နားစွန်နားဖျား ရပ်ကွက်…။ (March’ 2015)

black chawMarch 5, 20154min38452

ဒီလအတွင်း အနုပညာ သတင်းတွေ ကို နိုင်ငံရေးသတင်းတွေက

ဆူနာမီလှိုင်းကြီးတွေလို ဖုံးအုပ်သွားခဲ့ပါတယ်ဗျာ…။

ဗိုလ်ချုပ်မွေးနေ့နဲ့ ပဲပြုတ်နံပြား၊

လောက်ကိုင်စစ်ပွဲ…၊

ကျောင်းသားသပိတ်…၊

အလုပ်သမားသပိတ်…၊ စသည်ဖြင့်…။

အခုလောလောဆယ်တောင် ကျောင်းသားသပိတ်ဆက်လက် ဆင်နွှဲသင့်တယ် မသင့်ဘူးနဲ့

အငြင်းပွားလို့ နေကြရဲ့…။

အဲ့လို နိုင်ငံရေးသတင်း ဆူနာမီကြီးတွေ ကြားထဲက ဂျာနယ်စာမျက်နှာများပေါ် ထိုးဖေါက်ရောက်ရှိလာတဲ့

အနုပညာ သတင်းအတိုအထွာလေးတွေကို ဖေါက်သည်ချရမယ်ဆိုရင်ဖြင့်…..။

 

ချက်အောက်ပျက်လုံးများနှင့် ဗိုလ်ချုပ်ဂုဏ်ပြုအငြိမ့်

ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ ရင်တွင်းဖြစ် လို့ ဆိုတဲ့ နှင်းဆီ အငြိမ့်ပေါ့ခင်ဗျာ…။

လူပျက်မင်းသားလေးတွေခင်ဗျာလည်း ဗိုလ်ချုပ်ဂုဏ်ပြုအငြိမ့်မို့ အောက်ပိုင်းပျက်လုံးတွေ

မပျက်ကြဖို့ ကြိုကြိုတင်တင် အချင်းချင်း သတိပေးကြရှာပါတယ်…။

ဒါပေမယ့် ပျက်လုံး ရှား တယ်ထင်ပါရဲ့…။

ပျက်လုံးတွေက တင်ပါးနဲ့ ရင်သား အထူးပြုပျက်လုံးတွေ ဖြစ်ခဲ့ရပေါ့…။

ဘီအီးဒီ အောင်သိုက်ပြောတဲ့ မရယ်ရတဲ့အပြင် ရယ်တောင်ရယ်ရသေးတယ် ဆိုတဲ့

ပျက်လုံးတွေပေါ့ခင်ဗျာ…။

ဖူးစုံရဲ့ ရင်သားကြီးတွေ ကလည်း ရယ်ရတယ်ခင်ဗျ…။

အိချောပို ရဲ့ တင်ပါးကြီးတွေကလည်း ရယ်ရတယ်ခင်ဗျ…။

ဟုတ်ကဲ့ သူတို့က အဲဒါကြီးတွေနဲ့ ပျက်လုံးထုတ်တော့ ကျွန်တော်တို့ကလည်း

အဲဒါကြီးတွေကို ကြည့်ကြည့်ပြီး ရယ်ကြရတာပေါ့ခင်ဗျာ..။

အိချောပို ကလည်း အိချောပိုပါပဲ ခင်ဗျာ…။

မင်းမော်ကွန်းပြောတဲ့ လယ်ထွန်စက်ကြီးလိုပါပဲခင်ဗျ…။

ဟေး…ဟေး…။

အဆင့်အတန်းရှိတဲ့ ပျက်လုံးလေးတွေလည်း ပါခဲ့ပါတယ် ကျောင်းဒကာ…။

ဂီတစာဆိုလေး လွှမ်းပိုင် ရဲ့ မင်းရဲကျော်စွာဗိုလ်နေတိုး သီချင်းကိုဖျက်ပြီး

ကဏ္ဍစုံ ပျက်လုံးထုတ်သွားတာလေးကို အကြိုက်ဆုံးပါပဲခင်ဗျာ…။

အကယ်ဒမီ မရခဲ့တဲ့ နေတိုးကိုယ်တိုင် အကယ်ဒမီကို လှောင်ပြောင်သရော်သွားတာခင်ဗျ…။

ဘာပဲပြောပြောပေါ့ဗျာ…။

နှစ်တစ်ရာပြည့် ဗိုလ်ချုပ်မွေးနေ့ ဂုဏ်ပြု အငြိမ့် ဆိုတာလေးကို ဖယ်လိုက်ရင်

နှင်းဆီအငြိမ့် အောင်မြင်ခဲ့ပါတယ်ဆိုတဲ့အကြောင်း…။

နောက်ဆက်တွဲသတင်းအနေနဲ့ ကွမ်းလုံရက် ၄ဝ ဆိုတာကို ကွန်ဒုံး ရက် ၄ဝ လို့

ပျက်မိရှာတဲ့ လူရွှင်တော်လေး အကယ်ဒမီမင်းမော်ကွန်း ခင်ဗျာ

တားတား စစ်တပ်ကို အမြင်မကြည်ဘူးဆိုတာ မဟုတ်ပါဘူး…၊

တားတား အဘိုးကလည်း စစ်သားပါ…။

တားတား အဖေကလည်း စစ်သား…တော့ မဟုတ်ပေမယ့် စစ်သား ဖြစ်ချင်ခဲ့သူပါ…၊

တားတား အနေနဲ့လည်း တစ်ချိန်မှာ စစ်မှု မထမ်းမနေရ ဥပဒေ အသက်ဝင်လာခဲ့ရင်

စစ်သားလုပ်သွားမှာပါ…၊

စသည်ဖြင့် တောင်းပန်စကားတွေ အထပ်ထပ် ချွေနေရတယ် ဆိုတဲ့ အကြောင်း။

မင်းမော်ကွန်းလေးက တောင်းပန်စကားပြောတာတောင် ရယ်ရတယ်ခင်ဗျ…။

အဖေက စစ်သားတော့မဟုတ်ပေမယ့် စစ်သားဖြစ်ချင်ခဲ့သူပါ…တဲ့…။

ရယ်လိုက်ရတာ အူ့ကိုတက်လို့…။

 

 

ဇာဇာထက် ရဲ့ နိုင်ငံရေး

ဆက်စီမော်ဒယ်အဖြစ် နာမည်ကြီးတဲ့ ဇာဇာထက် က ကျဆုံးတပ်မတော်သားတွေအတွက်

ငွေကျပ်တစ်သိန်း လှူဒါန်းသွားပါတယ်ဗျာ…။

ပြီးတော့ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ဝတ်စုံနဲ့ ဓါတ်ပုံရိုက်ပြီး

တစ်ပတ်လုံး Facebook ပေါ်တင်သွားပေးဦးမှာပါတဲ့…။

ဇာဇာထက် ရဲ့

ဆက်စီမော်ဒယ်လည်း နိုင်ငံနဲ့လူမျိုးကို ချစ်တာပဲ

ဆိုသည့် စကားလေးကလည်း အလွန်လှပခဲ့ပါသည်ပေါ့ခင်ဗျာ…။

ချစ်ပါ…။

စိတ်ရှိလက်ရှိသာ ချစ်လိုက်စမ်းပါ…။

ဝမ်းသာရမလို…၊ ဝမ်းနည်းရမလို ဖြစ်ရတဲ့ သတင်းလေးတစ်ပုဒ်ကတော့

ဇာဇာထက်တစ်ယောက် အဖေါ်အချွတ် ပုံတွေ ရိုက်တာကို လျှော့ချသွားတော့မယ်လို့ ဆိုပါတယ်…။

ဇာတို့ လုပ်ခဲ့ပြီးသွားပြီ…၊ ထပ်ပြီးတော့ မလုပ်ချင်တော့ဘူး…၊ ဘာလို့လည်း ဆိုတော့

လုပ်တာလည်း အရမ်းများနေပြီ…၊ နောက်ဆုံး လုံးဝ ချွတ်ရိုက်မှပဲ ရတော့မှာလေ…၊

လူတွေကလည်း မပေါ့်တပေါ် ဖီလင်ကိုပဲ ကြည့်ချင်ကြတာ…၊ အရမ်းပြတာကိုလည်း

မကြည့်ချင်ကြဘူးလေ…၊

လို့ ဇာဇာထက် က ပြောသွားပါတယ်ဗျာ…။

ကဲ…ဆက်စီမော်ဒယ်လေးကတောင် နိုင်ငံနဲ့လူမျိုးကို ချစ်ပြသွားပြီ…။

ခင်ဗျားတို့ ကျွန်တော်တို့ကလည်း နိုင်ငံနဲ့လူမျိုးကို ချစ်ပြလိုက်ကြပါစို့…။

 

 

ဝိုင်း ရဲ့ ဟောကိန်း…။

ဒိုးကနဲ ဒေါက်ကနဲ စကားလုံးမြားတွေ ပြစ်လွှတ်တတ်တဲ့ ဝိုင်း တစ်ယောက်

အကယ်ဒမီရသွားပြီနောက် အနည်းငယ် အသံတိတ်သွားပါတယ်…။

အထူးသဖြင့် ဒီနှစ် မချီးမြှင့်ခဲ့တဲ့ ပညာရပ်ဆိုင်ရာ အကယ်ဒမီဆုတွေအတွက်

ဝိုင်းဆီက လုံးဝအသံတိတ်သလို ဖြစ်နေခဲ့ပါတယ်…။

အဲဒါနဲ့ ပတ်သက်လို့ ဝိုင်း ရဲ့ အဆိုက ဒီလိုပါ…။

လူပိန်းတွေကတော့ ဝိုင်းဆုရလို့ ပါးစပ်ပိတ်သွားတယ်လို့ တွေးကြမှာပေါ့။

ပွဲပြီးသွားမှ ထပြီးကန့်ကွက်တဲ့အလုပ် မလုပ်နဲ့။

ပွဲမစခင်ကတည်းက မတရားဘူးထင်တဲ့ အချက်တွေကိုပြော။

သူတို့ မတရားခံခဲ့ရတယ်ဆိုတာ ဝိုင်းလောက် မဆိုးသေးပါဘူး။

လို့ အိုအေစစ်ဂျာနယ်ကို ပြောသွားခဲ့ပါတယ်ဗျာ…။

မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်လို့ ပြတ်သားတဲ့ အမြင်တစ်ခုကိုလည်း ဟောကိန်းထုတ်သွားပြန်ပါတယ်။

မြန်မာ့ရုပ်ရှင် အဆင့်အတန်းသည် အခု ရိုက်နေကြတဲ့ ရိုက်ကူးရေးပုံစံအတိုင်း

လက်ရှိ ရှိနေတဲ့ အဆင့်အတန်းအတိုင်း

ဆက်သွားမယ်ဆိုရင် ၂၀၁၆ မှာ ရုပ်ရှင်လောက ကျဆင်းသွားနိုင်တယ်

လို့ ဒါရိုက်တာ ဝိုင်းက နံနက်ခင်း ဂျာနယ်ကို ပြောသွားခဲ့ပါတယ်ဗျာ။

စောင့်သာကြည့်ကြပေတော့ ကျောင်းဒကာတို့ရေ…။

ချစ်ကောင်း + အိမ့်ချစ် ရှိုးပွဲကြီး

အချိန်ရေစီးကြောင်းကတော့ တစ်သွင်သွင် စီးနေပါတယ်ခင်ဗျာ…။

ရော့ခ်ကဗျာတွေကို အတွဲလိုက်သီဆို အောင်မြင်ခဲ့သော

ရော့ကာကြီး ချစ်ကောင်း ရဲ့ သမီး အိမ့်ချစ် တောင် အောင်မြင်တဲ့

အဆိုတော် တစ်ယောက်ဖြစ်နေခဲ့ပါပြီ။

ချစ်ကောင်းမှသည် အိမ့်ချစ်ဆီသို့ပေါ့ ကျောင်းဒကာ…။

အခုလာမယ့် မေလ ၉ ရက်နေ့မှာ ချစ်ကောင်း-အိမ့်ချစ် သားအဖ ၂ယောက် အတူတွဲလို့

အမျိုးသားဇာတ်ရုံမှာ ရှိုးပွဲကြီးကျင်းပတော့မှာပါတဲ့…။

ချစ်ကောင်းသမီး အိမ့်ချစ် ကနေ အိမ့်ချစ် အဖေ ချစ်ကောင်း ဆိုတဲ့ ပြောင်းလဲလာမှုအပေါ်

ဘယ်လိုခံစားမိပါသလဲ

လို့ နံနက်ခင်း ဂျာနယ်က အိမ့်ချစ် ကို မေးပါတယ်…။

အိမ့်ချစ်က

ချစ်ကောင်းသမီး အိမ့်ချစ် အနေအထားမှာ သမီးဘက်က အင်အား အရမ်းကို နည်းနေပါသေးတယ်။

လို့ ဖြေသွားခဲ့ပါတယ်ဗျာ…။

မှန်တာပေါ့သမီးလေးရယ်…။

ချစ်ကောင်းလို ဖြစ်ဖို့ကတော့ အိမ့်ချစ် အနေနဲ့ အတော်ကြီး ကြိုးစားရဦးမယ်လို့

ရိုးသားစွာ ထင်မြင်မိပါကြောင်း…။

 

နီနီခင်ဇော် ရဲ့ ဂယ်ဘဲ ဂယ်ဘဲ

ခေတ်ကတော့ နီနီ့ ခေတ်လို့ကို ပြောရတော့မယ့် အပေါက်မျိုးကြီးပေါ့ ကျောင်းဒကာ…။

ပီသကြည်မြ တဲ့ အသံ…၊ သားကောင်းမိခင် ပီသတဲ့ ကိုယ်လုံးကိုယ်ပေါက် နဲ့

စွဲဆောင်နိုင်စွမ်း မြင့်မားတဲ့ ဝတ်စားဆင်ယင်ပုံတွေကြောင့်

အစ်ကိုကာလသားတွေ ရင်ထဲမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားခဲ့ပြီလို့

ပြောရတော့မှာပါပဲ…။

ပြီးခဲ့တဲ့ ဂီတဆုပေးပွဲမှာလည်း ဆုတွေ ဆွတ်ခူးပြီး ဂီတ အရည်အသွေး ကို မှတ်ကျောက်တင်

နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်…။

နားစွန်နားဖျား ကြားရတဲ့ သတင်းတစ်ပုဒ် အရတော့ နီနီခင်ဇော် ဟာ

မိန်းကလေး အဆိုရှင်တွေထဲ ဆိုကြေးအမြင့်ဆုံး လို့ ဆိုနေပါတယ်ခင်ဗျာ…။

သူ့ခေတ် သူ့အချိန်ဆိုတော့လည်း ဘာလုပ်လုပ်တင့်တယ်နေတော့တာ ခင်ဗျ…။

အခုလည်း ဂယ်ဘဲဂယ်ဘဲ အမည်ရ သီချင်းတစ်ပုဒ်တည်းကို DVD တစ်ချပ် ၆၀ဝ ကျပ်နဲ့

ဈေးကွက်ထဲ ဖြန့်ချိမလို့ပါတဲ့…။

နီနီခင်ဇော်သာ ဖြစ်ပလေ့စေ…၊ ၆၀ဝ မဟုတ်ဘူး ၆၀၀ဝ ဆိုလည်း အားပေးမယ်ဆိုတဲ့

ကျောင်းဒကာ ကိုကို မမ များအတွက် သတင်းကောင်းပါးအပ်ပါသည်ပေါ့ခင်ဗျာ…။

တစ်သက်တာ ထူးချွန်ဆုရတဲ့ ဇာလျန်း

မြန်မာ့ဂီတ ထူးချွန်ဆု ပေးပွဲ ၂၀၁၄ မှာ တစ်သက်တာ ဂီတ ဆုရှင် အဖြစ်

Bass ဂစ်တာသမားကြီး ကိုဇာလျန်း ကို

ရွေးချယ် ချီးမြှင့်လိုက်တဲ့ သတင်းလေး ထည့်ပြောခဲ့ချင်ပါသေးတယ်…။

ဆုအဖြစ် ကျပ်ငွေ သိန်း ၅ဝ နဲ့ ဆုအရုပ်လေး တစ်ရုပ်ချီးမြှင့်ပါတယ်…။

ကျပ်ငွေ သိန်း ၅ဝ ဟာ များတယ်လို့ မဆိုနိုင်ပေမယ့် နည်းတယ်လို့လည်း

ပြောလို့ မရပါဘူးခင်ဗျာ…။

အင်မတန်သင့်လျော်သော ရွေးချယ်မှုတစ်ခုအဖြစ် ထောက်ခံလိုက်ရပါတယ်…။

ကိုဇာလျန်းက သီချင်းလည်း ရေးပါတယ်…။

ကိုဇာလျန်း ရေးတဲ့ သီချင်းလေး ၂ ပုဒ်ကို ကျွန်တော် အခုထိ မှတ်မှတ်ရရ ရှိနေပါတယ်…။

မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် စီးရီးထဲက လိုရင်အကုန်လုံးယူ သီချင်းနဲ့

အကုန်ရရင် ရ သီချင်းပါ…။

အဲဒီ သီချင်း ၂ ပုဒ်ကို နားထောင်လိုက်တာ နဲ့ ကိုဇာလျန်းကြီးဟာ အတော် စိတ်ကြီးပုံရပါတယ်…။

လိုရင် အကုန်လုံး ယူ ရယ်လို့ ချစ်သူကို ရက်ရောတတ်သလို

အကုန်ရရင်ရ မရရင် ဘာမှ မလိုချင်ဘူးရယ်လို့လည်း ချစ်သူကို စကားနာထိုးတတ်တယ်ခင်ဗျ…။

စစ်နဲ့ ငြိမ်းချမ်းရေး ကလည်း ကိုဇာလျန်းလက်ရာလို့ ထင်ပါတယ်…။

ဆိုတော့ ကိုဇာလျန်း တစ်ယောက် တစ်သက်တာ ဂီတထူးချွန်ဆု ဆွတ်ခူးသွားတဲ့ အပေါ်

လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူပါတယ် ဆိုတဲ့ အကြောင်း…။

အတိုအထွာ သတင်းအပိုင်းအစများ

Miss Asia Pacific World 2014 ဆုရှင် မေမြနိုးလေးနဲ့ အဆိုတော် အစ္စဏီ တို့

ချစ်သူတွေ ဖြစ်နေကြပြီဆိုလား နားစွန်နားဖျားရပ်ကွက်ထဲ သတင်းတစ်ပုဒ်ဖြစ်လို့

နေလေရဲ့…။

မေမြတ်နိုးလေး ဘက်ကတော့ မဟုတ်ပါဘူးလို့ ငြင်းနေတာပါပဲ ခင်ဗျာ…။

ဘလက်ချောကြီးကလည်း မဟုတ်ပါစေနဲ့ လို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ…။

မဟုတ်ပါစေနဲ့…။

မဟုတ်ပါစေနဲ့…။

 

မြန်မာပြည်ဖွား…၊ ဘောလိဝုဒ်သရုပ်ဆောင်…မင်းသမီး လိုင်လာခန်း တစ်ယောက်

ယောက်ျားယူတော့မလို့တဲ့…။

သတို့သားက မြန်မာပြည်က မဟုတ်ပါဘူးတဲ့…။

ဘောလိဝုဒ် မင်းသားလည်း မဟုတ်ပါဘူးတဲ့…။

မလေးရှားမှာ ကျောင်းတက်တုန်းက တွေ့ခဲ့တဲ့ သူပါတဲ့…။

ဘာတတ်နိုင်မှာလဲဗျာ…။

ရွာနားကမျက် ရွာနွားမစား ဆိုတဲ့ စကားပုံကလည်း အထင်အရှားရှိနေမှကိုး…။

 

လူပျိုဟောင်းလေး မောင်ကိုင်ဇာ တစ်ယောက် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ

အသက် ၅၄ နှစ် ပြည့်ခဲ့ပါပြီတဲ့…။

သူ့ရဲ့ ဖော့ကန် နေအိမ်မှာ မွေးနေ့ အတွက်

ဝက်သား အချိန် ၆၀၊ ငပိကြော်၊ သီးစုံပဲကုလားဟင်းတို့နဲ့ စတုဒီသာ ထမင်း ကျွေးခဲ့ပါသတဲ့…။

သာဓု…၊ သာဓု…၊ သာဓု…ပါဗျာ…။

 

သုံးထပ်ကွမ်း အကယ်ဒမီ ပြေတီဦး တစ်ယောက် ဒီနှစ်ရတဲ့ အကယ်ဒမီ ရွှေကြယ်ကို

ဒါရိုက်တာ ဝိုင်း သို့ ကန်တော့မယ်ရယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်ခင်ဗျာ…။

ဒါ…လေး…များ…။

 

အဆိုတော် စိုင်းလွှမ်း…၊ ဇနီး အကယ်ဒမီ ထက်ထက် မိုးဦး နဲ့ သမီး စစ်လွန်းဝတီထက် တို့မိသားစု ဟာ

လောက်ကိုင်ဒေသ စစ်ပွဲအတွင်း ဒဏ်ရာရ စစ်သည် ရဲဘော်တွေအတွက်

ပြင်ဦးလွင် စစ်ဆေးရုံမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြတယ်လို့ ဆိုပါတယ်ခင်ဗျာ…။

ထက်ထက်မိုးဦးရဲ့ နိုင်ငံရေးပေါ့ခင်ဗျာ…။

 

ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် နှင်းဆီအငြိမ့်ပွဲမှာ မင်းရဲကျော်စွာ ဗိုလ်နေတိုး သီချင်းကို

ပျက်လုံးထုတ်တဲ့နေရာမှာ ယူသုံးခဲ့တဲ့ အတွက် သီချင်းပိုင်ရှင် လွှမ်းပိုင် က

ပီတိ ဖြပ်ဂုဏ်ယူနေပါတယ်လို့ ထုတ်ဖေါ်ပြောကြားသွားပါတယ်…။

ကြည့်လည်း ဂုဏ်ယူဦး လွှမ်းပိုင်ရေ…။ ကွမ်ဒုံး ရက် ၄ဝ အမှုတွဲထဲပါနေ ဦးမယ်ဟ…။

 

Example ထွန်းထွန်း တစ်ယောက် နာမည်ကြီးသရုပ်ဆောင် မလေး တစ်ယောက်နဲ့

ချစ်သူဖြစ်နေတယ်ရယ်လို့ နားစွန်နားဖျားရပ်ကွက်ထဲ သတင်းဖြစ်လို့ နေပါသတဲ့ဗျာ…။

အသက်ပဲ ၃ဝ ရှိနေပြီ…၊ ချစ်သူရှိတာ ဘာဆန်းသလဲဗျာ…နော့်…။

 

အကယ်ဒမီ ဗန်းကိုင် တစ်ဦးဖြစ်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်သွန်းဆက် က

သွန်းဆက်ကို ပရိုပို့စ် လုပ်တဲ့သူတွေ ရှိပါတယ်…။ အဲဒီထဲက ရွေးရခက်နေတာပါ

လို့ ထုတ်ဖေါ်ပြောကြားလာပါတယ်…။

ဒါလေးများ…၊ ဒါလေးများ…၊ လာပြီးပြောနေရတယ်…ဟယ်။

 

ပူပူနွေးနွေး အကယ်ဒမီ ဆုရှင် ဝတ်မှုံရွှေရည် က

ကြုံတွေ့ရတဲ့သူတွေကြောင့် အချစ်နဲ့ ပတ်သက်ပြီး ရင့်ကျက်သွားပါပြီ

လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်…။

ဘယ်လို သင်ခန်းစာတွေကို သင်ယူခဲ့ရတယ် မသိ…။

စိုးရိမ်တယ် ညီမလေးရေ…စိုးရိမ်တယ်…။

 

ပူပူနွေးနွေး အကယ်ဒမီ ဆုရှင် မင်းဦး က မခိုင်ဝေသူ အမည်ရတဲ့ အမျိုးသမီးလေးနဲ့

၂၀၁၅ ခုနှစ် အတွင်းမှာပဲ လက်ထပ်ကြတော့မယ်လို့ ထုတ်ဖေါ်ပြောကြားလာပါတယ်…။

ပြီးတော့ ကိုမင်းဦးက အကယ်ဒမီ ရသွားပေမယ့်

အနုပညာကြေးကတော့ အရင်အတိုင်းပါပဲလို့ ဖွင့်ဟပြောကြားပါတယ်…။

မင်းဦး နဲ့ ရုပ်ရှင်ရိုက်ချင်သူတွေ အတွက် သတင်းကောင်းပေါ့ဗျာ…။

 

ဒေါက်တာ ဖြူဖြူကျော်သိန်း တစ်ယောက် သူမရဲ့ မွေးနေ့ဖြစ်တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ

သူမရဲ့ ငါးခွေမြောက် နာမည်ကျန်နေရစ်မယ် ဆိုတဲ့ စီးရီးကို ဖြန့်ချိပေးသွားမယ်လို့

ထုတ်ဖေါ်ပြောကြားလာပါတယ်…။

ကောင်းပါလေ့…ဗျာ…။

 

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ ခါချနေရတယ် ဆိုတဲ့ တေးစီးရီးဟာ

အရောင်းဆိုင်တွေမှာ အခွေတွေ ပြတ်ကုန်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့

သတင်းရရှိပါတယ်ဗျာ…။

ဆယ်ကျော်သက်တွေ ကြားမှာလည်း ဝိုင်းစုခိုင်သိန်း ဖြစ်နေတယ် ဆိုတဲ့

ဘန်းစကားရေပန်းစားနေပါတယ်…။

ခါချနေရတယ်ပေါ့…။ ဟေးဟေး…။

နောက်ဆုံးတော့ ဝိုင်းစုခိုင်သိန်း က ဝိုင်းစုခိုင်သိန်း ပါပဲ ဗျာ…။

 

သီအိုရီ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ရောသမမွှေ သားစိုး တစ်ယောက် ဒီနှစ်သင်္ကြန်အတွက်

အာလူသာကူနှာဗူးဂန်ဒူး စီးရီးသစ်ကို ဖြန့်ချိပေးသွားမှာပါတဲ့…။

နာမည်ကြီးကလည်း တစ်မျိုးကြီးပဲ…ဟေးဟေး…။

 

ဒါရိုက်တာ လုပ်လာတဲ့ သားညီ က ၂၀၁၅ ခုနှစ်အတွင်းမှာ

ရုပ်ရှင်ကားကြီး ၂ ကား ရိုက်ကူးမယ်ရယ်လို့ ထုတ်ဖေါ်ပြောကြားလာပါတယ်…။

အောင်မြင်ပါစေဗျာ…။

 

လူလွတ်တစ်ယောက်ဖြစ်နေတဲ့ အကယ်ဒမီ မြတ်ကေသီအောင် က

ဒါဒါ (စိုးမြတ်နန္ဒာ) ကတော့ ကံအကောင်းဆုံးပါ…၊

သူ့ကိုတောင် အားကျနေရပါတယ်

လို့ ထုတ်ဖေါ်ပြောကြားလာပါတယ်…။

အင်း…စိုးမြတ်နန္ဒာမှာ ဘယ်လိုအားကျစရာတွေရှိနေပါလိမ့်…။

 

ဘလက်ကော်ဖီ…သီချင်းနဲ့ အောင်မြင်မှုရခဲ့တဲ့

အဆိုတော် သီရိဂျေမောင်မောင် တစ်ယောက် CB Bank မှာ အလုပ်ဝင်နေပါပြီတဲ့…။

သည်ကလေးမ လေး ရဲ့ အနုပညာ ကို နှမြောတယ်ဗျာ…။

 

ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင်နဲ့ ဒါရိုက်တာ ကျော်ဇောလင်း တစ်ယောက်

အကယ်ဒမီ ဆွတ်ခူးနိုင်ခြေရှိကြောင်း အကယ်ဒမီ ရဲအောင်က ဟောကိန်းထုတ်လိုက်ပါတယ်ဗျာ…။

ပေးရင်တော့လည်း ရမှာပေါ့ဗျာ…ဟုတ်ဘူးလား…။

 

ဒါရိုက်တာမောင်မျိုးမင်း ရိုက်ကူးပြီး ပြေတီဦး၊ လိုင်လာခန်း၊ မြင့်မြတ်တို့ ပါဝင်သရုပ်ဆောင်မယ့်

ရာဇဝင်ရိုင်းသူများ ဇာတ်ကားဟာ မြင့်မြတ်အတွက် အကယ်ဒမီ သေချာစေမယ့် ရုပ်ရှင်ရယ်လို့

လူပြောသူပြောများလို့ နေပါတယ်…။

ပြေတီဦးကိုယ်တိုင်က မြင့်မြတ် အကယ်ဒမီ အတွက် မှန်းရိုက် တဲ့ သဘောပြောသွားတာကြောင့်

ပြောသလို ဖြစ်မဖြစ် စောင့်ကြည့်ကြရအောင်ပါ…။

မြန်မာ အကယ်ဒမီ က ချိန်ပစ်ရင်လည်း ထိတတ်တယ်လား…ဟင်…။

 

သင်ဇာဝင့်ကျော် တစ်ယောက် သည်သင်္ကြန်မှာ မိသားစုနဲ့ ဗုဒ္ဓဂယာ သွားမလို့တဲ့…။

အရွယ်လေးရလာတော့ ဘာသာရေးဘက်လှည့်တယ် ထင်ပါရဲ့…။

 

မကြာမီကမှ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေတဲ့

တေးသံရှင်မွန်းအောင်ရဲ့ တစ်ကိုယ်တော်ရှိုး ကို

ရန်ကုန်ရော မန္တလေးမှာပါ ပြုလုပ်သွားမယ် လို့ သတင်းရရှိပါတယ်…။

ရှိုးအမည်ကို ဝတ်မှုန်ကူးတဲ့…ည လို့ အမည်ပေးထားပါတယ်တဲ့…။

အဲဒီပွဲမှာ အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည် ဆိုတဲ့ ကိုငှက် ရေးတဲ့ သီချင်းကို

ထည့်သွင်းသီဆိုမှာလားဆိုတာကို

မွန်းအောင်ပရိသတ် တွေက အရမ်းအရမ်းကို စိတ်ဝင်စား နေကြတယ်ဆိုလား…။

 

 

 

 

 

 

 

 

52 comments

  • naywoon ni

    March 5, 2015 at 1:10 am

    ကွမ်​ဒုံ ရက်​​လေးဆယ်​ က မုံရွာက သတင်​း​ထောက်​ ဖမ်​းသွားပါ​ရောလား ။ ကြည်​့​ပြော ။ သူ့ကိုဖမ်​းထားတဲ့ အချိန်​ ဖွဘုတ်​အ​ကောင်​့ ပွင်​့ အွန်​လိုင်​းဖြစ်​​နေပြီး စ​တေးတပ်​ ​တွေတက်​​နေလို့ ဆဲ သံ​တွေ အဲ့ညက မိုးမွန်​​နေတာပဲ ။ ​နောက်​​နေ့ ပြန်​လွတ်​လာတယ်​​ပြောတာပဲ ။
    ဖုံးနဲ့ စာရိုက်​ရတာ လက်​​ညောင်​းလာပြီဗျာ ဒီ​နေ့ နားဦးမယ်​ ။ မနက်​မှ ဆက်​မန်​့မယ်​ ။

    • black chaw

      March 5, 2015 at 4:51 pm

      @ naywoonni ;
      ဟုတ်ကဲ့…။ ကြည့်ပြောပါ့မယ်ခင်ဗျ…။
      ဟုတ်ကဲ့…ဟုတ်ကဲ့…။
      နားပါ ကိုနေကြီးရေ…။
      ဖုုံးနဲ့ ဆိုတော့ ညောင်းမှာ ခင်ဗျ…။
      ဟုတ်ကဲ့…မနက်မှ ဆက်ဖတ်ပါ့မယ်ခင်ဗျ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • Foreign Resident

    March 5, 2015 at 6:28 am

    ၁ ။
    ” နိုင်ငံနဲ့လူမျိုးကို ချစ်ပြလိုက်ကြပါစို့ ”

    ဟဲ ဟဲ ၊ ရောထွေးကုန်မှာ စိုးလို့ပါ ။
    ့နိုင်ငံ နဲ့ လူမျိုးကို ချစ်တယ် ဆိုတာ ။ စစ်တပ်ကို ချစ်တာနှင့် ဘာမှ မဆိုင်ဘူးနော် ။
    စစ်တပ်ကို မုန်းနေလျက်နှင့်လဲ ၊ နိုင်ငံ နဲ့ လူမျိုးကို ချစ်လို့ရတယ် ဆိုတာလေး ။

    ၂ ။
    ” ၂၀၁၆ မှာ ရုပ်ရှင်လောက ကျဆင်းသွားနိုင်တယ် ”

    သင်္ဘောမှာ မြန်မာ VCD ခွေတွေ အများကြီဘဲ ( ကားအသစ်တွေနော် ) ၊
    ညနေပိုင်း အလုပ်နားချိန် ဆို မြန်မာ VCD ခွေတွေ စုကြည့်ကြသပေါ့ ။
    ကျနော် လဲ ပျင်းနေရင်တော့ တစ်ခါတစ်လေ ဝင်ကြည့်တတ်ပါတယ် ။
    ကျနော်ဗျာ မြန်မာ VCD ရုပ်ရှင်တွေကို နာရီဝက်ထက် ပိုကြည့်လို့ကို မရတော့ဘူး ။
    ဘာကြောင့်ဖြစ်တာလဲတော့ ၊ မပြောတတ်ပါဘူးဗျာ ။

    ၃ ။
    ” နီနီခင်ဇော် ဟာ မိန်းကလေး အဆိုရှင်တွေထဲ ဆိုကြေးအမြင့်ဆုံး ”

    စကား မစပ် ပါ ။ ကျနော် တခါတလေ သူငယ်ချင်းတွေနှင့် KTV ပါသွားတဲ့အခါ ။
    သူငယ်ချင်းတွေက အတင်း သီချင်း ဆိုခိုင်းတဲ့ အခါ ၊
    ” ငါက ကမာ္ဘမကျေ သီချင်း နှင့် နီနီခင်ဇော် ရဲ့ အမေစုပုံတွေ နှင့် ရိုက်ထားတဲ့ ၊
    ့မျှော်လင့်ချက် တစ်စုံတစ်ရာ ဆိုတဲ့ သီချင်း ၂ ပုဒ်ဘဲ ဆိုတတ်တာကွ ၊
    အဲ့ဒီ့ အခွေ ရွေးလိုက်လေ ” ဆိုရင် ပွဲပြတ်သွားတော့တာဘဲ ။ ဟီ ဟိ ။

    • black chaw

      March 5, 2015 at 5:06 pm

      @ Foreign Resident ;
      ဟုတ်ကဲ့ ပါ ခင်ဗျာ…။
      စစ်တပ်ကို မုန်းနေလျက်နဲ့လည်း နိုင်ငံနဲ့ လူမျိုးကို ချစ်လို့ရတယ်ပေါ့နော်…။
      မရောထွေးသင့်သော ကိစ္စတစ်ခုအနေနဲ့ မှတ်သားထားလိုက်ပါ့မယ်ခင်ဗျ…။
      အဘဖေါ အနေနဲ့ မြန်မာ ရုပ်ရှင်တွေကို နာရီဝက်ထက်ပိုကြည့်လို့ မရဘူးပေါ့နော်…။
      အော်…ဖြစ်နိုင်ပါတယ် ခင်ဗျ…။
      နိုင်ငံခြားကားတွေ အကြည့်များသွားလို့လည်း ဖြစ်နိုင်ပါတယ်ခင်ဗျ…။
      အော်…အဘဖေါ လည်း KTV တွေ ဘာတွေ သွားတတ်တယ်ပေါ့နော်…။
      နီနီခင်ဇော်ကိုပဲ အားပေးတယ်ပေါ့နော်…။
      ဟုတ်ကဲ့ပါခင်ဗျာ…။
      အဘဖေါ အသံနဲ့ နီနီခင်ဇော် သီချင်းကို နားထောင်ခွင့်ရချင်ပါသေးတယ်ခင်ဗျ…။
      အခုလို ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ဦးကျောက်ခဲ

    March 5, 2015 at 10:34 am

    တိန် … “သီရိဂျေမောင်မောင် တစ်ယောက် CB Bank မှာ…” …
    ဘာရာထူးလဲ ကျောင်းဒကာရဲ့…
    အသက်အရွယ် မတိမ်းမယိမ်းတွေမို့ စပ်စုကြည့်တာပါ…
    :k:

    • black chaw

      March 5, 2015 at 5:32 pm

      @ ဦးကျောက်ခဲ ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။ ဒီတစ်ခါအလှည့်ကျလာတာကတော့
      ဦးကျောက်ခဲပါခင်ဗျ…။
      သတင်းတွေ အများကြီးရေးထားတဲ့ အထဲကမှပေါ့နော်…
      သီရိဂျေမောင်မောင် သတင်းကိုမှ စိတ်ဝင်စားတယ်ပေါ့နော်…။
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      သီရိဂျေမောင်မောင် နဲ့ ဒီတစ်ခါတွေ့ရင် မေးထားလိုက်ပါ့မယ်ခင်ဗျ…။
      ဘာရာထူးနဲ့ တာဝန်ထမ်းဆောင်နေသလဲ ပေါ့နော်…။
      အော်…သီရိဂျေမောင်မောင် နဲ့ ဦးကျောက်ခဲနဲ့က အသက်အရွယ်ချင်း
      မတိမ်းမယိမ်း တွေ လားခင်ဗျ…။
      ဒါဆို သီရိဂျေမောင်မောင် တောင် ၄ဝ ကျော်လောက်ရှိနေပြီပေါ့နော်…။
      အော်…အတော်ကြီးရှာမှကိုးဗျာ…။
      ဟုတ်ကဲ့…။ ဟုတ်ကဲ့…။
      ကွန်းမန့်လေး ဝင်ရေးသွားတာကျေးဇူးပါ ဦးကျောက်ခဲရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :k:
      (အပျော်ပါဗျာ…။)

      • ဦးကြောင်ကြီး

        March 9, 2015 at 1:30 am

        အဲဒီ အဆိုဒေါ်မဂျီးဆို အနော့် အမ်တီအရွယ်လောက်ရှိမဲ.. သူ့တူမ လိုခြင်လိုက်ထှာ..

  • တောင်ပေါ်သား

    March 5, 2015 at 12:36 pm

    မေမြတ်နိူးလေးက အစ္စဏီနဲ့ ?

    ဪကွယ် 🙁

    • black chaw

      March 5, 2015 at 5:50 pm

      @ တောင်ပေါ်သား ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      တောင်ပေါ်သားအနေနဲ့ ကွန်းမန့်လေး ဝင်ရေးပေးသွားတာအတွက်
      ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Alinsett@Maung Thura

    March 5, 2015 at 12:50 pm

    သားစိုးက သီးချင်းမဆိုတော့ဘူး..စီးပွါးရေးပဲ လုပ်တော့မယ်ပြောထားပြီး..
    စကားမတည်ဘူး … လူဇိုး
    ခွိ ။
    :k:

    ဖြူဖြူကျော်သိန်းရဲ့ အခွေထွက်ရင်…
    ထွက်သမျှ အခွေတွေ အကုန် တစ်ယောက်တည်းဝယ်ပစ်မယ်။

    .တစ်ခွေ မကျန် ရောင်းရတယ်ဆိုတာမျိုးဖြစ်အောင်…
    သူ့အခွေ ထွက်လာမှာ.. သူလုပ်ပြမှာတွေကို မကြည့်ချင်လောက်အောင် ဖြစ်နေတဲ့သူတွေ…
    မကြည့်ခွင့် အခွင့်အရေးအဖြစ်…
    သူ ထွက်သမျှ အခွေတွေ သိမ်းကြုံးဝယ်မယ့် ကျနော့်ကို ငွေစိုက်ပေးကြပါ။
    တစ်ယောက် တစ်ခွေနှုန်းစာဖြစ်ဖြစ်…

    ကျနော်ကတော့ ..ဖွေးဖွေးမှ မရရင်…ဒေါ်ဖွားမေနဲ့ တူတဲ့ ဖြူဖြူကျော်သိန်းကို စိတ်ကူးမှာဗျ…
    အခုတော့ သူမရဲ့ ဒီသီချင်းလေး ပြန်ကြည့်/ နားထောင်နေတယ်..
    ယုံလိုက်စမ်းတဲ့…
    ယုံတယ်..ယုံတယ်..
    ခွိ
    ဒီသီချင်း ရိုက်ကူးပြထားတဲ့ နောက်ဆုံးအခန်းက ယုံချင်စရာကြီးးးး အဟိ
    :k:

    https://www.youtube.com/watch?v=gp8WhvKHO-M

    • black chaw

      March 5, 2015 at 7:35 pm

      @ Alinsett@Maung Thura ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတဲ့အတွက်
      ကျေးဇူးအထူးတင်ရှိပါကြောင်းပေါ့နော်…
      မှတ်တမ်းတင်ပါသည်ခင်ဗျား…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

    • ခင်ဇော်

      March 7, 2015 at 5:24 pm

      ဖြူဖြူ ဒီ လောက်ပိန်အောင် ဘိုလုပ်လိုက်လဲ မသိ??
      :g:

  • မွသဲ ( 17082011 )

    March 5, 2015 at 1:13 pm

    ဒါဒါလေးက စိုးသူနဲ့ဘာပုလိုက်ပီဆိုလား မှန်သလားကျောင်းဒဂါဂျီးရေ။ ဖြူဖြူကျောင်သိမ်းက ဒီအခွေနားမထောင်မိရင်အသေဖြောင့်မှာမဟုတ်ဘူးဆိုတဲ့အခွေများလား ဖျားဖျား

    • Alinsett@Maung Thura

      March 5, 2015 at 1:24 pm

      ဖြူဖြူလေး ပြောတာကို ယုံလိုက်စမ်းဘာာာာဆို…

      :k:

    • kai

      March 5, 2015 at 4:22 pm

      စိုးသူတို့အတွဲ..ယူအက်စ်ရောက်နေတဲ့သတင်းကို..သေသေချာချာ ဖော်ပြပေးနို်င်ရင်ကောင်းမယ်..။

    • black chaw

      March 5, 2015 at 7:41 pm

      @ မွသဲ ;
      ဟုတ်ကဲ့။
      အခုလို စိတ်ဝင်စားစရာကောင်းတဲ့
      ညီမလေး မွသဲ ရဲ့ ကွန်းမန့်ကို ကြိုဆိုပါတယ်ခင်ဗျာ…။
      အမှန်ကတော့ စိုးသူ နဲ့ စိုးမြတ်နန္ဒာ တို့ သတင်းက
      နားစွန်နားဖျားရပ်ကွက်ထဲ ပြန့်နှန့်နေတာ အတော်ကြာနေခဲ့ပါပြီခင်ဗျ…။
      ကာယကံရှင်တွေက တရားဝင် ထုတ်ဖေါ်ပြောကြားခြင်းလည်း မရှိသေးပါဘူးခင်ဗျ…။
      ဒါပေမယ့် တဖြေးဖြေးနဲ့တော့ ရုပ်လုံးပေါ်လာပါပြီခင်ဗျ။
      ကျွန်တော်ကလည်း ကျင့်ဝတ်အရ ရေးလို့ ရသလောက်ထဲက ရေးလိုက်ရတာဆိုတော့
      ခွင့်လွှတ်ပါသူကြီးရေ…။
      အမေရိကားဆိုတော့ သူကြီး အပိုင် ပဲ…။
      ဓါတ်ပုံနှင့်တကွ တင်ပြလိုက်စမ်းဗာ သူကြီးရာ…။
      ဟုတ်ပါတယ် မွသဲ ရေ…။
      ဖြူဖြူကျော်သိန်းရဲ့ နာမည်ကျန်နေရစ်မယ် စီးရီးက ကိုယ်ပိုင်သံစဉ်တွေပါခင်ဗျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

      • kai

        March 6, 2015 at 3:39 am

        အဟမ်း..
        ကျင့်ဝတ်အရပါပဲ..။
        ကာယကံရှင်တွေက တရားဝင် ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးတဲ့အတွက်.. ဒါဒါဆီမှာလည်း.. အင်တာဗျူုးမေးခွန်းလေးတွေက.. ဒီအတိုင်းပါသွားလေရဲ့..။ :k:

        • hmee

          March 7, 2015 at 4:27 pm

          ဒါဒါတို့ သတင်​း​တော့ စိတ်​ဝင်​စားပါသည်​။ ဘာ​တွေများ ဖြစ်​​နေပါလိမ်​့။ သဂျီး စကားသံ ဖမ်​းရတာ ဟုတ်​​လောက်​တယ်​။ 🙂

  • weiwei

    March 5, 2015 at 1:25 pm

    နားစွန်​နားဖျား​တွေကို အြမြဲ အား​ပေးပါတယ်​။ ဂျာနယ်​ဝယ်​စရာမလိုလို့။

    • black chaw

      March 5, 2015 at 7:44 pm

      @ weiwei ;
      နားစွန်နားဖျားတွေကို အမြဲအားပေးပါတယ် ဆိုတာနဲ့တင်
      မဝေ ရဲ့ ကွန်းမန့်က BC နဲ့ ထိုက်တန်နေပါပြီဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • pooch

    March 5, 2015 at 1:42 pm

    ဖြူဖြုူသီချင်းက ဒီတခါ ကိုယ်ပိုင်သံစဉ်လား
    သီချင်းတွေတော့ ကြိုက်တယ်
    နီနီခင်ဇော်ရဲ့ ဂယ်ဘဲက နားမထောင်ရသေးဘူး

    ကျန်တာကတော့ သိပ်စိတ်မဝင်စားလို့ မဝေဖန်တော့ဘူး

    မင်းမော်ကွန်းတို့ ပြန်တောင်းပန်တာတော့ ကောင်းပါတယ်
    တခုခုဆို အခြေနေ အချိန်အခါကို ကြည့်ပြီး စကားကို လက်လွတ်စပယ် ပြောတတ်တဲ့ သူတွေ ဆင်ခြင်ရတာပေါ့

    တောင်းပန်တတ်တဲ့ အလေ့အကျင့်ထွန်းကားလာတာပေါ့

    ဒီမိုကရေစီဆိုတာ စည်းလွတ်ဝါးလွတ်ပြောလို့ ဆိုလို့ရတာမဟုတ်ပဲ စည်းနဲ့ကမ်းနဲ့ ဘောင်ထဲက တပါးသူထိခိုက်အောင် ပြောလို့ မရဘူး ဆိုတော တဖြည်းဖြည်းတော့ သဘောပေါက်လာကြတယ် ထင်တာပဲ ( အထင် ) :mrgreenn:

    • black chaw

      March 5, 2015 at 7:50 pm

      @ pooch ;
      ဟုတ်ကဲ့ပါ မပုချ် ရေ…။
      စိတ်မဝင်စားတာတွေ ဘေးဖယ်ပြီး စိတ်ဝင်စားတာလေးတွေ
      ဝေဖန်လေကန်ပေါ့ခင်ဗျာ…။
      ဖြူဖြူ့ကျော်သိန်း နောက်ထွက်မယ့် စီးရီးက ကိုယ်ပိုင်သံစဉ်တွေပါခင်ဗျာ…။
      နီနီခင်ဇော်ရဲ့ ဂယ်ဘဲ ဂယ်ဘဲ ကိုလည်း နားထောင်ကြည့်လိုက်ပါဦးခင်ဗျ…။
      မြန်မာပြည် ဂီတလောကကို ဆရာဝန်များကြီးစိုးတော့မည်လော လို့ပဲ
      ပြောရတော့မှာ ပါဗျာ…။
      လက်ရှိ ဒိတ်ဒိတ်ကျဲ အမျိုးသမီးအဆိုတော် စာရင်းဝင် ၃ ယောက်ဟာ
      ဆရာဝန်တွေ ဖြစ်နေလို့ပါပဲ။
      ဒေါက်တာ ဖြူဖြူကျော်သိန်း၊ ဒေါက်တာနီနီခင်ဇော်၊ ဒေါက်တာ ချစ်သုဝေ…။
      ဟုတ်တာပေါ့ခင်ဗျာ…။
      ဒီမိုကရေစီ ဆုံးမစာလေးပါ ထည့်ရေးပေးသွားတဲ့ အတွက်
      မပုချ်ကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Mike

    March 5, 2015 at 2:23 pm

    .နားစွန်နားဖျားဂျီးပြောပြတော့လည်း အနုပညာ ဇတ်စုံသိရသပေါ့
    .ကျေးဇူးပါမောင်မင်းကြီးသား နားစွန်နားဖျား
    .ကျုပ်လည်း ဘိရုမာဇတ်ကားတွေ ကျိမရဘု :k:

    • black chaw

      March 5, 2015 at 7:57 pm

      @ Mike ;
      ဟုတ်ကဲ့။ ကျေးဇူးတင်စကားပြောကြားပေးပါသော
      မိုက်(ခ်) ကို ကျေးဇူးတင်ရပါတယ်ခင်ဗျာ…။
      အော် မိုက်(ခ်) ကလည်း မြန်မာဇာတ်ကားတွေကို ကြည့်မရဘူးပေါ့နော်…။
      ဟုတ်ကဲ့ပါခင်ဗျာ…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာကိုတော့ဖြင့်
      ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါတယ်ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ကိုရင်စည်သူ

    March 5, 2015 at 2:34 pm

    ဝတ်မှုန်ချွေရွီ ရင့်ကျက်သွားအောင် လုပ်ပေးတဲ့လူတွေထဲ
    ကျော်လည်း ပါတယ်လို့.. အဲ့လာလေး.. ကြော်ငြာလာထိုးတာပါ။ အဘတို့… 😀

    • black chaw

      March 5, 2015 at 8:01 pm

      @ ကိုရင်စည်သူ ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      ဝတ်မှုံရွှေရည် ကို ရင့်ကျက်စေသူများ ဆိုတဲ့
      စာရင်းထဲ နောက်တိုးအဖြစ်
      ကိုရင်စည်သူ ကို ထည့်ပေးလိုက်ပါတယ်ခင်ဗျာ…။
      ကျေနပ်ပါ ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ့ဘလက်ချော…။

  • ဦးဦးပါလေရာ

    March 5, 2015 at 2:45 pm

    .ကိုင်​ဇာကို ဒါထက်​ ၂ နှစ်​ငယ်​မယ်​လို့ ထင်​ထားတာဗျ…
    .သားညီ ကားကြီးရိုက်​မယ်​ဆို​တာ​တော့ စိတ်​ဝင်​စားမိပါတယ်​..
    …..
    .အ​ပေါ်မှာကို​ဖေါရိန်​း​ပြောထားတဲ့အတိုင်​းဆို
    .သူကကျုပ်​ထက်​ သီချင်​းတပုဒ်​ပိုရတဲ့သ​ဘော​ပေါ.
    :mrgreen:

    • black chaw

      March 5, 2015 at 8:04 pm

      @ ဦးဦး ပါလေရာ ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      ကိုပါကြီးကလည်း ကိုဖေါရိန်းလိုပဲ KTV သွားလေ့ရှိတယ်ဆိုတဲ့အကြောင်း
      မှတ်တမ်းတင်ထားရမှာပါခင်ဗျာ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပါကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • အရမ်းအမြင်ကတ်ပြီးမှ အရမ်းကြိုက်သွားတဲ့ အဆိုတော်တွေထဲမယ်.. နီနီခင်ဇော်က ထိပ်ဆုံးကပဲ…
    နီနီခင်ဇော် ပြီးရင် ဒီဒီးကို အကြိုက်ဆုံး…
    ဂယ်ဘဲ ဂယ်ဘဲ ကို MMA ဆုပေးပွဲမှာ နားထောင်လိုက်ရတယ်… သူ့ပုံနဲ့ ဆိုဟန်နဲ့ သီချင်းနဲ့ကတော့ လိုက်ပါ့… သူ့ performance ကိုကြည့်ရင် ရင်တုန်ပန်းတုန်ရှိတာလေး တစ်ခုပါပဲ :mrgreen:

    • black chaw

      March 5, 2015 at 8:07 pm

      @ လုံမလေး မွန်မွန် ;
      အရမ်းအမြင်ကတ်ပြီးမှ ကြိုက်သွားတဲ့ အဆိုတော်တွေထဲမယ် နီနီခင်ဇော်က
      ထိပ်ဆုံးက ပဲ ဆိုတော့ နောက်ထပ်လည်း ရှိဦးမယ်ပေါ့နော်…။
      ဘယ်သူတွေများလဲခင်ဗျာ…။
      အော်…သူ့ performance ကိုကြည့်ရင် ရင်တုန်ပန်းတုန် ရှိတယ်ဆိုတာကလေ
      မွန်မွန် က ဖြစ်တာလား
      မွန်မွန့် ချစ်သူက ဖြစ်တာလား ဟင်င်င်…။
      ဘာပဲ ဖြစ်ဖြစ်
      ကွန်းမန့်လေးအတွက် ကျေးဇူး…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • naywoon ni

    March 5, 2015 at 9:45 pm

    ဟိုတစ်​ရက်​က မန်​း​လေးရှိုးပွဲ မှာ မွန်​း​အောင်​က ၃၅ ပုဒ်​​တောင်​ ဆက်​တိုက်​ဆိုသွားတယ်​ဆိုပဲ ။
    အချစ်​၏ လက်​များနဲ့ အချစ်​၏ လက်​များနဲ့ ကမ္ဘာကို ထုဆစ်​ခဲ့

  • ခင်ဇော်

    March 6, 2015 at 12:08 pm

    သများ ပြောချင်တဲ့ အချက်ကို ဘဖော ပြောသွားပြီမို့ မပြောတော့ဘူးးး

    • black chaw

      March 6, 2015 at 1:20 pm

      @ ခင်ဇော် ;
      ဟုတ်ကဲ့ပါ ခင်ဗျာ…။
      ခင်ဇော် ကလည်း ဘဖေါ ပြောသွားသလိုပါပဲ တဲ့ ခင်ဗျာ…။
      ဟုတ်ကဲ့…ဟုတ်ကဲ့…မပြောတော့ပါနဲ့ ခင်ဗျာ…။
      ထပ်ပြောရင်လည်း ပင်ပမ်းပါတယ်ခင်ဗျာ…။
      အခုလို ကွန်းမန့်လေး ဝင်ရေးပေးတာကိုပဲ
      ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးကြောင်ကြီး

    March 6, 2015 at 12:33 pm

    ခင်ဝင့်ဝါ သဒင်းလေးလဲ လုပ်ပါဦး.. ညှီလေကောင်းလေ

  • black chaw

    March 6, 2015 at 1:22 pm

    @ ဦးကြောင်ကြီး ;
    ကျေးဇူးဗျာ ဦးကြောင်ကြီး။
    ဒါပဲ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • apolo11

    March 6, 2015 at 2:30 pm

    မွန်းအောင်က ရန်ကုန်မှာ မတ်လ ၁ဝ ရက်နေ့ည ဆိုမယ်။
    အားပေးတော်မူကြပါအုံး။

    PK ကုလားကား ကိုကြည့်ပြီး မြန်မာရုပ်ရှင်တွေကိုလည်း
    အဲ့ဒီလို အတွေးအခေါ်တွေပါတဲ့ ရုပ်ရှင်တွေ ဖန်တီးစေချင်တယ်။

    • kai

      March 8, 2015 at 4:33 am

      မနေ့ညကတင်.. မြန်မာပြည်ကလာတဲ့.. ဒါရိုက်တာတယောက်နဲ့.. လေကန်ဝေဖန်ရေးစကားပြောဖြစ်တာမှာ…
      မြန်မာတွေ.. ဆင်ဆာလည်းချောင်ရော… အနုပညာသက်.. အတွေးအခေါ်မြင့်.. နိုင်ငံရေးနွယ်… စတဲ့ဇတ်လမ်းကောင်း…ကားကောင်းတွေမရိုက်.. အိပ်ယာပေါ်ချည်းဆွဲတင်တဲ့ကားတွေနဲ့.. သရဲကားတွေရိုက်နေတော့တာတဲ့..။
      ဘာဖြစ်လို့.. တခြားလူမျိုးတွေနဲ့မတူ.. အဲလိုဖြစ်တာလည်းတွေးမိတာမှာ…
      ဘာသာရေးပဲမြင်မိသဗျ…။

      ငရဲ..သရဲနဲ့ခြောက်.. ဘုံနဲ့မြောက်ပြီးမှ. စားကြ(ရ)သူများဟာ… လူပြိုကြီးများအများစု.. အလုပ်မရှိ.. အားရင်ဗီဒီယိုတီဗီကြည့်သူပရိတ်သတ်ကြီးသာဖြစ်တဲ့အကြောင်း… ပြောရင်းနဲ့.. ထိထိရောက်ရောက်ဆက်စပ်ရေးပြရရင်..အကုန်စိတ်ပိန်ကုန်မှာဖြစ်သမို့.. ထားလိုက်တော့မယ်..။

      (ဇီဇီမမြင်စေရ) :k:

      • black chaw

        March 8, 2015 at 8:13 am

        @ Kai ;
        သူကြီးရေ…။
        စိုးသူ တို့ သတင်းကို
        မြန်မာစာနယ်ဇင်းတွေက
        လုံးဝနီးပါး မတို့မထိကြဘူးခင်ဗျ…။
        ပြီးတော့ စိုးမြတ်နန္ဒာတို့ အပိုင် ဂျာနယ်လို့ ပြောလို့ရတဲ့
        နံနက်ခင်း ကတောင် မရေးဘူးခင်ဗျ…။
        တခြား အနုပညာရှင်တွေရဲ့ သတင်းတွေဆိုရင်
        လက်ရဲဇက်ရဲ ရေးရဲကြတဲ့ ဂျာနယ်တွေဟာ
        စိုးသူ သတင်းကို တော့
        လက်ရှောင်ကြတယ်ခင်ဗျ…။
        အဲဒါ ဘာကြောင့်လဲ ဆိုတာ ကျွန်တော် ဆက်စဉ်းစားမိတဲ့အခါ
        အဖြေတစ်ခု ရေးရေးလေး တွေးမိပါတယ်…။
        အတွေးဆိုတော့ အတွေးထဲမှာပဲ ထားတာအကောင်းဆုံးမို့
        ချမရေးပြတော့ပါဘူးခင်ဗျာ…။
        :k:
        စကားမစပ်
        အဲဒီအပေါ် သူကြီးရဲ့ အမြင်လေး သိပါရစေခင်ဗျာ…။
        ချစ်ခင်လေးစားတဲ့
        ဘလက်ချော…။

      • ခင်ဇော်

        March 9, 2015 at 9:07 am

        ဟယ်။
        နားစွန်နားဖျားမှာလည်း ဒီ ကိစ္စ ရအောင် ဆွဲတယ်။
        ကျန်းးး
        တော်ပါပေတယ် ဆို။

        :k:

  • black chaw

    March 6, 2015 at 2:43 pm

    @ apolo 11 ;
    ဟုတ်ကဲ့ပါ apolo 11 ခင်ဗျား…။
    မွန်းအောင် ရှိုးသတင်းလေး ဝင်အားဖြည့်ပေးတာ ကျေးဇူးပါခင်ဗျ…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာအတွက်လည်း
    ကျေးဇူး အထူး…အထူး ပါ ခင်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • မြစပဲရိုး

    March 7, 2015 at 4:15 am

    ကိုချော
    အဲဒီ ဖော်ချွတ်မော်ဒယ်မလေး နဲ့ အင်တာဗျူး ကို ဧရာဝတီ မှာ ဖတ်လိုက်ရတယ်။
    (အခု ပြန်ရှာတာ မတွေ့တော့ဘူး)
    မှန်တာပြောရရင် သူ့စကားတစ်ချို့ ကို ကြားပြီး လေးစား တောင်သွားတယ်။
    “ဆက်စီမော်ဒယ်လည်း နိုင်ငံနဲ့လူမျိုးကို ချစ်တာပဲ” ဆိုပြီး ပြောတာကို မဟုတ်ပါဘူး။
    သူ့ဘဝ ရဲ့ ပလန် လုပ်နေပုံလေး ကို သဘောကျလို့။
    မှတ်မိ သလောက် ကတော့ ငယ်တုန်းမှာ ဒီလို လုပ်ပြီး ကြီးတဲ့ အချိန် ပညာ နဲ့ အသုံးချ ချင်တယ် ဆိုလား။
    သူက ဥပဒေ နဲ့ ကျောင်းပြီး ထားတာ။
    အဲလို လုပ်ဖို့ ကို လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပါတယ်။
    တစ်နေ့မှာ အင်မတန် တော်တဲ့ ဥပဒေ ပညာရှင်တစ်ယောက် ဖြစ်ပါစေလို့ လဲ ဆုတောင်းပါတယ်။

    • Ma Ma

      March 7, 2015 at 5:19 pm

      မလတ်ရေ
      သူ့ဘဝကို ပလန်လုပ်နေတယ်ဆိုရင်တော့ အားပေးထောက်ခံချင်ပါတယ်။
      အမှန်တကယ် အကောင်အထည်ပေါ်အောင် ကြိုးစားဖို့တော့ လိုသေးတယ်။
      ပါးစပ်ဖျားလေးတင် လမ်းမဆုံးစေချင်ဘူး။

    • black chaw

      March 8, 2015 at 8:03 am

      @ မြစပဲရိုး ;
      ဟုတ်ပါတယ် အစ်မရေ…။
      ဇာဇာထက် က ဖြတ်လမ်းနည်းနဲ့ လူသိအောင်လုပ်တာရယ်လို့
      တရားဝင် ဝန်ခံထားပါတယ်ခင်ဗျ…။
      အခု သူလိုချင်တဲ့ လူသိတဲ့ အဆင့်ကို ရသွားပြီမို့
      ဖေါ်တာချွတ်တာတွေ ရိုက်တာကို လျှော့ချသွားပါတော့မယ်တဲ့…။
      ဆိုတော့
      အကောင်းမြင်ဘက်ကပဲ တွေးပြီး
      ကြိုဆိုကြရအောင်ပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      March 9, 2015 at 1:29 am

      စဂါးမစပ်​ ဂျာဂျာထက်​ ဆိုတာ ဒူတုန်​းဟင်​င်​

      • ဦးကြောင်ကြီး

        March 9, 2015 at 1:34 am

        ဂျာဂျာထက်ကို
        နှာနှာနှက်ဖို့
        ကြိုးစားလို့ကဒေါ့
        လျှာသာနင်ထွက်မဲ
        ဟိုကဖြုံမျီမထင်..

  • black chaw

    March 8, 2015 at 7:56 am

    @ hmee ;
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ
    ကျေးဇူးအထူးပါ မမှီရေ…။
    ဒါဒါတို့ သတင်းကတော့ ဟုတ်လို့ပေါ်တယ်လို့ပဲ
    ပြောရမှာပါခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Crystalline

    March 8, 2015 at 1:15 pm

    အူးဘက်ထုံးစံအတိုင်း…သတင်းတွေက စုံပလုံတုံနေရော… ဂျာနယ်ဖိုးမတတ်နိုင်သူမို့… ကျေးဇူးပါ.. :))
    ဇာလျန်းဆိုတာ။ရေးတာတွေ..မကြားဖူးသလိုပဲ.. အခုတလော တေးရေး ဆရာညီညီသွင်သီချင်းလေးတွေ… တော်တော်လေး သဘောကျနေတယ်.. :))

  • black chaw

    March 8, 2015 at 7:39 pm

    @ Crystalline ;
    အော်စီကရေးတဲ့ ကွန်းမန့်ပေါ့နော်…။
    အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်ခဗျ…။
    ဇာလျန်းဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်ကြီး မဟုတ်ပါဘူးကွယ်…။
    နောက်မှ ပို့စ်တစ်ပုဒ်ရေးပါဦးမယ်…။
    ညီညီသွင် ကို တော်တော်လေး သဘောကျတယ်ပေါ့နော်…။
    ညီညီသွင် က ကိုင်ဇာ ခေတ်ကတည်းကစခဲ့ပြီး
    စိုးလွင်လွင် ခေတ်ကို ဖြတ်သန်းခဲ့…။
    တူးတူးခေတ်ကိုလည်း ဖြတ်သန်းခဲ့…။
    ဂျေညီညီခေတ်ကိုလည်း ဖြတ်သန်းခဲ့…။
    ထူးအိမ်သင် ခေတ်ကိုလည်း ဖြတ်သန်းခဲ့…။
    လေးဖြူခေတ်ကိုလည်း ဖြတ်သန်းခဲ့…။
    အခုအထိလည်း သီချင်းတွေ ရေးနေတုန်း သီချင်းရေးဆရာကောင်းတစ်ယောက်ပါကွယ်…။
    စိုးလွင်လွင် ရဲ့ စိုးစိတ်တိုးတိတ်လွမ်းချိန်၊ စိတ်ဖြေသီချင်း
    ၂ ပုဒ်တည်းနဲ့တင် ညီညီသွင် ဆိုတာ ဒါပဲလို့
    ပြောလို့ ရတဲ့ တေးရေးဆရာပါခင်ဗျ…။
    ညီညီသွင်ကို သဘောကျနေတယ်ဆိုလို့
    လေးစားသွားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Mr. MarGa

    March 9, 2015 at 12:39 am

    နားစွန်​နားဖျား ပဲ ​ကောင်​းတယ်​
    သတင်​း​တွေဖတ်​မိရင်​ စိတ်​ပိန်​တယ်​
    ဒါ​တောင်​ တခါတခါ နားစွန်​နားဖျား ထဲ စိတ်​ပိန်​စရာ​တွေ ပါလာတတ်​​သေး
    ခုလည်​း ဆင်​ဆာကိုပြန်​​တွေးရင်​း စိတ်​ပိန်​​ချင်​ချင်​
    ငါဟဲ့ ကွန်​ဆာ​​​ေ​ဗးတစ်​ 🙁

    • black chaw

      March 9, 2015 at 8:58 am

      @ Mr. MarGa ;
      နည်းနည်းလေးတော့ လွဲနေတယ်
      လွဲလွဲလေးပဲ ကောင်းပါတယ်
      စိတ်ကျေနပ်ရင်ပြီးတာပဲ
      နေတတ်ရင် အေးဆေးလေး
      ကိုယ့်ကိုယ်ကို ကွန်ဆာဗေးတစ်လို့ တံဆိပ်ကပ် သွားတယ်ပေါ့။
      လစ်ဘရယ် သိတ်ဆန်တာပဲ…လူဆိုး…။
      :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 9, 2015 at 1:37 am

    ​ရုပ်​ရှင်​နဲ့ ဂီတ အ​ကြောင်​း​တွေ မ​တွေးအား​သေးပါဗျာ
    အကြည်​ဒတ်​ခမ်​းတာတ​ကြောင်​းနဲ့ ​ပိုက်​ဆံအိတ်​ခမ်​းတာ​ရော​ကြောင်​့ ဆိုပါ​တော့
    ​ဘောပွဲ​တောင်​ နပ်​မမှန်​ဘူးရယ်​ သည်​ရက်​ပိုင်​း

    အဲ
    ကိုဇာလျန်​း အ​ကြောင်​း​တော့ စိတ်​ဝင်​စားမိငဲ့

    (သည်​စာ​တွေကို သချင်္ာ နီနီ နဲ့ မှုန်​ကြီး မမြင်​ဇီယ)

    ဒချိ တသန်​း

    • black chaw

      March 9, 2015 at 8:53 am

      @ စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောက်ျား ;
      တစ်ခါတစ်လေ ဒီလိုပဲ ဖြစ်တတ်ပါတယ် ကွယ်…။
      ကိုဇာလျန်း ကိုတော့ မင်း စိတ်ဝင်စားလိမ့်မယ်ဆိုတာ
      ခန့်မှန်းမိပါရဲ့…။
      ကိုဇာလျန်းအကြောင်း မှတ်သားထားတာလေးတွေ ရှိရင်
      ရေးပါဦးဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

Leave a Reply