဒီအခါကျရင်..
    ဗိုလ်ချုပ်က ခင်ဗျားတို့ကိုရိုက်တယ်အမှတ်နဲ့..
    ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်လိုက်ပါတော့.

    • veryloveman

      February 16, 2015 at 5:53 pm

      လေးစားပါတယ် အရေးအသား ထိရောက်မှန်ကန် ပြည့်စုံလွန်းတယ်ဗျာ

  • Courage

    February 15, 2015 at 2:07 am

    ဒေါ်လေး… ဒေါ်လေမြ။ ဆြာတော် ဝီကို သွားမပြောပါနဲ့။
    သူလဲ တော်တော်လေးစားဖို့ ကောင်းပါတယ်ဗျ။
    စင်ပေါ်တက်ပြီး လူပေါင်း အရာ အထောင်ရှေ့မှာ xသည် လို့ ပြောရဲ့တာ ဆြာတော်ရယ် ဗိုလ်ချုပ်ရယ်ပဲ ရှိတာပါ။ 😛

  • ခင်ဇော်

    February 15, 2015 at 7:24 am

    ကိုကောင်းကင်ကိုဆီက စောနကရှယ်ထားတဲ့အထဲက ဟာလေးတွေ

    ” Stockholm Syndrome (စတော့ဟုမ်း လက္ခဏာစု) (by Kang Shin Juu)
    ဘာသာပြန်သူ။ Sunwu Kang (ဝေနွယ်နှင်းစိုး) (s2sunwus2@hanmail.net)

    နောက်ခံအချက်လက်။ ။ ဓားပြတွေက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံရတဲ့ သူတွေဟာ ဓားပြတွေနှင့် အချိန် အတော်ကြာ နေရင်း ဓားပြတွေကို သနားပြီး ဒီ ဓားပြတွေကို ဖမ်းဖို့ ကြိုးစားနေတဲ့ ရဲတွေကို ရန်သူအဖြစ် သတ်မှတ်ပစ်တဲ့ စိတ်အခြေအနေကို ဆိုလိုပါတယ်။

    ၁၉၇၃ခုနှစ် ဆွီဒင်နိုင်ငံ Stokcholm မြို့ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆိး လုယက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အဲဒီအချိန် ဓားပြတွေကြောင့် အင်မတန်ဆိုးဝါးလှတဲ့ နေရာတွေရောက် ဓားစားခံအဖြစ် အဖမ်းခံလာရတဲ့ သူတွေဟာ မိမိရဲ့ အသက်ကို ဆုပ်ကိုင်ထားတဲ့ အင်အားကြီးမားသူ ဓားပြရဲ့ လွှမ်းမိုုးမှုကြောင့် ဒီ ဓားပြကိုပဲ ထောက်ခံဖို့ ဖြစ်လာပါတယ်။ ဘယ်လောက်ထိလဲဆိုရင် အတူတူ ပူးပေါင်းဖို့အထိပါ ဖြစ်လာပါတယ်။

    ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ဆိုတဲ့ အဖြစ်ဟာ အဖြစ်ဆိုးတွေထဲက အဆိုးဝါးဆုံး အခြေအနေလို့လည်း ပြောလို့ရတယ်မဟုတ်လား။ ဒီ ဓားပြတွေဆီက မလွတ်မြောက်နိုင်ဘူးဆိုရင် အဆိုးဆုုံးအခြေအနေက အသက်သေသွားတဲ့အထိ ဖြစ်နိုင်တယ်လေ။ အဲဒီတော့ ဒီလို အခြေအနေ ဆိုက်ရောက်ပြီး ကိုယ့်ကို ကယ်တင်နိုင်မယ့် အင်အား၊ ရဲတွေမှာလည်း မရှိဘူးဆိုရင် ဓားစားခံတွေရဲ့ စိတ်ဓာတ်ကျမှုဟာ အရမ်းအရမ်းကို ဖြစ်ပွားလာနိုင်တယ်ဆိုတာ ဧကန်မလွဲပါပဲ။

    ဒီလိုအခြေနေမျိုး ရောက်ပြီဆိုရင် ဓားစားခံတွေဟာ ဘယ်လို တုံ့ပြန်မှုတွေ ရှိနေမလဲ။ သူတို့တွေကို ကယ်တင်ပေးမယ့် ရဲတွေ၊ လူ့အဖွဲ့အစည်း(society)တွေထက် သူတို့ကို ချုပ်ထားတဲ့ ဓားပြတွေရဲ့ ဘက်ကို လိုက်ပေးဖို့ ဖြစ်လာပါတယ်။ စိတ်ပညာရှင်တွေရဲ့ စကားအရဆိုရင် ၊ ဓားစာခံတွေ ခံစားဖို့ ဖြစ်လာတဲ့ Stockholm လက္ခဏာစု ဟာ အချက်၃ချက် ရှိနေပါတယ်။

    (၁) မိမိတို့ရဲ့ အသက်ကို ဆုပ်ကိုင်ထားတဲ့ ဓားပြတွေဟာ ဓားစာခံအဖြစ်ပဲ အသုံးချပြီး အသက်ကို ဒုက္ခမပေးပါလားဆိုပြီး ဓားစာခံတွေက ကျေးဇူးတွေတင်၊ နောက်ဆုံးတော့လည်း သူတို့တွေကို ကြင်နာတဲ့စိတ်တွေအထိ ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။

    (၂) ဓားစာခံတွေဟာ မိမိတို့ကို လာကယ်တဲ့ ရဲတွေကိုတောင် ပြန်လည်တိုက်ဖို့လုပ်ဆောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲတွေဟာ မိမိတို့နဲ့ ဓားပြတွေကြားမှာ ရှိတဲ့ သံယောဇဉ်ကို ဖျက်ဆီးပြီး မိမိတို့ရဲ့အသက်ကိုတောင် ထိခိုက်လာနို်င်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    (၃) နောက်ဆုံးအချက်က – ဓားစာခံတွေဟာ ဓားပြတွေအပေါ် ခင်မင်သွားပါတယ်။ ဒီလိုနဲ့ ဓားစာခံနဲ့ ဓားပြတွေဟာ အတူတကွ ကြောက်ရွံ့မှုဆိုတဲ့ စိတ်ခံစားမှု ဖြစ်ပေါ်ပါတယ်။ ဒီလိုနဲ့ ဒီ နှစ်ဦးနှစ်ဘက်ကြားမှာ “ငါတို့(we)” ဆိုတဲ့ အင်မတန်တွေးရခက်တဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ ”

    သေချာရှင်းပြရေးပြတာကတော့ စောနကရှယ်ထားတဲ့အထဲသာ ဖတ်ကြည့်

    ခုလတ်တလောမြင်နေရတာနဲ့ကွက်တိလေးတွေ ဖြစ်နေလို့

    လူတွေဟာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်ဆိုတာနဲ့တော့ ဆင်မလားမသိ…

    😥

    • kai

      February 15, 2015 at 12:18 pm

      (၀) ပထမမတိုင်ခင်.. နံပါတ်သုံညအချက်လို့ပဲဆိုချင်ဆို.ပေါ့..။
      ဓားစာခံတွေဟာ … ဓားပြတွေကိုကြောက်ရင်း..ကြောက်ရင်းနဲ့ မိမိအသက်ကိုဆုပ်ကိုင်ပိုင်စိုးထားသူတွေရယ်လို့… မသိစိတ်ကလက်ခံတဲ့အခါ.. ကိုယ့်အသက်ကို လာရောက်ကယ်တင်မယ့်သူ(ရဲ)တွေကို.. ပြန်လုပ်ပြလိုက်မဟဲ့..။ ပြန်ချပြလိုက်မဟဲ့ဆိုတဲ့အတွေးတွေဝင်လာပါတယ်..။
      ဖားတာ..ဖားတာ..။ အသက်ရင်းပြီး.. ဖားတာ..။ ဓားပြတွေကိုဖားတာပါ…။ အဝေးကမသေချာတဲ့.. ရဲတွေအပေါ်ပူးပေါင်းပြတာထက်စာရင်.. အနီးကသေချာတဲ့..ဓားပြကိုဖားရင်း… သနားမေတ္တာခံယူချင်တဲ့..သဘော…သဘော..။ :k:

    • ကထူးဆန်း

      February 15, 2015 at 1:08 pm

      အရီးပိုစ်နဲ့ မဆီမဆိုင် မှတ်ချက်ကြောင့် အတွေးဝင်တာတော့ဆောရီးပါ ..

      ၁၉၈၈ ကျော် လွန် ပြီးကာလ စက်မှုတက္ကသိုလ်ကနေ တပ်ထဲ ရောက်ခဲ့ တဲ့ ဗိုလ်ကြီး တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ် ..အရေးအခင်းအချိန် သူက နယ်ဘက်မှာ တာဝန်ကျတယ် .. သူပြောခဲတဲ့စကားလေးကို အမြဲ အမှတ်ရမိတယ် ..

      ကျွန်တော်တို့လဲဗျာ ကျောင်းသားက လာတာဘဲ .. ဘယ်ပစ်ချင်ပါ့မလဲ ..ဒါပေမဲ့ ကျွန်တော်တို့ကို ပုဆိုးလှန်ပြတဲ့ကောင်နဲ့ မအေနဲ့ ကိုင်တုတ်တဲ့ကောင်နဲ့ မျိူ းစုံဆဲဆိုတိုင်းထွာတာတွေ များလာတော့ကျွန်တော်တို့လည်း ကြာတော့ သည်းမခံနိုင်တော့ဘူး ။ စစ်သားတွေ အချင်းချင်းလဲပိုစည်းရုံးလာတယ်ဗျ .. ..ပစ်ကြခတ်ကြတော့ ကျွန်တော်တို့က လက်နက် နဲ့ လူဆိုတော့ ကျွန်တော်တို့ကို ပုဆိုးလှန်ပြထားတဲ့သူ ကိုင်တုတ်နေသူတွေကို စော်မိတော့တာပေါ့ …….. ဆိုတာလေး အမှတ်ရမိတယ် …

      အခုတော့သူလဲ အပွင့်အခက်တွေ တော်တော်များနေတဲ့ ဦးဆောင်သူ တစ်ဦးဖြစ်နေပြီပေါ့ ..

      ဒီစကားဘာလို့ပြောတဲလဲ ဆိုတော့ ထစ်ခနဲဆို စစ်ခွေးတွေဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေသူတွေ က အဲ့ဒီ့လူတွေကို တစ်ဘက်စွန်းရောက်အောင် စုစည်းမိအောင်တွန်းပို့နေကြတယ် ဆိုတာ သူတို့ဟာ သူတို့ မသိကြတာ ကို ပြောပြချင်တာဘဲ … နောက် ခု အဘဖြစ်လာသူတွေလဲ တစ်ချိန်က အောက်ခြေက လာခဲ့ကြတာပါဘဲ . မိုးပေါ်က ပြုတ်ကျသူတွေ အားလုံးမဟုတ်ပါဘူး ။ လက်နက်ကိုင် အဖွဲ့ အစည်းမို့လို့ အထက်အောက် နာခံအောင် အသေရိုက်သွင်းထားတာတွေက တော်ရုံပြောင်းဖို့ မလွယ် ။

      ကျန်တာတော့ ကိုယ့် အတွေးနဲ့ ကိုယ် ကိုယ့်ခံယူချက် နဲ့ ကိုယ် ။ ဘယ်နေရာဖြစ်ဖြစ်ကောင်းသူရှိသလို ဆိုးသူလဲ ရှိတာဘဲ ။

      • ကထူးဆန်း

        February 15, 2015 at 1:10 pm

        မေ့သွားလို့ … အရီးလတ် ကျမ္မာပါဇီ။

      • ခင်ဇော်

        February 15, 2015 at 1:22 pm

        အင်းးးပေါ့
        အင်းးပေါ့
        စကားးလုံးးးဂျီးးးးတွေနဲ့ စော်ကားးးတာကို
        သေနတ်လေးးးလောက်နဲ့ မသေသေအောင်ပစ်မိတာကို
        အပြစ်တင်တာတော့ ပြည်သူတွေ အရမ်းးးလွန်လွန်းးးတာပေါ့
        သနားးးစရာကောင်းးးလိုက်ထှာာာာာာ

        😥

        • ကထူးဆန်း

          February 15, 2015 at 2:00 pm

          အင်အားကြီးသူက အင်အားနဲသူကို အနိုင်ကျင့်တာ မဆန်းတဲ့ လောကဖြစ်နေတာပါ ..
          ကဒါဖီ အင်အားရှိစဉ်က အဲ့ဒီလိုပြောခဲ့သူတွေ လက်ထဲ အင်အားလဲ ရသွားရော ကဒါဖီတို့ဘယ်လိုသေခဲ့ ရလဲ ဆိုတော့….
          အခု လက်နက်မရှိလို့ ဆဲဆို နေသူတွေလက်ထဲ လက်နက်ရောက်သွားရင်လည်း ဒီလိုဘဲ ပြန်ပြုမူကြမှာပါဘဲ ..
          လူူ ဆိုတာ လူဘဲ မို့ လူ အကျင့်ဘဲ ကျင့် ကြတာများပါတယ် …

        • kai

          February 15, 2015 at 3:10 pm

          ယူအက်စ်မှာ.. … ရဲတွေကိုသင်တန်းပေးတဲအခါမယ်.. သေနတ်ကိုင်လိုက်ရင်..လူကစိတ်ဓာတ်ပြောင်းသွားပြီး.. .. ကိုယ့်ကိုယ်ကိုယ်.. နတ်ဘုရားလိုစိတ်တွေဝင်လာတယ်လို့ဆိုပါတယ်..။
          အဲဒီစိတ်ကို.. ချိုးနှိမ်ဖို့တော်တော်ခက်တယ်ဆိုပါတယ်..။
          အဲဒါကြောင့်.. ယူအက်စ်ရဲတွေ.. သေနတ်ကိုင်ထားပြီဆို.. ဟိုမှာဖက်ကတော့..အူကြောင်ကြောင်မလုပ်နဲ့.. ပစ်တော့တာပဲ..။
          အဲဒါကြောင့်.. ရဲက..အမိန့်ပေးခိုင်းပြီဆို.. ကလန်ကဆန်မလုပ်နဲ့.. ပြောတဲ့အတိုင်းသာအတိအကျလိုက်လုပ်ပါတဲ့..။
          (ကျန်တာနောက်မှရှင်း…တဲ့.)
          နောက်သူတို့ကိုပေးထားတဲ့အမိန့်တခုက.. ပစ်ရင်တော့.. တချက်နဲ့မပစ်နဲ့.. ကျည်ကုန်အောင်ပစ်.. ဝိုင်းပစ်..သေအောင်ပစ်တဲ့..။
          မတော်ရှင်နေရင်.. အစိုးရက..ရှင်းရတာပိုခက်လို့…တဲ့..။

          အိုဘယ်.. သေစေတဲ့နတ်..သေနတ်..ကြီးပုံ..။
          ဒါက.. လူ့သဘာဝပါတဲ့..။ :i:
          ==

          အောက်ကစာက.. တာဝန်ရှိသူကသတင်းစာထဲထည့်ခိုင်းလို့.. ထည့်ပေးဖူးတဲ့..စာ..။ ဗဟုသုတအလို့ငှာ..။

          • ရဲဝန်ထမ်းက သင့်ကို ထိပ်တိုက်တားဆီးလာပါက ဘာလုပ်ရမလဲ။

          . စိတ်လျော့၍စိတ်အေးအေးထားပါ။ စိတ်အေးအေးဖြင့်စကားအသုံးအနှုံး၊ကိုယ်အမူုအယာ၊ကိုယ်ခံစားမှုများကို ထိန်းထိန်းသိမ်းသိမ်းထားပါ။ မိုက်ရူးရဲဒေါသဖြင့် ဘာမှမလုပ်ပါနဲ့။

          .ရဲဝန်ထမ်းနှင့်အပြိုင် စကားငြင်းခုန်ခြင်းမပြုပါနဲ့။

          . ရဲဝန်ထမ်းကို ဆဲဆိုခြင်း၊ မချေမငံပြောခြင်းမပြုပါနဲ့။

          .သင်ဘာပြောပြော၊ ဘာလုပ်လုပ် ရဲဝန်ထမ်းကမှတ်ထားပြီး သင့်စကားနှင့်သင် ပြန်ပြီးကြိုးချည်ခံရတတ်ပါတယ်။

          . သင့်လက်နှစ်ဘက်စလုံးကို ရဲဝန်ထမ်းမြင်နိုင်သောနေရာတွင်ထားပါ။ (လက်မြောက်ထားခြင်း။ ကားမောင်းစဉ်ဖမ်းပါက ကားစတီယာတိုင်ပေါ်တွင် လက်နှစ်ဘက်လုံး တင်ထားခြင်း။)

          . ရဲဝန်ထမ်းဆီမှ ခေါင်းမရှောင်လိုက်ပါနဲ့။

          . ရဲဝန်ထမ်းဆီမှ ထွက်မပြေးပါနှင့်။

          .ရဲဝန်ထမ်းအား လက်ဖြင့်၊ ကိုယ်ဖြင့်၊ ခြေထောက်ဖြင့် သွားမထိပါနဲ့။

          . သင်မှန်သည်ထင်သော်လည်း ရဲဝန်ထမ်းကို ပြန်ပြီးမဆန့်ကျင်ပါနဲ့။

          . ရဲဝန်ထမ်းနဲ့ထိတ်တိုက်ကြုံချိန်မှာ မကျေနပ်ချက်ကို ပြောဆိုမိသော်၊ ရဲဝန်ထမ်းကို “ သင်မှားတယ်” ဟုပြောဆိုခဲ့သော် အခြေအနေပိုဆိုးသွားနိုင်ပါသည်။

          . ဖြစ်ခဲ့သည့်အကြောင်းကို သွားပြီးရှင်းပြမနေပါနှင့်။ ပါးစပ်ပိတ်ထားပါ။ သင့်နာမည်နှင့်လိပ်စာမှလွဲ၍ တခြားဘာမှမပြောပါနှင့်။

          . အဖမ်းခံရသော် ရှေ့နေချက်ချင်းငှားပါ။

          .ရဲဝန်ထမ်း၏နံပါတ်၊ ရဲကားနံပါတ်၊ ရဲဝန်ထမ်း၏မျက်နှာပုံသဏ္ဍာန်တို့ကို မှတ်ထားပါ၊

          . သင်မှတ်မိသလောက်ချက်ချင်းရေးချပါ။

          . အနားရှိသက်သေခံများ၏ နာမည်နှင့်ဖုန်းနံပါတ်ကို ရေးချပါ။

          . ဒဏ်ရာရခဲ့သော် ဒဏ်ရာကိုချက်ချင်းဓာတ်ပုံရိုက်ပါ။ ဆေးရုံပြပါ။ ဆေးကုစာရင်း ကော်ပီယူထားပါ။

          . ပြီးလျှင် ကေ့စ်ဝါကာ (သို့မဟုတ်) မြန်မာစကားပြောရဲဝန်ထမ်းကို ဆက်သွယ်ပါ။

        • ခင်ဇော်

          February 15, 2015 at 3:27 pm

          အသာလုပ်ပါ
          တခြားးး Professional ကျတာတွေ မယူပဲ
          ပစ်ခတ်ခွင့်တွေ ကွက်ယူ သွားးးမှဖြင့်။
          ကြောက်ပါတယ် ဆိုမှ
          :g:

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 15, 2015 at 9:56 am

    အရီးလတ်​ ကျမ္မာပါဇီ

  • အလင်းဆက်

    February 15, 2015 at 12:12 pm

    .အသံကျယ်တဲ့ ဝီ….
    .ဒီအသံကို ကျယ်ကျယ်လောင်လောင် ကြားပါဇီ

    :k:

  • မြစပဲရိုး

    February 15, 2015 at 2:38 pm

    အလဲ့ – ထူးထူးဆန်းဆန်း “ကထူးဆန်း” ကို ပြန်ပေါ်လာအောင် ခေါ်နိုင် ပါလား။
    . ကျေးဇူးပါ ဗိုလ်ချုပ်(အောင်ဆန်း)။ :))

    ဝင်ပြီး ဆွေးနွေးပေးတဲ့ မောင်ကာကြီး၊ ဇီကလေး၊ သူကြီး နဲ့ ကထူးဆန်း နဲ့ ဆက်ဆက် တို့ကို ကျေးဇူးပါ။
    ချစ်ခြင်းမေတ္တာ မျှဝေ ပေးပေး နေတဲ့ ဂီ ရော ကထူးဆန်း ကိုပါ ထပ်ဆင့်ကျေးဇူးတင်ပါတယ်။

    မောင်ကာကြီး ထောက်ပြလိုက် တဲ့ ဝီ့ ရဲ့ “ဖာသယ်” နဲ့ ဗိုလ်ချုပ်(အောင်ဆန်း) ရဲ့ “ဖာသယ်” နှိုင်းယှဉ် ပြ ဖို့
    အခွင့် အရေး ရလိုက် တာမို့ ဒီ မှာ ဖတ်ကြည့်ကြပါ။
    တကယ်တော့ ဘာမှ မယှဉ် သင့် တဲ့ နှစ်ခု ပေမဲ့ သမိုင်း ကျန်ခဲ့ ပြီမို့ အသေအချာ ရှင်းလင်း အောင် ဖတ်ကြပါ။
    ပြီးတော့ ကိုယ့် အသိ နဲ့ ကို စဉ်းစားသာ ကြည့်ကြပါ။

    ၁၉၄ရ ဇွန်လ ၁ဝ ရက် နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ကို စတင်ကျင်းပခဲ့သည်။
    ဤပြောကြားသောမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်း ပင် ဖြစ်သည်။
    ဤ တိုင်းပြုပြည်ပြု မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။
    (မိန့်ခွန်း ထဲ မှ အချို့ ကို ရွေးပြီး ဖော်ပြလိုက်ပါသည်)

    ++++++++++++++++++++++++++++++
    ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
    အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေ ကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ
    ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။
    ဒီတော့ အဲဒီ လွတ်လပ်ရေးရ တဲ့ အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်း အမျိုးမျိုး နဲ့ လုပ်တာတောင်မှ အနှစ် ၂ဝလောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်း ပြောရရင်
    စကားခပ်ရိုင်းရိုင်းပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်း ပြောမှ လူတွေက မှတ်မိတယ်။
    စကားခပ်ရိုင်းရိုင်း ဆိုရင် “အတော့ကို ပြဲအောင်ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ၊ အဲဒါ အတော့ကို ကုန်းလုပ်နိုင်မှ ရုန်းလုပ်နိုင်မှ အနှစ် ၂ဝ လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။

    ဒီတော့ ကျွန်တော်တို့က တကယ်ဘဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေ ၊ တခြား လွတ်လပ်တဲ့ နိုင်ငံတွေ က ခြေတလှမ်း လှမ်း ရင်

    ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁ဝ လှမ်း လှမ်းလိုက်နိုင်မှ အဲလိုလိုက်နိုင်တဲ့ အခါကျမှ
    နောက် ၁ဝနှစ် အနှစ် ၂ဝ တန်သည် အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်။
    တန်းတူ ညီတူ မဖြစ်သမျှ ကာလ ပါတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ် ဆိုပေမဲ့
    ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ ဒီလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ နဲ့
    “ဖာသယ် လိုနိုင်ငံ” မျိုးဖြစ်နေမှာဘဲ ဆိုတာ
    ခင်ဗျားတို့ အတိအလင်းနားလည်ထားစေချင်တယ်။
    အားမှမရှိသေးတော့ ဒီလိုဘဲ ဖြစ်နေမှာဘဲ။

    အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တခါထဲ ကျွန်တော်တို့တိုင်းပြည်မှာ ရှိတဲ့လူတွေ စည်းစည်းရုံးရုံး နဲ့ ရှိပါမှ ဖာသယ်သဘောမျိုး နိုင်ငံမျိုး မဖြစ်ဘဲ နေမှာ။
    အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။
    တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပါတ်လုံး
    ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ တက်တက်၊ ဘယ် အစိုးရ လုပ်လုပ် ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲ လို့ ကျွန်တော်ပြောချင်တယ်။
    အဲဒီတော့ကာ အဲဒီ နှစ်ခု ကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။
    ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။
    အဲဒါ အင်မတန် အရေးကြီးပါတယ်။
    ++++++++++++++++++++++++

    တကယ်တော့ ဗိုလ်ချုပ် ပြောတဲ့ “ဖာသယ်” မှာ နှိမ်တာမဟုတ်ဘူး။
    “အားမှမရှိသေးတော့ ဒီလိုဘဲ ဖြစ်နေမှာဘဲ။” ဆိုတဲ့ စကား ကပြန်ထိန်းပြီး ဖြစ်ပါတယ်။

  • မြစပဲရိုး

    February 15, 2015 at 2:48 pm

    အခု စာပိုဒ် တွေ က “လော်” နဲ့ ရန်ဖြစ်နေ တဲ့ “ချစ်သော ဂီ” အတွက်
    အဲဒီ လော် ပပျောက်ရေး တစ်ကိုယ်တော် ဟောပြောပွဲ လုပ်ချင်ရင် ကိုးကားနိုင်ဖို့ စာ များ။

    ++++++++++++++++++++++++
    ၁၉၄ရ ဇွန်လ ၁ဝ ရက် နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ကို စတင်ကျင်းပခဲ့သည်။
    ဤပြောကြားသောမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့်ခွန်း ပင် ဖြစ်သည်။
    ဤ တိုင်းပြုပြည်ပြု မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။
    (မိန့်ခွန်း ထဲ မှ အချို့ ကို ရွေးပြီး ဖော်ပြလိုက်ပါသည်)

    ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြဦးမယ်။
    လွတ်လပ်ရေးဆိုတိုင်း မြေပဒေသာပင်က မပေါက်နိုင်ဘူး ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။
    ဘာဖြစ်လို့လဲဆိုလို့ ရှိရင် ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေး ရတော့ မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လိုစိတ်ကူး ရှိကြလဲ ဆိုလို့ ရှိရင်
    ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်း ညချင်းပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ထားကြတဲ့ သူတွေ များကြတယ်။
    တစ်ချို့ကလဲဘဲ ဟာ – လွတ်လပ်ရေးရပြီဆိုတော့ ဘာလုပ်ချင်ကြသလဲ ဆိုတော့ ကျွန်တော် အရင်တစ်တစ်ခါတုန်းက တွေ့ခဲ့ တယ်။
    ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး တုန်းက အဲဒီတုန်းက ဆိုလို့ ရှိရင်
    လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမယ် ကျွန်တော်တွေ့ခဲ့တယ်။
    ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။
    ဟာ လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတစ်ကာသွားတဲ့လမ်းပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။
    အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။
    အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။

    လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။
    လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာဟာ
    အခြားတစ်ဦး တစ်ယောက် ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။

    နောက်ပြီးတော့ လွတ်လပ်ရေးရတဲ့ အခါမှာ လွတ်လပ်ရေးအခွင့်အရေးတွေ ရတယ်။
    လွတ်လပ်ရေးရတဲ့ အခါမှာ ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရတာလဲ ရှိတယ်။
    အခွင့်အရေးတွေ ပိုရသလိုဘဲ တာဝန်တွေလဲ ပိုလာလိမ့်မယ်။
    ++++++++++++++++++++++++++++

    “ချစ်သော ဂီ” ရဲ့ “လော်” တိုက်ပွဲကြီး
    . အောင်မြင်ပါဇီ။
    . အောင်မြင်ပါဇီ။
    . အောင်မြင်ပါဇီ။
    lol:-)))) 😉 :))

  • padonmar

    February 15, 2015 at 8:14 pm

    .မဆီမဆိုင်လေး ပြောပါရစေ။
    .ပါဠိနဲ့တိုက်ရိုက်ဘာသာပြန်တွေလေ့လာရင်း..
    .လှည့်ဖျားခြင်း=မာယာ၊လှည့်ဖျားတတ်သူ=မာယာဝီ ဆိုလို့ .ဂီနဲ့ရွာသူားတွေကို သတိရမိပါတယ်လို့။

  • kai

    February 16, 2015 at 9:01 am

    မြန်မာပြည်မှာ လူထုကိုယ်နှိုက်ကိုက.. လူမှုရေးထဲ.. ဘာသာရေးစွက်ဖက်လွန်းနေမှု.. လောကီ-လောကုတ္တရာရှုပ်ထွေးနေမှုကို အမှန်မမြင်နိုင်သမျှ.. ကျိန်စာမလွတ်နိုင်ဘူးထင်မိ…။

    သခင်အောင်ဆန်းကိုယ်တိုင်က..လွတ်လပ်ရေးရချိန်မှာ… ခွဲခြားဖို့ကြိုးစားချင်ခဲ့ပုံရပေမယ့်.. လွတ်လပ်ရေးမရခင်လုပ်ကြံခံလိုက်ရသမို့.. မအောင်မြင်ခဲ့..
    ( ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာလုပ်ဖို့ပြောတာ.. သခင်အောင်ဆန်းငြင်းဆိုချက်ကို.. ရှု ့)

    အခုတော့.. ဘကပညာရေးတွေကနေတောက်လျှောက်တွန်းတင်လိုက်တဲ့.. အစွန်ရောက်တွေများလာတာနဲ့အမျှ.. ဒေါ်စုကိုယ်တိုင်လည်း.. …ဆေးမမှီတော့…။
    ပိုဆိုလာဖို့သာ ရှိ..။

    ယူအက်စ်မတော့.. ဖောင်းဒင်းဖားသားတွေကိုယ်တိုင်ကိုယ်က.. နှစ်၂၀ဝလောက်ကြို သိမြင်ခဲ့လို့..အခုလို အမေရိကပြည်ထောင်စုတည်ဆောက်နိုင်ခဲ့တယ်… ဖြစ်ကြောင်း…။
    ===

    Separation of church and state in the United States

    “Separation of church and state” (sometimes “wall of separation between church and state”) is a phrase used by Thomas Jefferson and others expressing an understanding of the intent and function of the Establishment Clause and Free Exercise Clause of the First Amendment to the Constitution of the United States. The phrase has since been repeatedly used by the Supreme Court of the United States.

    The First Amendment to the United States Constitution provides that and Article VI specifies that “no religious Test shall ever be required as a Qualification to any Office or public Trust under the United States.” The modern concept of a wholly secular government is sometimes credited to the writings of English philosopher John Locke, but the phrase “separation of church and state” in this context is generally traced to a January 1, 1802 letter by Thomas Jefferson, addressed to the Danbury Baptist Association in Connecticut, and published in a Massachusetts newspaper.

    Echoing the language of the founder of the first Baptist church in America, Roger Williams—who had written in 1644 of “[A] hedge or wall of separation between the garden of the church and the wilderness of the world”—Jefferson wrote, “I contemplate with sovereign reverence that act of the whole American people which declared that their legislature should ‘make no law respecting an establishment of religion, or prohibiting the free exercise thereof,’ thus building a wall of separation between Church & State.”[1]

    Jefferson’s metaphor of a wall of separation has been cited repeatedly by the U.S. Supreme Court. In Reynolds v. United States (1879) the Court wrote that Jefferson’s comments “may be accepted almost as an authoritative declaration of the scope and effect of the [First] Amendment.” In Everson v. Board of Education (1947), Justice Hugo Black wrote: “In the words of Thomas Jefferson, the clause against establishment of religion by law was intended to erect a wall of separation between church and state.”[2]

    However, the Court has not always interpreted the constitutional principle as absolute, and the proper extent of separation between government and religion in the U.S. remains an ongoing subject of impassioned debate.[

    • kai

      February 16, 2015 at 9:14 am

      ၂ . ၉. ၁၉၆ဝ ထုတ် မီးဒုတ်သတင်းစာမှာ ပါတဲ့ဗိုလ်ချုပ်ရဲ ့ နိုင်ငံတော်ဘာသာအပေါ် သဘောထားနဲ ့
      ပက်သက်လို ့ ဒီးဒုတ်ဦးဘချိုအပေါ် ကန် ့ကွက်ပြောဆိုချက်များ..။

      “ဒီမှာဆရာ၊ ကျနော်တို ့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး။
      ဒီလို မဟုတ်မဟပ်ကို စိတ်ထင်ရာတွေ လျှောက်လုပ်နေကြမယ်ဆိုရင် ကျနော်တို ့
      တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွားကြမှာဘဲ”

      “ကျနော်တို ့တိုင်းပြည်ထဲမှာ အလောင်းဘုရားလက်ထက်ကတည်းက ရှိခဲ့ကြတဲ့
      မွတ်လင်တွေရှိတယ်။ ဗရင်ဂျီတွေရှိတယ်။ အစကတည်းက ရှိလာခဲ့ကြတဲ့
      နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေရှိတယ်”

      “အဲဒီတောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်မှာတုန်းက တချို ့
      ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေရှိတယ်။ သူတို ့တတွေဟာလည်း
      အားလုံးနိုင်ငံသားတွေဘဲ။ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်
      ကြတုန်းက ကျနော်တို ့ချည်း မဟုတ်ဘူး။ သူတို ့တတွေပါ ပါကြတယ်။

      “အခု ကျွန်တွင်းက လွတ်မယ်မှ မကြံကြသေးဘူး။ သူတို ့တတွေအပေါ်မှာ
      အနိုင်ကျင့်ပြီး ငါတို ့လူများစုရဲ ့ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို ့
      လုပ်လိုက်ရင် ကျုပ်တို ့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ကောင်တွေ
      ဖြစ်သွားကြမှာပေါ့”

      “ဆရာတို ့၊ တိုင်းပြည်ကို တိုင်းပြည်ရေးလို ့တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ
      ညာတွေ လုပ်မနေစမ်းပါနဲ ့။ ကျနော်တို ့ဟာကျနော်တို ့ တိုင်းပြည်ကြီးတခုလုံး
      စည်းရုံးနေဖို ့လိုတယ်”

      “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ်
      မင်းတရားကြီးတွေရဲ ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီးပြောခဲ့တဲ့ စကားတွေပါ။
      အခုအချိန်မှာ ကျနော်တို ့လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့
      လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမယ့်လူတွေ
      ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓာတ်တခုထံ ရှိနေအောင်သွင်းပေးဖို ့ စည်းရုံးပေးဖို ့
      လိုတယ်”

      “နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး
      အမည်ခံပြီး သာသနာ့ ဒါယကာတော်တက်လုပ်”

      “ပြီးတော့ စည်ကုံးခရိုင်နဲ ့တကွ စိုးမိုးအုပ်ချုပ်တော်မူ သီရိပဝရ ဓမ္မရာဇာ
      ဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာနိုင်ငံတော်လို ့
      ဆရာ့ဟာ ဆရာ ကြေညာ၊ ကျနော်မပါဘူး”

  • kai

    February 16, 2015 at 9:16 am

    ဗိုလ်ဥတ္တမကျော်ရေးတဲ့ “အောင်ဆန်းနှင့် ဘာသာရေး” ဆောင်းပါးတိုလေးတပုဒ်
    ရှေ ့သို ့စာစောင်..။

    ၁၉၄၆ ခုနှစ်၊ မေလ ၃၁ ရက်နေ ့ကတည်းက အစပြု၍ ရွှေဂုံတိုင်လမ်း၊
    ဘုရားကြီးကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ ့ကြီး၏ ဦးစီးနာယက၊
    ဩဝါဒစရိယ မဟာနာယက ဆရာတော်ကြီးများ နှစ်လည် အစည်းအဝေးကြီးကို
    ကျင်းပနေသည်။ အဆိုပါ နာယကဆရာတော်ကြီးများသည် မြန်မာပြည်
    တပြည်လုံး နေရာအသီးသီးမှ သာသနာရေးအတွက် တပင်တပန်း ကြွရောက်
    လာကြရခြင်းဖြစ်၏။ မြို ့ပေါ်မှ ဒါယကာ/ဒါယကာမများ၊ နိုင်ငံရေးအဖွဲ ့အသီးသီး
    တို ့မှ ခေါင်းဆောင်များသည် ဖော်ပြပါ ဩဇာတိက္ကမ ထက်မြက်တော်မူသည့်
    နာယကဆရာတော်ကြီးများကို လာရောက်ဖူးမျှော်ကြလေသည်။ ဆရာတော်ကြီး
    များကို လာရောက်ဖူးမျှော်ရာ၌ အချို ့နိုင်ငံရေးခေါင်းဆောင်များသည်
    ရိုးရိုးသားသား ဖူးမျှော်သွားသည်မဟုတ်။ မိမိတို ့နိုင်ငံရေးအဖွဲ ့အတွက်
    အမြတ်ထုတ်သွားကြလေသည်။ သူတို ့သာလျှင် သာသနာကို အလေးစားဆုံး
    သူများဖြစ်ပြီး ကျန် ဖဆပလနှင့် အခြားအဖွဲ ့များသည် သာသနာ့ရန်သူ
    ကွန်မြူနစ်ဝါဒသမားများသာဖြစ်ကြောင်း မလိမ့်တပတ်လျှောက်ထားကာ
    ဆရာတော်ကြီးများနှင့် ဖဆပလကို မသိမသာ တွန်းခဲ့တိုက်ခဲ့ကြခြင်းသာ
    ဖြစ်လေသည်။

    ဇွန် ၂ ရက် တနင်္ဂနွေနေ ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို အတိုက်အခံ
    ပြုလုပ်နေသော ရှေးခေတ်နိုင်ငံရေးသမားကြီးများဖြစ်ကြသည့် ဆာပေါ်ထွန်း၊
    ဦးသာမြတ်ဒွန်းနှင့် ဂဠုန်ဦးစောဇနီးမောင်နှံတို ့သည် ဆရာတော်ကြီးကို
    လာရောက်ဖူးမျှော်သွားကြ၏။ ဇွန် ၃ ရက်နေ ့တွင် သခင်ဗစိန် ရောက်လာပြန်ပြီး
    “တပည့်တော်သည် ဆရာတော်ကြီးများကို လေးစားကြည်ညိုပါတယ်။
    သာသနာရေးကိုလည်း အစဉ်အားပေးရန် အသင့်ရှိပါတယ်။ တပည့်တော်ကို
    ခိုင်းချင်ရာခိုင်းပါ” ဟု စာအုပ်ကြီးအတိုင်း လျှောက်ထားသွားလေသည်။

    ထိုအချိန်သို ့ရောက်ရှိသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘာသာရေးကို
    ခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများရန်ကို ခုခံကာကွယ်ရန် အချိန်တန်ပြီဟု
    ဆုံးဖြတ်လိုက်လေသည်။ ဇွန်လ ၄ ရက် (နယုန်လဆန်း ၅ ရက်)နေ ့တွင်
    ဗိုလ်ချုပ်အောင်ဆန်းသည် အရပ်ဝတ်အရပ်စားဖြင့် ဆရာတော်ကြီးများထံ
    ကုတ်ကုတ်ကလေး ရောက်ရှိလာခဲ့ပေသည်။ ထိုအခါ မကွေးဆရာတော်
    ဦးနာရဒက “ဆရာတော်ကြီးအား ဖူးမျှော်ရန် ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာ
    ပါတယ်၊ အဖူးမျှော်ခံ ကြွတော်မူကြပါဘုရား” ဟု ပင့်ဖိတ်ပေးလေသည်။
    သက်တော်ဝါတော်ကြီးမားသော ဆရာတော်ကြီးများသည် အဖူးမျှော်ခံနေရာသို ့
    ကြွရောက်လာပြီးလျှင် ဝမ်းသာအားရပြီး “ဟဲ့.. ဘယ်မလဲ၊ ဗိုလ်ချုပ်အောင်ဆန်း
    ဆိုတာ” ဟု သက်ရွယ်ကြီးသူတို ့၏ အမူအတိုင်း မျက်မှောင်ကို လက်ဝါးကာပြီး
    ဝိုင်းဝန်းကြည့်ရှုကြလေ၏။ အချို ့ဆရာတော်ကြီးများက “ဟ.. ဗိုလ်ချုပ်
    အောင်ဆန်း.. ဗိုလ်ချုပ်အောင်ဆန်းနဲ ့ နာမည်ကကြီးလိုက်တာ လွန်ပါရော၊
    ပြီးတော့ အငယ်သား ရှိပါသေးကလား” ဟု မိန် ့တော်မူကြလေသည်။
    ဘုရားကြီးဆရာတော်က ဗိုလ်ချုပ်အောင်ဆန်းအား ယခုဆရာတော်ကြီးများကို
    ဘာများလျှောက်ထားချင်သေးသလဲ၊ လျှောက်ထားလိုက လျှောက်ထားရန်
    တိုက်တွန်းလေ၏။

    ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်ကြီးများ၏ ခွင့်ပြုချက်အရ အောက်ပါ
    အတိုင်း ဘွင်းဘွင်းရှင်းရှင်း လျျောက်ထားလေရာ ဆရာတော်ကြီးများက
    များစွာသဘောကျပြီး ရယ်မောကြလေ၏။

    “တပည့်တော် ဘာမျှအထူးမလျှောက်ထားလိုပါ၊ သက်တော်ဝါတော်ကြီးသော ဆရာတော်ကြီးများကို မင်္ဂလာတရားအရ လာရောက်ဖူးမျှော်တာပါဘုရား၊
    တပည့်တော်တို ့ ဗမာပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်တဲ့ကိစ္စမှာ
    ဆရာတော်ကြီးများကို မဲဆွယ်ဖို ့နဲ ့ ဆရာတော်ကြီးများကို နိုင်ငံရေးထဲဆွဲသွင်းဖို ့
    လာခြင်း မဟုတ်ပါ၊ တပည့်တော်မှာ အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို
    မဲရလိုမှုအတွက် ရည်ရွယ်ပြီး ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်းတွေလည်း
    မပြုလုပ်နိုင်ပါ၊ လှူဒါန်းဖို ့လည်း တပည့်တော်မှာ ငွေမရှိပါ၊ အလွန်ဆင်းရဲပါတယ်၊
    တတ်နိုင်လို ့လှူတောင်မှ နိုင်ငံရေးမျှော်မှန်းချက်အတွက် မဟုတ်ဘဲ
    စေတနာသန် ့သန် ့ရှင်းရှင်းနဲ ့သာ လှူမှာပါ၊ အခုလည်း မတတ်နိုင်သေးပါဘုရား”

    ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏လျှောက်ထားချက်ကို များစွာသဘောကျ
    တော်မူကြ၍ ရယ်မောတော်မူကြ၏။ “အေး.. တယ်လဲ ပြောင်ကျသကိုး၊
    ကြိုက်သကွယ့်” ဟု ရယ်မောမိန် ့တော်မူကြလေ၏။

    ထို ့နောက် ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်ကြီးမျာ၏ ခွင့်ပြုချက်အရ
    “ဆရာတော်ကြီးများသည် ပရိယတ် ပဋိပတ်ဖြင့် ရိုးရိုးကြီးနေထိုင်ပြီး
    သာသနာတော် ကြီးပွားရေးကို ရွက်ဆောင်နေတယ်ဆိုတာ တပည့်တော်
    ယုံကြည်ပါတယ်၊ နိုင်ငံရေးသမားတွေဟာ နည်းပရိယာယ်များပါတယ်။
    သူတို ့ရဲ ့မကောင်းတဲ့ နည်းပရိယာယ်ထဲ မကျရအောင် ပညာသိက္ခာကြီးမားသော
    ပုဂ္ဂိုလ်ကြီးများပီပီ သတိထားတော်မူဖို ့ တပည့်တော်လျှောက်ထားပါရစေ။
    တပည့်တော်တို ့တော့ ဗမာပြည်လွတ်လပ်ရေးအတွက် မီးကုန်ယမ်းကုန်
    ဆောင်ရွက်နေကြပါတယ်။ ဒီနိုင်ငံရေးကိစ္စထဲကို တပည့်တော်အနေနဲ ့
    ဆရာတော်ကြီးများကို ဆွဲမသွင်းလိုပါ။ လူထုအားနဲ ့ ကိုယ့်အားကိုယ်ကိုးပြီး
    ဆောင်ရွက်သွားပါ့မယ်ဘုရား၊ သာသနာတော်ကို အလွဲသုံးစား မပြုလိုပါဘုရား”
    ဟု လျှောက်ထားလိုက်၏။ ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏ ရှင်းရှင်း
    လျှောက်ထားချက်ကို သဘောကျပြီးလျှင် အောက်ပါအတိုင်း ပြန်လည်မိန် ့ကြား
    တော်မူလေသည်။

    “အေး.. လွတ်လပ်ရေးရအောင် ကြိုးစားကွယ့်၊ ဆရာတော်တို ့အနေနဲ ့
    ဘယ်သူ ့ရောင်းအစားမှ မခံပါဘူး၊ မင်း စိတ်ချသွားပေတော့”

  • Shwe Ei

    February 16, 2015 at 10:58 am

    …ဂွဒ်..ကွကို ရှာမဖတ်ဖြစ်တဲ့ စာတွေ တစ်နေရာတည်း စုပေးလို့…လူဂျီး အားလုံးကို ကျေးကျေး 🙂

Leave a Reply