ဘုမသိ ဘမသိ tricky

တိုင်းယေးပျီယေး မငြိမ်မသပ် ဖျစ်နေသဗျ။ ဇာတ်တိုက်စိုသလို ဝှိုက်ကတ်၊ ကျောင်းသားသပိတ်၊ ကိုးကန့်အရေး ဆူလောက်ပွက်နေဒယ်။ ခုပြောမှာ ကိုးကန့်အရေး..။ ကိုးကန့်ဂေါင်းဇောင် ဖုန်ကြားရှင်ကို ဘယ်သူမွေးသလဲ အထင်အရှားရှိတယ်။ လိုချဉ်တာလေး ကွက်ပြောတော့ တရုတ်အားကိုး မအလ ပေါ့ဗျာ။ ဒါပေမဲ့ မလိင်ဂျေး ပြန်စစ်ကြည့် နဝတ၊ နအဖခေတ် စစ်ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် နေရာပေးလာတာ.. အမယ် သူ့တတျောက်ထဲ လုရဲမလား.. နံပါတ်တစ်ဂိုဏ်းချုပ် ဗိုလ်သန်းရွှေ မီးစိမ်းမပြဘဲ ဘာမှမဖြစ်။ ပြေလည်စဉ် ဦးဖုန်ကြားရှင်ပေါ့ဗျာ.. နာဂစ်အခြေခံဥပဒေ ဆွဲတဲ့ အမျိုးသားညှီလာခံ တဂျိမ်းဂျိမ်း လုပ်တုံးဂများ ဒင်းရို့မြက်ဏှာ မတွေ့ဂျင်အစုန်း။ လက်ရှိသမဒ ဗပြောင် ကောင်းကောင်း သိပါတယ်။ မတည့်လဲ မတည့်ရော ဆော်တာပဲ။ ဘိန်းဘုရင်ခွန်ဆာကြတော့ တည့်လိုက်တာ..။

ဂုဒေါ့ စော်ဂျပီ။ ချကြ… မြန်တျန့်စစ်တပ်စိုဒါ မီးကျိုးမောင်းပျက် သူပုန်တွေကို အနိုင်ကျင့် ဗိုလ်ကျပြီး လူစွမ်းဂေါင်းလုပ်လာတော့ တကယ်တန်း နင်လားငါလား ရန်သူနဲ့တွေ့တော့ အပြုတ်နှံခံရပြီ။ ဒါတောင် တိုင်းပြည်ဘတ်ဂျတ် လေးပုံတပုံကို ယူထားတဲ့ စစ်တပ်နော်။ အလဲဗင်းဂျာနယ်မှာ ဖတ်ရတယ်.. အာဆီယံမှာ ဘယ်နိုင်ငံမှ ရာခိုင်နှုန်းအားဖြင့် တိုင်းပြည်ဘတ်ဂျက်ကို စစ်ရေးအတွက် အဲလောက်မသုံးတဲ့။ အများစုန်းသုံးတာ ပညာရေးနဲ့ ကြက်မရေး…။ မြန်တျန့်ပျီဂဒေါ့ဗျောင်းဗျံ…။ အဲလောက်သုံးပီ တကယ်လဲ တိုက်ရော တပ်ရင်းလိုက် ပြုတ်သတဲ့။ ငွေတွေ ဘယ်ရောက်ကုန်သလဲ.. စစ်ဗိုလ်ချုပ်တွေ အိတ်ကပ်ထဲ ဖြစ်မှာပေါ့။

တပ်မဒေါ် (ခ) ထည့်မလောက် ကြွက်တွင်း
တပ်မဒေါ် (ခ) ထည့်မလောက် ကြွက်တွင်း

U T Sသုံးစားမရ စစ်စွမ်းပကားတွေနဲ့ တရုတ်ကို တိုက်မည်၊ အခြုပ်အချာ အာဏှာကာကွယ်မည် စိုဒေါ့… ရယ်လိုက်ချဉ်ရဲ့.. သောက်ပေါတွေလို့။ အဲဒီအထဲ ဒီမိုစိုသူများ ပါရဲ့ဗျ။ အမယ်.. ဘာသာရေး မှို်င်းကနေ  လွတ်အောင်လျှောင်နို်င်သူ ဒီမိုများတော့ တိုင်းပြည်အခြုပ်အချာ ဘာညာနဲ့ လှည့်လိုက်တော့ ပြန်တိုက်ပြန်ချမည် စိုဗဲ။ လက်နက်က အစုတ်ပလုပ်.. ဝါးရင်းတုတ်နဲ့ ရိုက်ရအောင်လည်း သစ်၊ဝါး တရုတ်ခုတ်လို့ ကုန်ပြီ။ သမိုင်းကြောင်းကိုလည်း မမြင်… နိုင်ငံရေးကစားကွက်လည်း မသိ…။ လည်လှပါပြီဆိုတဲ့ အသိတွေ စစ်တပ်ရဲ့ ပရိယာယ် တခုပြီး တခုအောက် ပြားပြားဝပ်ကျဆင်းကုန်အိ…။

မတုံ့ပြန်ရ မီပျော.. ဘယ်လို ရှုမြင်သုံးသပ် မြီလဲစိုတာ ဝေဖန်တာပါ။ တရုတ်အကြွေးနစ်နေတဲ့ နိုင်ငံ၊ တရုတ်စစ်လက်နက်နဲ့ အသက်ဆက်နေရတဲ့ စစ်တပ်၊ တရုတ် ရင်းနှီးမြှုပ်နှံမှု အကြီးဆုံး လက်ခံထားတဲ့ စီးပွားရေး၊ တရုတ်ကို ရှိသမျှ သယံဇာတ ထိုးအပ် ကျေးဇူးရှင်ပါလို့ တရားဝင် ထုတ်ပြောတဲ့ အစိုးမရ.. အင်အားသိန်းနီးပါး ရှိတဲ့ တရုတ်လက်ဝေခံ ဝစစ်တပ်ကြီးတခုလုံးကို နေရာပေးထားတဲ့ တိုင်းပြည်.. အဲဒါတွေ မြင်ဓာတ်လျင် ခုဖြစ်နေတဲ့ အင်တာနက် လေတပ်စစ်ပွဲလားရာ မြင်ဂေါင်းအိ။ ခုဒေါ့ လှည့်လို့လှည့်မှန်း မီသိ..။ အမျိုးဘာသာအတွက် ဒီမိုကရေစီ မလိုချင် ဆိုလားဆိုရဲ့.. တိုင်းပြည်ကာကွယ်ဖို့ ပထမ ယောင်လာယောင်ရဲ့…။ အမယ်.. အပ်တိုတချောင်းမပါတဲ့ ကျောင်းသားသပိတ်တပ် ရန်ကုန်ထဲချီမှာကြတော့ တိုင်းပြည်ပျက်မတဲ့.. သိပ်တောင်းဆိုရာ ကျသတဲ့။ ကမာ္ဘ့ကျီးငါးကျီး တရုတ်ကို ပြန်ချမှာကြတော့ လုပ်သင့်သတဲ့…။ နင်တို့ထက် ဗပြောင်ဂျီးသိတယ်.. ဘယ်တော့မှ ပျံမတိုက်။ ကြည့်နေ မကြာဂင် တရုတ်ပွဲဇားလုပ်လို့ ညီရေးကိုချီး ပျံဖျစ်သွားဇေ့မယ်။

လောင်းမလား….။

 

Gambler ကြောင်ကြီး

4 comments

  • Mr. MarGa

    February 16, 2015 at 10:56 am

    ရရင်ရ မရရင်ချ
    သပိတ် သပိတ် မှောက် မှောက်
    အရီးဒေါ်ပုံ အောင်ရမျီ
    ကြိုက်တဲ့သူလောင်း ကြားက အကောက်ကောက်ပေးမယ်
    ငိငိ

  • ခင်ဇော်

    February 16, 2015 at 12:23 pm

    ခိခိ
    ဇာတ်တိုက်ထားသလို ဆက်တိုက်ဆိုတော့လည်း ဘယ်လိုပြောမဲ။
    ဘဲရီးဂွတ်ပေါ့။

    :mrgreen:

    ပွဲညိမ်သွားရင်လည်း ….
    ကျေးဇူးရှင် ပါပါနဲ့ မာမာပြန်ဖြစ်မှာမို့
    ကျောင်းသားလေးတွေ အတွက်ပဲ လောလောဆယ် စိတ်ပူရတယ်။

    :mrgreenn:

    ကီလား နဲ့ တရုတ်အတွက်ကျ ဒီ အစိုးရက ကောင်းမှာ။
    ဘာမှ လုပ်ရဲမှာမဟုတ်။ ပြည်သူတွေ အတွက်ပဲ ပူရတယ်။
    😥

  • သူ့ဟာသူအပေါ်ကဟာတွေဘာလုပ်လုပ်
    သေနေတဲ့လူဒေက အူးကြောင်တို့လို လေတပ်ချုပ်ကြီးတွေအတွက်
    ကြက်ငှက်ဝက်လား
    အနိဌာရုံတိုင်းမှာ လှောင်စရာမပါ

    ကြီးတာသေတော့ ဈာပန
    သေးတာသေတော့ မသာလား
    👿

Leave a Reply