ဒီနေ့ ဘာမှ အဆင်မပြေ

ဆုိးဆုိးAugust 20, 20101min933

ဒီနေ့ ဘာလုပ်လုပ်အဆင်မပြောဖူး……………….

မနက်က ထမင်းစားမလို့ ပဲပြုတ်သွားဝယ်ပြန်တော့လည်း ကုန်ပြီတဲ့။

ပဲပြုတ်ဝယ်တဲ့အပြန်လမ်းမှာ ခွေးလိုက်ကိုက်လိုက် ပြေးလိုက်ရသေးတယ်။

ရေချိုးမယ်ဆိုတော့လည်း ကန်ထဲမှာ ရေမရှိတော့။ မိချောင်းကိုက်ခံရမှစိုးရသေးတယ်။

နေကလည်းအရမ်းပူတယ်။  ငရဲပြည်ရောက်နေသလားမှတ်ရတယ်။ ဟော………အရိပ်လေးတွေလို့ထိုင်မယ်လို့သွားတုန်း  ကိုယ်ထက်ခြေတလှမ်းဦးတဲ့သူနဲ့တွေပြန်ရော…။ စိတ်ညစ်မိတာကတော့ ပူအိုက်နေတာပါပဲဗျာ။ သူများတွေလိုလဲ မချမ်းသာတော့ သဘာဝလေကို အားကိုးမိပြန်တော့

လေပူတွေကြည့်ပဲတိုက်နေတယ်လေ…….။ ဘာလုပ်ရမလဲ ၇၈ရှော့ပင်းမောကို သွားပြီး မျက်စိအစာလေး ဘာလေး သွားကျွေးတာကောင်းပါတယ်ဆိုပြီးထွက်လာလိုက်တယ်။

အဲဒီမှာဆို အဲလ်ယားကွန်း နဲ့ ဘာနဲ့ဆိုတော့ ………….ဟဲ………..ဟဲ……….။ ပိုက်ဆံမကုန်ပဲ အေးအေးလူလူ သွားအိပ်နေလိုက်မယ်ပေါ့။ အဲဒါနဲ့ ဆိုင်ကယ်လေးကိုထုတ် မောင်းထွက်လာလိုက်တယ်။  ဟော တွေပါပြီ ရှေ့မှာ မော်တော်ပီကယ် လား ဆော်မယ့်ပီကယ် လား ဆပ်ပလိုင်ဂျပ် ဆိုလား

ရစ်ပလိုင်းဂျပ် ဆိုလား မသိပါဘူး။ သူတို့စာတွေကိုအသံထွက်မှန်အောင်မပြောတက်ဘူူး။ ထားပါတော့ အဲဒါတွေက အရေးမကြီးပါဘူး။ ကိုယ့်ဘက်ကလဲအပြည့်အစုံနဲ့ဆိုတော့ ဘာမှဂရုစိုက်မနေပါဘူး ကိုယ်ဟာကိုယ်မောင်းလာခဲ့တယ်။

ဟော မီးဝါသွားပြီး။ ဆိုင်ကယ်ကိုရပ်လိုက်တယ်။ မျဉ်းလေးနဲနဲကျော်နေတာနဲ့ နောက်ဆုတ်ရပ်တယ်။ဒါပါပဲဗျာ။

မီးစိမ်းတာနဲ့မောင်းလိုက်တယ်။ ဟိုဘက်ရောက်တော့ ရပ်ခိုင်းတယ်။ ရပ်လိုက်တယ်။ချက်ချင်းဆိုင်ကယ်သော့ကို ရစ်ပလိုင်းဂျပ်က ဖြုတ်သွားတယ်။ ဘာမှဖြေရှင်းခွင့်မပေးဘူး။ညီလေးစောစောက မင်း မျဉ်းကျော်ပြီးရပ်တယ် လို့ပြောပြီး အဝိုင်းကိုဖြုတ်တော့တာပဲဗျာ။ ဟာ ခင်ဗျားတို့ကလည်း မီးဝါလို့ရပ်ပြီး နောက်ဆုတ်ရပ်တာပဲဗျာ အဲဒါကို လာမရစ်နဲ့လေဗျာ လို့ပြောတော့။ မရဘူး ငါတို့မြင်တယ်တဲ့ မင်းမလိမ်နဲ့ဆိုပြီး ချလန် ဖြတ်တော့တာပဲဗျာ။ ပြီတော့ တရာရုံးကို ဘယ်နှရက်နေ့မှာ လာရွေးလှည့်တဲ့ဗျာ။ဘာမှပြောလို့မရဘူး။

ကိုယ်ဘက်က မှန်ပြီးတော့ သက်သက်အဖမ်းခံရတာ။ ဆော်မယ့်ပီကယ်တွေကတော့လုပ်ချ လိုက်ပြန်ပြီဗျာ။ အဲဒါပဲဗျာ  စိတ်ညစ်တယ်။ နောက်မှသူများပြောလိုသိရတာကတော့ သူတို့ကနှစ်ကုန်ရင် အမှုတင်ရတယ်တဲ့လေ။ တနှစ်ကိုအမှုဘယ်နှမှုတင်ရမယ်ဆိုပြီး စီးကမ်းချထားတယ်တဲ့။အမှုလိုပြီးဆိုရင် အကုန်ကြံဖန်ပြီး လုပ်တော့တာပဲတဲ့။ ခင်ဗျာတယောက်တည်းခံရတာမဟုတ်ဘူးဗျ တခြားသူတော်တောများများလည်း အဲလိုပဲခံကြရတယ်တဲ့။ ဘယ်လောက်လူမဆန်လိုက်သလဲ။ ဥပဒေ ဆိုတာ ဘာလဲဗျာ။

စဉ်းစားသာကြည့်ကျပါတော့ဗျာ။

အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ပဲ ၇၈ ရှောပင်းမော ကို သွားပါတော့တယ်။ နောက်ထပ်ဘာတွေအဆင်မပြေတာတွေလာအုန်းမလဲမသိဘူး…….ဘာလာလာ………လာခဲ့စမ်း။

3 comments

  • MandalayThar

    August 20, 2010 at 10:22 am

    မန်းတလေးသားချင်း ကိုယ်ချင်းစာပါတယ်။ ဟုတ်တယ်ဗျာ။ ကံဆိုး မသွားရာ ရစ်ပလိုင်းဂျပ်လိုက်လို့လာ ဆိုတာမျိုးပေါ့။ ကျောင်းတတ်တုံးက တလတည်းနဲ့ ၃ ခါလောက် ဒီကောင်တွေနဲ့ တွေ့ပြီး အတော်ကို စိတ်ကုန်သွားတာ။

  • chitsayar

    August 20, 2010 at 5:16 pm

    ကိုယ်လည်း မော်တော်ပီကယ် လုပ်ပေါ့ကွယ်
    သို ့မဟုတ်ရင်လဲ မော်တော်ပီကယ် သမက်လုပ်ပေါ့
    မော်တော်ပီကယ် ယောက်ခမ လုပ်ရင်လည်း
    အဲအဲအဲ တိတော့ဝူး

  • pan pan

    October 15, 2010 at 8:00 am

    မော်တော်ပီကယ် ယောက်က္ခမလုပ်ပေ့ါ။ ပြန်အနိုင်ကျင့်ပစ်။

Leave a Reply