ဖြေကြည့်မား…

ကုိ ထြဋ္February 16, 20151min21918

– ဦးစွာ ပထမတော့ အရီး နဲ့ ရွာသူား အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်…. အရမ်းလဲ ချစ်ရပါတယ်ဗျာ… 🙂 🙂 🙂

– စိတ်ညစ်နေတဲ့ အချိန် ကောင်းကင်ပြာရဲ့ ပို့စ်ကလဲ ချက်ကျ မတ်ကျမို့ ရီမိပါသေးတယ်.. ကျေးဇူးပါနော်… 🙂 🙂 🙂

– ရုံးပြောင်း နေရတာရော… အမေ့ဆေးဖိုးတိုးလာတာကြောင့်ရော… ရာထူးတိုးကို လှုပ်ရှားနေရတာကြောင့်ရော စိတ်ရှုပ်ပြီး ပို့စ်လဲ မတင်ဖြစ်ခဲ့ပါဘူး…

– တင်လဲ ခံစားရလွန်းလို့ ကော်ပီလေး လာတင်ဖြစ်ခဲ့ပါတယ်…

– ခုကတော့ ကျေးဇူးတင်စကား ပြောချင်တာရော… နှစ်ပတ်လည်နေ့ လျှောက်သွားရင်း ဝယ်ဖြစ်ခဲ့တဲ့ စာအုပ်ထဲက မေးခွန်းလေးတွေ ငြင်းခုန် သတ်ပုတ်ရအောင် တင်လိုက်တာပါ…

– ကဲ… ကဲ… စလိုက်ကြရအောင်…

……………………………………………………………………………………………………………………………………………………………………………………………

– ၁  မြစ်ရေတက်ရင် တွင်းကြီးထဲ ရေကျ၊ မြစ်ရေကျရင် တွင်းကြီးထဲ ရေပြည့်တဲ့ တွင်းကြီး တတွင်းကို သိလား….

– ၂ ငေါင်း  သတ္တဝါ တကယ်ရှိလား…

– ၃ အင်္ဂလိပ်အမည် နဲ့ ပုဂံ ဘုရားတဆူကို သိသလား…

– ၄ ဆရာတော် ဦးကျည်ပွေ့ နှင့် သျှင်ဒိသာပါမောက် တပါးတည်းလား…

– ၅ လောကသာရပျို့ကို အမှန်တကယ် ဘယ်သူရေးခဲ့သလဲ…

– ၆ သိုးကလေ အစချီ လင်္ကာဟာ ပုဂံခေတ် လက်ရာ ဟုတ်ရဲ့လား…

– ရ ရွှေတိဂုံရင်ပြင် ဗောဓိညောင်ပင်နေရ အုတ်တံတိုင်းပေါ်က တက်ကြည့်ရင် ပင်လယ်ကြီးကို မြင်ရသလား…

– ၈ နှစ်ဆန်း တရက်နေ့တိုင်း မဟာဝိဇယစေတီတော်အတွင်း ဆင်းတုတော်ကို နေမင်း ဘာကြောင့် ဦးခိုက်တာလဲ…

– ၉ ရန်ကုန်မြို့က ကျိုက်အသုတ်ဘုရား ဘယ်မှာရှိသလဲ…

– ၁ဝ ထီ ဆိုတာ မြန်မာစကား ဟုတ်ရဲ့လား…

– ၁၁ မြွေကြီး နှစ်ကောင် ရုပ်တုကို ဘာကြောင့် ပြုလုပ်ထားတာလဲ…

– ၁၂ စံဖဲက နယ်ချဲ့ ဆန့်ကျင်ရေး တကယ့်သူရဲကောင်းကြီးလား…

– ၁၃ မင်းသား မင်းသမီး ပဝါတကမ်း အစဉ်အလာ ဘယ်သူ့ကြောင့် ပျက်သွားခဲ့ရသလဲ…

– ၁၄ ဓမ္မစေတီ ခေါင်းလောင်းကြီး ဘယ်လို အစပျောက်သွားသလဲ…

– ၁၅ သိပံ္ပမောင်ဝကို ဘယ်သူသတ်သလဲ…

– ၁၆ စလေ ဦးပုညရဲ့ ရုပ်ရည် ဘယ်လိုရှိသလဲ…

……………………………………………………………………………………………………………………………………………………………………………………………

– ၁၆ ခုလောက်ဆို တော်ပါပြီ… ဟီးးး… သိတဲ့သူတွေ ဖြေပေးကြပါနော်…. 🙂

– အပျင်းပြေမယ် ထင်ပါတယ်… 🙂

 

 

လေးစားစွာဖြင့်

ရေမြေ့သနင်း

 

 

 

18 comments

  • Kaung Kin Pyar

    February 16, 2015 at 2:39 pm

    .ငင့်…
    .အပေါ်ကရေးထားသမျှတော့ မြင်ရတယ်…၊ အောက်က ၁၆ခုကတော့…ဝါးးးနေတယ်…။
    .ရော်….ဒီနေ့မှ … ညက်မှန်က မေ့ကျန်ခဲ့တယ်…..။
    .အဖြေတွေ စုံမှ ပြန်လာတော့မယ်ညှော်….
    :k:

  • Yae Myae Tha Ninn

    February 16, 2015 at 2:53 pm

    အိုကေ… ကောင်းကင်ပြာ… 🙂

  • ခင်ဇော်

    February 16, 2015 at 3:01 pm

    ၁။ မသိ
    ၂။ http://myanmargazette.net/52699
    ၃။ မသိ
    ၄။ http://oasisthetoo.blogspot.sg/2012/08/blog-post_2.html
    ၅။ http://minminthaw.blogspot.sg/2013/10/blog-post_31.html
    ၆။ http://harrylwin.blogspot.sg/2008/09/blog-post_03.html
    ၇။ မသိ
    ၈။ မသိ
    ၉။ မသိ
    ၁၀။ http://my.wikipedia.org/wiki/%E1%80%91%E1%80%AE
    ၁၁။ မသိ
    ၁၂။ http://www.simon-vlog.com/2013/04/blog-post_3590.html
    ၁၃။ မသိ
    ၁၄။ http://sunredsky.blogspot.sg/2013/11/blog-post_1634.html
    ၁၅။ http://peopleofleader.blogspot.sg/2014/04/blog-post_9880.html
    ၁၆။ https://plus.google.com/103287570183101098124/about

    ခိခိ။
    အမှန်တော့ ၁၆ ခုလုံး မသိဘူးးး
    ရှာလို့ ရတာ တွေပဲ ထည့်ပေးလိုက်ပီ။
    :k:

    • ခင်ဇော်

      February 16, 2015 at 3:06 pm

      စာအုပ်က
      ဆရာမောင်ကြည်သန့်ရဲ့ မြန်မာဖြစ်ရပ်(၁၀၀) လား???

      • Yae Myae Tha Ninn

        February 19, 2015 at 8:57 am

        ဟုတ်ပါ့.. ဒေါ်ဇီဇီ… တော်ပါပေတယ်… 🙂

  • Ma Ma

    February 16, 2015 at 3:45 pm

    မဖြေကြည့်ဘူး။ :b:
    မဖြေတတ်လို့ အဖြေတွေ မှတ်ထားပြီး တီဗွီတွေက ဉာဏ်စမ်းအစီအစဉ်တွေမှာ ဝင်ပြိုင်မယ်။ :k:

    • Yae Myae Tha Ninn

      February 19, 2015 at 8:56 am

      ပြောပြမယ်… အန်တီမမ ရေ.. ဒါပေမဲ့ သူရေးထားတာက အတိအကျတော့ မရှင်းထားဘူးဆိုတာ ကြိုပြောပြထားပါရစေ… 🙂

    • Yae Myae Tha Ninn

      February 19, 2015 at 9:04 am

      ကောင်းပါ၏… ဆက်ဆက်… 🙂

    • Yae Myae Tha Ninn

      February 19, 2015 at 9:05 am

      အဖြေတွေကို ပို့စ်တင်ပါမယ်ခင်ဗျား… လာအားပေးတာ ကျေးဇူးပါ… ကိုမိုးမင်းသား… 🙂

  • kai

    February 17, 2015 at 8:06 am

    ကိုရင့်မေးခွန်းတွေက.. စာအုပ်ထဲကဟာတွေဆိုရင်ောတ့.. အဖြေက.. စာအုပ်ထဲမပေါ့…
    ဒါလေးမြား..။
    ကဲ…ကျုပ်က.. အလွတ်မေးမယ်…။

    ဒီကမ္ဘာမြေဝယ်.. လေကိုမရှု.. လျှပ်စစ်ရှု..
    ဘာကောင်လဲ..။ ?

    သိတဲ့သူကို.. တော်တော်စာဖတ်နာ….အဲ…အဲ.. နက်တက်နာသူလို့..အသိအမှတ်ပြုမယ်..။ :k:

    • pooch

      February 17, 2015 at 11:45 am

      သိဘူး :loll:

      • kai

        February 18, 2015 at 6:37 am

        မနေ့တနေ့ကမှ အသစ်တွေ့ကြတာ…
        အဲဒါဖတ်မိပြီး.. နတ်ဘုံတွေနဲ့.. နတ်တွေဆိုတာတကယ်ဖြစ်နိုင်လို့.. သိသာလာ…။ :k:

        ဟိုအေအိုင်-အင်တိုင်ဆြာမ.. အရီးလတ်ဘာပြောမလည်းတော့သိချင်…
        =
        Have We Found Alien Life? | Popular Science
        http://www.popsci.com/have-we-found-alien-life
        Popular Science
        Jan 21, 2015 – Microbes that eat and breathe electricity have forced scientists to … Nealson never utters the word “aliens,” but it hangs heavily over the …

        • မြစပဲရိုး

          February 18, 2015 at 6:41 am

          အေအိုင် မှာ ဘဲ ရပ်ပါ သူကြီးမင်း။
          lol:-))))

    • Yae Myae Tha Ninn

      February 19, 2015 at 9:06 am

      မတိဘူး.. တဂျီး… သူများကိုသာ စားမယ်… အနော့်ကိုတော့ လာစားရင် မရဘူး… ဟွန်း.. အဖြေပြောပါဗျိုး… 🙂

  • မြစပဲရိုး

    February 18, 2015 at 6:30 am

    အချိန်စေ့ သွားလို့ ဖြေနိုင်တော့ဘူး။
    မင်း ပြောတဲ့ အဖြေ က လဲ အမှန် လို့ ဘယ်လို ယုံရမှာလဲ။
    ယုံဘူး။ lol:-)))

Leave a Reply