ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားသပိတ် အင်အားသုံး အဖြိုခွဲခံရသဗျ။ သပိတ်စုဝေးမှုခြင်း တူပါလျက် ကျောင်းသားကြ လက်ခံထားပြီး အလုပ်သမားမှ ဘာကြောင့် နှိပ်ကွပ်သလဲ..။ (၁) ချီတက်နေတဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်ပြတာ ဖြစ်မယ် (၂) ကျောင်းသားနဲ့ အလုပ်သမား ပေါင်းမိသွားမှာ ကြောက်ပုံရတယ် (၃) ဒါကတော့ အဓိကထင်တယ်… ပြည်သူလူထုနဲ့ မပေါင်းမိလို့။

ဘပြောင်စစ်တပိုင်းအစိုးမရ အပေါ်ယံကြော ဟန်ပြ လိမ်စား လှည့်စားနေတယ်။ ယုံသူကလည်းယုံဆဲ ဆိုတော့ ခံပေါ့။ အသိညဏ်နဲ့ ခွန်အား ပြိုင်တဲ့အခါ တွေ့ရတဲ့ အခက်အခဲပါပဲ။ အလုပ်သမားအရေးကိုကြည့်လိုက်.. ဒီလောက် နည်းတဲ့လုပ်ခကို ကာကွယ်သူ၊ မသိကျိုးကျွန်ပြုသူ မနည်းတာ တွေ့ရမည်။ စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေက လုပ်ခပိုပေးရတာမကြိုက်၊ အလုပ်သမား အခွင့်အရေး အသံဆို မကြားချင်။ အလုပ်သမား၊ ဝန်ထမ်းက ရနိုင်သမျှ ပိုလိုချဉ်မယ်… ဒါ သဘာဝ.. အပြစ်တင်စရာမဟုတ်။ အလုပ်ရှင် အများဆုံး လိုက်လျောနိုင်တဲ့ ပမာဏနဲ့ အလုပ်သမား အနိမ့်ဆုံး လက်ခံနိုင်တဲ့ ပမာဏ ဆုံချက်မိသွားတဲ့အခါ ပြေလည်သွားမည်။ အဲလို မဟုတ်လို့တော့ ဘယ်လောက် ဖိနှိပ်ဖိနှိပ်၊ ခြိမ်းခြောက် ခြိမ်းခြောက် သပိတ်တိုက်ပွဲ ဆက်ရှိနေမည်။ အလုပ်ရှင်ကလည်း ဘယ်လောက်ပဲ ဆန္ဒအပြခံရရ တကယ် ချောင်ပိတ် မမိသ၍ မပေး။

အလုပ်သမား တောင်းဆိုချက် များသလား..။ မထင်ပါ… တလလုံး နားရက်မယူလုပ်လျင်တောင် ခုနှစ်သောင်း၊ ရှစ်သောင်း..။ အခြားခံစားခွင့်လည်းမရှိ။ အခြေခံလစာဆို တလမှ လေးသောင်းဝန်းကျင်.. လူတယောက် ရှင်သန်ရပ်တည်နိုင်ယုံထက်မပို။ ခုလစာနဲ့ဆို တနေ့၁၂နာရီ ၁၄နာရီလုပ်၊ အိမ်ပြန်ရောက်တော့ ကြက်ဥလေးကြော်၊ ငါးပိရည်တို့စား၊ ပြီးတော့ ညမအိပ်ခင် အိမ်ထောင်ရှိလျင် အဝှာပြု.. အိပ်.. ခူး..ခလော။ နိုးလာ ထမင်းဘူးပြင် အလုပ်သွား။ ဒါနဲ့ သံသရာလည်… ဘယ်မှာလဲ လူ့ဘဝ။ အိပ်၊စား၊ကာမ လုပ်ယုံပဲဆို တိရစ္ဆာန်သာသာ ဘဝပေါ့။ အလုပ်ရှင်များ၊ သူဌေးအောက်ဆွဲများ၊ ငါ့တဘို့ထဲသမား မြင်ကြဖို့ပါ။

မြန်တျန့်ပြည် အထည်ချုပ်စက်ရုံတွေသည် စီအမ်ပီ လက်ခစားစနစ်နဲ့ တည်ဆောက်ထားတာဖြစ်တယ်။ အပ်ထည်အရေအတွက်လိုက်လို့ လက်ခရတယ်။ အပ်သူနိုင်ငံပေါ်လိုက်လိုက် အမြတ်အစွန်းကွာခြားမှုရှိတယ်။ ဂျပန်နဲ့အနောက်တိုင်းဈေးကွက် ပို့နိုင်သူ ပိုကျန်တယ်။ WTO ကမ္ဘာ့ကုန်သွယ်ရေးလွတ်လပ်ခွင့်နဲ့အတူ off shore manufacturing ခေတ်စားလာတယ်။ အစပိုင်းတော့ တရုတ်နဲ့ မက္ကဆီကိုဖက် ဦးတည်တယ်။ အဲဒီကုန်သွယ်မှု အစပိုင်း ၉၀ခုနှစ်လောက်မှာ အာဆီယံဖက်ရောက်လာတော့ မလေးဝံဂျီးချုပ် မဟာသီက ပူညံပူညံလုပ် ကန့်ကွက်သပေါ့။ ခေတ်သစ်ကိုလိုနီ စီးပွာရေးနယ်ချဲ့မှု ဘာညာကွိကွ.. ဒါပေမဲ့ နောက်ပိုင်း ဗီယက်နမ်၊လော၊ကမ္ဗောဒီးယားနဲ့ မြန်တျန့်လို့ ဈေးကွက်စီးပွားရေးပြောင်းစ နိုင်ငံတွေကို ဗိုလ်ကျလို့ရမှန်းသိတော့ ဒင်းလည်း ပါးစပ်ပိတ်ပြီး ဝင်တီးတာ ဘယ်ပြောကောင်းမလဲ..။

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လက်ခစားပေး အပ်တာနဲ့ပက်သက်လို့ အကြမ်းမျဉ်းပြောမည်ဗျာ… အာဆီယံမှာ မြန်တျန့်လုပ်ခ အပေါဆုံး (ဂုံယူလိုက်စမ်း)။ ယူအက်စ်မှာလုပ်လျင် အလုပ်သမားခ ဆယ်ဆ ပိုကြီးမည်။ ဒီတော့ နိုင်ငံခြားမှာ အဆက်အသွယ်ရှာ၊ တတ်နိုင်လျင် ကိုယ်တိုင်ရှယ်ယာဝင် စက်ရုံထောင် ဒါမှမဟုတ် ကန်ထရိုက်အပ်တယ်။ အဲဒီမှာ ကန်ထရိုက်အမြတ်၊ အခြားပေးရကမ်းရ ကုန်ကျစားရိတ်၊ အလုပ်ရှင်ကိုယ်တိုင် လခမြက်မြက်လေးယူ.. ယုံကြည်ရသူ လုပ်တတ်သူကို လခကောင်းကောင်းပေး၊ စက်ရံလည်ပတ်စားရိတ်၊ နောက်တော့ အလုပ်သမားကို အနိမ့်ဆုံးရအောင်ညှစ်.. ။ လခတိုးတောင်းလျင် မကိုက်ကြောင်း၊ နိုင်ငံခြားဖောက်သည်က တိုးပေးမည် မဟုတ်ကြောင်း ခိုလိုညည်းပြတာ ထုံးစံ။ လုပ်မနေနဲ့.. အဲဒီ အလုပ်ကို အပ်သူကိုယ်တိုင် ရှယ်ယာပါထားတာ မမေ့နဲ့။ အမြတ်ကို ဟိုမှာတခါ ဒီမှာတခါ နှစ်ခါယူထားတဲ့ သဘောကို မြင်အောင်ကြည့်ဖို့ပြောတာ။ ကိုယ်တိုင်မလုပ်လည်း အလုပ်သမားခ ဆယ်ဆသက်သာထားတဲ့ပစ္စည်း ပြီးတော့ စက်ရုံစက်ပစ္စည်းကုန်ကျစားရိတ်မရှိမို့ အမြတ်margin လျော့သွားတာပဲရှိမည်။ အလုပ်ရှင် ချမ်းသာ၍ အလုပ်သမား မချမ်းသာနိုင် သို့သော် စားဝတ်နေရေး ဖူလုံရမည်.. ဒါက အခြေခံ အကြောင်းတရား..။

အလုပ်သမား တထောင်ရှိလို့ တယောက် ၃၀၀၀၀ တိုးပေးလျင် တလသိန်း၃၀၀ ပိုသွားမည်ဆိုလည်း သူတို့ဟိုမှာ ရထားတဲ့ ဈေးနဲ့များစွာ တန်သေး၏။ တိုးတောင်းတဲ့အခါ လုပ်တတ်တာ နိုင်ငံခြားအလုပ်အပ်သူက ပြည်တွင်းပါတနာ (သို့)ကန်ထရိုက်တာကို ရာခိုင်နှုန်းပိုပေးပြီး လခတိုးမပေးရအောင် (သို့) အနည်းဆုံးတိုးပေးရအောင် လုပ်ခိုင်းမည်။ ပြည်တွင်းပါတနာ (သို့) ကန်ထရိုက်တာကလည်း ပိုလာတဲ့ငွေ အိပ်ထဲထည့်ပြီး အရိုးအရင်းလေးစွန့်ပေးဖို့ကြံမည်။ နိုင်ငံခြားအလုပ်ရှင် (သို့) ပြည်တွင်းကန်ထရိုက်တာဖက်က အမြတ်ရာခိုင်နှုန်းကို မလျော့ခြင်သ၍ ပြသနာ မပြေလည်။ ဒါဆို လခတိုးပေးရလို့ စက်ရုံပိတ်ထွက်သွားမလား။ မဖြစ်နိုင်… ပြောပြီးပါပြီ.. သူတို့ရတဲ့ အမြတ်အစွန်းသည် အခြားမှာ ပြောင်းရှာမရအောင် ကြီးသည်။ ဒီတော့ တွန်းမပို့သ၍ ကုတ်ကတ်တွယ်နေမည်။

မပေးလိုလျင် ခိုင်လုံသော အကြောင်းပြချက် ရှိရမည်။ တနှစ်ဝင်ငွေ ဘယ်လောက်ရှိသလဲ၊ အကောက်ခွန်၊ ဝင်ငွေခွန် ဘယ်လောက် ဆောင်သလဲ။ စာရင်းစစ်ဘယ်သူလဲ။ စက်ရုံမှတ်တမ်းနဲ့ အစိုးရကိုတင်တဲ့ မှတ်တမ်းတိုက်ကြည့်။ အကြမ်းမျဉ်းအားဖြင့် သိနိုင်သည်။ နိုင်ငံခြားမှာတော့ အဲလိုအချက်အလက်မျိုး လူတိုင်းကို ထုတ်ပြဖို့ မဖြစ်နိုင်တဲ့အခါ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်ရှင် ကိုယ်စားလှယ်များ ကော်မတီဖွဲ့ စစ်တယ်၊ အတည်ပြုတယ်၊ ညှိနှိုင်းတယ်။ အဲလိုမှ မလုပ်ခြင်ရင် အလုပ်သမားတောင်းဆိုတဲ့ လခပေးပါ။ ဘာလို့လဲ အလုပ်ရှင်ဖက်က လိမ်နေလို့၊ လိမ်တာမှ အစိုးရကိုလည်းလိမ်တယ်၊ အခွန်ထမ်းပြည်သူကိုလည်းလိမ်တယ်၊ အခွန်ဆောင်လုပ်ငန်းအခြင်းခြင်းကိုလည်း လိမ်တယ်။ နိုင်ငံဒေါ်သစ္စာဖောက်မှု၊ နိုင်ငံတော်ပုန်ကန်မှု… အောင်မငှီး ပြောရင်း ကြက်သီးထလာပြီ။

လှုပ်ရှားမှ မုန့်စားရမည် ရဲဘော်တို့

လှုပ်ရှားမှ မုန့်စားရမည် ရဲဘော်တို့

လူထု ထောက်ခံမှု အရယူ၊ ကျောင်းသားသပိတ်နဲ့ ပေါင်းနိုင်လျင် လမ်းစရှိသည်။ စက်မှုဇုံမှာတင် ပိတ်မနေနဲ့.. လမ်းပေါ်ထွက်ကြ၊ အခြားစက်ရုံအလုပ်ရုံများ၊ စက်မှုဇုံများနဲ့ ပူးပေါင်းပြီး အထွေထွေ သပိတ်တိုက်ပွဲ ဆင်နွှဲကြ။ အဲလို လုပ်ပြနိုင်မှ ဒင်းရို့ အူယားဖားယား ပြေးကပ်လာလိမ့်မည်။ လေးစားရကောင်းမှန်း သိမည်။ လက်ရှိအနေအထားမှာ ရန်ကုန်တိုင်းအစိုးရအဆင့်လောက်နဲ့ လျှိုထားတယ်။ ပြီးသွားတော့လည်း ဘပြောင်အစိုးမရ မျက်နှာမပျက်၊ ပိုကြီးလာတော့လည်း ဘပြောင်စေတဏှာဆိုပြီး နာမည်ကောင်းယူ စေ့စပ်မည်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းအစိုးရအဆင့်ကို ဖြတ်ကျော်နိုင်မှ အလုပ်သမားတိုက်ပွဲ မျှော်လင့်ချက်ရောင်နီသမ်းမည်။

လုပ်အားထွက်ကုန်က အာဆီယံအဆင့်ပင် မမှီဆိုလျင် အာဆီယံစံနှုန်းနဲ့ အလုပ်သမားတွေအတွက် ဘာများလုပ်ပေးဖူးပါသနည်း။ အလုပ်သမား ဥပဒေက တဖက်စောင်းနင်း..၊ လုပ်ခအရမ်းနည်းကြောင်း လက်ခံတယ်.. ဒါပေမဲ့ အနိမ့်ဆုံးလုပ်ခ မသတ်မှတ်နိုင်.. အစိုးရကြောင့်လား လွှတ်တော်ကြောင့်လား ဘာမှ မဟုတ်ဘူး ဗိုလ်သမ်းရွှေ မပြောသေးလို့… နိုင်ငံရေးပါပဲ။ အနိမ့်ဆုံးလုပ်ခ ဥပဒေ မသတ်မှတ်သ၍ အလုပ်ရှင်က နည်းမျိုးစုံသုံး ရှောင်နေဦးမည်။ သတ်မှတ်လည်း တိကျရမည် ပြင်းထန်ရမည်။ အလုပ်သမားကြတော့ ထောင်ဒဏ်၊ အလုပ်ရှင်ကတော့ ငွေဒဏ်တသိန်း.. မတရားမှုကတော့ ကမ်းကုန်နေပြီ။ အင်တာနက်မှာ ဖွတ်အောက်ဆွဲ၊ စစ်လမ်းနီးတွေနဲ့ သူသေကိုယ်သေ လေကြောင်းတိုက်ပွဲ ဆင်နွှဲတော့ တေ၈ါင်က ဘာပြောလဲဆို ကြိုက်မှလုပ် မကြိုက်လျင် မလုပ်နဲ့တဲ့။ ဘာလို့ အဲဒီ အသိညဏ်မဲ့ ရိုင်းပြတဲ့ စကားထွက်သလဲ။ အနိမ့်ဆုံးလုပ်ခ မရှိလို့ ကိုယ်ခြင်းမစာပြောထွက်တာ။ သူကိုယ်တိုင်ကလည်း အဲဒီစကား ဘယ်လောက်ရှက်ဖို့ကောင်းသလဲ သိပုံမရ၊ မရဆို နိုင်ငံတဂါ အတွေ့အကြုံမရှိ.. ဝါးလုံးခေါင်းထဲ လသာနေတဲ့ ဖွတ်မျိုးဖြစ်မှာပေါ့။ မြန်တျန့်ပြည်မှာ အခုတောင်းနေတဲ့ အလုပ်သမား အခွင့်အရေး လွန်ခဲ့တဲ့နှစ်တရာက ဥရောပနဲ့ ယူအက်စ်မှာ ရခဲ့ပြီးပြီ။ အာဆီယံမှာ မျိုးဆက်တဆက် ခံစားပြီးပြီ။ ဒါကိုမှ ရူးခြင်ယောင်ဆောင်နေတာဆိုလျင်ဖြင့် တိုက်ယူဖို့ကလွဲ အခြားမရှိပြီ။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ငါကွဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး