အချစ်ဆိုတာ

 

မအေးတဲ့ ဘီယာ

မသာတဲ့ ပန်းခြံ

မမှန်​တဲ့ နာရီ

မမြန်​တဲ့ ရထား

 

မလန်းတဲ့ ပန်း

မဆန်းတဲ့ ရုပ်ရှင်

မချိုတဲ့ အိုက်စကရင်

မချဉ်တဲ့ သံပုရာ

 

မဖွံ့တဲ မယ်

မော်ဒယ်မမြင့်တဲ့ ကား

မအေးတဲ့ ဆောင်းရာသီ နဲ့

မနွေးတဲ့ လက်ဖက်ရည်

 

အရပ်မမြင့်တဲ့ မင်းသား

စားမကောင်းတဲ့ ဟင်း

သွားမကောင်းတဲ့ ခရီး နဲ့

မြည်းမကောင်းတဲ့ အကင်

 

ဂွင်​အ​ကောင်းတဲ့ အလုပ်

အပြင်​မ​ကောင်းတဲ့ မာမီ

အဆင်​မ​ကောင်းတဲ့် အချိတ်

အ​တိတ်​မ​ကောင်းတဲ့ ထီ

 

အသံမ​ကောင်းတဲ့ တ​ယော

အ​ပြောမ​ကောင်းတဲ့ ​လော်​ဘီ

ဆိုက်​မ​တော်​တဲ့ ​ဘော်​လီ နဲ့

လူမကြိုက်​တဲ့ ​တော်​ကီ

 

သငယ်​မရှိတဲ့ ​ဂျော်​လကီ

တကယ်​မသိတဲ့ က၀ိ

ဆားမပါတဲ့ ငပိ လို

တခြားကမ္ဘာက ငတိ

 

နောက်​ဆုံး​တော့လည်း

 

ခုတ်​မ​ကောင်းတဲ့ ဓား

ဟောင်း​နေတဲ့ တစ်​ရှူး

မမူး​သော အရက်

မထူး​သော တမနက်​မို့

 

သည်လိုပဲ ဂွတီးဂွကျရယ် ။   ။ 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011