တနေ့ပြီးတနေ့ (၂) Day by Day 2

Ma MaFebruary 19, 20153min30320

မြှောက်ပေးတဲ့သူတွေကလည်း မြှောက်ပေးတယ်။

က ချင်တဲ့သူကလည်း ဆိုင်းဝို်င်းမစခင်ကတည်းက လက်ချိုးပြီးသား ဖြစ်နေတယ်။ 😳

 

အော်ရီဒူးရဲ့ ကာတွန်းပြက္ခဒိန်လေးကို ခံစားမိသလိုလေး တင်ပြချင်ပါတယ်။

 

မှားယွင်းတာ ပေါ့ပျက်တာတွေလည်း ပါနိုင်တာမို့ ဆရာအော်ပီကျယ်ကို ဒီနေရာကနေပဲ တောင်းပန်ချင်ပါတယ်။

 

ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒစကားထဲကလို …
ဟာနေတာဖြည့်၊လိုနေတာစွက်၊လွဲနေတာ တည့်ပေးကြဖို့လည်း မျှော်လင့်ပါတယ်။

 

 

 

CAM03108[1]

 

အနုပညာရှင်တွေကတော့ မနေ့ကငါနဲ့ ဒီနေ့ငါ ယှဉ်ပြိုင်တယ်လို့ စကားလှလှပြောတတ်ကြတယ်။

ကိုယ့်အမြင်မှာတော့ သူနဲ့ငါ ယှဉ်ပြိုင်ကြတာပဲ။

 

တိုးတက်တာကိုတိုင်းတာရာမှာ တိုင်းတာပုံလည်း ကွာနိုင်တယ်။

တိုင်းတာတဲ့ပေတံလည်း ကွာနိုင်တယ်လို့ ထင်တာပဲ။  :byee:

CAM03109[1]

ဘယ်အရာမှ အလကားမရဘူး။

ရယူမှုအတွက် ပေးဆပ်မှုဆိုတာ ရှိရမယ်လို့ နားလည်မိပါတယ်။

ပုံကိုကြည့်ရတာတော့ ကိုယ့်ကိုတိုက်ရိုက်ပြောနေသလိုပဲ။  :a:

 

 

CAM03110[2]

လွတ်လပ်ရေးနေ့နဲ့ ကွက်တိပဲ။

အနားယူခြင်းဖြင့် ကိုယ်နဲ့စိတ်ကို ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်။
အနားယူတယ်ဆိုတဲ့နေရာမှာလည်း လူတကိုယ်အကြိုက်တမျိုးမို့ အနားယူပုံခြင်းတော့ ကွာခြားကြမယ်ထင်ပါတယ်။
ကိုယ့်အတွက်တော့ ခရီးရှည်သွားဖို့ ခဲယဉ်းနေသေးပေမယ့် ခရီးတိုတွေမကြာခဏထွက်ဖြစ်နေတာကပဲ ဘဝအတွက် အားအင်တွေ ပြည်လည်ပြည့်တင်းစေပါတယ်။ :kwi:

 

ငွေတခုတည်းကြည့်ရင် ကျန်တာတွေ အများကြီးဆုံးရှုံးသွားနိုင်တယ်။

ငွေနဲ့ပတ်သက်လို့ စိတ်မနိုင်ရင် စိတ်တောင် မကဘူး အများကြီးဆုံးရှုံးသွားနိုင်မယ်လို့ ထင်မိတယ်။ :s:

 

CAM03112[1]

ဒီပုံလေးကို မြင်တော့ …

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန် ဆိုတဲ့ စကားပုံနဲ့

အားမတန် မာန်လျှော့ ဆိုတဲ့ စကားပုံတွေကို ကြားယောင်လာမိတယ်။ 😥

CAM03113

အချိန်သည် အကောင်းဆုံး သမားတော်လို့ ဆိုသလိုပါပဲ။

ဖြစ်ဖြစ်ချင်းမှာ အကြီးကြီး ခံစားနေရတာတွေဟာ အချိန်ကာလအပိုင်းအခြားတခု ကြာသွားတဲ့အခါ ဘာမှမဟုတ်တော့ဘူး။

 

အဲဒါကြောင့် စိတ်လောကြီးပြီး အကြီးအကျယ် မဖြေရှင်းမိဖို့လိုတယ်။

ဖြေရှင်းတဲ့ပုံစံ မမှားဖို့လိုတယ်။ :boss:

 

CAM03114
စကားကို နည်းနည်းပြောပြီး များများနားထောင်ပါ လို့ ကြားဖူးတယ်။

 

နောက်တခုက လူ့ဘဝရဲ့ အသက်အရွယ် အပိုင်းအခြားတွေအများကြီးကို ကျော်ဖြတ်လာခဲ့တဲ့ လူကြီးသူမတွေဆီမှာ

အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေ အများကြီးရှိတယ်။

အဲဒီဘဝသင်ခန်းစာတွေကို လူကြီးသူမတွေပြောစကားတွေကို နားထောင်ခြင်းဖြင့် အခမဲ့သင်ယူရရှိနိုင်ပါတယ်။ 🙂

 

CAM03115

 

ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်ရတဲ့သူတွေနဲ့ နေရတဲ့ ဘဝဟာ စိတ်ကျေနပ်စရာကောင်းပါတယ်။

အဲဒါကို သိဖို့ တန်ဖိုးထားချစ်ခင်တတ်ဖို့ လိုပါတယ်။ :chit:

 

CAM03116

 

ငွေတခုတည်းကြည့်ရင် ကျန်တာတွေ အများကြီးဆုံးရှုံးသွားနိုင်တယ်လို့တော့ နားလည်မိပါတယ်။

ဒီနေရာမှာ ဆရာအော်ပီကျယ် ပြောချင်တာ ဒါ့ထက်ပိုနေမလားတော့ မဆိုနိုင်ဘူး။  🙄

 

CAM03117

မလုပ်ပဲနေရင် ဘာမှဖြစ်မလာဘူးလို့ ပြောကြတယ်မဟုတ်လား။

ဒါပေမယ့်လည်း ချောက်ထဲခုန်ချဖို့အထိတော့ မစွန့်စားသင့်ဘူးနောာာာာ :k:

 

CAM03118

ဒီကာတွန်းအတွက်ကတော့ သတ္တိရှိသူများအတွက်လို့သာ  တံဆိပ်ကပ်ချင်တယ်။

ကိုယ်ဆိုရင်တော့ ကြောက်ရမယ့်အရာကို ဝေးဝေးမှာ ထားမိမှာပဲ။ :p:

 

CAM03119

စိတ်ကူးယဉ်လို့ရတယ်။

ဒါပေမယ့် ဖြစ်နိုင်တာကို ပြန်ရွေးထုတ်ဖို့လိုတယ်။  :aa:

 

 

 

CAM03120ဒါကိုတော့ ဆုံးရှုံးမှုကနေ ပြန်လည်နိုးထနိုင်အောင် ကြိုးစားစေချင်တဲ့ စေတနာလို့ ထင်ပါတယ်။

 

ပုံတွေသိပ်များရင် ဖွင့်ရခက်မှာစိုးလို့

(သဂျီးကို လုပ်ကြံချင်တာ မဟုတ်ဘူးလို့ မပြောဘူးနော်) :boss:

နောက်ထပ်ကာတွန်းတွေကို ဆက်လက်စောင့်မျှော်ကြပါအုံးးးး လို့ 🙂

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

20 comments

  • မြစပဲရိုး

    February 19, 2015 at 11:09 pm

    ချစ်မမ
    အများကြီး အားကြီး ကျေးဇူးပါ။
    အောပီကျယ် ကာတွန်း ကို အတော်လေး ကို နှစ်နှစ်ခြိုက်ခြိုက် ကြိုက်တာမို့ ပါ။
    အခု မမ ကျေးဇူး နဲ့ ၃၆၅ ပုံလုံး ဖတ်ရတော့ မှာမို့ ဟန်ကျရောဘဲ။

    အမှတ်စဉ် (၂) မှာ လို နဲနဲရင်း များများ ရတာလဲရှိ။
    များများ ရင်း နဲနဲ ရတာလဲ ရှိပါ။

    သီချင်း မကြိုက် ရင် စက် ကို မခွဲ နဲ့ ဆိုတာလဲ ထပ် ကြိုက်။
    တကယ်တော့ အားလုံး ကြိုက်ပါ။

    သူကြီးမင်း ကို လုပ်ကြံတာ ဝုတ်ဘူးလေ။
    ဒီလို နံပါတ် တွေ တက်တက် လာအောင် ဒင်း ဘဲ စီစဉ်ထားတာ။
    သူ့ဘတ်ဂျက် သူ့ဟာသူ ပူဖို့ (သို့) စီစဉ်ဖို့ သူ့တာဝန်။
    ကိုယ့်တာဝန်က သူ့ဟာသူ ပေး ပေး မပေးပေး ပေး။ ရအောင် ယူဖို့ ဘဲ။
    ဒီတော့
    ရှေ့တန်း က ရဲဘော်တို့ ။
    ပန်းတိုင် ရောက်အောင် အမြန် ဆုံး ရတဲ့ နည်း နဲ့ တက်။
    ဒါဘဲ။ ဟိ ဟိ။
    lol:-)))))))))))))))))))))))))))))))))))))))))))))))))))

    • Ma Ma

      February 20, 2015 at 2:47 pm

      သွေးသောက်ညီအမတွေမို့ထင်တယ် ကာတွန်းကြိုက်တာရော၊ ဆရာအော်ပီကျယ် ကြိုက်တာရော တူကြတယ်။

      ကာတွန်းပုံတွေ စုံအောင်ကြည့်ရအောင်လို့ တင်ပေမယ့် အဲဒီထဲမှာ သီချင်းမကြိုက်ရင် စက်ကို မခွဲနဲ့ ဆိုတာလေးကို ထူးထူးခြားခြား ကြိုက်မိတာလည်း အကြိုက်တွေ တူကြလို့ ဝမ်းသာသွားတယ်။

      မလတ်ပြောမှပဲ သဂျီးးကနံပါတ်တွေ တက်လာအောင် လုပ်ထားလို့…
      ကိုယ်ကပဲ လုပ်ကြံတာ ခံနေရမှန်း သိသွားပြီ။ :k:

  • Kaung Kin Pyar

    February 20, 2015 at 9:48 am

    .ကာတွန်းလေးတွေဖတ်ရတာရော….အန်တီမမရဲ့ ထပ်ဖြည့်ရေးထားတဲ့ စာစုလေးတွေရော ဖတ်ရတာ…ကောင်းလိုက်တာ….
    .ခုလို နည်းနည်းစီ မြင်လိုက်ရတော့ ပိုခေါင်းထဲရောက်ပြီး…ပိုမှတ်မိသွားတယ်….။ ကိုယ့်ကိုယ်ကိုလဲ ဆုံးမစရာတွေလိုသေးမှန်း…မြင်လိုက်ရတယ်…
    .နောက်ရက်တွေလဲ မျှော်နေပ့ါမယ်လို့….

    • Ma Ma

      February 20, 2015 at 3:01 pm

      ကာတွန်းလေးတွေ ကြည့်ပြီး သဘောကျလို့
      ကျန်တဲ့သူတွေကိုလည်း မျှဝေချင်မိလို့
      ရေးထားတာကို သဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်။

      ဆရာအော်ပီကျယ်ရဲ့ ကာတွန်းကို လျှာရှည်ပြီး ကိုယ်ခံစားရသလို ဖြည့်ရေးထားတာတွေက မြင်းထိန်းငတာလို ဖြစ်နေမှာစိုးလို့ အားနာမိနေတာ။

  • Mike

    February 20, 2015 at 1:16 pm

    .မနှစ်သက်တာအနည်းငယ်ကိုလုပ်မှ
    .နှစ်သက်တာအများကြီးကိုလုပ်နိုင်မယ်…ဆိုတာနဲ့

    .သီချင်းမကြိုက်ရင် စက်ကိုမခွဲနဲ့
    .အခွေပဲလဲ…ဆိုတာလေးနှစ်ခုကိုတော်တော်လေးသဘောကျတယ်ဗျာ :boss:
    .ဆရာအော်ပီကျယ်ဟာ ကာတွန်းတင်မက အတွေးအမြင်မှာလည်း ဆရာကြီးပါပဲ

    • Ma Ma

      February 20, 2015 at 3:19 pm

      (ဆရာအော်ပီကျယ်ဟာ ကာတွန်းတင်မက အတွေးအမြင်မှာလည်း ဆရာကြီးပါပဲ)
      ထောက်ခံပါတယ် ဘရာသာမိုက်။ 🙂

  • အလင်းဆက်

    February 20, 2015 at 1:50 pm

    အန္တရာယ်ကို တွက်ချက်ပြီးမှ ရင်ဆိုင်ပါ ဆိုတဲ့ပုံကို သရုပ်ဖော်ထားတာ…ပညာပါတယ်နော့..
    တွက်ချက်နေတုန်း အန္တရာယ်က နင်းချေသွားနိုင်သေးတယ်ဆိုတာ…တွေးမိတယ်…

    စဉ်းစားဆင်ခြင်မှုကို အရင်လုပ်နေတုန်း… အန္တရာယ်က ဝါးမျိုးတာလည်း ခံရနိုင်တယ်ဆိုတော့…
    တုံ့ပြန်မှုကို အရင်လုပ်ပြီးမှ စဉ်းစားဆင်ခြင်လိုက်ရမယ် ့အဖြစ်တွေလည်း ရှိဦးမှာ…
    ဆိုတော့…
    ကြုတ်ကျက်လိ ရမယ့်သဘော…

    :k:

    • Ma Ma

      February 20, 2015 at 3:26 pm

      ကြုတ်ကျက်လိ တာကတော့ အကောင်းဆုံးနိယာမပဲ။ :k:

  • kai

    February 20, 2015 at 3:07 pm

    ဘဝကိုချစ်ခြင်းဟာ.. ချစ်စရာဘဝကိုဖန်တီးခြင်းပဲ.. တဲ့..။

    အမတော်မမက…. ဒီလိုပြန်ရေးနားလည်ပုံရတယ်..

    ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်ရတဲ့သူတွေနဲ့ နေရတဲ့ ဘဝဟာ စိတ်ကျေနပ်စရာကောင်းပါတယ်။
    အဲဒါကို သိဖို့ တန်ဖိုးထားချစ်ခင်တတ်ဖို့ လိုပါတယ်

    ထေရာဝါဒမှာတော့.. ဘဝဆိုတာ ဘယ်လိုသင်ထားသတည်းမသိ…
    ဘဝဆိုတာ ဒုက္ခလို့.. ဂိုဂယ်လိုက်တာ.. စာမျက်နှာ ၈၇၁ဝ ထွက်လာသဗျ..။
    အဲဒီထဲတယောက်ရေးထားတာလေးများ.. အောက်ကအတိုင်း..။
    အနိစ္စ..ဒုက္ခ..အနတ္တ.. :k:
    =
    http://htanaungyeik.blogspot.com/2011/11/blog-post_29.html

    အဲ့လိုပါပဲ……… သတ္တဝါအားလုံးဟာ ဘဝလေးတွေ ကိုယ်စီပိုင်ဆိုင်
    ထားကြပါတယ်။ အဲ ဘဝရရှိလာတယ်ဆိုကတည်းက ရရှိစေနိုင်တဲ့ အကြောင်း
    ဘဝသမုဒယ ပြုခဲ့ကြလို့ပါပဲ။
    ဘဝရှိလျှင် ဘဝကင်းပြတ်တဲ့ ဘဝနိရောဓ ဆိုတာလည်း ရှိပါတယ်။
    ဘဝတွေက ကင်းလွတ်တဲ့ ဘဝနိရောဓ ဖြစ်ချင်ပါတယ်ဆိုလျှင်တော့ ဘဝ
    နိရောဓဂါမိနိပဋိပဒါ လမ်းစဉ်ကျင့်ရပါမယ်။
    သတ္တဝါတွေဟာ ဘာကြောင့်ဘဝထဲမှာ ပျော်ပြီး မလွတ်မြောက်ချင်
    ကြသလဲ ဆိုတာ အဖြေရှာကြည့်တော့
    “ဘဝဆိုတာဟာ ဒုက္ခမှန်း မသိကြလို့ပါ ။ ”
    ဟုတ်ပါတယ်။ ဒုက္ခ ဆင်းရဲဆိုတာ မသိကြလို့ ပျော်ကြ ရွှင်ကြနဲ့
    တစ်ချို့ကထင်ကြတယ်။ တစ်ချို့တင်မကပါဘူး စာရေးသူအပါအဝင်
    အန္ဓပုထုဇဉ်တွေဟာ ဘဝဟာပျော်စရာလို့ ဘယ်မှာ ဒုက္ခလဲလို့ ထင်
    နေကြတာ။
    ဘုရားမြတ်စွာက ဘဝဆိုတာ ဒုက္ခပဲတဲ့။ ဘဝမှာ ပြည့်စုံတယ်
    ဆိုတာ မရှိဘူး ဟိုဟာလို ဒီဟာလိုနဲ့ ပြီးပြည့်စုံ ချမ်းသာပါတယ် ဆိုတဲ့
    ဘဝဟာ မရှိပါဘူး။ ထိုကဲ့သို့ လိုတာဖြည့်နေရတာကိုက ဒုက္ခပါပဲတဲ့။
    ဘဝဆိုတာ ဒုက္ခလို့သိမှ ဘဝကို မလိုချင်စိတ်ဖြစ်မှာပါ။
    ဘဝဟာ ချမ်းသာတယ်ထင်နေလျှင် ဘဝအပေါ် တပ်မက်မှုနဲ့
    ဘဝရအောင် ဘဝမပျောက်အောင်ပဲ အားထုတ်နေမှာ…..။
    ဘဝဆိုတာ တကယ့်ဆင်းရဲမှန်းသိတော့ “ဘဝနိရောဓ” လို့
    ခေါ်တဲ့ ဘဝကင်းပြတ်တာကို လိုချင်လာပါတယ်။ ဘဝကင်းပြတ်စေ
    တဲ့နည်းက ဘယ်မှာလဲ။
    ရှိပါတယ်။ “ဘဝနိရောဓ ဂါမိနိပဋိပဒါ” ဆိုတဲ့ မဂ္ဂင် ရှစ်ပါး
    အကျင့် တရားပါ။
    ဘဝဆိုတာ ဒုက္ခပါလားလို့ မှန်မှန်ကန်ကန် သိမြင်ခြင်းဟာ
    “သမ္မာဒိဋ္ဌိ” Right Understanding ပါ။

    • Ma Ma

      February 20, 2015 at 3:33 pm

      “သမ္မာဒိဋ္ဌိ” အမြင်နဲ့ မြင်နိုင်ရင် မြင်တတ်ရင်တော့ ဘဝဆိုတာ ဒုက္ခလို့ ပြောလို့ရပေမယ့်…
      ပုထုဇဉ်သဘော မေ့မေ့လျော့လျော့ ပေါ့ပေ့ါဆဆ သတိလက်လွတ် နေတတ်ကြလို့….
      အဲဒီ ဒုက္ခဆိုတဲ့ ဘဝကိုပဲ ကျေနပ်နှစ်ခြိုက်ပြီး သုခထင်၊
      ဘဝထဲကမလွတ်နိုင်၊ လွတ်အောင် မကျင့်နိုင်ကြတာပေ့ါ။

      • kai

        February 20, 2015 at 4:12 pm

        ဗမာစာမယ်… ဒုက္ခကို .. အင်္ဂလိပ်လို.. Suffering ဖြစ်သွားသမို့.. ပြဿနာတက်နေတယ်ထင်မိတယ်..။
        ဗုဒ္ဓတကယ်ဆိုလိုတဲ့.. ဒုက္ခဟာ.. ဗမာတွေနားလည်တဲ့..ဒုက္ခတော့ ဟုတ်ဟန်မတူ….။

        (6) Common Buddhist Misunderstandings

        It has been more than one thousand and nine hundred years since Buddhism spread to China. Thus, the relationship between Buddhism and China is very close. The development of Buddhism influenced, and was influenced by Chinese culture. In fact Buddhism became a religion of the Chinese.

        Buddhism originated from India, and the special characteristics of the Indian culture were sometimes not easy for the Chinese to understand. The Chinese traditions influenced and modified some of the practices, and these deviated from the teaching of the Buddha. As a result, there are unfortunately many misunderstandings about Buddhism in China among the Buddhists and non-Buddhists.

        It is very easy to misunderstand Buddhism if one knows nothing about its origins. Some followers may practice the cultural rituals without ever knowing Buddha’s teachings. As a consequence, those who believe in “Buddhism” may not really be following the Buddha’s teachings, and those who criticise Buddhism may not actually be criticising what the Buddha taught. So I hope this talk may help everyone gain a better understanding!

        1. Misunderstanding that arises from the teachings.

        The theory of the Buddha’s teaching is very profound. Some people do not understand its meanings and may only know it superficially. After listening to a few phrases, they may start to explain to the others in their own way. As a result, some explanations people tell, may not be accurate teachings of the Buddha. The most common misunderstandings are about the teachings: “life is suffering”, “out-worldly” and “emptiness”. So now lets discuss these terminologies separately:

        a) Life is suffering

        The Buddha told us that “Life is Suffering”. One who does not understand the Truth of this may think that life is meaningless and become negative and pessimistic. Actually, this theory is commonly misunderstood. People in society and even some Buddhists are trapped in this wrong and gloomy view.

        http://www.buddhanet.net/cbp1_f6.htm

  • Ma Ei

    February 20, 2015 at 4:48 pm

    အိုက်ဒါလေး…
    လိုချင်လွန်းလို့ ရှာဝယ်ပါဦးမည်…
    ခုတော့..
    အများကြီးစိတ်ကူးပြီး ဘယ်စိတ်ကူးတွေကို ဖယ်ထုတ်ရမလဲ သင်ယူဘို့
    … စောင့်ဖတ်ပါမည်…

  • တိုင်းတာလို့ရမှ တိုးတက်တာနဲ့
    နားထောင်ပြီး သင်ယူပါ ကိုကြိုက်တယ်။

    တိုင်းတာလို့ရမှ တိုးတက်တာ
    ဆိုတာက ယနေ့လက်ရှိ တိုင်းပြည်မှာဖြစ်နေတာတွေနဲ့လည်းအံဝင်တယ်

  • ခင်ဇော်

    February 21, 2015 at 1:07 pm

    ဟိ
    လုပ်ကြံလည်း ရတယ်။
    အားပေးပြီးသားပဲ။
    ကိုယ်သာ ဆိုတစ်နေ့ တစ်ပုံကို ရှင်းလင်းချက်နဲ့ တင်မယ်။
    အဟီးဟီးဟီးးး

    :mrgreen:

  • Ma Ma

    February 21, 2015 at 4:23 pm

    ဝိုင်းဝန်းအားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။

    အော်ရီဒူးပြက္ခဒိန်က အော်ရီဒူးငွေဖြည့်ကဒ်ရောင်းလို့ လက်ဆောင်ပေးသွားတာကို အမက သူများတွေကို ပေးပစ်လိုက်ပြီး ၁ခုပဲ ကျန်မှတွေ့လို့ ကောက်သိမ်းထားတာ။

    ကိုယ့်ရွာ့ဆွေရွာ့မျိုးတွေ လိုချင်နေတာသိရတော့ ပေးပြီးသားတွေကိုတောင် ပြန်တောင်းချင်မိတယ်။ :k:

  • pooch

    February 21, 2015 at 4:50 pm

    မနှစ်သက်တာကို အနည်းငယ်လုပ်မှ
    နှစ်သက်တာကို အများကြီးလုပ်နိုင်မယ် ဆိုတာ ကြိုက်တယ်

    ခုတလော အရမ်းအပျင်းထူနေလို့ လုပ်ရမှာ သိသိကြီးနဲ့ 🙁

    ကာတွန်းအော်ပီကျယ်ကိုကျနော်လည်း ကြိုက်တယ် မမရဲ့
    အဲ့ဒီ ပြက္ခဒိန်လိုချင်လို့ တောင်းထားတယ် ရရာဆီက မမကိုလည်း ကျေးဇူးတင်တယ်
    ဒီလိုလေး တင်ပေးလို့

    ဆက်စောင့်ဖတ်နေမယ်

  • La Yeik

    February 23, 2015 at 9:20 am

    ကောင်းလိုက်တဲ့ ကာတွန်းလေးနဲ့စာလေးတွေ….အကြောက်တရားကို ကျောခိုင်းမထားနဲ့…မျက်နှာချင်းဆိုင်မှာပဲထားဆိုတဲ့ စကားလေးအကြိုက်ဆုံးပဲ…မှတ်သားသွားပါတယ်ရှင့်

  • Ma Ma

    February 23, 2015 at 10:29 am

    မယ်ပုရေ-
    အဲဒီပုံကိုကြည့်ပြီး ကိုယ့်ကို တည့်တည့်ကြီး ပြောနေသလိုကို ထင်မိတာ။
    အကြိုက်ချင်းတူနေပြီ။

    အကြောက်တရားကို ရင်ဆိုင်ဖို့ သတိပေးတဲ့ပုံကို ကြည့်ပြီး ကြောက်နေလို့ သတ္တိရှိသူများအတွက်သာလို့ မှတ်ချက်ပေးမိတာ….
    လရိပ်လေးက သတ္တိခဲ ပဲကိုးးး 🙂

  • Mr. MarGa

    February 23, 2015 at 12:49 pm

    တနေ့ပြီးတနေ့
    ဆက်ပြီးရွေ့
    ယို့ယို့
    ဆရာအော်ပီကျယ် အဲ့ ပြက္ခဒိန်ပုံလေး စ တင်ကတည်းက လိုချင်နေတာ
    ဆိုတော့ တင်သာတင်ပါခည
    အားပေးမယ့်သူတွေ တပုံကြီးပါ :mrgreenn:

  • ဦးကြောင်ကြီး

    February 23, 2015 at 12:51 pm

    တီမားမားက အင်တာနက်လေတပ်ဗိုလ်ချုပ်ကြီးရဲမိုး အမဆို.. ဟုတ်လား ဟုတ်ဝူးလား..

Leave a Reply