လေထန်ကျောင်းက ကွမ်းဆရာ ( ၃ )

နောက်တစ်ယောက်က နော်စီမံကိန်း ခေါ် နော်မြင် ့မြင် ့အေး။
စကားအပြောအဆိုနည်းပြီး မကြာမကြာ မျက်ရည်ဝဲတတ်သူ။ ဘယ်ပုစ ္ဆာမဆို ၂ခါ ရှင်းပြစရာမလို၊
ချက်ချင်းတွက်တယ်။ လက်ရေးညီညီညာညာ သေသေသပ်သပ် ရေးတတ်ပြီး စာတော်တဲ ့သူ ့ကြောင် ့
အတန်းတင်စာမေးပွဲဖြေဆိုနေချိန်မှာ တခြားအုပ်စုကျောင်းက ဆရာမကြီးတွေက ဆရာ ့တပည် ့မလေး၊
ဆရာ ့တပည် ့လေး ဆိုပြီးဝိုင်းချီးမွန်းခံရတော ့ ကျနော ့မှာ သူ ့ကြောင် ့ တပည် ့ကောင်းဆရာ ပန်းကောင်း
ပန်လိုက်ရသေးတယ်။ ဒီနှစ် စာမေးပွဲမှာ နော်စီမံကိန်းက အမှတ်အကောင်းဆုံး၊ အများဆုံးနဲ ့ပထမရသွားခဲ ့တယ်။ နော်စီမံကိန်း တစ်ယောက်သာ တက္ကသိုလ်ရောက် ဘွဲ ့ရသည်အထိတက်နိုင်ခဲ ့ပြီး သူနဲ ့အတူ တက္ကသိုလ်တက်ခဲ ့တဲ ့ နော်ခင်အေးကတော ့ ကျန်းမာရေးချူချာလို ့ အပြီးမသတ်နိုင်ခဲ ့။
ကျနော် ဒီကျောင်းစတက်တော ့ နော်စီမံကိန်း အမေဆုံးသွားတာ မကြာသေး။ ဒါကြောင် ့ သူ မျက်ရည်ဝဲဝဲ နေတတ်တာကိုး။ မိတဆိုးမလေး နော်စီမံကိန်းက သူ ့မောင်လေးတစ်ယောက်နဲ ့ ကျနော ့ကျောင်းကိုလာတက်
ကြတာ။ သူ ့မောင်လေးက ကျောင်းနေတဲ ့အရွယ်ကျောင်းသားမဟုတ်သေး။ သူကိုယ်တိုင်အနီးကပ် စောင် ့ရှောက်
နိုင်အောင်လို ့ခေါ်လာတာ။ အရွယ်ငယ်သေးပေမယ် ့ သူမောင်လေးကို အမေ ့ ကိုယ်စား အမေတစ်ယောက်လို
စောင် ့ရှောက် ဂရုစိုုက်ပေးနေတာတွေ ့နေရတော ့ စိတ်မကောင်း။ မနက်ကျောင်းတက်ရင် သူ ့မောင်လေးကို သူကိုယ်တိုင် ဖြီးလိမ်းပြင်ဆင်ပေး၊ ညနေကျောင်းဆင်းရင် သူ ့မောင်လေးကို ရေချိုးပေး၊ အဝတ်အစားတွေ
သူကိုယ်တိုင်လျှော်ပေး။ တကယ်လည်း လေးစားမိပါတယ်။
နော်စီမံကိန်းမှာ သူ ့လို ပညာထူးချွန်တဲ ့ အကိုတစ်ယောက်ရှိသေးတယ်။ ကျနော်ဒီမရောက်ခင် တစ်နှစ်က
၄ တန်းအောင်ပြီး ကျောင်းထွက်သွားတယ်။ နောက်ပိုင်း ကျနော် ကျွဲ၊နွား အရောင်းအဝယ်နဲ ့ သွားသွား
လာလာလုပ်တော ့ တောလမ်းတစ်ခုမှာ KNU တစ်ဖွဲ ့နဲ ့ဆုံမိတယ်။ အဲဒီထဲက တစ်ယောက်ယောက်က
ဆရာ၊ ဆရာ ဆိုပြီးခေါ်သံကြားလို ့ လှည် ့ကြည် ့လိုက်တော ့ နော်စီမံကိန်းရဲ ့အကို။ သူ အသက် ၁၆ နှစ်
မပြည် ့ခင် KNU ထဲရောက်သွားတယ်။ မင်း ဒီထဲရောက်တာကြာပြီလားလို ့မေးကြည် ့တော ့ ၆ လ လောက်ပဲရှိသေးတယ်
တဲ ့.။ သင်တန်းတွေ ဘာတွေကောတက်ပြီးလား မေးတော ့ မတက်ရသေးဘူး။ နောက်မှတက်မယ် ပြန်ဖြေတယ်။ ကျနော် သူ ့ပခုံးကိုဖက်ပြီး မင်းတော ့ကွာ…. ငြီးလိုက်မိတယ်။ ကျနော် သူ ့ကို နှမြောတာ
သူသိပါတယ်။
အသားဖြူဖြူ ရုပ်ချောချောနဲ ့ ကရင်ပုဆိုးကို ပုခုံးမှာ စလွယ်သိုင်း M 16 ကိုင်ထားတဲ ့ သူ ့ပုံက မြန်မာ မင်းသားတွေ စစ်ကားမှာ သရုပ်ဆောင်နေသလို ဘယ်လိုမှ စစ်သားပုံ မပေါက်။

တစ်ညနေ စာသင်နေတုန်း အယောက် ၄ဝ လောက်ရှိမယ် ့ လူတန်းရှည်ကြီးတစ်ခု လယ်ကွင်းဘေးက
လျှောက်လာတာတွေ ့ရတယ်။ အယောက်တိုင်းဆီမှာ သေနတ်ကိုယ်စီ။ အားလုံးက အရပ်ဝတ် အရပ်စားနဲ ့။
ဒါ ကျနော ့ ဘဝမှာ သူပုန်ဆိုတာကြီးကို ပထမဦးဆုံးမြင်တွေ ့လိုက်ရတာမို ့ တုန်လှုပ် ခြောက်ခြားမိသလိုပဲ။
ဟိုတုန်းက မြို ့တွေမှာနေခဲ ့စဉ်က KNU ဆိုတာ လူဆိုး၊လူမိုက်၊ လူရမ်းကား အဖြစ် ပုံဖေါ်တဲ ့ ပေါ်လစီ ဇာတ်လမ်းတွေနဲ ့ နားယဉ်လာခဲ ့တော ့ KNU ဆိုတာ လူမိုက်ကြီး တစ်ယောက်လို ့ စိတ်စွဲနေခဲ ့လို ့ပဲ။
ညနေကျောင်းဆင်း ဘုန်းကျောင်းထဲဖြတ်ဝင်မယ် အလုပ် ဘုန်းကျောင်းအောက်မှာ စောစောက ကရင်စစ်သားတွေ တွေ ့လိုက်မိတော ့ ဝင်မယ် ့ခြေလှမ်းတွေက တန် ့သွားတယ်။ ဒူးတွေက တုန်ချင်သလိုလို။
တော်ကြာ ကရင်စကားမတတ်တဲ ့တောတွင်းပျော်ကို ကရင်လိုမေးလာပြီး ပြန်မဖြေတတ်ရင် တစ်ယောက်ယောက်က သေနတ်နဲ ့ဆွဲချိန်ပြီး မင်း ပရော်လား( ဗမာ )လား၊ ဘယ်သူလဲ စသည်များမေးလာခဲ ့ရင်အခက်။ ဒီမှာက အစိုးစစ်သားတွေကိုလည်း ပရော်လို ့ခေါ်တယ်။ ဒါ တောတွင်းပျော်ရဲ ့ ကြောက်တွေး အတွေးပါ။ တကယ်တန်း ကျောင်းဝန်းထဲ ဝင်သွားတော ့ သူတို ့တွေ တောတွင်းပျော်ကို လှည် ့တောင်မကြည် ့။
ထမင်းချက်သူချက်၊ ရေခပ်သန် ့ရှင်းရေးလုပ်သူလုပ်၊ ခြင်းလုံးကစားသူ ကစားနဲ ့သူတို ့ဘာသာ ရှုပ်နေကြတယ်။
ညနေကျောင်းဆင်းတိုင်း ဘုန်းကျောင်းပေါ်တက် ဆရာတော်လေးကို နှုတ်ဆက်ကန်တော ့နေကြ။ ဒီညနေတော ့ကျောင်းပေါ်မတက်တော ့ဘူးလို ့တွေးလိုက်သေးတယ်။ ဒါပေမယ် ့ ကြောက်စိတ်ကို အံတုချင်တာရယ်၊ ဆရာတော်လေးနဲ ့ရင်းနှီးကြောင်းချင်တာရယ်နဲ ့ ကျောင်းပေါ်တက်လိုက်ပါတယ်။
ကျောင်းပေါ်ရောက်တော ့ ဆရာတော်လေးရဲ ့ရှေ ့မှာ ရွာထဲက ကျောင်းဒကာတစ်ချို ့နဲ ့ ကျနော်မသိတဲ ့
လူကြီး ၂ယောက်ထိုင်နေကြတယ်။ ဒီလူကြီး ၂ယောက်က ကျောင်းအောက်က စစ်သားတွေရဲ ့ အကြီးအကဲ
တွေဖြစ်မှာ။ ကျနော ့ကိုမြင်တော ့ အဲဒီလူကြီး ၂ယောက်အနက် တစ်ယောက်က ဆရာ၊ ကျောင်းဆင်းလာပြီလား… လာ..ဒီမှာလာထိုင်ဆိုပြီး နေရာပေးတယ်။ နောက်အဲဒီ လူကြီးက စစ်သားတစ်ယောက်ကိုခေါ်ပြီး ကွမ်းရွက်သွားရှာခိုင်းတယ်။ ကျနော်ကသာ သူတို ့ကို မသိတာ။ သူတို ့က
ကျနော် ့ အကြောင်းကောင်းကောင်းသိနေကြပုံပဲ။ မြင်မြင်ချင် ကွမ်းရွက်ရှာခိုင်းလိုက်ပုံက။ သူတို ့တွေနဲ ့
နာရီဝက်လောက် ထွေရာလေးပါးပြောဖြစ်ခဲ ့လိုက်ကြတယ်။ အဓိကတော ့ ကျနော် ဒီမှာနေရတာ အဆင်ပြေ မပြေ၊ ကျောင်းကလေးရဲ ့ လိုအပ်ချက်တွေ။ နောက်ပြီး နောက်နှစ် ဒီရွာမှာကျောင်းဆရာ ဆက်လုပ်ပေးဖို ့။ ကျနော ့အနေနဲ ့တော ့ နောက်နှစ်ကျောင်းဆရာဆက်လုပ်ပေးဖို ့ဆို အစီအစဉ်က မရှိသေး။ သူတို ့တွေက ကျနော ့ကို လေးလေးစားစား ဆရာလေး ခေါ်ကြပေမယ် ့ ကျနော်က သူတို ့ကို ဖထီ ခေါ်လိုက် ဦးလေး ခေါ်လိုက်။ တကယ်တော ့လည်း သူတို ့က ဦးလေးခေါ်ရမယ် ့အရွယ်တွေလည်း မဟုတ်ကြသေး။ သူတို ့ရထူးအဆင် ့နဲ ့ ကရင်လို အခေါ်ရှိကောင်းရှိမှာဖြစ်ပေမယ် ့ တောတွင်းပျော် မခေါ်တတ်။ သူတို ့ကလည်း
နားလည်ပေးကြပါတယ်။ အဲဒီနေ ့က စပြီး သူတို ့အပေါ်ကြောက်လန် ့စိတ်မရှိတော ့။ နောက်ပိုင်း သူတို ့တွေ
ဒီရွာကို ဖြတ်သွားဖြတ်လာ လုပ်ခဲ ့ရင်တောင် ရွယ်တူအဖော်မရှိတဲ ့ တောတွင်းပျော်တစ်ယောက် သူတို ့နဲ ့ ပိုက်ကျော်ခြင်းကစားဖော်၊ ဘော်လီဘောပုတ်ဖက်တွေ ဖြစ်လာတယ်။

တညနေ ကျောင်းဆင်းအိမ်ရောက်တော ့ အမ မိငယ်က ဆရာ ့ကို ထမင်းစား လာဖိတ်တယ်။ ရေချိုးပြီး သွားလိုက်ဆရာ..တဲ ့။ ဘယ်ကိုသွားရမှာလဲ အမ ပြန်မေးတော ့ နော်ချဖေ လိုက်ပို ့ပေးလိမ် ့မယ် ဆရာ။ နော်ချဖေက ဒီတောကျောင်းရွာက တစ်ဦးတည်းသော ၄တန်းကျောင်းသူ။ ကျနော်ဒီရွာမှာနေတော ့ သူတို ့ မောင်နှမဆီက အကူအညီကောင်းကောင်းရတယ်။ ညနေ ရေချိုးပြီးတော ့ အိ်မ်ရှင် ့ သားငယ်လေးရယ်၊ နော်ချဖေတို ့ မောင်နှမ ၃ယောက် တစ်အုပ်သား နော်ချဖေ ဦးဆောင်တဲ ့နောက် လိုက်သွားကြတယ်။
ခါတိုင်း သွားနေကြလမ်း မဟုတ်ဘဲ တောလမ်းကျဉ်းကျဉ်းလေးက လျှောက်သွားရတာပါ။ မိနစ် ၂ဝ လောက်
လျှောက်ပြီးမှ လယ်ကွင်းဟောင်းတစ်ခုဆီကို ရောက်လာတယ်။ လယ်ကွင်းဟောင်းရဲ ့တဖက်မှာက မီးလောင်ထားတဲ ့ တောင်ကုန်းလေးတစ်ခု။ တောင်ကုန်းပေါ်မှာက သစ်ပင်ကြီး ၄၊ ၅ ပင်ပေါက်နေတယ်
တောင်ကုန်းလေးကျော်ပြီးတော ့ ဟိုး အနောက်ဖက်မှာက တောအုပ်။ နော်ချဖေကလယ်ကွင်းက မဖြတ်ဘဲ ဘေးကဝိုက်ပြီး မီးလောင်ထားတဲ ့တောင်ကုန်းပေါ်တက်လိုက်တယ်။ တောင်ကုန်းပေါ်ရောက်မှ တောင်ကုန်းလေးရဲ ့တဖက်စောင်းမှာ ဝါးတဲလေး ၃ လုံးတွေ ့ရတယ်။ တဲရှေ ့မှာ ကျနော်နဲ ့ ရွယ်သူ ၃ ၊ ၄ ယောက် ခြင်းကစားနေလေရဲ ့။ တဲတစ်လုံးရှေ ့ အရောက် ကျနော့ ကျောင်းသားငယ်တစ်ယောက်ကို တွေ ့လိုက်ရတယ်။ သူ ကျနော်တို ့ အုပ်စုကိုမြင်ပြီး တဲဖက်ကိုလှည် ့ အမိုး၊ တရ ဟဲလီး…. (အမေ၊ ဆရာ ရောက်လာပြီ) လှမ်းခေါ်လိုက်တော ့ ခဏကြာမှာပဲ သပ်သပ်ယပ်ယပ် ဝတ်စားထားတဲ ့ အမျိုးသမီးတစ်ဦး
တဲထဲကထွက်လာတယ်။ ရုပ်ခန် ့ခန် ့ ဒီအမျိုးသမီးကြီးကို ဒီရွာမှာ တခါမှ ကျနော်မမြင်ဖူး။ သူ ့ရုပ်ရည်က တောအလုပ် တောင်အလုပ် လုပ်မယ် ့ရုပ်မျိုးမပေါက်။ မြို ့မှာသာဆိုရင် ကျောင်းဆရာမကြီး ရုပ်ရည်မျိုး။
နည်းနည်း အမြင်ဆန်းသလို ဖြစ်နေတယ်။
ကျနော် နော်ချဖေကိုလက်တို ့ပြီး ဒီအိမ်လားလို ့ တိုးတိုးလေး မေးကြည် ့ မသိမသာ ခေါင်းငြိမ် ့ပြတယ်။
အမျိုးသမီးကြီးက ဆရာတို ့လာ အိမ်ပေါ်တက် ဆိုတော ့မှ ကျနော်တို ့ တစ်အုပ် အိမ်ရှေ ့က ဒူးဆစ်သာသာမြင် ့တဲ ့ ဝရံတာလေးပေါ်တက်ထိုင်လိုက်ကြတယ်။
ဆရာတို ့ ဗိုက်ဆာနေကြပြီလား၊ ကျမ ဟင်းချက်နေတုန်း။ ဟင်းစားရောက်လာတာ နောက်ကျလို ့ ခဏစောင် ့ပေးကြပါအုံး ဆိုပြီး အားတုံ ့အားနာစကားဆိုလာတော ့ ကျနော်တို ့ ဒီချိန်စားချိန်မဟုတ်သေးပါဘူးအမ။ အေးဆေးချက်ပါ ရပါတယ် အမ ဆိုတော ့ သူမီးဖိုဖက်ပြန်ဝင်သွားတယ်။ ဒီအချိန်မှာ မျောက်ရှူံးအောင်ဆော ့တတ်တဲ ့ အိမ် ့ရှင် ့သားနဲ ့နော်ချဖေရဲ ့ညီမလေးတွေလည်း ငြိမ်ကုပ်လို ့။ ဒီအိမ်ရှင် တပည် ့လေးကတော ့ မီးဖိုချောင် သူ ့အမေနားကနေ ကျနော်တို ့ကို ချောင်းကြည် ့လိုက်။ ပုန်းလိုက်။
ကျနော်တို့တစ်အုပ်လုံးတိတ်နေကြတယ်။ ကလေးတွေတောင ်စကားမပြောကြတာ။ တစ်ခုခုတော့ တစ်ခုခုပဲလို့ ခဲံစားလိုက်ရတယ်။ ကျနော်လည်း ဝရံတာကနေ လှမ်းမြင်နေရတဲ့ အိမ်တွင်းဖက် အခြေအနေကို ဖမ်းလေ့လာ လိုက်တယ်။ အတွင်းဖက်မှာလဲ ကျဉ်းကျဉ်းလေး။ ဧည့်ခန်းတစ်ခုနဲ ့အိပ်ခန်းတစ်ခုသာ။ ဧည့်ခန်းမှာက ဘုရားစင်လေးတစ်ခု။ တဲဆောက်ထားပုံကြည့်ရတာ ယာယီခဏတာ နေဖို့ဆောက်ထားပုံမျိုး။ ယာတွေ ခြံ့တွေထဲမှာ ဆောက်ထားသလိုမျိုး ခြေတံရှည်လည်း မဟုတ်ပြန်။ ဒီအချိန်ထိ ကျောင်းသားလေးရဲ့ အဖေကို မမြင်ရသေး။ ကျနော် နော်ချဖေကို ကျနော့်ပါးစောင်းကိုလက်ညိုးနဲ့ထိုးပြပြီး ပုံစံလုပ်ပြတော့…….ဟာ ဆရာဆိုပြီး
သူ့ပုံစံကတွန့်ဆုတ်ဆုတ်ဖြစ်နေတယ်။ ကျနော်ကသူ့ကိုအမူအယာနဲ့ အတင်းခိုင်းလိုက်တော့မှ သူလည်းထိုင်ရာ
ကမထပဲ အိမ်ထဲကိုလှမ်းပြောလိုက်တယ်။
“မုဂါ …. ဆရာလေးကွမ်းစားချင်လို့..ကွမ်းရှိသလား။”
မီးဖိုဘက်ကအိမ်ရှင်အမျိုးသမီးကြီးက မီးဖိုကမထွက်ပဲ ကျနော်တို့ဘက်လှည့်ပြီး
“ အားနာလိုက်တာဆရာရယ်….. ဒီမှာကကွမ်းမစားကြတော့ ကွမ်းမရှိဘူးဆရာရဲ့။ ဆရာ့တပည့်လေးအဖေ
ရွာထဲသွားနေတာ လမ်းမှာပေးလိုက်မယ်” ဆိုပြီး တဲရှေ့ခြင်းကစားနေတဲ့ကောင်လေးကိုခေါ်လိုက်တယ်။ ကောင်လေးလည်းတခြားဘက်က တဲတလုံးထဲဝင်သွားပြီး သူတယောက်တည်း စကားပြောသံကြားလိုက်ရ
တယ်။ လက်စသတ်တော့ ရွာထဲကို တော်ကီနဲ့လှမ်းပြောနေတာကိုး။ ဒီတော့မှ ကျနော်ရောက်နေတဲ့နေရာကို
သတိထားမိတော့တယ်။ တောထဲကအရာရှိတယောက်ရဲ့အိမ်ဖြစ်မယ်။ ခုနကခြင်းကစားနေတဲ့ကောင်လေးတွေ
က ကရင်ရဲဘော်လေးတွေ၊ တဲရဲ့တဘက်တောင်ကုန်းကိုမီးလောင်အပြောင်ရှင်းထားတာ၊ တောင်ကုန်းပေါ်မှာ
သစ်ပင်ကြီးတွေရှိနေတာ၊ တဲရဲ့အနောက်ဘက်မှာတောအုပ်ရှိတာတွေထောက်ကြည့်တော့ သူတို့စစ်ရေးစစ်ရာ
အရ ယာယီစခန်းချထားပုံပဲ။ ညနေစာကတော့ ချေသားကရင်ချက်စပ်စပ်လေး၊ ငပိရည်ဖျော်နဲ့တို့စရာနည်း နည်း။ အိမ်ရှင်မကအကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ပေးထားတယ်။တောတွင်းပျော်ရဲ့အကြိုက်
တွေပါပဲ။ ဒီအရပ်ဒေသလူတွေက ငပိရည်ဖျော်မပါရင် ထမင်းမစားတတ်ကြဘူး။ ငပိတုံးလေးတွေကို အကြမ်း
သောက် ပန်ကန်လုံးလေးတွေနဲ့ ထမင်းနှပ်တဲ့အခါ ထမင်းအိုးထဲထည့်နှပ်ထားပြီး နောက်ငရုတ်သီးမရမ်းးပြား ခြောက်နဲ့ရောထောင်းပြီး အရေပြန်ဖျော်ထားတာ။
ထမင်းစားကောင်းပေမယ့် စိတ်ကကျဉ်းကျပ်နေသလိုဖြစ်နေတယ်။ နောက်ပြီး ထမင်းပူပူဟင်းပူပူတွေ
စားလိုက်ရလို့ ချွေးတွေပြန်ထွက်နေတယ်။ အများကြီးမစားနိုင်။ ဒါကိုအိမ်ရှင်မကမြင်တော့ စားမကောင်းလို့လား
ဆရာလေးလို့မေးတယ်။ မဟုတ်ဘူးအမ… စားကောင်းတယ်..ပါးစပ်ကထုံးပေါက်နေလို့ ကမန်းကတန်းပြန်ရှင်းပြ
တော့.. အမကြီးက ရယ်တယ်။ ကျနော်ကသာစကားသိပ်မပြောပေမဲ့ ဒီအမကြီးက ဟိတ်ဟန်မရှိ ရင်းရင်းနှီးနှီး
ဖော်ဖော်ရွေရွေပါပဲ။ နောက်ပိုင်းကျနော် လော့ခနီဆိုတဲ့ နယ်စပ်က မွန်ပြည်သစ်ပါတီစခန်းဘက် နွားမောင်းသွား
တော့ ခြောက်ထပ်ဆိုတဲ့ရွာကလေးကို ဖြတ်သွားဖြတ်လာလုပ်ရတယ်။ နယ်စပ်ကအပြန် ခြောက်ထပ်ရွာက ကုန်
စုံဆိုင်လေးမှာ သွားရေစာ ဝင်ဝယ်နေတုန်း ဘေးအိမ်မှာ ကွမ်းသီးခြောက်လှန်းနေတဲ့ ဒီအမကြီးကိုတွေ့တော့ ဝင်
နုှတ်ဆက်လိုက်ပါသေးတယ်။ ဒီရွာကအမတို့ရွာလား မေးတော့… ဟုတ်တယ် ဆရာ..အမတို့ကဒီမှာနေတာ။
“ကျနော့်တပည့်လေးကော”
“ သူလား….ကျောင်းရွာက ညီ မဆီမှာနေပြီး ကျောင်းတက်နေတယ်ဆရာ”
ကျောင်းရွာဆိုတာက ရေးမြိုနယ်ဘက်က ရွာကြီးတစ်ရွာပါ။ သူ့အိမ်မှာ ထမင်းစားဖို့ခေါ်သေးပေမဲ့.. ကျနော်တို့ ခရီးဆက်ရအုံးမှာမို့.. ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ဆက်ထွက်လာခဲ့တယ်။
ညစာစားမပြီးခင်လောက်မှာ အိမ်ရှင်တပည့်လေးရဲ့အဖေ သူ့နောက်လိုက်တယောက်နဲ့ ရွာထဲကပြန် ရောက်လာတယ်။ ကျောင်း(ဘုန်းကြီးကျောင်း)မှာ အစည်းဝေးရှိနေလို့ နောက်ကျသွားတယ်ဆရာရဲ့…ဒီမှာက ဘာမှမရှိလို့ စားရတာအဆင်ပြေရဲ့လားမသိဘူးဆရာ။ နေ့လည်က ချေသားရလို့..ဆရာ့ကိုကျွေးချင်လို့ ဖိတ်လို
က်တာ…ပြောရင်းဆိုရင်း အိမ်ပေါ်တက်လာတယ်။ ဒီတော့မှ ကျနော်သူ့ကိုသေသေချာချာ အကဲခတ်လိုက်
တယ်။ အသားဖြူဖြူ ရုပ်ရည်သန့်သန့်နဲ့သူ့ကို သီတာဘုန်းကျောင်း တစ်ကြိမ်လားနှစ်ကြိမ်လားမြင်ဘူးပါရဲ့။ သူ ဘယ်သူလဲဆိုတာ ကျနော်မသိ။ ထမင်းစားပြီးတော့ ကွမ်းဝါးရင်းနဲ့ သူနဲ့ နာရီဝက်လောက်နီးပါး စကားပြောဖြစ်
လိုက်ကြသေးတယ်။ သူကကျနော်ကွမ်းအရမ်းကြိုက်တာကို အဖိုးကြီးအဖွားကြီးတွေနဲ့တူကြောင်းပြောတော့..
ကျနော်တို့ တအုပ်လုံးရယ်ကြရသေးတယ်။ ဒီအရပ်ဒေသမှာက လူကြီးသူမတွေလောက်သာ ကွမ်းစားတာ။ လူငယ်တွေ ကွမ်းမစားကြ။ နောက် ကျနော် ကောလိပ်တက်တဲ့အတွေ့အကြုံတွေကိုစိတ်ဝင်တ
စားမေးတယ်။
ဒီအရပ်မှာက မူလတန်းအောင်ပြီး အလယ်တန်းတက်နိုင်သူတောင်မရှိကြတော့ ၁ဝတန်းအောင်ပြီး ကောလိပ်တက်နေတဲ့ ကျနော့်ကိုအတော်အထင်ကြီးနေကြပုံရတယ်။ ကျနော့်မှာသာ အမေ့ဆန္ဒကိုမလွန်ဆန်
နိုင်လို့ ဒီအဝေးသင်ကြီးကိုတက်နေရတာ။
သူ့အိမ်လေးကနေ ကျနော်တို့ပြန်တော့ အပြင်မှာမှောင်နေပါပြီ။ အိမ်ရှင်အမကြီးပေးလိုက်တဲ့ ဖယောင်း
တိုင်လေးကိုမီးညှိ စက္ကူနဲ့လိပ်ပတ် သစ်ရွက်နဲ့လေကွယ်ပြီး တောကျောင်းရွာလေးဆီကို ပြန်ခဲ့ကြတယ်။
အိမ်ရောက်တော့ အမမိငယ်ကို ထမင်းစားဖိတ်တဲ့အိမ်အကြောင်းမေးကြည့်တော့ သူကကရင်နာမည်
တခုခေါ်ပြတယ်။ ဒီနာမည်ကိုကျနော် ဒီရွာမလာခင်ကတည်းက မကြာခဏကြားဘူးပေမယ် ့ အခုလိုနဖူးတိုက်ဒူး
တိုက် သူ့အိမ်မှာ ထမင်းစားခွင့်ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့။ နောက်တနေ့ ကျောင်းသားမှတ်တမ်းမှာ အဲ့ဒီ ကျောင်းသားနာမည်နဲ့ အဖေနာမည်ကိုရှာကြည့်တော့ အမမိငယ်ပြောတဲ့နာမည်မဟုတ်ပြန်။ ဗမာနာမည်တခု ဖြစ်နေပြန်တယ်။ ဒါသူ့သားလေးရဲ ့ရှေ့ရေးအတွက်ဖြစ်မှာပါလို့ တွေးမိတယ်။

ကျနော်ဒီရွာလေးမှာနေစဉ်ကာလအတွင်းမှာ အလှူပွဲလေးတွေနှစ်ခုသုံးခုနဲ့ကြုံခဲ့တယ်။ အလှူပွဲဖြစ်ရင် ပွီဒီယိုငှါး
ပြီး ညလုံးပေါက်မိုးလင်းပြ။ ပြတာကဘုန်းကြီးကျောင်းရှေ့လယ်ကွင်းပြင်ပြောင်ပေါ်မှာ။ ပွီဒီယိုရှေ့မှာက အဖိုးကြီး
အဖွားကြီးတွေနဲ့ကျောင်းသားလေးတွေအပြည့်။ ဒီအချိန်ခေတ်စားတာက နေထက်လင်းတို့ သီဟတင်စိုးတို့ရဲ့
တော်လှန်ရေးကားတွေ။ ခလေးတွေမဆိုထားနဲ့ ဗမာစကားကောင်းကောင်းနားမလည်တဲ့လူကြီးတွေကတောင် ဒီမင်းသားတွေကိုပဲ ပွဲတောင်းတတ်ကြတယ်။ ယေကျာင်္လေးတွေကစားနေကြရင်တောင် သူတို့နှုတ်ဖျားက
“ ဒီကောင့်ကိုရှင်းပစ်လိုက်ကြစမ်း။”
“ဆုံးမလိုက်”
“ဟင်းဟင်း..ငါ့ကိုဒီလိုလာစမ်းလို့ဘယ်ရမလဲ”
စတဲ့ပွီဒီယိုထဲက စကားလုံးကြမ်းတွေအပြည့်။ တနှစ်က မြန်မာပြည်ပြန်တော့ အိမ်ကညီမလေးက ပွီစီဒီအငှါး
လုပ်နေတယ်။ အိမ်မှာက မြန်မာကားအများကြီး။ မြန်မာကားတွေမကြည့်တာကြာပြီမို့ တကားပြီးတကားထိုးကြ
ည့်တာ မင်းသားတွေ လူရွင်တော်တွေရဲ့ ပြက်လုံးတွေက ၁၈အောက်နားမထောင်ရချည်းပဲ။ ကလေးတွေလည်း ပွီဒီယိုထဲကစကားလုံးတွေမပြောကြတော့။
ပွီဒီယိုပွဲဖြစ်ပြီိဆိုရင် ပွီဒီယိုကွင်းပြင်ရဲ့ ဘေးပတ်ပတ်လည်မှာ ဆီမီးခွက်မှိတ်တုတ်မှတ်တုတ်နဲ့ ပွဲဈေးခင်း
လေးက ပါလာပြန်ရော။ ရောင်းတာတွေက ထွေထွေထူးထူးမရှိလှ။ အချိုအချဉ်ထုပ်ရောင်းတဲ့သူ၊မုန့်တီရောင်း
တဲ့သူ၊ကွမ်းယာရောင်းတဲ့သူ အားလုံးကကျနော့်တပည့်မလေးတွေချည်းပဲ။နောက်ဝါသနာရှင်တွေအတွက် ဖဲဝိုင်း
တောင်ပါလိုက်သေးတယ်။
ကျနော်လည်း တောကျောင်းရွာကတပည့်လေးတွေကိုအဖော်လိုက်ရင်း ဒီပွဲကိုရောက်ခဲ့တယ်။ ရောက်
ရောက်ခြင်း တပည့်တွေရဲ့ကွမ်းယာဆိုင်ရှေ့ကို တန်းကနဲပဲ။ ကျနော်ကဘယ်တော့မှ ကွမ်းယာအပိုမထား။ ဒီမှာက
လူကြိးတွေတိုင်းမှာ လွယ်အိတ်လေးကိုယ်စီနဲ့ လွယ်အိတ်လေးတွေထဲမှာ သူတို့သောက်ဖို့ ဆေးရွက်ကြီး၊ ဗန့်
ပိုးရွက်ခြောက်နဲ့ ကွမ်းကတော့အမြဲရှိတတ်တယ်။ သူတို့ရှေ့ရောက်တာနဲ့ သူတို့လွယ်အိတ်လေးတွေ ချပေးကြ
တာချည်း။
တပည့်လေးတွေနဲ့ စကားပြောနေတုန်း ရွာသားကြီးတယောက် ကျနော့်ကိုလက်တို့ခေါ်လို့ ပွီဒီယိုကွင်း
ပြင်ကိုထွက်လိုက်တယ်။ အပြင်ရောက်တော့ အဲ့ဒီရွာသားကြီးက လက်မထောင်ပါးစပ်မှာတေ့ပြီးမော့ချတဲ့ပုံစံ လုပ်ပြတယ်။ ကျနော်အရက်မသောက်တတ်ဘူး အကို ငြင်းတော့၊ သူကအရက်မဟုတ်ဘူးဆရာ ထန်းရည်.. ထန်းရည်။ “ထန်းရည်ဘယ်ကရတာတုန်း” ဆိုတော့ “ကျနော်တို့မှာထားတာအများကြီးပဲဆရာ…ဆရာမသော
က်တတ်လည်း လိုက်ခဲ့ပါ။ ဟိုမှာစကားအေးဆေးပြောကြတာပေါ့”ဆိုတော့ ကျနော်လည်းလိုက်သွားတယ်။ တောင်ကုန်လေးတခုပေါ်က စပါးနယ်တဲ့ တလင်းပြင်တခုကိုရောက်တော့ အဲ့ဒီမှာ လူလေးငါးယောက်ထိုင်နေတ ယ်။ လရောင်အောက်မှာ နေရာလေးက သာသာယာယာ။ အဲ့ဒီ့ဝိုင်းထဲကျနော်ဝင်ထိုင်လိုက်တော့ ချက်ချင်းပဲ ပ လတ်စတစ်မတ်ခွက်အပြည့်နဲ့ ထန်းရည်က ကျနော့်လက်ပေါ်ရောက်လာတယ်။ ကျနော်လည်း တဂွတ်ဂွတ်နဲ့ မနားတမ်းအပြောင်ရှင်း ကျိုက်ထဲ့လိုက်တယ်။ အား..ပါး…ပါး..။ မသောက်ရတာကြာလို့လားမသိ။ အရသာရှိလို
က်တာ။ သူတို့တတွေ ကျနော့်ကိုဝိုင်းကြည့်နေကြတယ်။ မသောက်တတ်ဘူးလို့ ထင်နေကြသလားမသိ။
တောတွင်းပျော် အရက်သာမသောက်ပေမဲ့ ငယ်ငယ်ကနွေကျောင်းပိတ်ချိန်ဆို ယောကအကိုကြီးကား
သမားတွေနဲ့လိုက်ပြီး ကျောက်ထုနယ်ယောနယ်တွေမှာ လှည့်ပတ်သောက်ခဲ့တာ။ တခါက ပခုက္ကူကြားစခန်းတ
ခုမှာ ဒီတုန်းက ကျနော် ရတန်းကျောင်းသားပဲရှိသေးတယ်။ ကျနော်ကတောင်ပေါ်ကအဆင်း တောင်ပေါ်ပြန်တ
က်မယ့်အတန်းဖေါ်သူငယ်ချင်းနှစ်ယောက်နဲ့ဆုံမိတယ်။ တစ်ယောက်က ကျနော်တို့မြို့နယ်ပညာရေးမူးသား၊ နောက်တယောက်က အောင်ဆန်းသူရိယတိုက်ချွန်းရဲ့သားအငယ် (ချင်းမရဲ့သား။ အောင်ဆန်းသူရိယတိုက်ချွန်း
မှာ ရှမ်းမနဲ့ချင်းမဆိုပြီး ဇနီးနှစ်ယောက်ရှိတယ်)။ ဒီကြားစခန်းရှေ့တည့်တည့်မှာ မနက်စောစောဆိုရင် ထမ်းပိုး ဆိုင်းနဲ့ရောင်းတဲ့ ထန်းရည်သည်ရှိတယ်။ သူ့ဆီမှာ အမြည်းသဘောနဲ့ အုန်းမှုတ်ခွက်တဝက်စာလောက်အလ ကားသောက်လို့ရတယ်။ မနက်စောစော ပင်ကျရေက ချိုမှချို။ နောက်ပြီး တပုလင်းမှာမှ နှစ်ကျပ်တည်းရယ်။ ကျ
နော်တို့ ၃ယောက်သားပေါင်းပြီး ခြောက်ပုလင်းဝယ်လိုက်တယ်။ ထန်းရည်သည်ဘေးမှာ သုံးပုလင်းကုန်အောင် သောက်ပြီးတော့..လူကသိပ်မဟန်နိုင်တော့။ ချိုလို့သာသောက်ကေင်းကောင်းနဲ့သောက်တာ ထန်းရည်အမူးက
နေမြင့်လေ ပိုမူးလေကိုး။ကျန်တာကို ဟမ်းကောထဲထည့်ပြီးကြားစခန်းအပေါ်ထပ်ကိုတက်ခဲ့ကြတယ်။ ကျနော်
တို့၃ယောက် ထန်းရည်သည်ဘေးမှာ ပုလင်းချ အကျအနထိုင်သောက်နေတာ လူအတော်များများကဝိုင်း ကြည့် ကြတယ်။ သူတို့ စိတ်ထဲမယ် ဒီကလေး၃ကောင်တော့ ပျက်စီးပါပြီလားလို့ တွေးနေမလား။ ကျနော်တို့၃ယောက် ကတော့ ဂရုမစိုက်။ အပေါ်ထပ်ရောက်တော့ အရမ်းမူးနေပြီ။ ၃ယောက်တည်းကြမ်းပြင်ပေါ်မှာ တလူးလူးတလိမ့်
လိမ့်။ မြို့နယ်ပညာရေးမူးကြီးက အပေါ်ထပ်တက်လာပြီး သူ့သားနဲ့ကျနော်တို့နှစ်ယောက်ကိုကြည့်ပြီး တဖျစ်ဖျစ်
တတောက်တောက်နဲ့။ ဆူငေါက်ပြောဆိုတာတော့မရှိ။ တောင်ပေါ်သားသုံးယောက် အခုမှမြေပြန့်စရောက်ဖူး
တာမို့ အခုလိုလက်တည့်စမ်းသောက်တဲ့ကိစ္စကို ခွင့်လွတ်ပေးလိုက်ပုံပဲ။
ကျနော်မော့သောက်ပုံမြင်တော့ ဆရာကြိုက်သလောက်သာသောက် အမူးသောက် မပြန်နိုင်ရင်ကျနော်
တို့လိုက်ပို့ပေးမယ် ဆိုပြီး ထန်းရည်ဂါလံပုံးကြီး ကျနော့်ဘက်ရွေ့လာတယ်။ ကျောင်းဆရာလည်း သာမာန်လူတယော
က်ပဲ နောက်ပြီး လူကလူငယ်၊ အမူးအပြဲသောက်ပြီး အကျယ်ကြီးသီချင်းထအော်ဆို၊ နောက်လိမ်တိမ်လိမ်တိမ်
နဲ့တောင် ကလိုက်ချင်သေးတာ။ မလုပ်သင့်တော့။ တပည့်တွေလေးစားတဲ့သူတို့ဆရာ မူးမူးရူးရူး၊ပေါတောတော
ကနေတာတွေ မသိစေချင်။ ဆင်ခြင်ရတော့မယ်။ နောက်ပြီး ဘုရားတရားအရမ်းကြည်ညိုလေးစားတဲ့ အမကြီးမိ
ငယ်တို့မိသားစုကိုလည်း အားနာစရာ။ ဒုတိယခွက် ငှဲ့ထည့်လိုက်တော့ ပထမတုန်းကလိုမသောက်တော့။ တကျိုက်ပြီး
တကျိုက်သာ အသာလေးသောက်တော့တယ်။ သောက်နေရင်းနဲ့ စကားဝိုင်းလေးဖြစ်လာတယ်။ ကျနော့်ကိုခေါ် လာတဲ့ အကိုကြီးက ကောက်ကာငင်းကာ “ဆရာ… ဒီရွာမှာ မိန်းမယူပါလား..ဆရာဘယ်သူ့ကိုကြိုက်သလဲ ပြော….ကျနော်တို့ရွာလူကြီးတွေနဲ့စီစဉ်ပေးမယ်” ရုတ်တရက်ကြီးထပြောလာတယ်။ ကျနော်မျက်လုံးပြူးသွား တယ်။ ဆက်ပြီးတော့ အဲ့ဒီအကိုကြီးပြောသေးတယ်… ဆရာ ကျနော်တို့ကလည်း အရင်ကဆရာတို့ရွာကပဲ ဒီမှာ လယ်လုပ်ရင်းနဲ့ ရွာဖြစ်သွားတာ။ တရွာတည်းသားချင်းပဲ အားမနာပါနဲ့..တဲ့။ သူတို့ဘာတွေစီစဉ်ထားတာလဲ..ကျ
နော့်ကိုဒီရွာမှာ အမြဲအတည်တကျနေနိုင်အောင် စီစဉ်ချင်ကြပုံရတယ်။ ထန်းရည်မူးလို့ ကျွဲခိုးပေါ်တာတော့မဟု
တ်…ကျနော့်သဘောထားသိချင်လို့ …. ဒီနေရာကိုခေါ်လာပြီး…. တီးတိုးသွေးတိုးစမ်းမေးကြတာပဲ..။
ကျနော်အိမ်ထောင်ပြုဖို့မဖြစ်နိုင်သေးကြောင်း… ကျောင်းသားတယောက်မို့ ကျောင်းတက်ရအုံးမယ် ့အ
ကြောင်း..နောက်ကျနော်တို့က ဒီနယ်ဘက်ကိုပြောင်းလာခါစမို့ လုပ်စရာအလုပ်တွေအများကြီးရှိနေသေး ကြောင်းနဲ့ နောက်နှစ် စာသင်ဖို့ကတော့ အဆင်ပြေမှာပါလို့ မတင်မကျပြောလိုက်တယ်။ တကယ်လည်း တော
တွင်းပျော်က တနေရာတည်းနေပြီး လုပ်ရမဲ့အလုပ်မျိုးမလုပ်ချင်။ သွားသွားလာလာ..လှုပ်လှုပ်ရှားရှား.. လုပ်ရမဲ့
အလုပ်မျိုးကိုမှ သဘောကျတာ။
ကျနော်တို့နှစ်ယောက် စကားဝိုင်းလေးကို ကျန်သူတွေက စိတ်ဝင်တစားနားထောင်နေကြတယ်။ ဘာမှ
တော့ဝင်မပြောကြ။ နောက်တော့ စကားလမ်းကြောင်းပြောင်းသွားတယ်။ ကျနော်မြို့ပေါ်မှာနေခဲ့တဲ့အတွေ့အကြုံ
တွေ..ကျနော်ရည်းစားချစ်သူအကြောင်းတွေလျှောက်မေးကြတယ်။ ကျနော်က ကိုယ့်အကြောင်းပြောရတာထ
ထက်..သူတို့အကြောင်းတွေကိုပိုနားထောင်ချင်တာ။ စကားကို အတင်းဖြတ်ပြီး ဘေးနားက မျက်မှန်းတန်းမိတဲ့
တယောက်ကို သူ့တိုက်ပွဲအတွေ့အကြုံကိုမေးလိုက်တယ်။ သူက အေအင်ယူက။ကျနော့်ကိုခေါ်လာတဲ့အကိုကြီး
က ဆရာ၊ သူကမဲသဝေါမှာတိုက်ခဲ့တယ်လို့ပြောတော့ ကျနော်ပိုစိတ်ဝင်စားသွားတယ်။ ၈၈နောက်ပိုင်းဖြစ်ခဲ့တဲ့ မဲသဝေါတို့ မာနယ်ပလောတို့ တိုက်ပွဲကြီးတွေက တနိုင်ငံလုံး သိမ့်သိမ့်တုန်ဖြစ်ခဲ့တာပဲ။ ဒီစစ်သားက သိပ်ပြောပြ
ချင်စိတ်ရှိပုံမရ။ ကျနော်နဲ့အတူ ထိုင်သောက်နေတဲ့သူတွေကလည်း သိချင်နေကြတယ်။ အားလုံးက ဝိုင်းမေးကြ
တော့မှ သူကစပြောလာတယ်။ “လူတွေအများကြီးသေတယ်။” လောက်ပဲပြောပြီး တန့်သွားတယ်။ ကျနော်တို့ အားလုံးတိတ်လို့။ သူ့ဆက်ပြောလာမယ့်စကားကိုနားစွင့်လို့။ သူ့အကြည့်ကရှေ့ကဂါလံပုန်းကြီးကို ငေးစိုုက်ကြည့်
နေတယ်။ သူ့စိတ်က တိုက်ပွဲတွေဆီပြန်ရောက်သွားပုံပဲ။ နောက်မှတဖြည်းဖြည်းခြင်း တစ်လုံးခြင်းနဲ့ဗမာစစ်သားတွေ
အများကြီးသေတယ်။ ကရင်တွေလည်းအများကြီးသေတယ်။ ကျနော်တို့က ကျင်းထဲမှာ ၃ယောက်၁ဖွဲ့။ တိုက်ပွဲမ
စခင်ကတည်းက ရိက္ခာ၊ရေ၊ကျဉ်ဆံ အပြည့်ပေးထားတယ်။ နှစ်ယောက်ကပစ် .. တယောက်ကမနားတမ်းကျဉ် ဖြည့်။ တစ်ယောက်သေနတ်နှစ်လက်စီ။ တစ်လက်ပူရင်တစ်လက်ပြောင်းပစ်။ ခေါင်းပေါ်မှာတော့ ကျဉ်ဆံတွေက ပျား
အုပ်ပျံနေသလိုပဲ။ ခေါင်းတောင်မဖေါ်ရဲဘူး။ သေနတ်တွေကို မြောင်းဘောင်ပေါ်တင်ပြီး ရမ်းတန်းပစ်ကြတာ။ နှစ်နေ့နှစ်ညထိုင်ပစ်ခဲ့ကြတာ။ လက်ညိုးတောင်မကွေးနိုင်လောက်အောင်ပဲ။ လူတွေအများကြီးသေတယ်ဆရာ.. လို့ထပ်ပြောသေးတယ်။ သူ့စိတ်ထဲမယ်…. လူသေပုံကြီး ပြန်မြင်ယောင်ပြီး စိတ်ခြောက်ခြားနေပုံရတယ်။ အဲ့ဒီအ ထိပဲ သူပြောပြီးစကားမဆက်တော့ဘူး။ ကျနော်တု့ိဝိုင်းလည်း တိတ်ဆိတ်သွားတယ်။ စောစောကလို မစိုပြေေ
တာ့။ ညသန်းခေါင်ယံလောက်ရှိတော့မယ်.. ကျနော်လည်းအားလုံကိုနှုတ်ဆက်ပြီး.. ထွက်လာတော့ ခြေလှမ်း
တွေကယိုင်တိုင်ယိုင်တိုင်။

10 comments

  • ခင်ဇော်

    February 21, 2015 at 7:46 pm

    ဖတ်ပြီး ပြောချင်တာတွေ များလိုက်တာ။
    ဖတ်လို့လည်း ကောင်းလိုက်တာ။

    ကျနော်တို့ တီဗီမှာ လာတဲ့ စစ်ကားထဲကလို
    တိုင်းရင်းသားရွာတွေကို ဆပ်ကြေးကောက်၊ မုဒိမ်းကျင့်၊ မီးရှို့၊ လူသတ်၊ လုယက်တာ တိုင်းရင်းသား အဖွဲ့အစည်းတွေ မဟုတ်တာတော့ အတော်အသက်ကြီးမှ သိခဲ့တယ်။
    အဲလိုဘက်တွေ ပညာရေး ဘယ်လောက် ချို့တဲ့ တယ် ခက်ခဲတယ် ဆိုတာလည်း ကိုယ်တိုင် သွားတဲ့ သူကပဲ သိနိုင်တယ်။
    ဒါပေမဲ့ အဲဒီလိုလူမျိုးတွေ ရဲ့စကားတွေကို ကျနော်တို့ အစိုးရက ဘယ်တော့မှ နားမထောင်ဘူးးးး

    :a:

  • Ma Ma

    February 21, 2015 at 8:30 pm

    ဖတ်ရတာ ရုပ်ရှင်ကြည့်နေရသလိုပဲ။
    ဆရာလေးကို သူတို့ရွာမှာမြဲသွားစေချင်လို့ တခါတည်း ရွာသားလုပ်ခိုင်းတော့မလို့။ :p:

    • တောတွင်းပျော်

      February 22, 2015 at 10:31 pm

      ကံကောင်းလို ့နော်..
      လူပြိုဖြစ်တော ့မလို ့……

  • အလင်းဆက်

    February 22, 2015 at 4:37 pm

    စစ်သားပုံ မပေါက်တဲ့စစ်သားများးး knu ထဲမှ မဟုတ်
    ရန်ကုန်မှာတောင် ရှိအိ။
    ကလေးတယောက်ဆီက MP 4 လေး လု ပြေးတဲ့ စစ်သားပေါက်စတယောက်တောင် မြင်ဖူးအိ။

    🙁

    အရေးကောင်းလိုက်တာဗျာာာ
    လူကို ဒီအထိ တယဉ့်တိုက် ပါလာအောင် ဆွဲခေါ်နိုင်တဲ့ အရေးအသားကြီး
    ပြီးတော့ ဆက်တိုက်ဆိုသလို အပိုင်းတွေကို အချိန်မဆွဲပဲ တင်ပေးနေတာကိုလည်း ကျေးဇူးတင်တယ်။

  • မြစပဲရိုး

    February 22, 2015 at 8:56 pm

    ဇာတ်သိမ်းမှာ ရွာလေး အဖယ်ခံလိုက်ရတဲ့ အကြောင်း ကို အခုမှ သိတော့ တယ်။
    သွေးကွဲအောင် ခွဲအုပ်ချုပ်နေတဲ့ သူတွေ လက်အောက်မှာ ဘယ်သူမှ မနေချင်တာ သိရက်နဲ့ မသိရောင်ဆောင်ပြီး တိုင်းပြည်ကိုကယ်တင် သူကြီးများ လုပ်နေကြတာ။
    တကယ်တော့ လူတိုင်း ကို သူတို့ နှိပ်ကွပ်ပြီး ထားနေတာ။
    တိုင်းရင်းသား တွေ ကို သိစေချင်တယ်။

  • padonmar

    February 22, 2015 at 10:33 pm

    ရုပ်ရှင်တွေ ဗွီဒီယိုတွေကလေ လူတွေကို Brain Wash လုပ်လို့ အကောင်းဆုံးပဲ။
    လူတွေ သိပ်မသိရတဲ့ ဘဝတွေကို ရေးပြတာ ကျေးကျေး။

  • Mr. MarGa

    February 23, 2015 at 10:49 am

    တီဒုံနောက်ကလိုက်ပါတယ်
    အနုပညာနဲ့ Brain wash လုပ်တာ အတော်ထိရောက်တယ် 🙁
    ဇာတ်သိမ်းကိုဆက်လိုက်ဦးမယ်ဗျာ

  • kotun winlatt

    July 15, 2016 at 10:59 pm

    ဟူးးးးးးးးးး
    စစ်
    @@@
    ဒုန်းးးးး ဒုန်းးးးး
    ဒက် ဒက်
    တုံးးးးလုံးးးးး
    ပက်လက်
    တဲ့ ဆရာရေ . . .

    • တောတွင်းပျော်

      July 16, 2016 at 1:15 pm

      ခု ဒီဒေသတွေ ပြောင်းလဲကုန်ပြီခင်ပြ။
      အရင်က ၃ ရွာတစ်ကျောင်းကနေ ခု တစ်ရွာ တစ်ကျောင်းကိုယ်စီ ဖြစ်သွားပြီ။

Leave a Reply