သားတို့မျက်ရည်

verylovemanFebruary 18, 20151min21413

အဖေနဲ့အမေသို့

————————

ပျော်ရွင်ခဲ့တဲ့ အချိန်တွေဟာ တစ်ကယ့်ကို တဒင်္ဂ ခဏလေးပါပဲအမေရယ် လူမှန်းသိတတ်စမှာပဲ မိသားစုဆိုတဲ့ နွေးထွေးခြင်းတွေ ပျက်သုဉ်းခဲ့ရတယ်အဖေ အဲဒီ ပျော်ရွင်ခဲ့ရတဲ့ အချိန်ခဏလေးကိုတော့ သားဘဝမှာ အမြဲတမ်း သတိရနေမှာပါအမေ။ ကံတရားရဲ့ လှည့်ကွက်တွေလို့ပဲ အမြဲ ဖြေသိမ့်နေပါတယ်အဖေ

ပူဆွေးခြင်းတွေနဲ့ အစပြုခဲ့ရတဲ့ ဘဝတစ်ခုမှာ သားပျော်အောင်နေတတ်ခဲ့ပါပြီအဖေရယ်

စိတ်မပူနဲ့နော်အဖေနဲ့အမေ

တစ်ချိန်ကပေါ့ နွေးထွေးမှူတွေလဲ ပျောက်ဆုံးခဲ့ရသလို မိသားစုဆိုတဲ့ ဘဝလေးလဲ ဆုံးရှုံးသွားပြီး ဝမ်းနည်းလို့ ကျတဲ့မျက်ရည်တွေလဲ မျက်ဝန်းထဲမှာ အပြည့်နဲ့ပေါ့အမေ သားတို့ရဲ့မျက်ရည်တွေကို မြင်လှည့်ပါအဖေ

အေးချမ်းတဲ့ ဘဝလေးတစ်ခုကို သားအမှန်တကယ် ပိုင်ဆိုင်ချင်ပါသော်လည်း ကံကိုသာ အပြစ်ပုံရင်း နေသားကျအောင် ကြိုးစားနေပါတယ် သားတို့ဘဝတွေအတွက် မရပ်မနား လျှောက်လှမ်းရမဲ့ လမ်းများစွာရဲ့ အနာဂတ်တွေမှာ အမေ့ကို အနားမှာအမြဲ ရှိနေစေချင်သလို အားဆေးတစ်ခွက်လို နောက်ကွယ်ကနေ အားဖြစ်စေမဲ့စကားတွေနဲ့ အားပေးနေမဲ့သူဟာလဲ အဖေပဲ အမြဲ ဖြစ်စေချင်ခဲ့ပါတယ် ဒါသားရဲ့ အလိုချင်ဆုံးဆန္ဒပါအမေ ဘယ်နေရာမှာမှ မရနိုင်တဲ့ မိသားစုရဲ့ နွေးထွေးခြင်းဆိုတဲ့ ဘဝကို လိုချင်မိတာ သားအတ္တကြီးသလိုများ ဖြစ်နေပြီလားအဖေ

မွန်းကျပ်ခြင်း၊ ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေကို ရင်နဲ့အမျှ ခံစားရင်း ဘဝသစ်တစ်ခုမှာ ပျော်နေပါစေလို့ သားဆုတောင်းပါတယ်အဖေ ပြန်လည်

ပေါင်းစည်းဖို့ရာ နောင်ဘဝအတွက်လို့သာ မှတ်ယူရင်း ပျော်အောင်သာနေပါတော့အမေ ဝဋ်ရှိခဲ့ရင်လဲ ဒီဘဝဒီမျှနဲ့သာ ကျေပါစေတော့အဖေနဲ့အမေရယ်

ဘယ်လိုမှပေါင်းစပ်ဖို့ဟာ ရာသက်ပန် မဖြစ်နိုင်တော့တဲ့ ဒီလိုဘဝအခြေနေမျိုးမှာ လမ်းခွဲခဲ့ကြတဲ့အမေနဲ့အဖေကို တမ်းတမိရင်း တခြားမိသားစုဘဝတွေ ပျော်ရွင်နေကြတာ မြင်ရရင်လေ သားမနာလိုဖြစ်မိတယ်အဖေ သားအရမ်းခံစားရတယ်အမေ

ဒါပေမဲ့ပေါ့အဖေရယ် ဝမ်းနည်းနေရုံကလွဲပြီး အခုတော့လဲ အရာအားလုံးဟာ သူ့ဘဝတွေနဲ့သူ နေသားတစ်ကျ ရှိနေခဲ့ပါပြီအမေ

VLMan

13 comments

  • Ma Ma

    February 18, 2015 at 9:31 pm

    စိတ်မကောင်းစရာပဲ။
    မိတကွဲ ဖတကွဲ သားတစ်ယောက်ရဲ့ခံစားမှုက ပီပြင်ပါပေတယ်။

    ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆို အဖေကလည်း နောက်အိမ်ထောင်နဲ့၊
    အမေကလည်း နောက်အိမ်ထောင်နဲ့၊
    သူ့ကို ကျောင်းက ဘော်ဒါမှာ လာထားတယ်။
    တခါတလေတော့ လာတွေ့ကြပါတယ်။
    ကျောင်းပိတ်တဲ့အခါကျတော့ အဖေ့အိမ်သွားတော့ မိထွေးနဲ့မတဲ့။
    အမေ့အိမ်သွားတော့ နောက်မွေးတဲ့ကလေးတွေကို မနာလိုဖြစ်ပြီး အဆင်မပြေ။
    😥

  • Mike

    February 19, 2015 at 9:27 am

    .စိတ်မကောင်းပါဘူးဗျာ…ဘာပြောရမှန်းတောင်မသိပါဘူး 😥

  • Kaung Kin Pyar

    February 19, 2015 at 10:15 am

    .ပရဟိတစိတ်ဓာတ်ဆိုတဲ့ ပိုစ့်မှာ နှုတ်မဆက်လိုက်ရဘူး….
    .မင်္ဂလာပါ ကိုVLMan ရေ….ရွာသူတစ်ယောက်အနေနဲ့ ကောင်းကင်ပြာက ကြိုဆိုပါတယ်….။ ပရဟိတစိတ်ဓာတ်အတွက် လေးစားချီးကျူးပါကြောင်း….
    .အခုပိုစ့်လေးဖတ်ကြည့်ပြီးတော့ တွေးမိတာ ၂ခုရှိတယ်….။
    .လက်ရှိရောက်နေတဲ့နေရာမှာ ပျော်ရွှင်ပါစေဆိုတဲ့ ဆုတောင်းနဲ့….
    .ရွာထဲ ဝင်လိုက်ပျောက်လိုက်လုပ်နေတဲ့ ကိုယ့်သက်တမ်း ၃နှစ်ကျော်မယ်…ခုလို စာလုံးကြီးတွေ အရောင်ပြောင်းတွေ ခုထိ မတတ်သေးပါလားလို့….
    :k:

    • အလင်းဆက်

      February 19, 2015 at 10:44 am

      ကင်းကောင်ပြာ…

      ဒီအောက်က လင့်ခ်ကို ဝင်ကြည့်…
      http://myanmargazette.net/201505

      အဲဒီလင့်ခ်က ရွာရဲ့ ညာဘက်အပေါ်နားက

      How to Write a Post
      ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။ ဆိုတဲ့ထဲက…အမှတ်စဉ် (၇)…
      ဖုန်းဖြင့် ပို့စ်တင်လျှင် ၂

      :k:

  • Kaung Kin Pyar

    February 19, 2015 at 11:01 am

    .ကျေးကျေး ဆက်ဆက်

  • အလင်းဆက်

    February 19, 2015 at 11:09 am

    သူ့ဟာနဲ့သူ နေသားကျသွားပြီလို့…တွေးနိုင်ပြီ ဆိုတော့…
    မကြာခင်… ဒဏ်ရာတချို့ ကျက်သွားမှာပါနော်…
    ဒါမှမဟုတ်လည်း…ဒဏ်ရာတွေ…သက်သာသွားမှာပါ…
    ဒီလိုပါပဲလေ….
    ဘဝတွေတော်တော်များများကတော့…နာကျင် လွမ်းမောစရာတွေနဲ့….

    • ခင်ဇော်

      February 21, 2015 at 1:22 pm

      အရမ်းရှောလှနေတဲ့ တို့ဒွေကို မြင်ပြီး မူးလဲသွားပါ့မယ် မိုက်မိုက်ရဲ့။ :mrgreenn:

  • မြစပဲရိုး

    February 19, 2015 at 11:49 pm

    မောင်ချစ် လို့ ခေါ်ရင်ကြိုက်လား။

    တကယ် တော့ ဘယ်သူမှ လဲ ကွဲ ချင်မှာတော့ မဟုတ်ပါဘူး။
    ဒါပေမဲ့ ဒီမှာတော့ ကံ ဆိုတာ အလုပ် လို့ ဘဲ ပြောချင်တော့တယ်။
    မဟုတ်လဲ ဒီ ကွဲ မဲ့ နှစ်ယောက် ကို တွေ့ အောင် တေ့ပေးလိုက် တဲ့ အရာ (ဘာလဲ တော့ မသိ) ကို အပြစ်တင်ဖို့ဘဲ။

    အနောက်တိုင်း မှာ တော့ မိ နဲ့ ဖ ကွဲ ကြ ကွာကြ ပြီး ကလေး တွေ ကို တလှည့်စီ ကြည့်ကြတာ တွေ့တယ်။
    မိထွေး၊ ပထွေး တွေ ကြည့်ရတာလဲ သိပ် မဆိုး ကြဘူး။
    ဒါပေမဲ့ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစား လဲ တော့ အသေအချာ မပြောတတ်။
    ဒါဟာ ဒီလို ဘဲ သဘာဝ လို့ လက်ခံ နေကြရင် ခံစားချက်လဲ ရှိချင်မှ ရှိမယ်။ မသိ။

    ဒါပေမဲ့ အမေရင်း အဖေရင်း နဲ့ မိသားစု ဘဝ ကတော့ အကောင်းဆုံးပေါ့။
    မင်း ဘဝ ပုံရိပ် တော့ မဟုတ်လောက်ဘူး ထင်ရဲ့။

    • veryloveman

      February 28, 2015 at 1:54 pm

      ကျွန်တော့ဘဝအစစ်အမှန်ပါ မြစပဲရိုးခင်ဗျ

  • ခင်ဇော်

    February 21, 2015 at 1:23 pm

    စာလုံးက microsoft word ထဲကနေရိုက်ပြီးမှ ကူးတာလားးးး
    အဲဒါဆို Font size ၁ဝ လောက်ထားပြီးမှ ကူးးး
    ၁၂ ဆို ပြူးသွားတယ်။

    :k:

Leave a Reply