ကျွန်ုပ်နှင့် Valentine Day

Ma MaFebruary 17, 20151min52836

အပိုကြီးနဲ့ Valentine Day ဘာမှမပတ်သက်ပဲနဲ့

ဘာများလျှာရှည်ချင်နေသလဲလို့ အပြစ်တင် မစောပါနဲ့။ :kwi:

 

ဘယ်အချိန်ကပေါ်ပေါက်လာမှန်းမသိတဲ့…..
အခုနှစ်ပိုင်းတွေမှာ ခေတ်စားလာတဲ့……
လူငယ်ပိုင်းတွေကို အတော့်ကို လွှမ်းမိုးနိုင်တဲ့……

Roses-Valentines-Day-Flowers-Wallpapers-HD

 

Valentine Day ဟာ ဖေဖော်ဝါရီလ ၁၄ရက်နေ့ဆိုတာကို  ကြားဖူးနားဝတော့ မှတ်သားထားမိတယ်။  🙂

 

အခါကြီးရက်ကြီးလည်း မဟုတ် ပိတ်ရက်လည်း မဟုတ်တော့ မှတ်မှတ်ရရလည်း မရှိပါဘူး။

 

ထုံးစံအတိုင်း မနက်စောစောအလုပ်ကို ထွက်လာတယ်။

အလုပ်ထဲရောက်တော့ အလုပ်ဆင်းတဲ့သူနည်းနေလို့ မေးကြည့်မှ…..

လူငယ်လေးတွေ တော်တော်များများ Valentine Day ဆင်နွှဲဖို့ သွားကြသတဲ့။ 🙄

 

 

ဒီအတိုင်းဆိုရင် ရှိတဲ့လူနဲ့ပဲ အလုပ်လုပ်ရရင် ဒီနေ့တော့ဖြင့် ပင်ပန်းအုံးမှာပဲလို့ တွေးမိတယ်။

ဒီလိုနည်းနဲ့ပဲ ကျွန်ုပ်နဲ့မဆိုင်ဘူးထင်ရတဲ့ Valentine Day ဟာ ကျွန်ုပ်နဲ့ သက်ဆိုင်လာပါတော့တယ်။ :j:

 

ဖြစ်လာမှတော့ မတတ်နိုင်ဘူး နေ့လည်စာနောက်ကျခံနိုင်အောင် မနက်စာအဆာပြေစားထားမှလို့ စဉ်းစားမိတယ်။
အစားစားမှ အလုပ်လုပ်နိုင်မှာလေ။
( ဤကားဆင်ခြေ) :k:

ဒါနဲ့ပဲ ကလေးတစ်ယောက်ကို အနားကဆိုင်မှာ မနက်စာအဆာပြေ ထမင်းကြော်သွားမှာခိုင်းတော့ Valentine Day မို့ ဆိုင်မထွက်ပါဘူးတဲ့။

 

ဒီလိုနဲ့ပဲ Valentine Day ဘရိတ်ဖတ်က အသင့်စားခေါက်ဆွဲပြုတ်ဆိုတာ အမှတ်တရပေ့ါ။ :byee:

 

cookingnoodles

 

နေ့လည်ပိုင်းရောက်တော့ အိမ်ဘေးကဆိုင်လေးမှာ ယိုစုံသွားဝယ်စားမယ်ဆိုပြီး သွားတော့……

တနှစ်ပတ်လုံး စနေ တနင်္ဂနွေတောင်မပိတ်ပဲ အလုပ်ကြိုးစားကြတဲ့ အဲဒီဆိုင်က ညီအမတွေလည်း  Valentine Day အတွက် ကြိုတင်ပြင်ဆင်ဖို့ မနေ့ကညနေကတည်းက ဆိုင်ပိတ်သွားကြသတဲ့။

V Day cycling

အော် …..Valentine Day ဆိုတာ ဒီလောက်တောင် ထူးခြားထွတ်မြတ်တဲ့ နေ့ပါလား လို့ မှတ်ချက်ချမိတယ်။ 🙁

 

ဒီနေ့တော့ အလုပ်မလာတဲ့သူများလို့ အလုပ်ရှုပ်ပြီး ပင်ပန်းတော့မှာပဲလို့ ထင်နေမိပေမယ့်…
တကယ့်တကယ်ကျတော့ တနေ့လုံး ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင် ဈေးဝယ်သူက မလာ။

7019761-lazy-cat

ဟယ် ဒီနေ့တနေ့လုံး အရောင်းအဝယ်အေးလိုက်တာ လို့ ငြီးငြူ မိတော့
ဘေးနားမှာ ရှိနေတဲ့သူက အ ရန်ကောဆိုတဲ့ အကြည့်နဲ့အတူ ပြောလိုက်တာက….

ဒီလိုနေ့မျိုးမှာ အရောင်းအဝယ်ကောင်းချင်ရင် နှင်းဆီပန်းနဲ့ ချောကလက် ရောင်းရတယ် ဟဲ့။

လို့ ဟောက်တာ ခံရပြန်ပါရောလား။ 👿

 

ပြောရင်းဆိုရင်းမှာပဲ နယ်ကပစ္စည်းပို့တဲ့ မအေးဆီက ဖုံးဝင်လာတယ်။

မအေး “မမ ရေ မနက်ဖြန်ကျရင် ပို့ထားတဲ့ ပစ္စည်းဖိုးတွေ မောင်လေးကို လာယူခိုင်းချင်လို့ ကြိုဆက်လိုက်တာ”

ကျမ “မအေးရေ- ဘယ်နေ့က ပို့ထားတဲ့ ပစ္စည်းဖိုးကို ရှင်းခိုင်းမှာလဲ။ ဒီအပတ်ပို့ထားတဲ့ ပစ္စည်းဖိုးတွေ မနေ့ကပဲ သားတော်မောင် လာရှင်းသွားတယ်လေ။”

မအေး “အမလေးးးး ကုန်ပါပြီ မမ ရယ်။

သားက  Valentine Day လျှောက်လည်ဖို့ ပိုက်ဆံ တောင်းနေတာ၊

အဲဒါ မပေးလိုက်လို့ ပစ္စည်းဖိုးတွေ လာထုတ်သွားတာဖြစ်မယ်။

ခုလည်း ဖုံးဆက်မရလို့ ဘယ်ရောက်လို့ ရောက်နေမှန်းမသိရဘူး။

ဒုက္ခပါပဲ မမ ရယ်။ ”

 

အော်…….ကျွန်ုပ်နှင့် Valentine Day ကား ဤသို့သာတည်းးးးး 😥

36 comments

  • ဦးဦးပါလေရာ

    February 17, 2015 at 11:51 pm

    .ဗယ်လင်တိုင်းဒေးက စနေနေ့ …
    .သောကြာနေ့ညနေက ကျုပ် သူများဆီကအားမနာလျှာမကျိုးယူစီးနေတဲ့ ရွှေငါးလေးကို
    .ရှင်စောပုကားဝင်းထဲသွားထည့်ပြီး အပြန်မှာ
    .မြေနီကုန်းစီတီမတ်နောက်ကျောလမ်းက လမ်းလျှောက်ပြန်လာတယ်…
    .ကျုပ်ရှေ့မှာ အသက်နှစ်ဆယ်ဝန်းကျင် ကောင်လေးသုံးယောက်
    .စီတီမတ်က ချောကလက်လေးတွေကိုယ်စီကိုင်လို့ ….
    .စမ်းချောင်းလမ်းမှာ ကားတွေပိတ်နေလို့ တဖြေးဖြေးသွားရတော့ လမ်းလျှောက်နှုံးက ညီနေသပေါ့….
    .သူတို့ချင်းပြောတာတွေ ကျုပ်ကြားနေရတာပေါ့ ….
    …………………….
    .အဲဒီစကားတွေကို သူတို့ကောင်မလေးတွေကြားရင် လဲတောင်သေမလားပဲ ….

    ..

    • ခင်ဇော်

      February 18, 2015 at 11:24 am

      Let me guess…..
      About a session at Hotel??
      Eating Bau and Samosa??

      :k:

  • padonmar

    February 18, 2015 at 3:35 am

    ဒီနှစ်တော့ ဗိုလ်ချုပ်မွေးနေ့ရာပြည့်က လွှမ်းမိုးထားတော့ ဗယ်လင်တိုင်းအသံ နည်းနည်း တိုးသွားသလိုပဲ။
    ကိုယ်အနားပတ်ဝန်းကျင်က အပျိုကြီးတွေ များလို့လည်း မသိတာ ဖြစ်မယ်ထင်ပါရဲ့။

    • kai

      February 18, 2015 at 4:32 am

      ပြောလို့သာပြောတာ.. အမတော်ရေ..
      ဗယ်လင်တိုင်းနေ့က.. ဗယ်လင်တိုင်းအော်ရီဂျင်နယ်နိုင်ငံတွေနဲ့..အနောက်တိုင်းသားတွေထက်များ.. မြန်မာတွေပိုသည်းသည်းလှုပ်နေသလား… လို့..။
      ယူအက်စ်မှာတော့.. ဈေးဆိုင်တွေ.. အရောင်းရပိုကောင်းအောင်.. ပရိုမိုးရှင်းလုပ်တာပဲ.. ထူးထူးခြားခြားပိုတွေ့မိတယ်..။

      တကယ်တော့ဗယ်လင်တိုင်းနေ့မှာ ချစ်သူရည်းစားထက်.. မိခင်ဖခင်..(အထူးသဖြင့် မိခင်)ကိုလည်း.. လက်ဆောင်ပေးကြပါသဗျ..။
      အဲလိုပဲ.. အလုပ်တွေအလုပ်တွေဖြစ်အောင်.. အဖြစ်တွေအဖြစ်တွေ.. ပွဲတွေပွဲတွေများများဖန်တီးပေးမှ.. အလုပ်အကိုင်အခွင့်အလန်းပေါ်မှာမို့.. တိုင်းပြည်လည်းချမ်းသာ..
      လူတွေလည်းအလုပ်ရှုပ်သမို့.. တခြားစိတ်မဝင်စား.. ကောင်းတဲ့ဓလေ့ပါ..။

      သခင်အောင်ဆန်းရာပြည့်စည်ကားတာကိုတော့.. ကြိုက်သဗျ..။ နိမိတ်ပဲ..။ ကောင်းတဲ့နမိတ်ပဲ..။
      သခင်အောင်ဆန်းသမီးက.. ပါတီထောင်ထားပြီး..ငုတ်တုတ်ရှိနေတော့ကာ.. ဒီနှစ်ရွေးကောက်ပွဲ..မဲနဲ့ပွဲ ပြတ်ပြီလို့.. ထင်..။ :k:

      • Ma Ma

        February 18, 2015 at 5:43 am

        ဗယ်လင်တိုင်းနေ့က ချစ်ခင်သူ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ဆိုလိုတယ်လို့ ကြားဖူးပေမယ့်…
        ဒီမှာတော့ အဲဒီအနှစ်သာရတွေ မတွေ့ရဘူး။

    • ဂျက်စပဲရိုး

      February 18, 2015 at 3:01 pm

      ဒီမှာတော့ စနေနေ့ ဆိုတော့ ရုံးပိတ်ရက်လဲ ဖြစ်နေတော့ကာ ရထားပေါ် ကားပေါ် လမ်းပေါ် မှာတွေ ပန်းစည်းနဲ့ အရုပ်လေးတွေနဲ့ အဝတ်အစား လှလှလေးတွေနဲ့ ကောင်လေးတွေ ကောင်မလေးတွေ များသကိုး။
      ဒါပေမယ့် ဆိုင်တွေလဲ မပိတ်ဘူး။ ဘာစီးပွားရေးလုပ်ငန်းမှလဲ မနားဘူး။ (အရင်နှစ်တွေတုန်းက ခွင့်လဲ မယူကြဘူး ထင်တယ်)။
      ဒီထက်ပိုပြီး လူသွားများ (အတွဲတွေ) တဲ့ နေရာတွေမှာ ပန်းစည်းလေးတွေ ချော့ကလက်လေးတွေ လိုက်ရောင်းနေတဲ့ ကောင်လေး ကောင်မလေးတွေတောင် တွေ့ခဲ့သေးတယ်။ 😀 😀 😀

  • မြစပဲရိုး

    February 18, 2015 at 6:01 am

    ချစ်မမ
    ပထမဆုံး သိလိုတာက ဘီးကလေးစီး နေကြတာ ဘူသူ တွေတုန်း။
    ဖတ်ပြီး ရီလိုက်ရတာ။
    ၁၉၉ဝ နောက်ပိုင်း ပွင့်လင်းလာစ ဗယ်လင်တိုင်းကြတာ သူငယ်ချင်း စစ်စစ် တွေ နဲ့ပါ။
    ဒီတော့ ကြိုက်တဲ့သူ နဲ့ ချောကလက် ဖလှယ်လို့ ရပါတယ်လေ။ 😉
    သို့ပေသည့် ဗယ်လင်တိုင်း အတွက် အလုပ်ပျက် အကိုင်ပျက် ဖြစ်တာတော့ ကျွန်မတို့ ရွှေပြည်ကြီးမှာဘဲ ရှိမယ်ထင်ရဲ့။
    အံ့ရော။ 🙄

    ကိုပါ – မပြောကာမှ သိချင်နေရော။ ဘာတွေ ပြောတာတုန်း။

    • Ma Ma

      February 18, 2015 at 6:10 am

      ပို့စ်ကို ပျင်းစရာမကောင်းအောင် ပုံထည့်ချင်လို့ ဂူဂယ်မှာ ရှာလိုက်တာ။
      အဲဒီပုံတွေ့တော့ ရွာ့ဆည်းလည်း ခိုင်ဇာနဲ့တောင် တူသလိုလိုရှိတယ်ထင်ပြီး သဘောကျလို့ ထည့်လိုက်တာ။

      မလတ်ရေ- ကိုပါမပြောတာကို မှန်းကြည့်လိုက်တာ။
      တခါတလေမှာ ယောကျင်္ားလေးတွေချည်း ပြောကြတဲ့ စကားတွေက အားမနာ လျှာမကျိုး။ 👿

      • မြစပဲရိုး

        February 18, 2015 at 6:21 am

        ဒါဆို ရှေ့က နင်းနေတဲ့ တစ်ယောက် ကိုလဲ တစ်ယောက်ယောက် နဲ့ တူပေးလိုက်ကြစို့လား။
        ဘူသူ နဲ့တူလဲ ဟေ့။
        Vote လုပ်ကြစို့လား။
        ဒီတော့ ကာယကံရှင် ဒေါ်ဇီဇီ က စကြည့်ပြီး ဘူ နဲ့ တူလဲ အဆိုပြုပါ။
        ကျုပ်မျက်စိထဲ မတော့ ဟို တစ်ယောက် ဘဲ။ 😉

        • Kaung Kin Pyar

          February 18, 2015 at 9:57 am

          .ဟုတ်တယ်အရီး….ဟိုတစ်ယောက်မှ…ဟိုတစ်ယောက်ပဲ… :mrgreenn:
          (ဝင်ညှော်သည်….)

        • Mike

          February 18, 2015 at 10:15 am

          .ကျုပ်ကတော့ ခိုင်ဇာနဲ့ တူတယ်မထင်…အံစရာနဲ့ မွန်မွန် ပဲ 😉
          .မမ ရေးတာ အမှန်ပဲဗျ…ကျုပ်လည်း စနေနေ့က ရုံးတက်ရတယ်
          .စက်ရုံမှာလည်း ဝန်ထမ်းတချို့ ခွင့်ယူကြသဗျ…အံ့ဘွယ်
          .
          .
          .ဦးပါရေ…လူချင်းတွေ့မှကျုပ်ကိုတိုးတိုးပြောပြနော :k:

      • Mike

        February 18, 2015 at 10:18 am

        .ပုံကိုသေချာပြန်ကျိမှ ကိုမတ် နဲ့ ခင်ဇော် ပါလား :k:

        • ခင်ဇော်

          February 21, 2015 at 7:39 pm

          ရှေ့ က နင်းတဲ့သူက လာဝန်မခံသေးတော့ ဘယ်သူ့နောက်လိုက်ရမှန်းမသိသေးဘူးး
          ဟိဟိ

          :k:

  • Mr. MarGa

    February 18, 2015 at 9:30 am

    Valentine’s day လား
    မသိချင်ယောင်ဆောင်ထားတယ် :mrgreenn:

  • Kaung Kin Pyar

    February 18, 2015 at 9:56 am

    .ဗယ်လင်တိုင်းဒေးလဲ တခြားရက်တွေလို ၂၄နာရီပဲရှိတာပါပဲ… သတ်မှတ်လို့သာ ဖြစ်လာတာရယ်….
    .အဲ့နေ့ကတော့ ဆင်တူလေးတွေနဲ့ စုံတွဲလေးတွေတော့ မြင်တယ်…..။ ဘယ်အတွဲလေးကတော့ ချစ်စရာလေးပေါ့…လိုက်ကြည့်….။ Shopping Mall တွေမှာ Promotion တွေတော့လုပ်မလားမသိ….။
    .မင်းလူရဲ့ အော်ဆွေးတစ်အုပ်တော့ ပြီးသွားတာ မှတ်မှတ်ရရ… :mrgreenn:

  • ဦးကြောင်ကြီး

    February 18, 2015 at 11:02 am

    အွန်လိုင်းလေတပ် ဗိုလ်ဂြုပ်ကျီး ရဲမိုး၏အမျိုး တီမားမားအား ဆန့်ကျင့်ဂျ….

    • Ma Ma

      February 18, 2015 at 2:46 pm

      ဂေဇက်ရေးတတ်မှုးဂျီး ဗိုလ်ကြောင်ကြီးအား ဝိုင်းဆော်ကြ… :k:

  • ခင်ဇော်

    February 18, 2015 at 11:21 am

    Omg…
    Who is it??
    M I that slim and who can carry me with the bicycle???
    :mrgreen:

  • Shwe Ei

    February 18, 2015 at 11:32 am

    -Valentine day မှာတွဲစရာ ယဲဇား မရှိတာကို…ဆယ်ကျော်သက်ခလေးတွေ စိတ်ထဲမှာ -မျက်နှာငယ်စရာလိုလို..ရှက်စရာလိုလို ခံစားရတယ်ဆိုရင်…အိုက်ဂလို ဆင်တူဝတ်ပီး သဲသဲလှုပ်ပြကြတဲ့ -စုံတွဲတွေမှာ တာဝန်မကင်းဘူး..
    – အရေးမပါတဲ့ကိတ်စတွေကို…ဘုမသိ ဘမသိ အဟုတ်ထင်တတ်တဲ့အရွယ်တွေရှေ့ မှာ -အဆိပ်အတောက်ဖြစ်စေမဲ့ လုပ်ရပ်တွေ ဖောဖောသီသီ လုပ်ပြနေတာ..ဦးနှောက်ရှိတဲ့ လူဂျီးဒေဖစ်နေတာ -အံ့အောစရာဘဲ …

    • Ma Ma

      February 18, 2015 at 2:49 pm

      အခုခေတ်က ရွှေအိပြောသလိုပဲ ဖြစ်နေပြီ။
      လူလူသူသူဖြစ်အောင် ရဲဇားလေး တစ်ယောက်လောက်တော့ ရှိမှဆိုသလို။ :e:

  • Ma Ei

    February 18, 2015 at 12:03 pm

    …ဒီလိုနေ့မျိုးမှာ အရောင်းအဝယ်ကောင်းချင်ရင် နှင်းဆီပန်းနဲ့ ချောကလက် ရောင်းရတယ် ဟဲ့။…

    အမှန်ဘဲ မမရေ…
    သူငယ်ချင်းတစ်ယောက်ရဲ့ ပန်းအလှဆိုင်မှာများ တစ်ပါတ်လောက်ကြိုတင်ပြီး အရုပ်တွေ ချောကလက်တွေနဲ့ ပန်းတွေပြင်ရတာ ဝန်ထမ်း ၅ ယောက် အဆောင်မပြန်နိုင် ဆိုင်မှာညအိပ် ပြင်ရတာရယ်…ရောင်းကောင်းချက်… 🙂

    • Ma Ma

      February 18, 2015 at 2:55 pm

      ဟုတ်ပ့ါ မအိရေ။
      အရင်က မြို့ပေါ်က ပညာတတ်လူငယ်လူတန်းစားလောက်ပဲ ဆင်နွှဲကြတယ်လို့ ထင်ထားတာ။
      ခုတော့ တောရောမြို့ပါ လှည်းနေလှေအောင်းမြင်းစောင်းမကျန် သိကြဆင်နွှဲကြလို့ အံ့ဩမိတာ။

  • အလင်းဆက်

    February 18, 2015 at 12:14 pm

    v day
    ကျနော်နဲ့တော့ သိပ်ပတ်သက်မှုမရှိ
    .အေးတာပဲ

    :k:

  • pooch

    February 18, 2015 at 4:50 pm

    ဒီနှစ်ထူးခြားတာဆိုလို့ korea wave တွေ ရိုက်လို့ထင်ရဲ့ အိမ်မှာ ကျောင်းလာတက်တဲ့ မောင်ဝမ်းကွဲတယောက် ( သူက ကင်းဆိုပဲ သူ့ကျောင်းမှာ )ကို သူကန်နေတဲ့ ဘောလုံးကွင်းထဲထိ စပျစ်သီး အစိမ်းရယ် အမဲရယ် အော်ဂဲနစ်ချောကလက်တဗူးရယ် ကောင်မလေးက ဘယ်သူ့မှ မကျွေးပါနဲ့ ဆိုပြီး လာပေးတယ် တဲ့
    ခြင်းတောင်း ပန်းရောင်ခြယ်လေးကလည်း လှလိုက်တာမှ အာ့နဲ့ လိုချင်ယူဆိုပြီး ပေးတာနဲ့ ထည့်ချင်တာ ထည့်ဖို့ဆိုပြီး ယူလိုက်တယ်

    စပျစ်သီးကလည်း စားမနိုင်မှာ စိုးလို့ ကူစားပေးလိုက်တယ်
    ချောကလက်ကလည်း ကောင်းတော့ မြည်းရင်း လက်လွန်သွားတယ်

    ဟီး စိတ်တော့မကောင်းပါဘူး :mrgreenn:

    တလက်စထဲ စိတ်ပူမိတာက ၁ နှစ်ကျော် သာသာရှိသေးတဲ့ တူမ ပိစိကို ဘယ်လိုထိန်းရမှာပါလိမ့်ဆိုပြီး
    ခေါင်းတွေတောင် ပူသွားတယ်
    စားရင်းနင်တာ ငါ့တူမသာဆိုရင်ဆိုပြီး :((((

    သူငယ်ချင်းတယောက်ကိုလည်း ကျူတာပေါက်စဆရာမချောချောလေးက ချစ်တယ် ဖွင့်ပြောသတဲ့
    ဟိုက ငြင်းတော့ ပြောရက်တယ် နော် အကိုပြောရက်တယ်နော်ဆိုပြီး ငိုသတဲ့

    ခေတ်ရေစီးကို တားမရမှတော့ ကိုယ့်သွေးသားတွေ အသိအပြည့် ဆင်ခြင်ဉာဏ်အပြည့်ထည့်ပေးနိုင်ဖို့ပဲ
    ကြိုးစားရတော့မှာပဲ

  • Ma Ma

    February 18, 2015 at 7:48 pm

    မယ်ပုလည်း အော်မေ့ဂိုဏ်းကို မျက်စောင်းထိုးနေတယ်ပေ့ါလေ…. :k:

  • La Yeik

    February 20, 2015 at 9:28 am

    အဲနေ့တုံးကတော့ ဘယ်ကောင်မလေးကျိ ကျိ အရုပ်ကြီးတွေဖက်ထားတဲ့သူနဲ့ ပန်းစည်းနဲ့ချောကလက်ဗူးကြီးတွေ ကိုင်ထားတဲ့သူနဲ့ အို စုံလို့ စုံလို့…ဘယ်နေရာသွားသွားလဲ အတွဲဒွေဂျီးပဲ
    ဟီး အားကျသလို ၊ အားမကျ သလို…
    ဒါပေမယ့် အမှန်က အဲနေ့ဂ စိန့်ဗယ်လင်တိုင်း သေတဲ့နေ့နော်….

    • Ma Ma

      February 20, 2015 at 2:54 pm

      အဲလိုပေးမယ့်သူမရှိရင် အိမ်ထဲက အိမ်ပြင်တောင် မထွက်ဝံ့စရာ။ :b:

      သူများ ဗယ်လင်တိုင်းလို့ လိုက်ပြီး ဗယ်လင်တိုင်းကြတာ။
      စိန့်ဗယ်လင်တိုင်း သေတဲ့နေ့ဆိုတာကိုတော့ ကိုယ်လည်းမသိဘူး။
      သိကြတဲ့သူလည်း နည်းလိမ့်မယ်ထင်တယ်။ 🙁

  • King

    February 20, 2015 at 5:40 pm

    အဲ့နေ့ကြီးက တစ်နှစ်မှ ကံမကောင်းဘူးးးးးး :'(

    • Mr. MarGa

      February 20, 2015 at 5:42 pm

      ဟိုက်ရှ်
      ဘယ်နားက ပြန်ပေါ်လာသလဲ ဘုရင်ကြီး

      • King

        February 20, 2015 at 7:05 pm

        ဟီးးးး
        မိန်းမ မရလို့
        ဂူအောင်းပြီး တရားကျင့်နေတာ
        ကိုးကန့်နဲ့ စစ်တပ် ပစ်လို့
        ပြန်ပေါ်လာတာဗျို့
        အားလုံးပဲ မင်္ဂလာပါဗျ ….. 😀

        • Ma Ma

          February 20, 2015 at 9:11 pm

          ဟုတ်ပ့ါ မောင်ကင်း ပြန်ပေါ်လာလို့ အံ့ဩဝမ်းသာဖြစ်မိပါရဲ့။ 🙂
          ကဲ ရွာထဲမှာ ဓာတ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းရေးပေးရမလား၊
          ကုန်ပါပြီ အဲ ကုမ္ပဏီကို ရှယ်ယာဝင်ရမလား ဒါရိုက်တာကြီး။ 🙂

  • ရည်းစားဘဝတစ်လျှောက်လည်း အဝေးမှာကျောင်းတက် အဝေးမှာ တာဝန်ကျနေတာချည့်မို့
    တစ်ခါမှ မတိုင်းလိုက်ရ
    😥

    • Ma Ma

      February 21, 2015 at 4:33 pm

      .ဗယ်လင်တိုင်းနေ့ကို မသိချင်ဟန်ဆောင်ထားတဲ့ သိကြားမင်းနဲ့ လက်လက်ဆင် တို့ ၂ယောက်တွဲပြီး .ဆင်နွဲကြပါလား။
      .(ဟို ၃ ယောက်လို ပြောတာ မဟုတ်ဘူးနော်)
      .နတို့က သန့်သန့်လေးဆိုပြီး ခပ်တည်တည်နဲ့ လျှောက်လည်ဖို့ ပြောတာ။ :k:

      .နန်းတော်ရာသူရေ-
      .ဟိုတုန်းက မတိုင်း လိုက်ရတာကို ခုမှ ပြန်တိုင်းကြပေ့ါ။
      .(အဲ့နေ့မှာ ကလေးနှစ်ယောက်ကို အဖိုးအဖွားတွေကို တာဝန်ပေးထားလိုက်) :a:

      • အဲ့နေ့က စပိုင်ဝိုင်ဝယ်လာလို့ နှစ်ယောက်သားတစ်ယောက်တစ်ဝက်သောက်လိုက်ကြသေးတယ် ကလေးတွေမမြင်အောင်ဖွက်ပြီး
        :mrgreen:
        ဟိုသကြားတို့ လက်လက်ဆင်တို့နဲ့တော့မလွှတ်ပါနဲ့အန်တီမမ ဆေးကျောင်းသားတွေက အရိုးငြမ်း၃ဖွဲ့ဆိုပြီး လိုက်ဖမ်းနေမှ
        :mrgreen:

  • Crystalline

    February 21, 2015 at 6:28 pm

    စက်ဘီးနောက်ကတျောက်က နန်းဆုကေဆွမ်နဲ့တူတယ်.. :)). ဒီမှာတော့
    Valentine’s Day ဘာမှထူးထူးခြားခြားမတွေ့မိသလိုပဲ… ချောကလက်လည်းမစားရ..ကျွေးသူမရှိ..
    ထူးခြားတာက အသက်၈ဝနားနီးနေပြီဖြစ်တဲ့ ဦးရီးတော်ကို… သူကူညီပေးလိုက်တဲ့ မိသားစုတစ်စုက လက်ဆောင်..
    စာအိတ်..ပန်းစည်းနဲ့လာနှုတ်ဆက်တယ် :))

    • Ma Ma

      February 21, 2015 at 8:08 pm

      (ထူးခြားတာက အသက်၈ဝနားနီးနေပြီဖြစ်တဲ့ ဦးရီးတော်ကို… သူကူညီပေးလိုက်တဲ့ မိသားစုတစ်စုက လက်ဆောင်..
      စာအိတ်..ပန်းစည်းနဲ့လာနှုတ်ဆက်တယ် :)) )
      အဲဒါကမှ ဝမ်းသာစရာကောင်းတာ။
      အနှစ်သာရရှိရှိ ဆင်နွှဲတာ။ 🙂

Leave a Reply