( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် )

တောင်ပေါ်သားFebruary 23, 20151min1228

၁၉၈၃   အင်းစိန်ဂျီတီအိုင်တက်တုန်းကပေါ့ဗျာ ၊

ဝင်ခွင့်ဖြေရတုန်းက ကျောင်း ဦးစားပေး အင်းစိန် ဒုတိယ မန္တလေး ၊  မေဂျာ ဦးစားပေး အမ်ပီ ဒုတိယ အီးပီ ၊

အဲသမှာ ကျောင်းက အင်းစိန် မေဂျာက အီးပီရခဲ့ပါတယ် ၊

ကျောင်းသွားရင်လှည်းတန်းဘူတာကနေ မနက် ရ နာရီ ၅ မိနစ် မြို့ပါတ်နဲ့ ၊

ငယ်ကတည်းက ကျနော့်အဖြစ်ချင်ဆုံးဟာ  ရထားစက်ခေါင်းမောင်း ၊ အခုဖြစ်နေတာနဲ့ တစ်ခြားစီ ၊

အဲ   အဲသလို ရထားနဲ့ကျောင်းသွားတဲ့ကျနော် တစ်နေ့သောအခါမှာ သူနဲ့ စတွေ့ခဲ့ပါတယ် ၊

မနက်ခင်း မြို့ပြင်ထွက်တဲ့ရထားမို့ ရထားက အတော်ချောင်ပါတယ် ၊

သူကကျနော်နဲ့ မျက်နှာချင်းဆိုင် ၊ ပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ သူ့မျက်နှာလေးက အလှသား ၊

နှုတ်ခမ်းနီထွေးထွေး အသားဖြူဖြူလေးနဲ့ပေါ့ ၊

ကျနော် ခိုးကြည့်တာ မြင်သွားတော့ ရှက်သွားတယ်ထင်ပါရဲ့

အမယ်  သူကလည်း ကျနော့် ပြန်ခိုးကြည့်သေးသဗျ ( တကယ်ပါ )

သူ ဘယ်ကလည်း မသိသေးပေမယ့် တီစကွဲယားကြီးနဲ့မို့ ဂျီတီအိုင်ကဆိုတာတော့ သေချာတယ် ၊

ကြို့ကုန်း အာအိုင်တီကျောင်းသူတွေ ရထားနဲ့လာတာတော့ မမြင်ဖူးဘူးလေ ၊

အင်းးး  ဘယ်မေဂျာကလည်းဆိုတာကတော့ သိပ်မခက်ပါဘူး ၊

အင်းစိန်ဂျီတီအိုင်မှာ မိန်းကလေးတွေဟာ စီဗဲလ် ဒါမှမဟုတ် အီးစီ ၊ ဒီ ၂ ခုပဲမို့ပါ ၊

အီးစီက မိန်းကလေးများလား စီဗဲလ်ကလားပေါ့ ၊

ရွာမဘူတာရောက်တော့ ကျနော်က သူ့နောက်မှ ဆင်းတယ် ၊ ခပ်သွယ်သွယ် ကိုယ်လုံးလေးပါလား ၊

ကံဇာတ်ဆရာများ ဘယ်လောက်ကျီစယ်တယ်ဆိုတာ အဲဒီမနက်မှာပဲ သိလိုက်ရတယ် ၊

ဘူတာကနေ လမ်းလျှောက်လာရင်း ပြည်တော်သာရုပ်ရှင်ရုံရှေ့ကနေ သူ လမ်းဖြတ်အကူး

အင်းစိန် – မင်္ဂလာဒုုံတိုင်းခန်းမသွားတဲ့ ဗိုက်ပူဘတ်စ်ကားကို ကုန်ကားကြီးကအကျော်

လမ်းလယ်ခေါင်ရောက်နေတဲ့သူ ၊ ကုန်ကားကို သူ မမြင်ဘူး  ၊

သူ့အနောက် လက်တစ်ကမ်းမှာရှိနေတဲ့ကျနော်က လှမ်းအဆွဲ ၊ ဒရိုင်ဘာက ဆဲသွားသေးသဗျာ ၊

တုန်နေတဲ့ သူ့ခမျာ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်နဲ့ ၊

ရုပ်ရှင်ထဲကအတိုင်း စိတ်ကူးယဉ်မဟုတ်ပဲ တကယ်ကြီးကို တိုက်တိုက်ဆိုင်ဆိုင် ၊

ရေးရင်း ရေးရင်း လွမ်းသဗျာ

( ရုံးဆင်းတော့မှာမို့ နောက်နေ့မှ ဆက်တင်မယ်နော် )

8

 

8 comments

  • Kaung Kin Pyar

    February 23, 2015 at 4:56 pm

    .ငမ့်…လုပ်သွားပြန်ဘီ….။ ရုံးဆင်းခါနီးမှ ကပ်တင်ရသလား အူးမျိုးရဲ့….
    .ရွာထဲ ပျောက်နေပြီး ခုမှ ပြန်ပေါ်လာ….ဒမယ်…လပ်ဗ်ဆင်းလေးကို…အာရုံခံနေတာ….
    .အာရုံတွေတောင် ဖရိုဖရဲဖြစ်ကုန်ပြီ…..
    .ပြန်လျော်ပေးးးးးး
    :byee:

    • တောင်ပေါ်သား

      February 23, 2015 at 5:00 pm

      အေးကွယ် ၊ အဲသလို ဖြစ်သွားတယ်

      နောက်နေ့ဆက်တင်မှာပေါ့ လို့ 🙂

  • အလင်းဆက်

    February 23, 2015 at 5:05 pm

    ဆက်တင်မယ့်အပိုင်းကို နောက်နေ့ ကျနော် ရုံးဆင်းချိန်မှာ … အင်တာနက်ဆိုင် ဝင်ဖတ်မယ်နော်..

  • naywoon ni

    February 23, 2015 at 7:15 pm

    အင်​း အဲ့ လက်​ဆွဲ တဲ့အခန်​း Cut ဗျာ

  • ဦးကျောက်ခဲ

    February 23, 2015 at 7:33 pm

    သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ကိုဂျီးမြိုးကို လက်ပြန်ကျွေးသွားတယ်လား…
    ဟီ ဟိ… နက်ဖြန် ဇတ်လမ်းပြီးမှ သေချာမန့်မယ် … အခု စတိ…
    :k:

  • Mike

    February 24, 2015 at 11:03 am

    .ဂွတ်စတတ်တင်း…..
    .ဟုတ်ပ်ပင်း…ဂွတ်အဲန်းဒင်း.. :k:
    .ဇဂါးအတင်းစပ်…ကျုပ်ကလည်းကျောင်းတက်တုန်းတလျှောက်…ရထားနဲ့တက်လာတာဗျ…
    .ကျိုက်ကလဲ့ကနေ ကြို့ကုန်းနေ့စဉ်ပေါ့…လပေးကဒ်ကမှ ကိုးကျပ် .ပဲပေးရတယ်..ဒါတောင်သက်တမ်းမှန်မှန်မတိုးပဲ..ဒိတ်ပြင်စီးကြသေး..ဟေးဟေး :k:

  • ခင်ဇော်

    February 24, 2015 at 11:10 am

    ဒီ ခေါင်းစဉ်လေးဖတ်ပြီး မနေ့က ညနေတစ်ချိန်လုံး
    သန်းနိုင်ရဲ့ သီချင်းစာသားကို ညည်းနေမိတယ်။

    ဒီနေ့ ဆက်ဖတ်မယ်နော်။

    :k:

Leave a Reply