( သမီးလေးရဲ့ Valentine )

တောင်ပေါ်သားFebruary 18, 20151min17921

ဘဝတွေများစွာကြား ကံတရားက အလှည့်ပေး
သမီးလေးရေ
ရက်ပေါင်းထောင်ကျော် သမီးမော်ရအောင်
အဖေကြိုးစားရ အမိမဲ့သမီးဘဝ
အဖေရှိနေရတာပဲ
ဒီလိုနဲ့ အနှစ် ၂၀
သမီးအရွယ်ရောက်လာပြီကွယ်
သမီးရယ်
သမီးမှာ ချစ်သူရှိနေတာ အဖေသိ
ပွင့်လင်းလှသည့် သမီးနဲ့အဖေ
ရက်လကြာရှည် ပြောကြလေတဲ့ Valentine
အဲဒီမှိုင်း မရောက်ခင်မှာ
သမီးမျက်နှာမကောင်း
ဘာအကြောင်းလည်းမေးတော့
ဖျောတော့တော့မျက်နှာနဲ့
အဖေ့ကိုကွယ့်ဖက်ငို
အို . . . . သမီးရယ်
ချစ်သူနဲ့ ကွဲခဲ့ပြီဆိုပဲ
ဘာဆန်းသလဲသမီးရေ
မထိုက်လေသူလို့ယူဆ
ဆက်ရဦးမယ့်သမီးဘဝ
တွေ့ကြဦးမယ့်အပူတွေ
ရှောင်နေမရတဲ့ ဘဝလမ်းမှာ
ဒါ အစပါသမီး
အရေးကြီးတာက
အလုပ်ထဲမှာအဆင်ပြေမှ
သမီးလိုချင်တဲ့အောင်မြင်မှုဘဝ
ရလာရမှာမို့
ပန်းစည်းနဲ့ချောကလက်
ပေးဆက်မယ့်သူကိုအသာထား
အဖေ့လက်ရာညစာစားရင်း
ပျော်ရွှင်ခြင်းအကြောင်းကိုတွေး
ငယ်သေးတဲ့အဖေ့သမီးရေ
ခံနိူင်ရည်တွေ ပြည့်စေကွယ် ။

21 comments

  • အလင်းဆက်

    February 18, 2015 at 12:11 pm

    မနက်ခင်း ပွင့်တဲ့ ပန်းကလေးထက်ကို ပိုလှတာ
    ချစ်သမီးလေးရဲ့ အပြုံးနုနုလေးတွေဟာ. . .

    ဘာရယ်မဟုတ်
    ဦးထူးအိမ်သင်ရဲ့ သီချင်းလေး သတိရသွားလို့

    :k:

    • တောင်ပေါ်သား

      February 18, 2015 at 4:56 pm

      နာမယ်နော်

      နာ့သာမီးက ဖွေးဖွေးဟုတ်ဘူး 🙂

      • အလင်းဆက်

        February 19, 2015 at 11:06 am

        ခပ်ဆင်ဆင်လေးများ…တူနေသလားလို့… ပါ အိုးမြူးရယ်…
        ခွိခွိ ..
        :k:

  • Ma Ma

    February 18, 2015 at 3:09 pm

    ဗယ်လင်တိုင်းဒေး မဆင်နွှဲလိုက်ရတဲ့သမီးလေးက
    အဖေဆီက ဒီလိုအားပေးစကားကြားရရင်
    သူ့ကိုယ်သူ အားနည်းသေးသိမ်စိတ်တွေ ပျောက်သွားလိမ့်မယ်ထင်ပါတယ်။

    အဖေဆိုတာ သမီးအတွက် ဘဝမှာ သူရဲကောင်းပဲ။ 🙂

    • တောင်ပေါ်သား

      February 18, 2015 at 4:47 pm

      ကြိုးစားနေဆဲပါ မမရေ

  • ခင်ခ

    February 18, 2015 at 3:23 pm

    နောက်နှစ်တွေရဲ့ ဗယ်လင်တိုင်းဒေး ရောက်ရင်
    သမီးတွေ သားတွေခေါ်ပြီး မိသားစုညစာ ပျော်ပျော်ပါးပါး သွားစားတဲ့ အလေ့အကျင့်လေး လုပ်လိုက်ဗျာ။ ဒါဆို ဗယ်လင်တိုင်းဒေးဆို မိသားစုစုံညစာစားပွဲကိုဘဲ မျှော်ကြ စားကြလိမ့်မယ်ထင်။

    • တောင်ပေါ်သား

      February 18, 2015 at 4:49 pm

      ကောင်းပါပြီ ကိုခ ရေ 🙂

  • Mike

    February 18, 2015 at 3:49 pm

    .Very good poem. ဖခင်ရဲ့မေတ္တာကိုလက်ကနဲ မြင်လိုက်ရပါတယ်

    • တောင်ပေါ်သား

      February 18, 2015 at 4:53 pm

      ဒီခေတ်က မလွယ်ဘူး ကိုမိုက်ရေ
      အဖေက အမေမရှိတဲ့ သမီးတွေကို အတော်စဉ်းစားပြီး ထိန်းရတာ ၊
      လျှော့တန်လျှော့ ချော့တန်ချော့ ခြောက်တန်ခြောက်ပေါ့လေ ၊

  • veryloveman

    February 18, 2015 at 4:35 pm

    ရသမျိုးစုံခံစားလိုက်ရပါတယ်

    • တောင်ပေါ်သား

      February 18, 2015 at 4:54 pm

      ကျေးကျေးဗျ 🙂

  • Ma Ei

    February 18, 2015 at 5:01 pm

    ကိုရီးယားကားတွေထဲ ပြောနေကျ စကားလေး ကလေးကိုပြောပေးပါ…

    …လောကကြီးတစ်ခုလုံး ဘာတွေဘဲဖြစ်နေနေ..မနက်ကျရင် နေထွက်လာမှာပါတဲ့…

    ခုချိန်မှာ ခံစားနေရပေမယ့် နောက်လေးငါးရက်ဆို သက်သာသွားပါလိမ့်မယ်
    အချိန်က ကုစားပါလိမ့်မယ်…ခုချိန်မှာ မိသားစုက နွေးထွေးအားပေးပါနော်

    • တောင်ပေါ်သား

      February 19, 2015 at 8:52 am

      ဟုတ်ကဲ့ အမအိရေ

  • မြစပဲရိုး

    February 19, 2015 at 11:54 pm

    ဒီလို အားပေးတတ်တဲ့ နားလည်မှုရှိတဲ့ အဖေ ကို ရထား တာ သမီးလေး တွေ ကံကောင်းလိုက်တာ ကိုမျိုး ရေ။
    သမီးလေးအသက် ၂ဝ ဆိုတာ ငယ်ပါသေးတယ်။
    ဘဝ ကို ပိုပြီး တိုးတက်အောင်၊ ကိုယ့်ကိုယ်ကို ပိုပြီး တင့်တယ် အောင် သာ အာရုံစိုက်ဖို့ သမီးလေး ကို ပြောလိုက်ပါ ကိုမျိုးရယ်။
    တစ်နေ့ကျရင် တူရာလူ ထပ် တွေ့မှာပါ။
    ဘာမှ ဝမ်းနည်းနေဖို့ မလိုပါဘူးလို့။

    • တောင်ပေါ်သား

      February 20, 2015 at 1:02 pm

      အရီးရေ
      သူတို့ကို ထိန်းနေရတာမို့ မိုက်ချင်နေတာတွေတောင် မိုက်ချိန်ကို မရပါဘူးဗျာ ၊

      တစ်နေ့ သူတို့ သိလာမှာပါ ၊
      ကိုယ့်တုန်းကလည်း ရည်းစားဦးနဲ့ကွဲတာ ကမ႓ာပျက်ပြီ ထင်မိတာ ၊ 🙂

  • La Yeik

    February 20, 2015 at 9:23 am

    ဒီလို ပါးပါးမျိ ုးရထားတဲ့ သာမီးဒွေ ကံကောင်းဒါ…

  • ကိုရင်စည်သူ

    February 20, 2015 at 10:27 am

    အဲ့လာဒွေ ခံစားရမှာဆိုးလို့.. မိန်းမယူပီး ကလေးမမွေးဘူးဆုံးဖြတ်ထားတာ..
    ကလေးရှိတော့ မိန်းမက ကိုယ့်သိပ်အာရုံမစိုက်တော့ မြေအောက်တော်လှန်ရေး
    ပြန်စလို့ရပီဆိုတော့.. နှစ်မျိုးနှစ်ခွ နှစ်ဂွင်ချက်ဖြစ်နေရပါတယ်ဂျာ
    ခုထိပါပဲဂျာ.. :'(

  • အားလည်းပေးပြီး
    သမီးလေးအတွက်လည်းအကြံပေးပြီး
    🙂
    ရုတ်တရတ် သမီးလေးရဲ့ Valentine ဆိုပြီူး အောက်က
    င်္Foods Woman must never eat ဆိုတဲ့ပုံကြီးပေါ်လာတော့
    မျက်လုံးတောင်ပြူူးသွားမိတယ်

  • ခင်ဇော်

    February 21, 2015 at 1:26 pm

    ချစ်ဖို့ကောင်းတဲ့ အားကိုးရာ ဖေဖေ

    🙂

  • ဦးကြောင်ကြီး

    February 23, 2015 at 12:40 pm

    တားတားကြောင်ကြီး ဓဂေါင်ရုံး ရှိပါရယ် ပါပါမျိုး..။ ယုန်ဒရယ်မှား…

    • တောင်ပေါ်သား

      February 23, 2015 at 1:00 pm

      ကြောင့်ကိုတော့ ကြောက်တယ်ကွယ် 🙂

Leave a Reply