” ..ဆိတ်ကွယ်ရာ..”

La YeikFebruary 19, 20151min41928

ရွာမှာ တင်ဖြစ်တဲ့ပို့စ်တွေကလည်း ဒါမျိ ုးတွေကြီးပဲဖြစ်နေမလားပဲ….

လူတိုင်း သစ္စာရှိပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတွေဖြစ်စေချင်တာ အမှန်ပါ…

ပတ်ဝန်းကျင်မှာတွေ့နေရတဲ့အိမ်ထောင်ရေးတော်တော်များများကတော့ ဖောက်ပြန်မှုတွေကြီးစိုးနေသလားပဲ….

အိမ်ထောင်ရှင်တိုင်း ဆင်ခြင်နိုင်ကြစေလိုပါတယ်….

တကယ်ဖြစ်လာရင်

“ဒီည ဆရာမျိုး ရဲ့ နှုတ်ဆက်ပွဲရှိတယ်နော်”…
“KTV သွားမယ် အပြတ်ဟဲမယ် ခင်ဗျားအိမ်ပြန်ဖို့မစဉ်းစားနဲ့တဲ့.”
ရုံးကတစ်ယောက် ပြောတဲ့စကားကို ကျွန်တော်ေခါင်းညိတ် ပြလိုက်တယ်.
..အမှန်အတိုင်း ပြောရရင် အိမ်ကိုပြန်ချင်သည်..နေ့လည်ကမှ ခိုင် ဆီက
ဖုန်းဆက်တယ်..ဒီနေ့ ကို ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ထားတယ်.
စောစောပြန်ခဲ့ပါတဲ့( အိမ်မှာ ခိုင်နဲ့ သမီးလေး မျှော်နေရှာမယ်)..

..ဒါပေမယ့်လည်း ဆရာအရင်းတစ်ယောက်လုံးရဲ့ နှုတ်ဆက်ပွဲကို
ရှောင်လို့မကောင်း ခိုင့်ကို နားလည်အောင်ပြောပြီး နောက်ကျမယ့်
အကြောင်းကို ဖုန်းဆက်ရအုံးမယ်..

..ဆိုင်ရောက်တော့ နှုတ်ဆက်ပွဲမှာ လူစုံတက်စုံ သောက်ကြစားကြ
ခိုင့်ကို မသောက်တော့ဘူးလို့ ကတိပေးထားပေမယ့် အားနာတာနဲ့
နဲနဲသောက်ဖြစ်သွားသည်(ခိုင် နားလည်မှာပါလေ)…

..သောက်ရင်းစားရင်းဆိုတော့ အားလုံးပျော်နေကြသည်..ပြီးရင်
” KTV ဆက်ဒိုးမယ်နော် ဘယ်သူမှ မပြန်ရဘူး ” တဲ့(ကျွန်တော်လည်း
မငြင်းမိ)
KTV ကိုရောက်တော့ ဘီယာထပ်သောက်ဖြစ်တယ်..နယ်မြို့လေးမှာ
နေခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ KTV လိုနေရာမျိုးဆိုတာ
ရောက်ခဲလှတဲ့ နေရာမျိုးပါ..အသစ်အဆန်းပေါ့..

..နဲနဲမူးလာတော့ စိတ်က အလိုလိုပျော်လာတယ်..အဲဒီအချိန်
ဆိုင်က မိန်းကလေးတစ်ယောက်ဘေးမှာ ဝင်ထိုင်တယ်..
” ကိုကြီး ထိုင်မယ်နော်.” .တဲ့…
ပြာလဲ့လဲ့မီးရောင်အောက်မှာ ဆံပင်ရှည်ကို ဖြောင့်ထားပြီး မျက်နှာထားလေး
ချိုကာ တော်တော်လှပြီး ချစ်စရာကောင်းသည့် ကောင်မလေး ဟု မှတ်ချက်
ပြုမိသည်…
” ကိုကြီး (ဟ)” ဆိုပြီး ပန်းသီးလေး ခွံကျွေးတယ်..
ဘီယာလေး ငှဲ့ပေးတယ်..
” ကိုကြီးကလည်း မြတ်နိုး ကို မခင်ဘူးလား” ဟု ချွဲနွဲ့ကာ ပြောသည်..
ရုတ်တရက်( ခိုင့်ကို မျက်လုံးထဲ မြင်ယောင်မိသည်.ကလေးတဖက်နဲ့
ဆံပင်က ဖရိုဖရဲ.ကလေးရပြီးနောက် နဲနဲဝလာသည့် ကိုယ်လုံး. အိမ်မှုကိစ္စများ
နှင့် အမြဲရှုပ်ထွေးနေသည့် ခိုင်) .. ချက်ခြင်းအတွေးထဲ ပြန်ပျောက်သွားသည်..

..ပြောလေ..” မြတ်နိုး ကို မခင်ဘူးလားလို့”..
.” ခင်ပါတယ်ဗျားး” (မြတ်နိုးရဲ့ အထိအတွေ့ ချွဲနွဲ့တဲ့စကားသံ ချစ်စရာကောင်မလေး
တစ်ယောက်ရဲ့ လိုအပ်သည်ထက်ပိုမိုတဲ့ ဂရုစိုက်မှုအောက်မှာ တဒင်္ဂ ရင်ခုန်
ပျော်ရွှင် သာယာလာမိတယ်..)
.(.အိမ်မှာ စောင့်နေတဲ့ ခိုင်နဲ့သမီးလေး ကို မေ့ပြီ )………
တစ်ခွက်က နှစ်ခွက် ရင်ခုန်ယစ်မူးပျော်ရွှင်မှုနဲ့အတူ မြတ်နိုးက ကျွန်တော့်
ရင်ခွင်ထဲတွင် နေသားတကျ ရှိနေချေပြီ………
.ဆိုင်က ပြန်မယ်လုပ်တော့ ည ၁၂ နာရီကျော်..
” ကောင်မလေးကို မုန့်ဖိုး ပေးလိုက်အုံးလေကွာ” တဲ့..သူငယ်ချင်းက
လက်တို့ပြီးပြောမှ မုန့်ဖိုး ဘယ်လောက်ပေးရတယ်ဆိုတာ သိတယ်…
ပိုက်ဆံအိတ်ထဲက တစ်ထောင်တန် (၁၀)ရွက်ထုတ်ပေးလိုက်တော့..
မြတ်နိုးက ပိုက်ဆံကို တစ်ရွက်ချင်း သေချာရေတွက်ပြီး သူ့ပိုက်ဆံအိတ်
ထဲကို ထည့်လိုက်တယ်..
မြတ်နိုး ကိုကြည့်ရတာ ပိုက်ဆံရလိုက်လို့ တခုခုကိုစဉ်းစားပြီး ပျော်ရွှင်
သွားပုံပါ.. ” ကိုကြီး ကျေးဇူးပဲနော်” ..ဆိုပြီး ကျွန်တော့်ကို ဖက်ကာ
နှုတ်ဆက်တယ်…
” ..ဘယ်တော့လာအုံးမှာလဲ ” ..ဆိုတဲ့ မေးခွန်းကို မေးပေမယ့်..
ကျွန်တော် သေချာမဖြေဖြစ်ခဲ့…ပြုံးပြီးတော့သာ နှုတ်ဆက်ခဲ့တယ်….

..အိမ်ကိုရောက်တော့ ကျွန်တော့် မိန်းမ ခိုင် ဆက်တီခုံပေါ်တွင် ထိုင်လျှက်
လေး အိပ်နေရှာသည်။ ကျွန်တော် သနားသွားတယ်..ကျွန်တော့်ကိုတွေ့တော့
” ကို ရယ် နောက်ကျလိုက်တာ “..ဆိုတဲ့ စကားမှလွဲပြီး ကျန်တာမပြော ..
နှုတ်ဆက်ပွဲ နောက်ကျမယ် ပြောထားလို့လား မသိ..နားလည်ပေးရှာသည်…

..အိပ်ရာထဲရောက်တော့ ခိုင် တနေကုန်ပင်ပမ်းနေလို့ ထင်သည် ချက်ခြင်း
အိပ်ပျော်သွားရှာသည်.. ကျွန်တော့်မှာ ချက်ခြင်းအိပ်မပျော်..ရင်ခုန်ယစ်မူးဖွယ်
အထိအတွေ့ မြတ်နိုးရဲ့တီတီတာတာ စကားပြောသံများ ချစ်စဖွယ်ဟန်ပန်
အမူအရာများကို မျက်လုံးထဲမြင်ယောင်နေမိသည်..ခေါင်းကို ခါထုတ်လိုက်သည်.

..နောက်တနေ့ ရုံးမှာ နေ့ခင်း လက်ဖက်ရည်ဆိုင်ထိုင်တော့
” မနေ့ညက စော်လေးကတကယ်အလန်းလေးနော်.ညက အိုကေနေတယ်မလား”.တဲ့
ကျွန်တော်က ” ဒီလိုပါပဲကွာ” လို့ဆိုတော့ လူပျိုကြီးကိုမောင်သိန်းက ထပ်ပြောတယ်
” ညက ကျွန်တော့်ကောင်မလေးလည်း ချစ်စရာလေးဗျ.နာမည်က စနိုးတဲ့ ” ..
” ဒီညတောင် ထပ်သွားချင်လိုက်တာဗျာ” ဆိုပြီး စကားစတယ်…
ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်.အမှန်အတို်င်းဝန်ခံရရင်
ရင်ခုန်ယစ်မူးဖွယ် ချစ်စရာကောင်းတဲ့ မြတ်နိုးဆိုသော ကောင်မလေး နဲ့
(မသိစိတ်က) ထပ်ဆုံချင်နေမိသည်…..

..ညနေစောင်းတော့ လူပျိုကြီး ကိုမောင်သိန်းက ထဖောက်သည်..
” ဒီည သွားရအောင်ဗျာ ” ..တဲ့..
” ကျွန်တော် ငြင်းလိုက်တော့ “..
” လိုက်ခဲ့ပါဗျာ.ကောင်မလေးကဖုန်းဆက်ခေါ်နေလို့ပါ ကျွန်တော်ဒကာခံပါ့မယ်.
ဒီတစ်ညတော့ လိုက်ခဲ့ပါ”.. တခြားသူလည်း မသိစေချင်လို့ လိုက်ခဲ့ပါဆိုပြီး.
ဇွတ်ခေါ်နေတော့ ..မငြင်းမိတော့ .”..စိတ်ထဲမှာတော့ မြတ်နိုးမျက်နှာမြင်ယောင်ပြီး
ရင်ခုန်သလိုလို…
…ခိုင် ဆီကိုတော့ ညဂျူတီဝင်ရမှာမို့ မနက်ခင်းမှ ခဏပြန်လာနိုင်မယ်လို့ ဖုန်းဆက်
ရပေတော့မည်……..
..ဒီညတော့ KTV ခန်းထဲရောက်တော့ အပြင်မှာအရက်သောက်မလာတဲ့
အတွက် ဆိုင်ထဲရောက်တော့ လူကရှက်ကိုးရှက်ကန်းဖြစ်နေတယ်..
မကြာပါ မြတ်နိုးရောက်လာတယ်..အလှဆုံးပြင်ဆင်လာဟန်တူပါရဲ့…
” ကိုကြီး ရောက်လာပြီလား “..ဆိုပြီး အနားမှာလာကပ်ထိုင်သည်..
သူ့ရဲ့ ရေမွှေးနံ့နဲ့ မိတ်ကပ်နံ့က ရင်ကိုတဒိတ်ဒိတ်ခုန်စေသည်…
..ထုံးစံအတိုင်း ဘီယာခွက်ကို ငှဲ့ပေးတယ်..မနေ့ညကတော့ မူးလည်းမူး
ဆိုင်ထဲမှာလည်း လူများပြီး ဆူညံနေတော့ မြတ်နိုးနဲ့ အေးဆေး စကား
မပြောဖြစ်ခဲ့..ဒီနေ့မှ ဘီယာသောက်ရင်း စကားပြောဖြစ်ကြသည်…
” .အမှန်အတိုင်းပြောရရင် ကိုကြီး က တကယ်ခင်ဖို့ကောင်းပါတယ်”.
ပြီးတော့ ဆိုင်လာတဲ့တခြားမူးနေတဲ့သူတွေနဲ့လည်း မတူဘူး..
သဘောကောင်းပြီး အေးဆေးနေတတ်တဲ့ပုံစံမျိုးပါတဲ့…
ပြီးတော့ သူ့အကြောင်းကို ထပ်ပြောပြတဲ့အခါ….
…မြတ်နိုး ရဲ့အဖေက သူ၄တန်းနှစ်ကတည်းက ဆုံးသွားတဲ့အကြောင်း…
..ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရတဲ့ အကြောင်း..
..မောင်တစ်ယောက်ပဲရှိပြီး အရမ်းဆိုးလို့ ခု ထောင်ထဲရောက်နေတဲ့အကြောင်း..
..ခု အမေနဲ့အတူနေပြီး..အမေကလည်း မောင်လေးစိတ်နဲ့ပဲ အိပ်ရာထဲလဲပြီး.
နာတာရှည် လူမမာဖြစ်နေတဲ့ အကြောင်း…..ပြောပြတယ်……
” မနေ့ညကလည်း ကိုကြီး မုန့်ဖိုးပေးတော့ အမေ့အတွက် ဆေးဖိုးရပြီ ဆိုပြီး
မြတ်နိုး အရမ်းပျော်သွားတယ် သိလား “.
” မြတ်နိုးလည်း ဒီအလုပ်ကို မလုပ်ချင်ပါဘူး ပိုက်ဆံအရမ်းလိုနေတော့
ကြံရာမရ လုပ်မိသွားတာ”..ယောက်ျားတွေကို ဒီလိုရင်းရင်းနှီးနှီးနေမှပဲ
မုန့်ဖိုးက ရမှာကိုး.မုန့်ဖိုးရမှ အမေ့အတွက် ဆေးကုလို့ ရမယ်လေ…

.. ” ဒါပေမယ့် ကိုကြီးလို ရိုးသားအေးဆေးတဲ့သူတစ်ယောက်ဆီကနေ
ဒီလိုပုံစံမျိုးနဲ့ ပိုက်ဆံမယူချင်ပါဘူး …….ပြီးတော့ကိုကြီးမှာ မိန်းမနဲ့သမီးလေးတစ်ယောက်ရှိတယ်ဆိုတာ… မနေ့ညက ကြားလိုက်တယ်”
မြတ်နိုး ငရဲကြီးမှာ ကြောက်တယ်..ဆိုပြီး မျက်နှာငယ်လေးဖြင့် ပြောပြလာသည့်အခါ.

ကျွန်တော်သိလိုက်ပြီ သွားပြီ…ကျွန်တော် မှားပြီ..
ကျွန်တော့်ရဲ့ ရင်ခုန်ယစ်မူး ဆိတ်ကွယ်ရာမှာဖောက်ပြန်ချင်သလိုဖြစ်သွားတဲ့စိတ်
ကျွန်တော့်မိန်းမ ခိုင် အပေါ်မှာ သစ္စာဖောက်မိလေခြင်း…..
ပြီးတော့ အပြစ်မဲ့တဲ့ သမီးလေး ရဲ့ မျက်နှာ…..
..ပြီးတော့….. မြတ်နိုး ..ဟုတ်တယ် မြတ်နိုးသာ ကျွန်တော့်ညီမလေးဆိုရင်
ဆိုတဲ့ အတွေးက ရင်ထဲကို နင့်ခနဲဖြစ်သွားစေတယ်..အဖြစ်ဆိုးလိုက်တာ..
..မိခင်ရဲ့ကျန်းမာရေးအတွက် ဘဝကို စတေး.. အလှကို စတေး…
ခန္ဒာကိုယ်ကို စတေးပြီး သူငယ်ချင်းကအဆွယ်ကောင်းလို့ ပိုက်ဆံလိုချင်တဲ့စိတ်
တခုနဲ့ KTV မှာဝင်လုပ်သတဲ့……..

..ကျွန်တော် အမှားကြီး မှားပြီ ….
..” မြတ်နိုး း..” ..ကျွန်တော် ဖွဖွလေး ခေါ်လိုက်တယ်..
..ခေါင်းကို မော့ပြီး ကျွန်တော့်ကို ကြည့်လာတယ်.မျက်နှာငယ်လေးနှင့်
မျက်ဝန်းမှာ မျက်ရည်စ တချို့ကို တွေ့တယ်…စိတ်ထဲမကောင်း…….
..ကျွန်တော်..မြတ်နိုးရဲ့ခေါင်းကို အသာလေး ပုတ်လိုက်တယ်..
” မငိုနဲ့တော့ မြတ်နိုး “…” အကိုပြောမယ် သေချာနားထောင်”….
” မြတ်နိုး ပိုက်ဆံလိုချင်တဲ့စိတ်တစ်ခုနဲ့ ဒီအလုပ်ကို ရွေးချယ်လိုက်တာ
မှားတယ်…”…. အကိုလည်းမှားတယ် .”အကိုက မြတ်နိုးထက်ပိုမှားတယ်..
သာယာမှုတခုနောက်ကို လိုက်ပြီး အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်
အနေနဲ့ သိသိကြီးနဲ့ အကိုလည်း အမှားကြီး မှားခဲ့မိတယ်”…

ဘီယာရှိပေမယ့် မြတ်နိုး ဖန်ခွက်ထဲကို ရေကိုသာငှဲ့ပေးတယ် ..
ဘီယာ ကျန်ပါသေးတယ် ကို်ယ်တိုင်လည်း သောက်ချင်စိတ်မရှိတော့….
.. ကျွန်တော် ပိုက်ဆံအိတ်ထဲကနေ ၃ သောင်း ဆွဲထုတ်လိုက်တယ်..
” ရော့….. ညီမလေး “….
မြတ်နိုး ငြင်းတယ်.. ” မယူပါရစေနဲ့ အကို.မယူပါရစေနဲ့ ” ..တဲ့
( ကျွန်တော် ညီမလေး လို့ ခေါ်လိုက်တော့ချက်ခြင်း အကိုလို့ပြောင်းခေါ်တယ်)
” ယူပါ အကိုက ညီမလေးအရင်းတစ်ယောက်လို သဘောထားပြီးပေးတာ
ညီမလေး အမေဆေးကုဖို့ စိတ်သန့်သန့် နဲ့.ယူလိုက်ပါ”…
“.. လူဆိုတာ အမှားကိုသိရင် အမှန်ကိုပြင်နိုင်မှ လူပီသတယ်တဲ့” ..
အကိုတို့နှစ်ယောက်လုံး မှားခဲ့ကြတယ်..
ခုကစပြီး ပြင်ကြမယ်….
အကိုလည်း ဒီလိုဆိုင်မျိုး ဘယ်တော့မှ မလာတော့ဘူး…
ညီမလေးလည်း.. ဒီအလုပ်ကထွက်လိုက်တော့….
အကို့ သူငယ်ချင်းစတိုးဆိုင်မှာ အရောင်းစာရေးမ အလုပ်ရဖို့
အကိုပြောပေးမယ်..ဒီလိုဆိုင်မျိုးမှာ နောက်ဘယ်တော့မှ လာမလုပ်နဲ့
” ကျေးဇူးတင်လိုက်တာ..အကိုရယ်” ဆိုပြီး .ခုန်အောက်ကိုဆင်း
ကျွန်တော့်ခြေထောက်ကို ဖက်ပြီးငိုတယ်..ထိုင်ရှိခိုးတယ်..
ဝမ်းသာလို့ ကျတဲ့ မျက်ရည်ထင်ပါရဲ့….
ကျွန်တော့် ညီမလေးသာဆိုရင် ဆိုတဲ့အသိနဲ့ ရင်ထဲမှာနင့်ခနဲ..
မျက်ဝန်းထဲက စိမ့်ထွက်လာတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့
အမြန်သုတ်လိုက်တယ်……

… အိမ်ကို ပြန်မယ်..ခိုင်နဲ့သမီးလေး စောင့်နေရှာမှာပဲ..
နားလည်မှု အပြည့်ရှိတဲ့ ချစ်ဇနီး ခိုင်နဲ့ အပြစ်မဲ့တဲ့ သမီးငယ်လေး..
အပြစ်တွေကို ဖွင့်ဟဝန်ခံဖို့ ကိုယ်ပြန်လာခဲ့ပါပြီ… ခိုင်..
အဖြစ်အပျက်တွေပြောပြီး ခိုင် ကို ဝန်ချတောင်းပန်မယ်…
“..ဆိတ်ကွယ်ရာ..” မှာ ဖြစ်သွားခဲ့တဲ့ တဒင်္ဂမှားယွင်းမှုကို နားလည်မှု
အမြဲပေးနိုင်တဲ့ ခိုင်..ခွင့်လွှတ်ပေးနိုင်မှာပါလေ……

.. ကျွန်တော့်ခြေလှမ်းတွေက ချစ်ဇနီး ခိုင်နဲ့သမီးလေး ဆီသို့…။……..။…..

 

 

28 comments

  • အလင်းဆက်

    February 19, 2015 at 5:03 pm

    ဆိတ် ကွယ်ရာ ဆိုတော့ . . .
    စိတ် ကွယ်ရာ မဟုတ်ဘူးပေါ့နော်

    :k:

    ပျောက်ချက်သားကောင်း
    ဘွားခနဲပေါ်လာ

    ဒါနဲ့ ခိုင်ဆိုတာ သူကြီးတော့ မဟုတ်ပါဘူးနော့

    :k:

    • La Yeik

      February 20, 2015 at 9:06 am

      ကျေးကျေးပါ အူးသူရရေ….
      ကော်နက်ရှင်မကောင်းတော့ မနေ့က ဗြောင်းသတ်သွားတာပဲ…
      စာတွေလဲ ကျန်ခဲ့တယ်…ရေးတော့ရေးလိုက်တယ်…မပါလာဘူး….

      တကယ်ဖြစ်လာရင်….
      ကြားက မြေဇာပင်ဖြစ်ရတာ သားသမီးလေးတွေပါပဲ….
      လူတိုင်း၊မိသားစုတိုင်း သာယာပျော်ရွှင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်….
      အခုတလော အလုပ်တွေနဲ့မအားလို့ စာမရေးဖြစ်တာ ကြာပါပြီ….
      အခုလည်း အွန်လိုင်းက ဇာတ်လမ်းလေးတပုဒ်ကို ပြန်လည်ခံစားပြီးတင်ပြလိုက်တာပါ…

      အဲဒါ အဲစာတွေ ကျန်ခဲ့လို့ ပြန်တင်ပေးလိုက်ပါတယ်…

  • Kaung Kin Pyar

    February 19, 2015 at 5:11 pm

    .မြတ်နိုးက…မြတ်နိုးကို ကယ်လိုက်တာလား…
    .မြတ်နိုးက…ကျနော်ဆိုတဲ့လူကို ကယ်လိုက်တာလား…
    .ဒါမှမဟုတ်..မြတ်နိုးက…ခိုင်နဲ့ သမီးလေးကို ကယ်လိုက်တာလား…
    .အားလုံးလဲ .. ဖြစ်နိုင်ပါတယ်…
    🙁

    • La Yeik

      February 20, 2015 at 9:08 am

      ဆန္ဒကို သိက္ခာနဲ့ထိန်းမယ်…:k:

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 19, 2015 at 5:23 pm

    ​ကေတီဗီက စကီ​လေး​တွေ အဲ့​လောက်​မရိုးစင်​းဘူးထင်​ပါတယ်​
    ခနခနသွား​လေ့ရှိတဲ့ ကိုဘလက်​ ကိုနို တို့​တွေ့မှ ​မေးကြည်​့ရ​သေးတာပ
    🙂

    • Ma Ma

      February 19, 2015 at 9:19 pm

      ဇာတ်မှာ ဆွဲခေါ်သွားပုံလေး ညင်သာတယ်။
      အပြင်လောကတော့ အိမ်ထောင်ရေးပြိုကွဲတဲ့အထိတောင် ဖြစ်သွားနိုင်တယ်။

      မောင်ဂီပြောသလို ကေတီဗီက စကီလေးတွေ အဲ့လောက် မရိုးစင်းဘူးဆိုတာကို ထောက်ခံတယ်။
      ကေတီဗွီလာတဲ့သူတွေထဲမှာ အိမ်ထောင်ရှင်တွေအများကြီးဆိုတာ မပြောလည်း သိကြပြီးသားနေမှာပါ။
      🙁

      • La Yeik

        February 20, 2015 at 9:11 am

        သေချာတာပေါ့ အန်တီမမရယ်….ဘဲပျိ ု ၊ ဘဲအို စုံလို့ပေါ့…..:k:

    • La Yeik

      February 20, 2015 at 9:10 am

      ဟုတ်တယ် အူးလေး…ဒါ ဇာတ်လမ်းထဲမှာမို့….:k:

  • မြစပဲရိုး

    February 19, 2015 at 11:18 pm

    လရိပ် ရေ
    လေးပေါ့။

    စိတ်ထဲ မှာ ယုံကြည် တာ တစ်ခု ကို ပြောရရင်လေ။
    မဖောက်ပြန်တဲ့ ယောကျာင်္း ဆိုတာ ဘယ်လောက် အညု ခံရ ခံရ မဖောက်ပါဘူး။
    ဒီတော့
    မဖောက်ပြန်ချင် တဲ့ ယောကျာင်္း ဆိုတာ အညု ခံ ရ မဲ့ နေရာ ကိုလဲ မသွားလောက်ဘူး။
    အဲဒီ ကို သွားပြီး အညုခံ မှ တော့ ဖောက်ဖို့ ပြင်နေတာဘဲ။

    ဟို မိန်းကလေး ကသာ သူ့ဇာတ်လမ်း မပြောရင် ကိုယ်တော် က ပါ တော့မှာလေ။
    မဟုတ်လား။
    ဒီတော့ အဲ့ကိုယ်တော် ကို အထင် မ Big ပါ။

    မိန်းကလေး ကို တော့ အပြစ်မတင်ပါ။
    ဒါ သူ့ စက်ကွင်းဘဲ။
    ဘယ်သူလာလာ ပစ် မှာ သူ့ အလုပ်ဘဲ။

    • La Yeik

      February 20, 2015 at 9:13 am

      အဲလို ညုခံရလည်း မဖောက်ပြန်တဲ့ ယောကျာ်းတော့ တော်တော်လေးကို ရှားမယ်ထင်တယ် အရီးရေ
      မရှိဘူးတော့ မဟုတ်ပါဘူး…ရှိမှာပါ…ဒါပေမယ့် ရှိတော့ရှိတယ် ရှားတယ်ပေါ့နော်…

      • sorrow

        February 21, 2015 at 2:18 pm

        ..ကျော့်ပတ်ဝန်းကျင်မှာတကယ်ရှိတယ်ဗျ.
        .. လေးစားလောက်အောင်ကို စောင့်စည်းနိုင်စွမ်းမြင့်တဲ့ လူတွေ…
        ..မိသားစုဘဝကိုတန်ဖိုးထားတဲ့ ပထမတန်းစားယောက်ျားတွေ…

        • La Yeik

          February 23, 2015 at 8:52 am

          ရှိမှာပါ အူးလေး…အိမ်ထောင်ရှင်ယောကျာ်းကောင်း၊ယောကျာ်းမြတ်တွေ ရှိကြမှာပါ…ဒါပေမဲ့ပေါ့လေ…ရှားတယ်လို့….:)

    • Kaung Kin Pyar

      February 20, 2015 at 9:31 am

      .အဲ့ဒါ ပြောချင်တာ…အဲ့ဒါ…
      :k:

      • La Yeik

        February 20, 2015 at 5:07 pm

        ကောင်းကင်ပြာ…ရိုက်လိုက်ပါဦး..ခ်ခ်

  • Mike

    February 20, 2015 at 1:05 pm

    .လရိပ်ကလည်း အိမ်ထောင်ရေးလေ့လာသူစပါယ်ရှယ်လစ် ဖြစ်နေပြီ :k:
    .ကျုပ်ကတော့ အာ့မျိုးတွေဝါသနာမပါ..ခိခိ :))

    • La Yeik

      February 20, 2015 at 5:04 pm

      အူးမိုက်က ဂယ်မသွားဖူးဆို အူးမိုက်မိန်းမက အူးမိုက်ကို တော်တော်ချစ်မှာ သေချာတယ်…
      ဟုတ်တယ် အူးမိုက် သာမီးအဲလို ဖစ်နေဘီ…သစ္စာမရှိတဲ့ ယောကျာ်းတွေကို ကြောက်လို့…:P

  • တောင်ပေါ်သား

    February 20, 2015 at 1:27 pm

    ကျုပ်က မိန်းမ မရှိသူမို့ အဲဒီသွားတာ အပြစ်မဟုတ် ၊
    ဟဲ ဟဲ ကြိုကာတာ 🙂

    အဲ ရင်နာချင်စရာ ပုံပြင်လေးတွေကကတော့ သူတို့ဆီမှာ အပုံလိုက် ၊

    အဲ အဲ ကျန်ခဲ့လို့ အဲဒီလိုနေရာမှာ လုပ်ဘူးတဲ့တစ်ယောက်
    အခု တွံတေးမှာ မိဘတွေနဲ့ လယ်ထဲဆင်းနေတယ် ( ပုံပြင်မဟုတ်ပါ )

    • La Yeik

      February 20, 2015 at 5:06 pm

      ဟုတ်ပါဒယ် အူးတောင်ပေါ်သားက သားသားမီးမီး တို့ အဖေ လူပြိုကြီး ဆိုတော့ကာ အပြစ်မဟုတ်ပါ…
      အူးတောင်ပေါ်သားပြောတဲ့ ကောင်မလေးအကြောင်း ဇာတ်လမ်းလေးရေးပါလား ဖတ်ချင်တယ်လို့….

  • Courage

    February 21, 2015 at 8:06 am

    ဒီစာလေးဖတ်မိတော့ ကိုဂျေမီရဲ့ သီချင်းစာသားလေးပဲ သွားသတိရမိတယ်…
    “စင်္ကြာဝဋာထဲက အလင်းတန်းတစ်ခုပေါ်လာကာ တရားဟောသည်”တဲ့။
    လေးစားတယ်ဗျာ။ ကျွန်တော်သာဆို အိမ်တောင်ပေါင်လိုက်ရမယ့် သဘောရှိတယ်…

  • ခင်ဇော်

    February 21, 2015 at 1:10 pm

    ဝတ္ထုကိုတော့ မပြောတော့ဝူးးး
    ဆိတ်ကွယ်ရာ ဆိုတာလေး ဝင်ပွါးမို့။

    တစ်ယောက်ယောက်ကို
    လေးစားချင်ရင် ဖြစ်ဖြစ်
    မလေးစားချင်ရင် ဖြစ်ဖြစ်
    ဆိတ်ကွယ်ရာမှာသာ ပြသနာ ရှင်းး
    စရိုက် အမှန်ပေါ်သတဲ့။

    သများရဲ့ ဆရာ့ ဆရာကြီးတွေ သင်ခဲ့တာ။

    ဟိ

    :mrgreenn:

    • La Yeik

      February 23, 2015 at 8:55 am

      မီးကိုလည်းသင်ပေးပါ မမဂျီး :)….ဆိတ်ကွယ်ရာမှာ သူတို့ရဲ့ သိစိတ်၊မသိစိတ်ရဲ့ ဖုံးကွယ်နေတဲ့ အမှန်တရားတွေ ထွက်လာတယ်ဆိုတာ လက်ခံတယ် မမဂျီးရေ….

  • အဲ့လိုကောင်မလေးတွေမှာ မရိုးနိုင်တဲ့ဇာတ်လမ်းတွေတွေ ကိုယ်စီရှိတယ်ထင်တယ်။
    တကယ်ဘဝအမှန်ထက် လံကြုတ်ဇာတ်လမ်းလေးတွေပေါ့။
    အဲ့ဒီကမှ သနား
    စပွန်ဆာနဲ့သီးသန့်ထား
    အဲ့လိုလေးတွေလားလို့
    ဦးဆာပြောသလိုFBမှာ အသက်၄၀ဝန်းကျင်ယောကျာ်းယောင်ဆောင်ပြီး လေ့လာမှနဲ့တူတယ်။
    :mrgreen:

    • La Yeik

      February 23, 2015 at 9:03 am

      ရာခိုင်နှုန်းအနေနဲ့ ခန့်မှန်းရရင် 20 ရာခိုင်နှုန်းလောက်ပဲ အမှန်တရားအတိုင်း ဖြစ်မယ်ထင်တာပဲ….ကျန်တာတွေကတော့ လံကြုတ်တွေ…နာမည်တောင် တစ်ယောက်မေးရင် တမျိ ုးဖြေနေတာတောင် ရှိသေးတာပဲ….ရွာမှာ ဘုတ်ဆုံတို့၊ပုဆွဲမိတို့ကနေ နိုနိုတို့၊ပိုပိုတို့၊မစ်ကီတို့၊ဖူးဖူးတို့စသဖြင့် နာမည်လှလှလေးတွေဖြစ်သွားကြသေးတာပဲလေ…ယောကျာ်းတွေကရောဘာထူးလဲ..အိမ်ကမိန်းမက ပိန်လို့၊ဝလို့၊မကြင်နာလို့၊ဂရုမစိုက်လိုု့၊စိတ်ပျက်ဖို့ကောင်းလို့ စသဖြင့်ပေါ့လေ….အဲမှာ တွေ့ကြတာပဲ…

  • pooch

    February 21, 2015 at 4:17 pm

    ဒီပုတ်ထဲက ဒီပဲပဲလို့
    အရီးပြောသလိုပဲ ခြံခုန်ချင်စိတ်ရှိရင် ခုန်မှာပဲ
    မခုန်တဲ့ နွားက ကျိုးနေလို့ ဒါမှမဟုတ် ထော့နေလို့ ဟီး :loll:

    • La Yeik

      February 23, 2015 at 9:04 am

      ဟားဟား ဟုတ်လား မယ်ပုပြောမှ ရယ်လိုက်ရတာ…:loll::loll::loll:

    • Mr. MarGa

      February 23, 2015 at 9:48 am

      ငမ့်
      ဘာမှ ကောင်းကွက်မရှိတော့ပါလားဗျာ

  • ဦးကြောင်ကြီး

    February 23, 2015 at 9:24 am

    ခြစ်ရိပ်လေး ကွယ်ရာမှာ ကိုကိုကြောင်ကြီးလေ… အဝှာပြုမိပါဒရယ်.. ခွေးလွှတ်တယ်မှားဟင်မ်…

Leave a Reply