နိယာမ

ムラカミFebruary 17, 20151min15711

 

မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာဆုံတယ်ဆိုတဲ့ စကားကို ဘယ်သူစပြောခဲ့သလဲတော့ မသိဘူး

သေချာတာကတော့ ဒါဟာ ဂရုဏာပါတဲ့ အဖြူရောင်လိမ်လည်မှု

 

 

ဆန်​့ကျင်​ဘက်​အရပ်​ကို ​ကျောချင်​းခိုင်​းပြီး ထွက်​သွားမယ်​ဆိုရင်​​တောင်​

ကမာ္ဘကြီးကလုံးပြီးဝိုင်​း​နေ​တော့ တချိန်​မှာ ပြန်​ဆုံကြမှာပါတဲ့

 

 

ဒီနိယာမ ကိုကျ​နော်​လက်​မခံနိုင်​ဘူးရယ်​

 

 

အ​ခြေအ​နေ နဲ့ အချိန်​အခါ ဆိုတာကို ထည်​့မတွက်​သူ​တွေ အလွယ်​​ပြောတဲ့စကား ဆိုပါ​တော့

 

 

ဒီ​နေရာမှာ သချင်္ာ နဲ့ ​လော့ဂျစ်​ သဘာဝကွာတာကို လှစ်​ကနဲ​တွေ့လိုက်​ရ

 

 

ဘဝမှာလည်​း သည်​လိုပဲ တွက်​ချက်​မှုတိုင်​းဟာမှန်​နိုင်​​ခြေရာနှုန်​းတခုသာ ရှိမယ်​ဆိုတာ

 

 

အဲ့ဒါက ကျိန်​စာလား

 

 

နိုး နိုး

 

 

ဒါကိုက ဘဝပီသခြင်​းပဲ

အရာရာ ရာနှုန်​းပြည်​့ တွက်​နိုင်​မှ​တော့

အသက်​ရှူရတာ သိပ်​ပျင်​းစရာ​ကောင်​းသွားလိမ်​့မယ်​

 

 

Risk နဲ့ Uncertainty ကြားက မျှ​ခြေ မသိကိန်​းကို နားမလည်​​သေးသမျှ​တော့

​မောဟ​တောမှာ ​မျောရဦးမ​ပေါ့

 

 

​ကျေ​ကျေနပ်​နပ်​ပဲပြုံးလိုက်​ပါတယ်​

ပြီး​တော့ ကျ​နော်​လှည်​့ထွက်​သွားမိတယ်​

 

 

မနက်​ဖြန်​​တွေရှိတဲ့ အရပ်​ဆီကို

 

11 comments

  • pooch

    February 17, 2015 at 4:24 pm

    မသိကိန်းရချင်တာများ ဟိုသူကြီးပြောပြောနေတဲ့ AI ကွန်ပူတာထဲ ထည့်ပြီး အဖြေထုတ်ခိုင်းကြည့်ပါ့လား တခုခုတော့ ထွက်လာမှာပေါ့ :mrgreenn:

    “မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာဆုံတယ်ဆိုတဲ့ စကားကို ဘယ်သူစပြောခဲ့သလဲတော့ မသိဘူး

    သေချာတာကတော့ ဒါဟာ ဂရုဏာပါတဲ့ အဖြူရောင်လိမ်လည်မှု”

    အေး အဲ့ဒါဟုတ်လောက်တယ်

  • Shwe Ei

    February 17, 2015 at 4:53 pm

    -Uncertainty arises in partially observable and/or stochastic environments, as well as due to -ignorance and/or indolence. 😛 😛 😛

  • Ma Ma

    February 17, 2015 at 7:29 pm

    အနှစ်ကျန်စေချင်ပေမယ့် နိယာမမှားပြီး အနယ်တွေ ကျန်ခဲ့တာများလားးးး ဂီ 🙄

  • မြစပဲရိုး

    February 18, 2015 at 6:03 am

    “မနက်​ဖြန်​​တွေရှိတဲ့ အရပ်​ဆီကို” ချီတက်တော့မည့်
    ချစ်သော “မင်္ဂလာ” ဂီ
    . အောင်ပါစီ။
    . အောင်ပါစီ။
    . အောင်ပါစီ။
    😉
    :))
    😉

  • Mike

    February 18, 2015 at 10:24 am

    .မနက်ဖြန်တွေရှိတဲ့အရပ်ဆီ ချီတက်နေကြရတာကလည်း နိယာမ ပေပဲမလား 🙄

  • ခင်ဇော်

    February 18, 2015 at 11:41 am

    So called Ghi

  • veryloveman

    February 18, 2015 at 4:41 pm

    ဒဿာနတွေ မနည်းမှီအောင်လိုက်နေရတယ်

  • ဦးကျောက်ခဲ

    February 18, 2015 at 4:57 pm

    မျဉ်းပြိုင်နှစ်ကြောင်း ဆုံချင်ရင်တော့…
    နိယာမ ဆိုတာ နီးရာမ လို့ သဘောထားလိုက်ပေါ့ကွီ…
    အခုလည်း နီးရာ မ မမိလို့ ငိုချင်းချနေရတာကို… ဟီ ဟိ
    :k:

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 19, 2015 at 7:22 am

      နီးရာမ ဒဲ့လားကွယ်​
      တူလည်​း သဂျိုင်​ခီးနည်​းတူ ညှီလာဘီ
      :'(

Leave a Reply