အလင်းခြုံတဲ့ သတင်း Zone-25

alinsettFebruary 19, 20155min14010

မင်္ဂလာပါ။ အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ် အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့…

  • သပိတ်မှောက် ကျောင်းသားတွေကို သည်းခံခွင့်လွှတ်ပြီး တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ အစိုးရကို တိုက်တွန်းလိုက်တဲ့ သီတဂူဆရာတော်ကြီးရဲ့ တိုက်တွန်းချက်သတင်း ..

  • ၁ဝ ရက်ကြာ ရက်နားထားမယ့် ကျောင်းသားသပိတ်ဆိုင်ရာ သတင်းများ..

  • မိကျောင်းကန်သပိတ် စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ထောင်းဒဏ် အသီးသီး ချမှတ်လိုက်တဲ့သတင်း..

  • မီးလောင်သွားတဲ့ ရေနံချောင်း မြို့မဈေးကြီးရဲ့ နောက်ဆက်တွဲသတင်းနဲ့ ဝေဖန်ပြောဆိုမှုများ..

  • US မှာ အသေးစား စီးပွားရေးလုပ်ငန်းတွေမှာ သုံးတဲ့ ယာဉ်များ အသုံးပြုမှုနဲ့ပတ်သက်ပြီး စည်းမျဉ်း/စည်းကမ်းသစ် မူကြမ်းတရပ်ထုတ်ပြန်လိုက်တဲ့သတင်း…

  • မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် ပြုလုပ်လာလျှင်       ဘယ်လို အဖွဲ့အစည်းကိုမှ ခွင့်မပြုနိုင်ဘူးဆိုတဲ့ တရုတ်အစိုးရရဲ့ ကြေညာချက် သတင်းနဲ့

  • အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကို လွှဲပြောင်း ပေးလိုက်တဲ့ လောက်ကိုင်ဒေသ နောက်ဆက်တွဲ သတင်းများ..

  • မြန်မာနိုင်ငံအတွင်း သွားရောက် လည်ပတ်မယ့် တရုတ်နိုင်ငံသားများ အသွားအလာ အနေအထိုင် ဂရုပြုကြဖို့ တရုတ်သံရုံးက သတိပေးချက်ထုတ်ပြန်တဲ့သတင်း ၊

  • တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်တွင်းမီဒီယာသမားများ ပထမဆုံးအကြိမ်တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ အခြေအနေတွေ မေးမြန်းကြတဲ့သတင်း ..

  • တရားဥပဒေ စိုးမိုးရေးအောက်မှာ နေထိုင်နိုင်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုများ

  • White card အရေးနဲ့ US အစိုးရရဲ့ ပြောဆို ဝေဖန်မှုများ …

  • အွန်လိုင်းကနေ လေလံတင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့               ခြံဝင်းတံခါးနဲ့ (၅၄)ဆိုတဲ့ အိမ်နံပါတ်ပြားဟောင်းဆိုင်ရာ သတင်း ၊

  • တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗို်လ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံးဆွေးနွေးမှုသတင်း၊

  • US မှာ ပြုလုပ်မယ့် ပွဲလမ်း သဘင်ဆိုင်ရာ သတင်းအချက်အလက်များအပါအဝင်…

  • အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၉ ။

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့                          ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ လက်ရှိအချိန်မှာ ကျောင်းသားတွေ စာမေးပွဲရှိနေတာကြောင့် သပိတ်စစ်ကြောင်း ရောက်ရှိနေတဲ့ လက်ပံတန်းမြို့မှာပဲ                  လူအုပ်စုမခွဲဘဲ မတ်လ ၁ ရက်နေ့ထိ ခဏ ရပ်နားသွားဖို့ ကြေညာလိုက်ပါတယ်။

ပင်မသပိတ်စစ်ကြောင်းအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်နေမှာ ဖြစ်ပြီး ဧရာဝတီတိုင်းဘက်က သပိတ်စစ်ကြောင်းကတော့ မအူပင်နဲ့ ပုသိမ်မှာ သပိတ်စခန်း ၂ ခုဖွင့်ပြီး စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

အစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတွေထဲက ပင်မသပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း လက်ပံတန်းမြို့ကို ရောက်ရှိနေပြီး တိုင်းနဲ့ ပြည်နယ် ခရိုင်အသီးသီးကနေ လိုက်ပါလာတဲ့ ကျောင်းသားအားလုံး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁ ရက်နေ့ထိ ခေတ္တရပ်နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒါဟာ လွှတ်တော်က ဆုံးဖြတ်ချက်ကို စောင့်ကြည့်တာဖြစ်တဲ့အပြင်                                       အခြေခံပညာ ကျောင်းသားတွေရဲ့ စာမေးပွဲကာလ ဖြစ်တဲ့အတွက် ခေတ္တရပ်နားခြင်းသာဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။

အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက် ကျောင်းသားတွေဟာ                   အစိုးရဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ရက် ၆ဝ အလွန်မှာ                   မန္တလေးကနေ ရန်ကုန်ထိ ခရီးရှည်ချီတက်ဆန္ဒပြခဲ့ရာ လမ်းတလျှောက် ပြည်သူတွေရဲ့ထောက်ခံမှု အကာကွယ်ပေးမှုတွေ ရခဲ့ပါတယ်။

အစိုးရက ကျောင်းသားတွေတောင်းဆိုတဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်ခံခဲ့ပြီး ဆွေးနွေးနေဆဲကာလအတွင်း ရန်ကုန်ထိ ဆက်လက်ချီတက်မယ့် ကျောင်းသားတွေရဲ့ သပိတ် အစီစဉ်ကို လက်မခံကြောင်းနဲ့ သပိတ်မှောက်စစ်ကြောင်းတွေ သပိတ်လှန်ဖို့ ကြေညာခဲ့တဲ့အပြင် ရန်ကုန်ကိုဝင်ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

1

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၉ ။

ရန်ကုန်မြို့၊ မြို့တော်ခန်းမ ဝင်ပေါက်ကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့တဲ့ အတွက် မိကျောင်းကန်သပိတ် စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

အမိန့်ချခံရသူ ၁၄ ဦးဟာ သင်္ဃန်းကျွန်းမြိ့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က သိမ်းဆည်းခံရတဲ့ မြေနေရာတွေ ပြန် လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ က မြို့တော်ခန်းမဝင်ပေါက်မှာ ပိတ်ဆို့ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ဆန္ဒပြသူ ၁၄ ဦးကို မြို့တော်စည်ပင်သာယာဦးစီးဌာနက                   တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ တရားမဝင်စုဝေးမှု ပုဒ်မ ၁၃၄၊  မတရား တားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ တို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်ပြီး ၉ လနီးပါး ဆန္ဒပြနေတာဖြစ်ပါတယ်။

2

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၈ ။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က US မရိန်းတပ်ဖွဲ့ဝင်များ နေရာယူထားရာ အိန်းအယ်လ်အေဆာ့ဒ် လေတပ်စခန်းနဲ့ နီးကပ်စွာ တည်ရှိတဲ့ IS တို့ ထိန်းချုပ်ထားရာ အယ်လ်ဘဂ္ဂဒက်ဒီမြို့က လူ(၄၅)ဦးခန့်ကို IS တပ်ဖွဲ့ဝင်တွေက မီးရှို့သတ်ဖြတ်လိုက်ပါတယ်။

အီရတ် ပိုင်နက်အတွင်းရှိ အယ်လ်ဘဂ္ဂဒက်ဒီမြို့မှာ   IS ဖွဲ့တွေရဲ့ အခုလို ကြမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောဆိုနေပါတယ်။

အိုင်အက်စ် တပ်ဖွဲ့တွေဟာ ဆီးရီးယားနဲ့ အီရတ်ရှိ နယ်မြေပေါင်းများစွာကို သိမ်းပိုက်ထားတဲ့အပြင် အစိုးရဩဇာအာဏာ ယုတ်လျော့ ကျဆင်းနေတဲ့ လစ်ဗျားနိုင်ငံတွင်းမှာလည်း စတင်ခြေဆန့် လှုပ်ရှားလျက်ရှိပြီး မကြာသေးခင်ကလည်း လစ်ဗျားပိုင်နက်အတွင်းမှာ အီဂျစ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် (၂၁)ဦးကို ခေါင်းဖြတ် သတ်ပစ်ခဲ့ကြောင်း သိရပါတယ်။

အယ်လ်ဘဂ္ဂဒက်ဒီနဲ့ (၅)မိုင်လောက်သာ ကွာဝေးတဲ့နေရာမှာ အိန်းအယ်လ်အေဆာ့ဒ် လေတပ်စခန်းရှိ အီရတ် အမှတ်(၇) တပ်မ အခြေစိုက် နေရာယူထားပြီး US မရိန်းတပ်ဖွဲ့ဝင် (၃၂၀)ခန့်လည်း ရှိနေပါတယ်။

၁၄

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ရ ။

မကွေးတိုင်း၊ ရေနံချောင်းမြို့ရှိ ရေနံချောင်း မြို့ မဈေးကြီးဟာ ဖေဖော်ဝါရီလ ၁ရ ရက်၊ နံနက်စောစော ၂ နာရီကျော်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းပေါင်း               ၃၀ဝ ကျော် ပျက်စီးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ရ မိနစ်လောက်အတွင်းမှာ အရှိန်မြင့်သွားပြီး                      ဆီပေပါများ ပေါက်ကွဲသွားတဲ့အချိန်မှာတော့ တစ်ဈေးလုံးကို မီးကူးစက်မှု ပျံ့နှံ့သွားကြောင်း သိရပါတယ်။

အခုလို မီးလောင်ကျွမ်းခဲ့တဲ့ ရေနံချောင်း မြို့မဈေးဟာ မကြာသေးမီကပဲ ဈေးအသစ်ပြန်လည်တည်ဆောက်ဖို့အတွက် စည်ပင်သာယာအဖွဲ့နဲ့ ဈေးသူဈေးသားများ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘူးလို့ သိရပါတယ်။                                             အခုမီးလောင်ကျွမ်းမှုဟာ အဆိုပါ ပြဿနာနဲ့ ဆက်စပ်မှုရှိနေကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

မြို့မဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၃၁၂ ခန်း ဆုံးရှုံးခဲ့ပြီး      မီးစတင် လောင်ကျွမ်းရခြင်း အကြောင်းရင်းကိုတော့ တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး ။

၁၅

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ရ ။

US မှာ အသေးစား စီးပွားရေးလုပ်ငန်းတွေမှာ သုံးတဲ့ drone ယာဉ်တွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး စည်းမျဉ်း/စည်းကမ်းသစ် မူကြမ်းတရပ်ကို US လေကြောင်းဆိုင်ရာဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီမူကြမ်းဟာ ၁ဝ နှစ်လောက် အချိန်ယူ ရေးဆွဲလာခဲ့တာဖြစ်ပြီး အဝေးထိန်း drone ယာဉ်တွေကို ဖြတ်သန်းသွားလာနေကြသူတွေနဲ့ ဝေးရာမှာသာ အသုံးပြုဖို့နဲ့    နေ့ခင်းဘက်မှာသာ သုံးရမှာဖြစ်တဲ့အပြင် တစ်နာရီကို ၉၉ မိုင်နှုန်းအောက်သာ မောင်းနှင်ရမယ်လို့လည်း ပါဝင်ပါတယ်။

Drone ယာဉ် အသုံးပြုသူတွေဟာ ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အသုံးပြုခွင့်အထူးလိုင်စင်လည်း ရှိနေရမှာ ဖြစ်ပါတယ်။

ယခုနှစ် အစောပိုင်းတုန်းက သမ္မတအိမ်ဖြူတော်မြေပြင်မှာ သေးငယ်တဲ့ Drone ယာဉ် တစ်စင်းပျက်ကျခဲ့တာကြောင့် အာဏာပိုင်တွေက အိမ်ဖြူတော် ဝင်းအတွင်း စုံစမ်းမှုတွေ ချက်ချင်းလုပ်ခဲ့ရပြီး ဝါရှင်တန်မြို့မှာနေထိုင်သူတစ်ဦး လွှတ်တင်ခဲ့တာဖြစ်ကြောင်းနဲ့   မတော်တဆ ထိမ်းမရဘဲ ဖြစ်သွားခဲ့ကြောင်း သိရပြီးနောက်မှာ အခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

၁၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ရ ။

မြန်မာ အစိုးရအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သည်းခံခွင့်လွှတ်ပြီး တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံး လိုက်လျောပေးပါ…ဆိုပြီး သီတဂူဆရာတော်ကြီးက မြန်မာအစိုးရအဖွဲ့ထံကို

မေတ္တာ ရပ်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရဲ့ ရင်သွေးကျောင်းသား၊ ကျောင်းသူလေးတွေရဲ့

ပညာရေး ခေတ်မီ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဟာ

အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်စေဖို့လည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ဆရာတော်က မေတ္တာရပ်ခံ ရေးသားထားပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေဟာ နိုင်ငံတော်ရဲ့ သားငယ် သမီးငယ်များဖြစ်တာကြောင့် မိဘသဖွယ်ဖြစ်တဲ့ အစိုးရဟာ သည်းခံခွင့်လွှတ်ပြီး သားသမီးတွေရဲ့ ဘဝကို ချီးမြှောက်ရိုးထုံးစံ

ရှိရမှာ ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။

အဆိုပါမေတ္တာရပ်ခံစာအပြင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း                                               သပိတ်မှောက် ကျောင်းသားများထံပေးပို့တဲ့ မေတ္တာရပ်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သေးကြောင်း သိရပါတယ်။

ကျောင်းသားတွေဆီကို ပေးပို့တဲ့ မေတ္တာရပ်ခံချက်မှာတော့ …

သားတို့၊ သမီးတို့အနေနဲ့ သက်ဆိုင်ရာအရပ်ဒေသအသီးသီးရှိ မိဘဆရာများရဲ့ ရင်ခွင်ကို အမြန်ဆုံးပြန်လည်ခိုဝင်စေလိုကြောင်း ၊ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များဆက်လက် ဆည်းပူးသင်ကြားကြစေလိုကြောင်း သီတဂူဆရာတော်ကြီးအနေနဲ့ မေတ္တာ ရပ်ခံထားပါတယ်။

အဆိုပါမေတ္တာရပ်ခံချက်ကို လေးစားပေမယ့် သပိတ်စစ်ကြောင်းများကိုတော့ မရပ်နားဘဲ ဆက်လက် ချီတက်သွားမှာဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီက ပြန်လည် ပြောကြားခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ကျောင်းသားတွေရဲ့ သပိတ်မှောက်မှုတွေကနေ ရှစ်လေးလုံးဖြစ်ရပ်လိုမျိုး အာဏာသိမ်းမှုမျိုးတွေ ဖြစ်လာမှာ မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြောကြားထားခဲ့ပါတယ်။

၁၂

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁ရ ။

တရုတ်နိုင်ငံဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို      အမြဲတစေ လေးစားမှုရှိကြောင်းနဲ့ တရုတ်နိုင်ငံပိုင်နက်ကို အသုံးပြုပြီး မြန်မာ-တရုတ် ဆက်ဆံရေး ပျက်ပြားစေခြင်းများ ၊ နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေခြင်းများ ပြုလုပ်ခြင်းကို                         ဘယ်လို အဖွဲ့အစည်း၊ ဘယ်လူပုဂိ္ဂုလ်များကိုမှ ခွင့်မပြုနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ဘေဂျင်းမြို့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တရုတ်နိုင်ငံတို့ကြား အဆက်အသွယ်ရှိပါသလားဆိုတဲ့ မေးခွန်းများ ထွက်ပေါ်လာတဲ့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂိ္ဂုလ်၊ မစ္စဟွာချောင်ယင်းက ပြန်လည် ပြောဆို ကြေညာလိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်များ မြှင့်တင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကသာ ပါဝင်ပါကြောင်း  မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ပါတီ ၊ အဖွဲ့ အစည်းတွေရဲ့ အခြေအနေတင်းမာမှုတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြေရှင်းကြဖို့သာ မျှော်လင့်ပါကြောင်းနဲ့                                                     တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကိုလည်း     အထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခများဟာ လွန်စွာ ရှုပ်ထွေးနေပြီး တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်ပြည်သူများ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာရာမှာ ပါဝင်လာတဲ့         ကိုးကန့်လူမျိုးတွေဟာ မြန်မာတိုင်းရင်းသားများသာဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ မဟုတ်ပါကြောင်း တရုတ်အစိုးရရဲ့ အာဘော်ဖြစ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ရ ရက်နေ့မှာတော့ ကိုးကန့်ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပိုပြီး ကျယ်ပြန့်လာတာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေ မလုပ်နိုင်တော့တဲ့အတွက်                     ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို အရေးပေါ် အခြေအနေကြေညာပြီး        စစ်အုပ်ချုပ်ရေးကို လွှဲပြောင်း ပေးလိုက်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလိုုပြဌာန်းကြေညာလိုက်တဲ့ စစ်အုပ်ချုပ်ရေးအရဆိုရင်                           ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကိစ္စအဝဝကို ကာကွယ်ရေးဦးစီးချုပ်ကနေ တိုက်ရိုက် တာဝန်ယူ/တာဝန်ခံရတော့မှာ ဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃သောင်းကျော်ဟာ    တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်ထဲကို ထွက်ပြေးလာကြတဲ့အတွက်၊   အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တရုတ်နိုင်ငံက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနယ်စပ်ဒေသ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ ပြင်းထန်လာတဲ့အပေါ် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂကလည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၁၀

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၅ ။

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ နှစ်တစ်ရာပြည့် ပွဲတွေကို ပြည်တွင်းပြည်ပ နေရာအသီးသီးမှာ ကျင်းပခဲ့ရာ US အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ်မှာလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

US ၊ မေရီလန်းပြည်နယ်ရှိ သပြေညို မြန်မာစာသင်ကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာကလေးငယ်တွေရဲ့ ကဗျာရွတ်ပွဲတွေနဲ့ အကပဒေသာဖျော်ဖြေရေးတွေလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့် မွေးနေ့လည်းဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ကလေးများနေ့လည်းဖြစ်ပြီး ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ကို ရောက်တိုင်း မေရီလမ်းပြည်နယ်မှာ အထိမ်းအမှတ်အခမ်းအနားပွဲများ ကျင်းပခဲ့ဖူးပေမယ့်                       ဒီနှစ်ကတော့ အေးစက်လွန်းတဲ့ ရာသီဥတုကို မမှုပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲကို ထူးထူးခြားခြား အစီစဉ်တွေနဲ့ ကျင်းပဖြစ်တာ ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ရာပြည့်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူလဲဖြစ် ၁၉၄ရ မှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဘဝင်းရဲ့သား လည်း ဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကလည်း အမှတ်ရစရာစကား ပြောကြားခဲ့ပါတယ်။

ဧည့်ပရိသတ် ၃ဝဝ လောက် တက်ရောက်ခဲ့တဲ့ အဆိုပါအခမ်းအနားအတွင်း ကျောင်းသားမိဘတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းကြိုက်နှစ်သက်ခဲ့တဲ့ ပဲပြုတ်၊နံပြားများ တည်ခင်းဧည့်ခံခဲ့တဲ့အပြင် မုန့်ဟင်းခါး နဲ့ အခြားမြန်မာ မုန့်မျိုးစုံလည်း ကျွေးမွေးခဲ့ပါတယ်။

၈

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၅ ။

၂၀၁၅ ဖေဖော်ဝါရီ ၁၉ ရက်ကနေ စတင်ကျင်းပကြမယ့် တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ မုန့်လုံးရေပေါ်ပွဲတော် ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်းကို သွားရောက် လည်ပတ်မယ့် တရုတ်နိုင်ငံသားများအနေနဲ့ အသွားအလာ အနေအထိုင် ဂရုပြုကြဖို့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပွဲတော်ကာလအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံသားတွေ ငြိမ်းအေးစွာ သွားလာကြရေးနဲ့ ယဉ်ကျေးစွာ လည်ပတ်ကြရေး ၊ တရုတ်ခရီးသွားများရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကိုသာ ပြသရေး စသည်ဖြင့်လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဗီဇာစနစ်၊ ရာသီဥတု၊ ကျန်းမာရေး၊ ဘာသာရေး ဓလေ့ထုံးတမ်းများနဲ့  ကန့်သတ်နယ်မြေတွေကအစ အစစအရာရာကို သတိပေးထားပြီး ် အထူးသဖြင့် ညဘက်မှာ အသွားအလာဂရုစိုက်ကြဖို့လည်း သတိးပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ကျောက်စိမ်း၊ ပုလဲ၊ ကျောက်မျက်ရတနာနဲ့ ပန်းပုလက်ရာတွေကို ဝယ်ယူရာမှာလည်း ယုံကြည်စိတ်ချရတဲ့ နေရာတွေမှာသာ ဝယ်ယူကြဖို့နဲ့ ကာကွယ်ရေး သတိရှိဖို့လည်း တိုက်တွန်းထားတဲ့အပြင် ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို သေချာထိန်းသိမ်းပြီး အရေးပေါ်အခြေအနေရင်ဆိုင်ရတာနဲ့ တရုတ်ကောင်စစ်ဌာနကို ချက်ချင်း အကူအညီတောင်းနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လက်တလောအခြေအနေအရ လောက်ကိုင်အနီး မြန်မာ – တရုတ်နယ်စပ် တလျှောက်မှာ ဖြစ်ပွားနေတဲ့ ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့များနဲ့ မြန်မာအစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲများကြောင့် လုံးခြုံရေးကို စိုးရိမ်နေချိန်လည်း ဖြစ်ပါတယ်။

၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၄ ။

မြန်မာနိုင်ငံမှာ သမားရိုးကျမဟုတ်တဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ပေါ်တဲ့အချိန်နဲ့မှာပဲ ပြည်သူတွေအနေနဲ့ အခြေအနေတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့နဲ့                       တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းအချက်အလက်မှန်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးစေရေးကို ပြည်တွင်းစာနယ်ဇင်းသမားတွေက တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်တွင်းမီဒီယာသမားများ ပထမဆုံးအကြိမ်တွေ့ဆုံးပြီး      တပ်ပိုင်းဆိုင်ရာ ထူးခြားအခြေအနေတွေကို တိုက်ရိုက်မေးမြန်းခွင့်ရခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့

ပြည်တွင်း သတင်းမီဒီယာတွေဟာ နေပြည်တော်မှာ ၁၅ မိနစ်စီ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး

အခုလက်ရှိ မြန်မာအစိုးရ စစ်တပ်နဲ့ ရှမ်းပြည်၊ လောက်ကိုင်မြို့က ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တို့ရဲ့ တိုက်ပွဲဆိုင်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာသမားများ ထိတွေ့မှုရှိလာတာကို ကြိုဆိုပေမယ့် စစ်တပ်ပိုင်းဆိုင်ရာသတင်း အချက်အလက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနဘက်က တိုက်ရိုက်ပြောဆိုခွင့်ပေးနိုင်တဲ့သူ ထားရှိပေးဖို့ ၊ အချိန်နဲ့တပြေးညီ သတင်း ရယူခွင့်ရှိဖို့ သတင်းသမားတွေဘက်က လိုလားကြောင်းလည်း သတင်းသမားတွေက ထောက်ပြခဲ့ပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေနဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ၊                                မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး သတင်းအချက်အလက် ဖလှယ်နိုင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

၉

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၄ ။

မန္တလေးမြို့ ရွှေပြည်သာဟိုတယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က                   တရားဥပဒေစိုးမိုးရေးစင်တာများ ရှေ့ပြေးစီမံကိန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာမှာ ”မြန်မာပြည်သူတွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးအောက်မှာ နေထိုင်နိုင်မှသာ

ဥပဒေရဲ့ အကာအကွယ်ပေးမှုအရ လုံခြုံမှုရှိနိုင်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

လားရှိုးနဲ့ မန္တလေးမြို့က တရားဥပဒေစိုးမိုးရေး စင်တာတွေကနေ သင်တန်းသား အယောက် ၈ဝ ကို လူထုခေါင်းဆောာင် ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါတယ်။

ဒါအပြင် လာမယ့်ကာလတွေမှာလည်း တရားဥပဒေစိုးမိုးရေး စင်တာတွေကို

UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ အကူအညီနဲ့ နိုင်ငံတဝန်းမှာ ဆက်လက် ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

တရားဥပဒေစိုးမိုးရေးစင်တာများ ရှေ့ပြေးစီမံကိန်း သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၆

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၄ ။

လောက်ကိုင်အနီး မြန်မာနဲ့ တရုတ်နယ်စပ်တလျှောက်မှာ ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့များ မခိုအောင်းနိုင်စေရေးနဲ့ ပြောက်ကျားစနစ်သုံးပြီး ဝင်ရောက် တိုက်ခိုက်ခြင်းမပြုနိုင်စေရေးအတွက် အနီးပတ်ဝန်းကျင်မြို့များ နယ်မြေလုံခြုံရေးတိုးမြှင့်ထားရကြောင်း  သိရပါတယ်။

တိုက်ပွဲတွေ အရှိန်အမြင့်မားဆုံး ဖြစ်ပွားနေတဲ့ ချင်းရွှေဟော်၊ ညံ ခွမ်း၊ မော်ထိုက်နဲ့ ကုန်းကြမ်းမြို့ ပတ်ဝန်းကျင် နယ်စပ်တလျှောက်နဲ့ လောက်ကိုင်အနီး ကြံခင်းတွေကို ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ မခိုအောင်းနိုင်စေဖို့ မီးရှို့ဖျက်ဆီးခြင်းလည်း ပြုလုပ်ခဲ့ကြပါတယ်။

ပြည်နယ်လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးက ဒေသ ခံများလုံခြုံရေးအတွက် စီမံထား သည့်အခြေအနေကို လိုအပ်ချက် အရ အသေးစိတ် မပြောနိုင် ကြောင်း ပြောသည်။

လောက်ကိုင်အနီး တရုတ်နိုင်ငံ-နယ်စပ်ဝန်းကျင်မှာ ကြံ စိုက်ခင်းတွေ ဧက ထောင်ချီပြီး ရှိနေတာဖြစ်ပါတယ်။

လောက်ကိုင်ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လျှပ်စစ်မီး ပေးနေတဲ့ တရုတ်အစိုးရကလည်း လျှပ်စစ်မီးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လောက်ကိုင်ဒေသကို ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာဟာ နိုင်ငံရဲ့ အစိတ်အပိုင်းတခုကို ထိခိုက်လာတာဖြစ်ပြီး၊လောက်ကိုင်ဒေသကို သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရကို ဖြုတ်ချ အာဏာ ပြန်သိမ်းဖို့ကြံစည်ခြင်းဖြစ်တဲ့အတွက် လုံးဝ အလျှော့ပေးမှာ မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

၅

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၄ ။

မြန်မာနိုင်ငံရဲ့ အရင် စစ်အစိုးရ လက်ထက်တုန်းက White Card ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေအနေကို လူထုဆန္ဒခံယူပွဲများမှာ မဲပေးခွင့်ပေးခဲ့ပေမဲ့ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲပေးခွင့်မရှိတော့တဲ့အပြင် white card တွေဟာ လာမယ့် မတ်လကုန်မှာ သက်တမ်းကုန်မှာဖြစ်တဲ့အတွက် မေလကုန် နောက်ဆုံးထားပြီး ပြန်လည်အပ်နှံဖို့  အစိုးရဘက်က ကြောညာခဲ့ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း ဆုံးဖြတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ် တစ်ခုဖြစ်တယ်လို့ US အစိုးရက ပြောဆိုဝေဖန်လိုက်ပါတယ်။

White card လို့ ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေကို မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း သမ္မတရုံးရဲ့ ကြေညာချက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို US အစိုးရက စောင့်ကြည့်နေမယ်လို့ US နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို သက်ရောက်မှုရှိနေတဲ့ ကန့်သတ်မှုတွေအပါအဝင် နိုင်ငံသားဖြစ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ခရီးသွား ကန့်သတ်မှုတွေကို US အစိုးရက စိုးရိမ်စိတ်ပူနေကြောင်း ထပ်တလဲလဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုကြေညာချက်တွေကရဲ့ နောက်မှာ White card ကိုင်ဆောင်သူတွေအတွက် ရပိုင်ခွင့်ပိတ်ပင် လိုက်သလိုဖြစ်သွားတဲ့ဖြစ်ရပ်ဟာ မြန်မာနိုင်ငံကို ပြန်လည်သင့်မြတ်ရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိပေးချက်နဲ့ ဆန့်ကျင်နေတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

၄

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၃ ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရစဉ်က အသုံးပြုခဲ့တဲ့ ခြံဝင်းတံခါးနဲ့ (၅၄)ဆိုတဲ့ အိမ်နံပါတ်ပြားဟောင်းကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲခဲ့ရာမှာ နိုင်ငံခြားသားတစ်ယောက်က ကျပ်သိန်းငါးထောင်နဲ့ ဝယ်ယူမှာဖြစ်တဲ့အတွက်   လေလံပိတ်လိုက်ပြီဖြစ်ကြောင်း သိရပ်တယ်။

လေလံစတင်စဉ်က ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင်နဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အိမ်တံခါးနဲ့ နံပါတ်ပြားကို ရောင်းချလို့ရရှိတဲ့ငွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အခမ်းအနားအတွက် အသုံးပြုမယ့်အပြင်  ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်အဆောက်အဦသစ် ပြန်လည် တည်ဆောက်ရာမှာလည်း သုံးစွဲသွားမယ်လို့ သိရပါတယ်။

၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၃ ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်ခန္ဓာကို ချေမှုန်း ဖျက်ဆီးလိုက်ပေမယ့် အောင်ဆန်းရဲ့ စိတ်ဓာတ်ကို ယနေ့အထိ ချေမှုန်းဖျက်ဆီးလို့ မရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းအနား ကျင်းပပြုလုပ်ရာ နတ်မောက် အားကစားကွင်းအတွင်းမှာ သီတဂူဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်နှင့်ခန္ဓာ သေခဲ့ရပေမယ့် အောင်ဆန်း မသေဘူးလို့ ယူဆရကြောင်း အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးတွေ ကို သိတတ်တဲ့လူတွေ ရှိနေသ၍ ဗိုလ်ချုပ်အောင်ဆန်း မသေဘူးလို့ သီတဂူ ဆရာတော်က ဆက်လက်မိန့်ကြားခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတွေကို ပြည်တွင်းတစ်နိုင်ငံလုံးရော ပြည်ပမှာပါ ခြိမ့်ခြိမ့်သဲ ကျင်းပနေတာဟာ ဗိုလ်ချုပ်အောင်ဆန်း မသေဘူးဆိုတဲ့ အဓိပ္ပာယ်ပင်ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုပါတယ်။

အဆိုပါ အခမ်းအနားကို ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်များနဲ့ NLD ပါတီ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်များ ၊ တိုင်းသူပြည်သားများ အားလုံး၊ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးကြသူအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြစေကြောင်းလည်း ဆရာတော်က ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

နတ်မောက်မြို့မှာ ခုနစ်ရက်ကြာ ပြုလုပ်တဲ့ ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အခမ်းအနားရဲ့ နောက်ဆုံးနေ့မှာ ပြည်သူများ သိန်းနဲ့ချီ လာရောက်ကြပြီး သီတဂူဆရာတော်ကြီးက အမှာစကားမိန့်ကြားတဲ့အပြင် ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

၂

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖေဖော်ဝါရီ ၁၃ ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗို်လ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က  နေပြည်တော် ဘုရင့်နောင်ခန်းမမှာ မနက် ၈နာရီခွဲကနေ ၁ဝနာရီထိ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက် လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က                            တပ်မတော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာမရှိဘူး လို့ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်များ ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက် ကို သဘောတူ လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်ခဲ့သလို ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တပ်မတော်ရဲ့ အမျိုးသားရေးမူဝါဒ ၃ရပ်ကို ရှင်းလင်းပြောဆိုခဲ့တဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဖက်ကတော့ ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်မှာ ပါဝင် လက်မှတ်ထိုးရေးဆိုင်ရာ အကြောင်းအချက်တွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီတွေ့ဆုံမှုဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့                  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တို့ ဒုတိယ အကြိမ်မြောက်တွေ့ဆုံခြင်း ဖြစ်ပြီး ပထမတကြိမ်ကတော့ လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ ။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Jefferson Union High School, 699 Serramonte Blvd, Daly City, CA 94015 မှာ ဆရာတော်ကြီးမွေးနေ့ပွဲနဲ့ ထမနဲပွဲတော် ပြုလုပ်မှာ ဖြစ်ပါတယ်။

ပွဲတော်ကို မတ်လ(၁)ရက် မနက် (၉)နာရီမှာ စတင် ကျင်းပမှာဖြစ်တဲ့အတွက် ကြွရောက် ကုသိုလ်ယူပြီး စားသောက်ဖွယ်ရာများ သုံးဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။

ပွဲတော်အကြောင်းကို အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း (650) 755-7179 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္ထာမြို့ရှိ ရတနာ့ဗိမာန်ကျောင်းတိုက် တည်ရှိရာ နေရာဖြစ်တဲ့ 4415 Union Church Road, McDonough, GA 30252 မှာ မြန်မာ့ရိုးရာ ထမနဲပွဲတော် ကျင်းပမှာ ဖြစ်ပါတယ် ။

ထမနဲပွဲတော်ကို မတ်လ (၁)ရက်နေ့ မနက် (၁၀) နာရီကနေစပြီး ကျင်းပမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေများ ကြွရောက် ချီးမြှင့်နိုင်ပါကြောင်း ဖိတ်ကြားထားပါတယ်။

ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများအတွက် ဖုန်း 770-676-7169 ကို ဆက်သွယ်နိုင်ပါကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

azm

 

 

 

 

 

 

 

 

 

10 comments

  • Kaung Kin Pyar

    February 19, 2015 at 11:59 am

    .သိချင်တဲ့သတင်းတွေ စုံစုံလင်လင်တွေ့လိုက်ရတယ်….
    .ကျေးဇူးပဲ ဆက်ဆက်ရေ

    • အလင်းဆက်

      February 19, 2015 at 1:22 pm

      ဟုတ်ကဲ့။
      တစ်ပါတ်တစ်ခါ အားပေးပါ
      မှန်မှန်သတင်း ပြန်လှန်ရင်း

      :k:

  • မြစပဲရိုး

    February 19, 2015 at 11:40 pm

    { အခြေခံပညာ ကျောင်းသားတွေရဲ့ စာမေးပွဲကာလ ဖြစ်တဲ့အတွက် ခေတ္တရပ်နားခြင်းသာဖြစ်ကြောင်း }
    Really !!!!!!!!!!!!!!!!!!!!
    အဲလို ပြောတာ ဆိုတော့ နဂို က စာမေးပွဲ ရက် ကို မသိလို့ လား။
    ဘာဘဲဖြစ်ဖြစ်။
    ဇာတ်မရှုပ်သွားတာဘဲ ကျေးဇူးတင်ပါတယ်။

    နောက်သတင်း တွေ တော့ နောက်မှ ပြန်လာ ဖတ်မယ်နော် ဆက်ဆက်၊ :))

    • အလင်းဆက်

      February 20, 2015 at 1:33 pm

      ဟွာလေ…. စာမေးပွဲက… အခုမှ ဗြုန်းစားကြီး ထလုပ်တာလားလို့…

      :k:

      ကျနော့် ညီတော်မောင်က ဆယ်တန်း…
      မင်္ဂလာဒုံ က အ.ထ.က ကျောင်းတစ်ခုမှာ တက်တာ..
      အခုလုပ်တဲ့ စာမေးပွဲက… အပြီးသတ်စာမေးပွဲတောင်ဖြစ်သွားနိုင်တယ်ဆိုလား…ရပ်ကွက်ထဲ သတင်းတွေ ပျံ့နေသေး…

      ဘာတွေမှန်းမသိ…
      ရှုပ်နေတာရယ်…

      😆

    • အလင်းဆက်

      February 21, 2015 at 1:41 pm

      တိန် ပုလင်းစုံတဲ့ အလင်းရုံ…

      :k:

      ခေါင်းစဉ်လေးတွေချည်းပဲလား…ငင်…

      😆

  • ခင်ဇော်

    February 21, 2015 at 1:17 pm

    ဘရာဗိုအေ။
    သီတင်းကို သီတင်းလို ဖတ်ချင်တဲ့ အခါ ဒီမှာ လာလာဖတ်တယ်ဟယ်။
    အိုဘဲ့ သူတစ်လူငါတမင်း ဖေ့ဘုတ်။

    :a:

    • အလင်းဆက်

      February 21, 2015 at 1:46 pm

      http://www.azmtv.com လေးကိုလည်း လိုင်းကောင်းတဲ့မမဂျီးတို့… ဝင်ရောက်ကြည့်ရှု အားပေးကြပါဦး..
      .အောင်ဇေမီဒိယာ အောင်မြင်လေ.. ကျနော်လည်း အောင်မြင်လေမို့… ။

      http://azmtv.com/ipodvideo/329.mp4

      ဂဇက်ထဲမှာလည်း သတင်းမှတ်တမ်းကျန်ဖို့… မပြတ်မကွက် ဆက်ဆက် တင်နေဦးမှာလို့…

      😆

      လာရောက်ဖတ်ရှုကြတဲ့ မမဂျီးတို့…
      ဇူးဇူးဘာ…

Leave a Reply