​နေဝန်​းနီ အိပ်​မက်​မမက်​​တော့တဲ့ အ​ကြောင်​းရင်​း

naywoon niFebruary 23, 20151min1258

အိပ်​မက်​​တွေ
မက်​လိုက်​ ဖျက်​လိုက်​နဲ့
မှန်​မှန်​ကြီး ချီတက်​လာခဲ့တာ
​လေးဆယ်​့ငါးနှစ်​ …….. ။
မက်​တာက နှစ်​နှစ်​ဆယ်​
ဖျက်​တာက နှစ်​နှစ်​ဆယ်​
ပျက်​ကွက်​တာက ငါးနှစ်​
လာစစ်​မ​နေနဲ့ ။
တစ်​ရှိုက်​မက်​မက်​ ​လောဘတက်​ခဲ့ဖူးတဲ့ကာလ​တွေ ကုန်​ဆုံးသွားတာ
ငါ့ကိုယ်​ငါ​တောင်​ သတိမထားမိလိုက်​ဘူး ။
ခု​နေခါမှာ​တော့
ရထားမမှိီမှာလည်​း မစိုးရိမ်​​တော့ဘူး
မိုး​ရေစိုမှာလည်​း ဂရုမစိုက်​​တော့ဘူး
​နေပူတာကိုလည်​းမညည်​းညူ​တော့ဘူး
ချစ်​လှစွာ​သော ညီမက​လေးကိုလည်​း
​ရော့ခ်​​တေးသွားနဲ့ ချစ်​ကြည်​့ရတာ အဆင်​မ​ပြေ​တော့ဘူး
တစ်​ချိန်​က နွဲ့ယဉ်​ဝင်​း သီချင်​း​လေးနဲ့ပဲ
​အေး​အေးငြိမ်​့ငြိမ်​့
တသိမ်​့သိမ်​့ချစ်​​နေရတာက အဆင်​​ပြေတယ်​ ။
လှုပ်​လှုပ်​ရှားရှား ​ပြေးလွှားရတာထက်​
စာအုပ်​​လေးတစ်​အုပ်​ပဲ ဖတ်​​နေချင်​​တော့တယ်​ ။
လယ်​ထွန်​ဖို့ထက်​ ပန်​းပင်​​လေး​တွေစိုက်​ဖို့ပဲ အားသန်​​တော့တယ်​ ။
မက်​မိတဲ့ အိပ်​မက်​တိုင်​း
ပျက်​ပြယ်​တတ်​တဲ့ တိုင်​းပြည်​မှာ
​နောက်​ထပ်​အိပ်​မက်​​တွေ
​နေဝန်​းနီ ထပ်​မမက်​ပါရ​စေနဲ့ ။

​နေဝန်​းနီ
19:04
2015 Feb 23

8 comments

  • aye.kk

    February 23, 2015 at 8:39 pm

    မမက်ချင်တော့တဲ့အိပ်မက်ပါ။
    ရဟန္တာဖြစ်ရင် မမက်တော့….(မဟာသုပိနဒီကျမ်း)။

  • naywoon ni

    February 23, 2015 at 10:31 pm

    ဟုတ်​ဘူး ဆြာ​အေး​ရေ ကျ​နော်​တို့ရဲ့ ​မျှော်​လင်​့ချက်​တိုင်​းဟာ အ​ကြောင်​းတစ်​ခုခုနဲ့ ​မျှော်​လင်​့ထားသလိုဖြစ်​မလာတတ်​လို့ ဘာကိုမှ မ​မျှော်​လင်​့ ​တော့ပါဘူး လို့ ဆိုလိုချင်​တာပါ ။ ။ ကျ​နော်​တို့တစ်​​တွေက​တော့ ရဟန္တာ မ​ပြောနဲ့ ​သော်​တာပန်​နား​တောင်​မကပ်​နိုင်​​သေးပါဘူးဗျာ ။

  • Mike

    February 24, 2015 at 9:25 am

    .ပျက်ပြယ်တတ်တဲ့..အိပ်မက်များ
    .ဆက်မမက်ပဲ ခရီးဆက်သွား….ကြတာပေါ့

  • black chaw

    February 24, 2015 at 10:10 am

    အိပ်မက်လား
    ရမ်းယောင် ပြီးတော့
    စမ်းနေမိတယ်
    ငါ့နံဘေးမင်းမရှိဘူး။

  • အလင်းဆက်

    February 24, 2015 at 10:11 am

    ပန်းပင်လေးတွေ စိုက်ဖို့ဖက်..ထွန်တုံးတိုက်ပွဲ တိုက်ဖို့ပဲ…အားသန်တော့တယ်..
    ကျနော် ပြောပါတယ်.. ။

    😆

    ဒီကဗျာ/စာသား လေးတွေကို …နှစ်ခြိုက်မိကြောင်းလည်း မှတ်တမ်းတင်အပ်ပါတယ်

  • ခင်ဇော်

    February 24, 2015 at 11:05 am

    ခုလူတွေနဲ့ လားလားမှ မဆိုင်တဲ့ အစိုးရသစ်ဖြစ်ဖို့ တစ်မျိုးတည်းပဲ မက်တော့မယ်။

    :k:

  • pooch

    February 24, 2015 at 11:18 am

    တခါတလေကျတော့လည်း တချိုု့အိပ်မက်တွေကလည်း မက်လို့ပဲ ကောင်းတာ
    ဆက်လိုက်လို့ မရဘူး အိပ်မွေ့ချပြီး ဆက်အိပ်နေမှပဲ
    နိုးလာရင် အရာအားလုံးက ဗလာနတိ္ထ

    မရှိမကောင်း ရှိမကောင်းထဲ အိပ်မက်လည်းပါတယ်

  • မြစပဲရိုး

    February 27, 2015 at 4:05 am

    တစ်ခြား အိမ်မက် တော့ မမက်ချင်နေပါ။
    ပွိုင့်တစ်သိန်းတောင်ကုန်းသိမ်းပွဲ အိမ်မက်ကိုတော့ မက်ပြီး ရ အောင် အကောင်အထည် ဖော်ပါ ဗိုလ်နီ ။
    . ရှေ့ဆုံးစစ်မျက်နှာက ရဲဘော်အံ နဲ့ ကြပ်ကြီးမမ တို့ ကိုလဲ တွန်းပါ။
    ဗိုလ်ကြီး ပေါက် – ဘာလို့ ငြိမ်နေတုန်း။ လက်နက် ကုန်ပြီလား။
    ဗိုလ်မှူး ဝေ – အမြန်တက်။
    ဗိုလ်မှူးကြီး မိုက် ငိုက် မနေနဲ့၊

    နောက်တန်းမှ စာဖတ်ပြီး အဆီယစ် နေတဲ့ ဗိုလ်ချုပ်ကြီးဒုံ နဲ့ မှူးကြီးဘလက် တို့၏အမိန့်အရ
    ဗိုလ်ချုပ်မြ

    SP ကတော့ ဘာမှန်း ၊ ဘယ်သူမှန်း မသိ။
    ရိုဘော့ ထင်ရဲ့။

Leave a Reply