ရယ်ရယုံ(၃၇)

etoneAugust 20, 20101min511

ရေဆွဲအိမ်သာ

ကိုချူချာ တိုက်ခန်းသစ်ရသည်။ နယ်မှရောက်လာသော ဆွေမျိုးများကိုလိုက်ပြသည်။
ရေဆွဲအိမ်သာရှေ့သို့ရောက်လာသည်။ ဆွေမျိုးများကမေးသည်။

“အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´

“ကျွန်တော်လည်းမသိဘူး၊ ဟောဒီကြိုးကို ဆွဲလိုက်ရင် ရေကျလာတယ်။


လက်ဆေးဖို့အချိန်ရတယ်၊ အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´

ကြက်တူရွေး

မိန်းမကြီးတစ်ယောက ်ကြက်တူရွေး(၁)ကောင် ဝယ်လာသည်။

ထိုကြက်တူရွေးမှာ ယခင်က မကောင်းသောအိမ်မှာ နေခဲ့ဖူးလေသည်။

အိမ်ရှင်မိန်းမဧ။် သမီးပျို(၂)ယောက် ကျောင်းမှ ပြန်လာတာ မြင်လျှင်

”ဟာ..အသစ်လေးတွေလာပြီ…အသစ်လေးတွေလာပြီ ”ဟု အော်လေသည်။

ထို့နောက်အိမ်ရှင်အဘိုးကြီး ဝင်လာတာြ မင်သည်နှင့် နှုတ်ဆက်လိုက်ပုံက.

.”ေဟာဖေါက်သည်ကြီးတို့ကတော့RIGHT TIME ပဲဟေ့”

သတင်းကောင်း

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို
ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..

ယောကျာ်း ။ ။”မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ
စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ”

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ
ကလေးငါးယောက် ရှိတယ်နော်။

အဲ – လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး”

ကြောက်တာပေါ့

တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက

မေးတယ်…..

အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ…
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
…အမေ။ ။ဪသားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး…သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို…

သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ…

ဘောင်းဘီထဲ ဘဲအရှင် .

တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက
မြို့မှာနေတဲ့သူရဲ့သားဆီကို အလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်

သွားပါတယ်။

မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ
…လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊

ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး
ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊

ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ
မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်

“ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ”
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့

“မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊
ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့
ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်သွားတာ