ရန်ကုန်မြို့ ရဲ့ အမွေအနှစ်များ – ၁

မဟာဗန္ဓုလပန်းခြံနဲ့ အဲ့သည်ရှေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦးကြီးကိုတော့ သိကြမှာပေါ့။ မဟာဗန္ဓုလပန်းခြံရဲ့ မူလအမည်ကတော့ Fytche Square ဖြစ်ပါသတဲ့။ စတင်တည်ဆောက်ကတည်းက ပွဲတော်တွေ ၊ လူထုအစည်းအဝေးပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈၆ရကတည်းက တည်ရှိခဲ့ပြီး အဲသည်ကတည်းကတည်ဆောက်ခဲ့တယ် သံဝင်ပေါက် (လူဝင်ပေါက်)ကို ယာဘက်အစွန်ဆုံးမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသေးပါတယ်။

IMG_20150223_1

 

မဟာဗန္ဓုလပန်းခြံကြီးဟာ Fytche Square ဆိုပြီးတည်ရှိခင်က လွတ်လပ်ကျောက်တိုင်းကြီးနေရာမှာ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ထားတဲ့ရည်ရွယ်ချက်ကတော့ ပန်းခြံကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (ယခု) အဆောက်အဦးကြီးနဲ့ သက်ဆိုင်ပါသတဲ့။

IMG_0579 copy
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်

 

၁၉၀၅ခုနှစ် ဗြိတိသျှလက်ထပ်က ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(ယခု) အဆောက်အဦးကြီးဟာ အဲသည်ခေတ်တုန်းကလည်း (၁၉၀၅ ကနေ ၁၉၁၁) အထိ တရားလွှတ်တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီတွေဟာ သူတို့အင်ပါယာပါဝါ ဘယ်လောက်ကြီး ကြောင်းပြသတဲ့ အနေနဲ့  အဆောက်အဦးကိုကို ထုထည်ခိုင်မာ ဗိသုကာပညာ ခမ်းခမ်းနားနားနဲ့ တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပါဝါကြီးမားပုံကိုပြတဲ့အနေနဲ့ အဆောက်အဦးရဲ့ အမိုးတစ်ဖက်တစ်ချက်ဆီမှာ ကြီးမားတဲ့ ခြင်္သေ့ရုပ် လေးရုပ်ကို တစ်ဖက်စီမှာတည်ထားခဲ့ပါတယ်။

IMG_0579 copy2

Maha-Bandoola-Garden-Park-wpcf_728x413
မဟာဗန္ဓုလပန်းခြံ (ယခု) Fytch Square (ယခင်)

 

ထပ်ပြီးတော့ အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ပန်းခြံ (မဟာဗန္ဓုလပန်းခြံ (ယခု) Fytche Square (ယခင်)) အလယ်မှာလည်း ဗစ်တိုးရီးယား ဘုရင်မ ရုပ်တုကို ထုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာပြီးနောက်ပိုင်းမှာတော့ ဗစ်တိုးရီးယားဘုရင်မ ရုပ်တု

ကို ဖြိုကာ သူတို့ရဲ့  လွတ်လပ်ရေးကျောက်တိုင်ကို ထပ်စိုက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးမှာတော့ မြန်မာဗိသုကာဆရာ ဦးသောင်းညွှန့်ကနေပြီးတော့ လွတ်လပ်ရေးကျော

က်တိုင်ကို ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်ကို အပေါ်စီးက ကြည့်မယ်ဆို ယခင်မြန်မာနို်င့်အလံဖြစ်တဲ့ ကြယ်အကြီးကြီးဘေးမှာ ကြယ်လေးငါးလုံး ဝန်းရံနေပုံကို တွေ့ရမှာဖြစ်ပါတယ်။ ယခုတော့ မဟာဗန္ဓုလပန်းခြံဟာ ရန်ကုန်မြို့ လယ်ကောင် အနားယူစရာ Green Space အဖြစ် လှပစွာ တည်ရှိနေပြီး ရန်ကုန်တိုင်ဒေသကြီး တရားလွှတ်တော်ဟာလည်း နှစ်ပေါင်းရာကျော်ကာ ယခုထရားလွှတ်တော်အဖြစ်တည်ရှိပါသေးတယ်။

 

နောက်အပိုင်းတွေမှာလည်း ရန်ကုန်မြို့ရဲ့ အမွေအနှစ်တွေအကြောင်းကို ဆက်လက်ဖော်ပြသွားပါ့မယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုပုံနဲ့  ဂျပန်တွေတည်ဆောက်ခဲ့တဲ့ ကျောက်တိုင်ပုံကိုတော့ နောက်အပိုင်းတွေပမှာ ထည့်ပေးပါ့မယ်။ လောလောဆယ် ပုံမရသေးလို့ပါခင်ဗျာ။

 

#လေးစားစွာဖြင့်

အောင်မိုးသူ

Ref : Yangon Heritage Trust လေ့လာရေးခရီးစဉ်

19 comments

  • ခင်ဇော်

    February 24, 2015 at 10:04 am

    ကောင်းလိုက်တဲ့ ခရီးစဉ် နဲ့ ပို့(စ)။

    🙂

      • ခင်ဇော်

        February 24, 2015 at 10:22 am

        အာ့မိုးးး
        မန်းလေးဘက် ခရီးစဉ်ရော မရှိဘူးလားး

        🙄

        • အောင် မိုးသူ

          February 24, 2015 at 10:26 am

          သူက အရင်တုန်းက ရန်ကုန်မြို့ ့ ဧရိယာအတိုင်းကို အမွေအနှစ်ထိန်းသိမ်းပြီး မပျက်မစီးနဲ့ လှလာအောင် ထိန်းသိမ်းဖို့ Yangon Heritage Trust ဆိုပြီး ဦးသန့် မြေးဖြစ်တဲ့ ဦးသန့်မြင့်ဦးက တည်ထောင်ထားတာပါ မကြီး။

        • ခင်ဇော်

          February 24, 2015 at 10:31 am

          ရည်ရွယ်ချက်လေး ကောင်းလိုက်တာ။

          🙂

        • အလင်းဆက်

          February 24, 2015 at 10:57 am

          ဒါဆို သူတို့ ရည်ရွယ်ချက်က …အနိစ္စ ၊ ဒုက္ခ၊ အနတ္တဆိုတဲ ့တရားသဘောကို ဆန့်ကျင်ထားတာပေါ့နော်…
          မပျက်မစီးအောင်…လှနေအောင်…ဆိုပြီး…ထိန်းချုပ်ချင်တာဆိုတော့…

          :k:

        • အောင် မိုးသူ

          February 24, 2015 at 10:42 am

          သူတို့ရဲ့ ရည်မှန်းချက်နဲ့ နောက်ဖြစ်လာမယ့် ရန်ကုန်မြို ့ပုံစံကအစချပြထားတယ်။ သူတို့လုပ်လို့လည်း အခုတော်တော်များများ ဖြို ချပီး အသစ်ဆောက်ရန်က လွတ်သွားတာ အများကြီးပဲ။ ဒီခရီးစဉ်ကလည်း အခမဲ့လေ စာရင်းသာ စောစောရအောင် ပေးရင်ရတယ်။

    • kai

      February 24, 2015 at 3:36 pm

      ဟုတ်ပါ့..။ ထည့်သင့်..
      ဒါပေမယ့်…. သေသေချာချာစောင့်ဖတ်ဦးမယ်..။ :k:

  • veryloveman

    February 24, 2015 at 12:58 pm

    ဗဟုသုတရစေပါတယ် ထပ်တင်မည့်ပုံများအတွက်လဲ စောင့်နေပါမယ်

  • ဦးကျောက်ခဲ

    February 24, 2015 at 1:45 pm

    Urbanization Subject ကို စိတ်ဝင်စားလို့ Audit ယူမှသိတာက…
    အင်္ဂလိပ်တွေ ရန်ကုန်မြို့ကိုတည်သွားတာ အလွန်စံနစ်ကျတယ်…
    မြေအောက်ရေဆိုးမြောင်းတွေပါ မြို့မတည်ခင် မြှုပ်သွားတာ…
    ဒုတိယကမ႓ာစစ်ဖြစ်တော့ မြေပုံတွေ မီးထဲပါကုန်တယ်…
    အဲ… တစ်ခုပဲ သူတို့ အတွက်မှားသွားတာက မြို့တွင်းလမ်းအကျယ်… တဲ့…

    • အောင် မိုးသူ

      February 24, 2015 at 3:16 pm

      သူတို့ရှင်းပြတာ သိရတာ အရမ်းကောင်းတယ်။ တည်ခဲ့တဲ့ အင်္ဂလိပ်တွေက ဘယ်လိုစနစ်ကျတယ်ဆိုတာကပေါ့။ သူတို့ဟာ တကယ်အခြေချဖို့ အဆောက်အအုံတွေကို တည်ဆောက်ခဲ့တာ သူတို့ ဆုတ်ခွာရမယ်မှန်း မသိခဲ့ဘူးထင်တယ်။

  • Mr. MarGa

    February 24, 2015 at 4:59 pm

    သူတို့ လုပ်ခဲ့တဲ့ စနစ်တွေ
    ချခဲ့တဲ့ စနစ်တွေ
    မကောင်းဘူးလို့ ဘယ်သူပြောမလဲ
    သူတို့ ဆုတ်ခွာရမယ်မှန်း သိရင်တောင်
    အဆောက်အအုံကိုတော့ ဖြစ်ကတတ်ဆန်း မဆောက်ခဲ့လောက်ဘူး လို့ မြင်သဗျ…

  • ကထူးဆန်း

    February 24, 2015 at 6:00 pm

    ငယ်ငယ်တုန်းက လူကြီးတွေက ပြောကြတယ် .. နောင်တိုးမဲ့ လူဦးရေ ကိုု ကြည့်ပြီး လူတွေ လျှောက်သာအောင် အင်္ဂလိပ်တွေ ပလက်ဖောင်း အကျယ် တွေ လုပ်ခဲ့တယ် တဲ့ ..
    ခုတော့ ပလက်ဖောင်း ဆိုတာ ဘာလဲ ပြန် အမေးခံ ရတော့မယ် နဲ့တူတယ်..
    အနိစ္စ…… :mrgreen:

    • အောင် မိုးသူ

      February 25, 2015 at 9:09 am

      အဲသည်ပလက်ဖောင်းအကျယ်တွေဟာ ရှိတဲ့နေရာ ရှိခဲ့သေးတယ် အစ်ကိုရေ။ အဲသည်အဖွဲ့ဟာ အရင်ရန်ကုန်မြို့ အကျယ်အဝန်းအတိုင်းကို ပလက်ဖောင်းတွေလည်း ပြန်လုပ်ဖို့ ရှိတယ်။

  • Ma Ma

    February 24, 2015 at 11:34 pm

    အခု မဟာဗန္ဓုလပန်းခြံကို ပြန်လည်မွမ်းမံပြင်ဆင်ထားလို့ သွားလည်မလားလို့တောင် စဉ်းစားနေတာ။
    ရန်ကုန်မြို့ရဲ့ အမွေအနှစ်များကို စိတ်ဝင်စားလို့ ဆက်လက်စောင့်မျှော်ဖတ်ရှု့ပါမယ်ဆိုတဲ့အကြောင်းးးးး 🙂

  • Mike

    February 25, 2015 at 1:37 pm

    .ကောင်းလိုက်တဲ့ပို့စ်..ဆက်မျှော်နေမယ်
    .ကမ်းနားလမ်းတလျှောက်တော့ ရှေးဟောင်းအဆောက်အဦးတွေများသား

Leave a Reply