ရှလွယ်​​သော

ムラカミFebruary 17, 20151min34225

​နေထွက်​လာ​တော့

နှင်​းခဲ​တွေ အရည်​​ပျော်​ရတဲ့အတိုင်​း

အခက်​အခဲ​တွေ ​ပေါ်လာ​တော့

ရင်​ဘတ်​ထဲက ထိုးထားသမျှ ဂျက်​ပင်​​တွေ ပြုတ်​ထွက်​ကုန်​ရ

​နေမထွက်​ဖို့ ​လောကနိယာမမှာ မတားနိုင်​စ​ကောင်​းသလို

ဘဝနိယာမ မှာလည်​း အခက်​အခဲဆိုတာ မကြုံဖို့ ဆု​တောင်​းမရစ​ကောင်​းဘူးရယ်​

ဘယ်​ဘုရားဆီမှာ ဖြစ်​ဖြစ်​​ပေါ့

 

​ေ​လှကားထစ်​သေ​ဘောလိုေ​လ

​နောက်​တထစ်​တက်​ဖို့ အနည်​းဆုံး​တော့ ဒူး​ကွေးရမှာပဲ

ဒါကို ဒူးညွတ်​ရ​ကောင်​းလား လို့မြင်​ရင်​​တော့

ကျုပ်​လည်​းမ​ပြောပြတတ်​​တော့ဘူး

 

 

ဒါ​တွေကတကယ်​​တော့

ခွက်​ထဲက​ရေ ဥပမာအတိုင်​းပါပဲ

တဝက်​ပြည်​့လား တဝက်​ကျန်​လားမငြင်​းချင်​ခဲ့

ကျုပ်​ဝသီက​တော့ ခွက်​ထဲကတဝက်​ဟာ ​ရေလားမသိ အဆိပ်​လားမသိမို့

အကုန်​သွန်​ပစ်​ပြီး ဝလုံးစဝိုင်​းရင်​း ​ရေသန်​့သန်​့ကို အသစ်​ ခပ်​ယူချင်​တတ်​တာပဲ

သို့ေ​သော်​ သွန်​ပစ်​ပြီးကာစအချိန်​ တိတိမှာ trans view နဲ့ကြည်​့ပြီး သုံးသပ်​ရင်​​တော့

ဒီညိုမျက်​ဝန်​း​တွေကို ကျ​နော် ဂွတ်​ဘိုင်​ပဲ​ပေါ့

တချို့အစိတ်​အပိုင်​း​တွေက အထိရှမခံဘူးဗျ

 

 

 

 

 

25 comments

  • weiwei

    February 17, 2015 at 8:16 am

    ပထမဆုံးနေရာ ဦးပါသည်။
    ဒီလိုလေးတွေ ဖတ်ရတာ ကောင်းပါတယ်လို့ ….

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:23 pm

      အကြည်​ဓာတ်​က​လေး ရှိ​နေမှပါဗျာ
      ​ကျေး​ကျေး

  • အလင်းဆက်

    February 17, 2015 at 8:28 am

    ရင်ဘက်ချင်း ဂျက်ပင်ထိုးပြီး ခံစားသွားတယ်လား ဘာလားးးး မသိ

    စာသားလေးတွေက ခံစားလို့တော့ ကောင်းသားးး

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:25 pm

      နိရင်​ဘတ်​ပြားကို ဂျက်​ပင်​ထိုးလို့က​တော့ ​ကျောကပါ​ပေါက်​ထွက်​သွားမယ်​
      အဟွတ်​
      🙂

  • ဦးကျောက်ခဲ

    February 17, 2015 at 8:37 am

    ဖတ်ပြီး ပုလဲခချင်သလိုတောင် ဖြစ်သွားတယ်…
    လဲကျတိုင်း ပြန်ထဖို့ အားယူရတာ ပိုပင်ပန်းတယ်…

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:29 pm

      မီးဖို​ချောင်​​စောင်​့နတ်​ကြီး လာမန်​့​နေတာကိုး
      ပိုစ်​့ထဲဝင်​ကတည်​းက ​ညှော်​နံ့ရတယ်​လို့​တော့ ထင်​သား
      စကားမစပ်​ ဒယ်​အိုးနဲ့ ကွယ်​ထားတဲ့ ဘီယာဗူး​လေး ဒီဘက်​တဆိတ်​​လောက်​
      အာဟိ
      🙂

  • ခင်ဇော်

    February 17, 2015 at 8:44 am

    အချစ်နဲ့ ပတ်သက်ရင် ကိုယ် ဟာ ဖီးနစ်ငှက်လိုပဲ။
    မီးပုံထဲကနေ တဖန်ပြန်လည်ရှင်သန် ထမြောက် ပျံသန်းလာရတယ်။
    .
    .
    .
    .
    .
    .
    .
    .

    .
    .
    .

    .
    .
    .

    ဟိုလေ။။
    ဖင်မှာ မီးစွဲ လာတာတော့ မပြောနဲ့ ပေါ့ညော်!!!

    😥

    • ဦးကျောက်ခဲ

      February 17, 2015 at 8:53 am

      ဟို မုတ်ဆိတ်မမနဲ့ တွဲပြီး …
      Rise Like a Phoenix သီချင်း ဆိုခိုင်းမလို့လား…
      :k:

      • ခင်ဇော်

        February 17, 2015 at 8:56 am

        တညားရဲ့
        အသီးကွဲ မီးစွဲ ခံစားချက်တွေကို လှောင်တာလားးး

        :k:

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:30 pm

      အ​ရေးထဲ သူဖင်​မဲတာ ​ကြော်​ငြာလာဝင်​​နေ​သေး
      :'(

  • Mr. MarGa

    February 17, 2015 at 9:15 am

    ရင်ဘတ်ချင်း ဂျက်ပင်ထပ်ထိုးတယ် ကိုရင်ရေ…

    • ခင်ဇော်

      February 17, 2015 at 9:24 am

      မသိရင်တော့ သူကပဲ အချစ်တွေ အများကြီး တွေ့ဖူးသလိုလို

      :mrgreenn:

      • Mr. MarGa

        February 17, 2015 at 9:28 am

        သိတော့ ဘာဖြစ်တုန်းးးး
        (ကွကိုယ် ခံစားချက်လေး တူသွားလို့ ပြောမိပါတယ် ဖဲ့မယ့်သူက အဆင်သင့်)
        :a:

      • သူလည်း အရွယ်ရောက် အမြီးပေါက်ကြောင်း ကြုံတဲ့နေရာကြော်ငြာဝင်ရတာ နေရာပေးလိုက်ပါဇော်

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:32 pm

      ​အောက်ကမဇာယိကို ကိုရင်​နုစဉ်​က ဘယ်​လိုစွံ​ကြောင်​း ​ပြောပြလိုက်​ပါ​လေ
      ဒက်​ဂ​လောက်​

  • Mike

    February 17, 2015 at 9:43 am

    “​နောက်​တထစ်​တက်​ဖို့ အနည်​းဆုံး​တော့ ဒူး​ကွေးရမှာပဲ
    .ဒါကို ဒူးညွတ်​ရ​ကောင်​းလား လို့မြင်​ရင်​​တော့
    .ကျုပ်​လည်​းမ​ပြောပြတတ်​​တော့ဘူး”……ကြိုက်တယ်ကွာ

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:34 pm

      ကြိုက်​ရင်​ ဘီဘီတိုက်​ဗျာ
      ဒချိ ဒချိ

  • kai

    February 17, 2015 at 1:08 pm

    နေဆည်းဆာ ကွယ်ပြန်တော့
    အမှောင်ကြီးစိုး မြုနှင်းမှုန်တွေကျ
    အေးစိမ့်မှုရ..။
    သူ့ရင်ဘတ်ရှေ့ကာထားတဲ့ လူလုပ်တာတွေဆွဲဖြုတ်
    အဲလိုနဲ့အိပ်ယာဝင်
    နေဝင်ရင်တိတ် လောကနိယာမ ဆိုပေမဲ့
    အဲလိုချစ်သူရှိချင်ရင်တော့
    ဘယ်ဘုရားမှာမှဆုတောင်းရှာမနေနဲ့
    ကိုယ်တိုင်မှာထားမှဖြစ်တာရယ်…။ :k:

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 17, 2015 at 2:38 pm

      ညှီပါ​ပေ့ သဂျီးရယ်​
      မျက်​လုံးထဲ​တောင်​ မြင်​လာဘီ
      ငိငိ

  • pooch

    February 17, 2015 at 4:48 pm

    ကျန်နေတဲ့ တဝက်က သွန်လိုက်တာမှန်တယ် အဲ့ဒါတွေက အဆိပ်တွေ
    တဝက်ပဲ သောက်ရသေး အဆိပ်တက်လာလို့ ငါဆို အန်ပါထုတ်လိုက်တယ်
    အဆိပ်ဆိုမှတော့ ဘယ်အဆိပ်မှ မကောင်းဘူးရယ် :mrgreenn:

    actually i also got heart-sick but the big but is i can’t feel so much …just sometimes..
    feel i’m not normal..

    why others feel so so deep…..

  • မြစပဲရိုး

    February 18, 2015 at 6:36 am

    မင်္ဂလာဂီ
    ဆက်ဆက်က ဓား ဆိုတာနဲ့ ဓား ရှတာ သွေးတော်တော်ထွက်သွားလား။
    ကျွတ်၊ ကျွတ်၊ ကျွတ်။

  • Ma Ma

    February 18, 2015 at 8:08 am

    (အခက်​အခဲဆိုတာ မကြုံဖို့ ဆု​တောင်​းမရစ​ကောင်​းဘူးရယ်​)
    မွေးမေမေကိုတောင် တရားပြန်ဟောနိုင်လောက်တယ် မှန်းတယ်။ :p:
    သာ…. မင် :k:

  • မွသဲ ( 17082011 )

    February 18, 2015 at 12:20 pm

    တိဘူးအေဘာဒေဒုန်း ဒီအချိန်မှတော့မချစ်ချင်တော့ပါဘူးအေ ၁၃ ကျပ်

  • veryloveman

    February 18, 2015 at 4:39 pm

    ဉာဏ်တိန်လို့ပဲဆိုဆို ဉာဏ်နုံတယ်ပဲပြောပြော အခေါက်ရေများစွာ အတော်လေးကြိုးစားဖတ်နေရတယ်

Leave a Reply