Urbanize

naywoon niFebruary 23, 20151min1279

​မျောက်​က ကြိုး​ခွေ မ​အော်​်​တတ်​​တော့ဘူး
​ဒေါင်​းကလည်​း မအိုးဝေတော့ဘူး
​တောသဘာဝက ဖျက်​ဆီးပြီး
ပြိုး​ပြိုး​ပြောင်​​ပြောင်​ ​ထောင်​​ထောင်​ လက်​လက်​​တွေနဲ့
​ပေါ့ပ်​ နဲ့ နတ်​ချင်​းပစ်​​နေပြီး
ဟစ်​​ဟော့ နဲ့ နတ်​ဒိုး လိမ်​့​နေကြရရှာ ။
​တောအုပ်​ ငယ်​​လေး​တွေ အ​ပြောင်​ရှင်​းပြီး
လှည်​းလမ်​း​ကြောင်​း​လေးအ​ပေါ်မှာ
ကျိုးပဲ အက်​ကွဲ​နေတဲ့
ကွန်​ကရစ်​ လမ်​း​ကြောင်​း​လေးဟာလဲ​လျောင်​းလို့
သာယာဖွယ်​ရာ သာရက ​ကျေးငှက်​ငယ်​​လေး​တွေလည်​း ​ပျောက်​ဆုံး
ကြည်​နူးဖွယ်​ မြင်​ကွင်​း​တွေလည်​း ရှုံတွလို့ ခပ်​လှမ်​းလှမ်​းက ကြားလိုက်​တဲ့
ငိုရှိုက်​သံ ဟာ
ဘယ်​သူက ဘာ့အတွက်​ ​ကျေကွဲ​နေသလဲ ။
ငါက​တော့ ဘယ်​သူ့မှ နှုတ်​မဆက်​ဘဲ
တိတ်​တိတ်​​လေး ထွက်​ခွာလာမိတယ်​ ။

​နေဝန်​းနီ

9 comments

  • Mike

    February 24, 2015 at 9:22 am

    .သိပ်ကောင်းပြီး ခေတ်ကိုထင်ဟတ်တဲ့ကဗျာလေးပါ…လေးစားပါတယ်ဆြာနီ

  • Mr. MarGa

    February 24, 2015 at 9:26 am

    လမ်းရဲ့သယ်ဆောင်ရာ….ဟို….. အဝေးကို… 🙂

  • black chaw

    February 24, 2015 at 10:23 am

    ကဗျာ ကို ဖတ်ပြီး
    ဉာဏ်မီ သ လောက် ခံစားသွားပါတယ်။
    ကျွန်တော် ဘယ်လိုခံစားသွားတယ်
    ဆိုတာ ပြောပြဖို ့ မလိုသလို
    ခင် ဗျား ဘာကို ဘယ်လို ခံစားရေးဖွဲ ့ထားတယ်
    ဆိုတာလည်း ရှင်းပြ ပေးဖို ့ မလိုဘူး ထင် ပါတယ်။

  • ခင်ဇော်

    February 24, 2015 at 11:16 am

    သဘာဝရဲ့ ပြောင်းလဲမှု တရားခံကို လျစ်လျူရှူ့နိုင်တဲ့ ကျနော်တို့ ဆီက လူတွေဟာ
    တခြား ဘာပြောင်းလဲမှုကို မှ မလိုချင်ဘူး ဆိုတာ သိလိုက်ပါပြီ။
    😥

  • pooch

    February 24, 2015 at 11:20 am

    ခပ်တိတ်တိတ်နေတတ်လာတာကလည်း
    ဝမ်းနည်းခြင်းတွေ အပ်ကြောင်းမထပ်ချင်လို့
    တိတ်ဆိတ်မှုနဲ့ ဝမ်းနည်းမှုတွေ တိုက်ရိုက်အချိုးကျလာလို့

  • တောင်ပေါ်သား

    February 24, 2015 at 3:20 pm

    တိတ်တိတ်လေးဖတ်သွားရင်း . . . . .

  • kai

    February 24, 2015 at 3:44 pm

    မိခင်သဘာဝ..
    လူ့ယဉ်ကျေးမှုတွေထဲက…
    တိတ်တိတ်ကလေးထွက်သွားခဲ့တာကြာပေါ့..
    တိုကျို..နယူးယောက်… လန်ဒန်..ပဲရစ်..
    ကွန်ခရစ်တော…
    လူလုပ်တာတွေထဲ… မြော… မျော… မော..။

    • naywoon ni

      February 24, 2015 at 5:34 pm

      ထိုက်​ထိုက်​တန်​တန်​ ​မျောပါ ရ​တော်​​သေးတာ​ပေါ့ သူဂျီးရယ်​ ။ ​တောအလျှိုလျှို ​တောင်​အထပ်​ထပ်​ကြားထဲ အသံလွှင်​့ရုံ ​လောက်​​ဆောက်​ပြီး အ​ဝေး​ပြေးလမ်​းမက​နေ အဲ့ဒိ​နေရာ ထိ လယ်​​တွေသိမ်​း လမ်​း​တွေ​ဖောက်​ ​ကျေးလက်​ရဲ့ စရိုက်​​တွေ​ပျောက်​ ​ကောက်​လှိုင်​းသယ်​တဲ့ နွားလှည်​း​လေး​တောင်​ မ​မောင်​းရ​တော့ဘူး ။ ​နောက်​တစ်​​နေရာက လက်​နက်​စက်​ရုံ ထားတဲ့ ​နေရာက ပိုဆိုး​သေး ။ လမ်​းသာရှိ ဘယ်​သူမှ သွားခွင်​့မရ ။ ​နွေခါ သစ်​ဝါး​လေး ခုတ်​ချင်​ ရင်​ ပျားအုံ​လေး ဖွတ်​ချင်​ရင်​​တောင်​ ဝင်​မရ ထွက်​မရ ။

Leave a Reply