– – ရှင်

zaw winFebruary 16, 20151min2174

ငါ့ကို ကြောက်လား
သဘောပေါက်ပါတယ်
ဟုတ်ကဲ့ ဟုတ်ကဲ့၊

ငါပြောတာ နားထောင်
မင်း နားမယောင်နဲ့
ဟုတ်ကဲ့ ဟုတ်ကဲ့၊

ငါဘာကောင်လဲ သိလား
နရင်း ချခံရမယ်
ဟုတ်ကဲ့ ဟုတ်ကဲ့

ငါ ဒါလုပ်ချင်တယ် ဒါဖြစ်ချင်တယ်
ဆရာမလုပ်နဲ့ မင်းထက် ပိုသိတယ်
မသေခင် အရိုးစွဲ
အသည်းထဲမှာ တွယ်တဲ့အမြစ်
ဆွဲ နုပ်ပစ်၊

လွတ်လပ် တွေးတော
အမှန်သဘော
အမြန်လုပ်သင့်ပြီ။

မင်းသုတ
18:45 P.M
16.2.2015

4 comments

  • အလင်းဆက်

    February 17, 2015 at 1:47 am

    ဆွဲနှုတ်ပစ် ဆိုတာမှာ ဆွဲနုပ်ပစ် ဆိုတော့ အသံလေး ပျော့သွားသလိုလို
    ဘာလိုလို

    အိုဘယ့် သဒ္ဒါအိုဘယ့် ကဗျာ. . .

    :kwi:

  • kai

    February 17, 2015 at 1:54 am

    ဆရာတော်ဘုရားကြီးဘုရား.. ဆရာတော်ဘုရားကြီးဘုရား
    ရိုက်နှက်ပြီး.. ဆုံးတော်ပေးတော်မူပါဘုရား..။

  • မြစပဲရိုး

    February 18, 2015 at 6:38 am

    တစ်ယောက်ယောက် ကများ ခေါ်လို့ “ရှင်” ထူးသလားလို့။ jk :))

Leave a Reply