( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် ) အပိုင်း ၂

တောင်ပေါ်သားFebruary 24, 20151min19214

တကယ်တော့ မိန်းကလေးတစ်ယောက်လက်ကို ကိုင်ဘူး ဆွဲဘူးတာ ဒါ ပထမဆုံးပဲ ၊

စက္ကန့်ပိုင်းလေးပါ ၊ ကျနော် ပြန်လွှတ်ပေးလိုက်တယ် ၊

သူ့အတန်းဖော် မိန်းကလေး၂ ယောက် ၃ ယောက် ရောက်လာပြီး ဘာဖြစ်သေးလဲ ?

ဘယ်ထိသွားလဲ မေးရင်း ကားလမ်းတစ်ဘက်ရောက်သွားတယ် ၊

ကျနော်က အနောက်မှာ ကျန်ခဲ့တယ် ၊ သူ လှည့်ကြည့်တော့ ကျနော်က သွားနှင့်ဆိုတဲ့သဘောနဲ့ လက်ပြလိုက်တယ် ၊

သူ ကျောင်းထဲဝင်သွားချိန်မှာ ကျနော်က ကျောင်းရှေ့ စိမ်းကဖီးမှာထိုင်ရင်း သူငယ်ချင်းတွေကို မျှော်ရင်းပေါ့ ၊

(  မြန်မာ့မီးရထားမှာ အလုပ်ဝင်တယ်ကြားပြီး အခုနောက်ပိုင်း အဆက်အသွယ်မရတော့တဲ့ မောင်မောင်အောင် ၊

ရမည်းသင်းမှာ ကျူရှင်ဆရာလုပ်နေတဲ့ လူပျိုကြီး ကိုညွန့်ဝေ ၊

မိတ္ထီလာ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ် ဆောက်လုပ်ရေးမှာ ထောခဲ့တဲ့ ဂျီအီးတပ်က စိုးဦး ၊

သင်္ဘောလိုက်နေတဲ့ ရန်ကင်း ၁၂လုံးတန်းက ကိုမြင့်စိုးတို့ဟာ တွေ့တွေ့ချင်း ခင်ဖြစ် တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေပါ ၊

လဘက်ရည်ဆိုင် ထိုင်တာ အကြိုက်တူသလို စာတိုပေစ ရေးကြတာာလည်း တူသဗျ ) ၊

ခဏနေတော့ တောင်ဥက္ကလာက စီုးဦး နဲ့ သာကေတက မောင်မောင်အောင်တို့ ရောက်လာကြတယ် ၊

ကျနော်က စောစောက အကြောင်းပြောပြတော့ ကျနော့ ဝိုင်းကောသဗျာ ၊

နာမည်လည်း မသိခဲ့ တန်းခွဲလည်း မသိခဲ့ အတော်ညံ့တဲ့ကောင်တဲ့ ၊ ဟုတ်တော့လည်း အဟုတ်သား ၊

ဒါပေမယ့် ကြိုတင်ကြံစည်တာ မဟုတ်တဲ့ ရုတ်တရက်အဖြစ်မှာ ဘာအတွေ့အကြုံမှ မရှိတာဗျာ ၊

ကဲ  သွားရှာမယ် တဲ့ ၊ အမယ်လေး  ပထမနှစ် ဒုတိယနှစ် ဖိုင်နယ် မေဂျာအလိုက်တန်းခွဲတွေက အများကြီး ၊

ကိုယ်တွေက ဖရက်ရှာ ဘာမှ သိပ်သိသေးတာ မဟုတ် ၊ မရဘူးဗျ ဒီဘဲတွေက လာ ထ  ၊ သွားမယ်တဲ့ ၊

ဒီလိုနဲ့ ကျောင်းထဲဝင် ၊ ကျောင်းမှာက စာသင်ဆောင်က ၂ ဆောင်တည်း ၊ ဗဟိုဆောင်ရယ် မှန်ဆောင်ရယ် ၊

ဗဟိုဆောင်က အဝင်ပေါက်တည့်တည့်က အနီရောင် အဆောင်

မှန်ဆောင်က မှန်ပြတင်းပေါက်အများကြီနဲ့ ကျောင်းထောင့်ကအဆောင် ၊

တွေ့ပါဘူးဗျာ ၊ ဒါနဲ့ပဲ ထမင်းစားချိန်ရောက်လာ ဘာအတန်းမှလည်း မတက်ဖြစ် ၊

ထမင်းစားပြီးတော့ အတန်းတက်ရသေးတယ် ၊ အဲ့အချိန်က ဌာနမှုး သင်တဲ့အချိန်ဆိုတော့ ပျက်လို့မကောင်းဘူးလေ ၊

နောက်တစ်ချိန် ဆက်တက်ပြီး လဘက်ရည်ဆိုင်ပြန်ထွက်ဖို့ ပြင်ကြတာပေါ့ ၊

မှန်ဆောင်အေပေါ်ထပ်က ဆင်းလာပြီး ထွက်ပေါက်ဘက်အကွေ့ ၊ ဒိုင်းကနဲ သူနဲ့တန်းတိုးတာဗျာ ၊

မြေတိုင်းဆာဗေးဆင်းနေတဲ့အဖွဲ့ထဲမှာ ကျနော့် စီဗဲလ်မလေးလေ ၊

စိုးဦးတို့ကိုပြတော့ ငမျိုး မင်းနဲ့တောင် သိပ်မတန်ဘူးကွာ တဲ့ ၊ သောက်ဘဲတွေ ငါ့ကိုများ ပြောရက်တယ် ၊

ခဏနေတော့ သူ ကျနော့်ကို မြင်သွားတယ် ၊

သူ့ဆီက ပထမဆုံး ကြားဘူးတဲ့ စကားက ( မနက်ကအတွက် အကို့ကို ကျေးဇူးတင်ပါတယ် ) တဲ့ ၊ သူ့နာမည်က မာလာဝင်း တဲ့ ၊

သူက စာသင်ချိန်ကြီးမို့ စကား ၂ ခွန်း ၃ ခွန်းပဲ ပြောဖြစ်ပါတယ်၊

အဲ့အထဲမှာ အရေးအပါဆုုံးအဖြစ် မေးမိတာက ဘယ်အချိန်ပြန်မှာလဲ ? ဆိုတာပါပဲ ၊

အဲဒီနေ့ ညနေ ၄ နာရီမြို့ပါတ်ရထားဟာ အတော်မြန်လွန်းသလိုပဲဗျာ ၊

ဘာမှ မကြာဘူးလို့ ထင်မိချိန်မှာပဲ ဟုမ်းလမ်းဘူတာကို ရောက်လာပါတယ် ၊

သွားမယ်နော်လို့ နှုတ်ဆက်သွားတဲ့ သူ့ဟန်ပန်လေးဟာ ချစ်စရာလေးဗျာ ၊

ကျနော်လည်း ရှေ့ ရှမ်းလမ်းဘူတာမှာဆင်း ဟိုဘက်ကလာတဲ့ရထားနဲ့ လှည်းတန်းဘက်ပြန်စီး ၊

မျက်နှာက ပြုံးဖြီးဖြီးဖြစ်နေမှာ သေချာသပေါ့လေ ၊

နောက်နေ့မှာတော့ ကျနော် ဂျူတီတိုးပြီပေါ့ ၊

မနက် ၆ နာရီ အိမ်ကထွက် ၊ မားသားကြီးက မေးသဗျ ဒီအချိန်ကြီး ဘယ်တုန်း တဲ့ သူငယ်ချင်းတွေဆီ ဆိုတော့ မယုံသင်္ကာနဲ့ဗျ ၊

ငါမွေးထားတာပါ လာမလှိမ့်နဲ့ ဆိုတဲ့ အကြည့်မျိုးနဲ့ ၊

အိမ်ကနေ လှည်းတန်းဘူတာကို သွက်သွက်လျှောက် ၊

မြို့ထဲသွားတဲ့ ၆ နာရီ ၁ဝ မိနစ် ရထားကိုစီး ၊ ၆ နာရီခွဲ ဟုုမ်းလမ်းဘူတာရောက် ၊

ရွာမဘူတာအထိ လက်မှတ် ၂ စောင်ဝယ်ရင်း သူ့ကိုစောင့်တာပေါ့ ၊

သူက ကမ်းနားလမ်းဘက် ထွက်သွားတဲ့ ရထားလမ်းလေးဘက်က လာတာ ၊

( နောက်မှ သူပြောပြတာက သူ့အိမ်က သီတာရုပ်ရှင်ရုံဘေးက လမ်းထဲမှာတဲ့ ) ၊

ကျနော့်ကို မြင်တော့ သူ အတော်အံ့ဩသွားပုံပဲ ၊ ဒီကကောင်ကလည်း ဇွတ်တာတိုးနေတာ နိူးအိပ်စပီးရီးယင့်ကောင် ဟီး ဟီး ၊

သူရထားလက်မှတ်ဝယ်မလို့ ကုန်းတံတားပေါ်ါ်တက်မယ်ဟန်အပြင်မှာ ကျေနော်က

ဒီမှာ ဝယ်ပြီးပြီဆိုတော့ ဝိုင်းသွားတဲ့ သူ့မျျက်လုံးလေးက မမေ့စရာ ၊

ဒီလိုနဲ့ မနက်အတူလာ ညနေအတူပြန် ၊

ဒါပေမယ့် ဆယ့်လေးငါးရက် ကြာတဲ့အထိ သူ့ကို ချစ်တယ် လို့ ဘယ်လိုမှ ပြောမထွက်သေးဘူး မပြောရဲတာဗျာ ၊

ပြောလို့ ငြင်းလိုက်မှာစိုးတယ်ဆိုတော့ ဘော်ဒါတွေက အားပေးပါတယ် သောက်ရူး တဲ့ ၊

မင်းနဲ့ သွားအတူ လာအတူ   ကြည့်လိုက်ရင် တကယ့်စုံတွဲဖြစ်နေပြီ မင်းက ဘာတွေဝေးနေတာလဲ တဲ့ ၊

အင်း  သူတို့ပြောတာလည်း အဟုတ်သားပဲ ၊

ကိုယ့်ကိုယ်ကို အားတင်းရင်း မနက်ဖြန် မနက် ကျောင်းအလာ ရထားပေါ်မှာ ဖွင့်ပြောမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ၊

( ဒီနေ့ ရုံး meeting အတွက်ပြင်ရဦးမှာမို့ မနက်ဖြန် ဇာတ်သိမ်း အပြီးသတ် တင်ပေးပါ့မယ်ဗျာ ၊ စောင့်ဖတ်ပေးတာ ကျေးဇူးကမ႓ာနော့ )

8

14 comments

  • ခင်ဇော်

    February 24, 2015 at 1:33 pm

    နောက် ဒါမိုးရေးဟန်လေး ရေးးး
    သွက်ပြီး ဖတ်လို့ အားဂျီးကောင်းတယ်။

    🙂

    ဆက်ဆက် စောင့်နေမယ်နော်။
    (အလင်းဆက်ကို ပေါဒါဟုတ်ဘူး)
    :k:

    • တောင်ပေါ်သား

      February 24, 2015 at 1:38 pm

      ရင်ဘတ်ကြီးနဲ့ရင်းပြီး ရေးနေရတာပါကွယ် ၊

  • ဦးကျောက်ခဲ

    February 24, 2015 at 1:52 pm

    သီတာရုံဘေးကပ်ရက်လမ်းက ဘင်တန်လမ်း…
    ရှေ့ဘက်လမ်းက ဦးလူနီလမ်း ဆိုတော့ … ကရင်မလေးလား…
    ဝိုက်တောသူကလေးကို သွားကြောင်တဲ့ ဇာတ်ကိုးဗျ… အဟိ
    :k:

    • တောင်ပေါ်သား

      February 24, 2015 at 2:00 pm

      အနောက်ပိုင်းဆေးရုံ အနောက်ဘက်မှာဗျ ၊
      ကရင်မ ဟုတ်ဘူး ၊

      အဲဒီ အဲဒီ လူမျိုးကြောင့် ဒီဇာတ်က ဆုံးရတာ ၊ 🙁

      ဇာတ်သိမ်းမှာ သိမှာပါ ၊

      • Kaung Kin Pyar

        February 25, 2015 at 10:01 am

        .ကရင်တွေက လူမှန်၊ စိတ်မှန်နော်….အူးမျိုး…။ သဘောကောင်း မနောကောင်း စိတ်ရင်းဖြူတယ်….။
        .လူကို ထိချင်ထိ…၊ လူမျိုးတော့ မထိနဲ့…ဟွင်းးး
        :k:

        • တောင်ပေါ်သား

          February 25, 2015 at 1:19 pm

          ကရင် မဟုတ်ပါဘူးဆို

  • Mr. MarGa

    February 24, 2015 at 5:05 pm

    ငမ့်
    လုပ်ပြန်ပြီ တို့လို့တန်းလန်း
    မျှော်ရပေဦးမယ်..

  • Mike

    February 25, 2015 at 10:02 am

    .အချစ်အတွက် ဘာမဆိုလုပ်မဲ့အရွယ်ဆိုတော့…အင်း…အဆုံးသတ်ကို ဆက်လက်မျှော်မယ်ဗျာ :))

  • naywoon ni

    February 25, 2015 at 10:10 am

    ဟိုတုန်​းက မူးရင်​ ဆိုတဲ့သီချင်​း​လေ အမှတ်​ရတယ်​ ” မာလာရယ်​ပွင်​့ပါလားလို့ကွယ်​ တစ်​ပွင်​့ထဲ တစ်​ငုံထဲ ×××××××××× ”
    အဲ့တုန်​းက ​ကျော်​ရစ်​​နေတဲ့ ​ကောင်​မ​လေးကလည်​းမာလာတဲ့ သူ​ရှေ့သွားဆိုရင်​ အား​ပေးတယ်​ “မသာ ” တဲ့ ။ ​နောက်​ကျ​တော့ လူကြီး​တွေက ​ပြောလို့လားမသိဘူး ။ ဆဲ ​တော့ မဆဲ​တော့ဘူး
    နှုတ်​ခမ်​းကြီး​ထော်​ပြီး “ပွင်​့ဘူး ” တဲ့ ။ အဟက်​ နာမယ်​ချင်​းဆင်​လို့ ဝင်​​နောက်​သွားတာ

  • အလင်းဆက်

    February 25, 2015 at 2:44 pm

    မြို့ပတ်ရထားပေါ်မှာ ဖွင့်ပြောတာလား..
    မြန်မာနိုင်ငံအနေနဲ့…ဒါတော်တော် ကဗျာဆန်တာ…

    :k:

    • တောင်ပေါ်သား

      February 25, 2015 at 3:33 pm

      ကဗျာဆန်သတဲ့လားကွယ်

      ဇာတ်သိမ်းကို ကြည့်ပါဦး

  • kai

    February 25, 2015 at 4:10 pm

    မြို့ပါတ်ရထားက.. အခုလိမ္မော်ရောင်လား..။
    လိမ္မော်က.. ရွှေဖရုံသီးအရောင်..
    ဟောလိုးဝင်း… သူရဲည..အရောင်…

    ဖုတ်.. ဇုမ်ဘီတွေအကြောင်းတော့ မရေးနဲ့နော..။ :k:

    • တောင်ပေါ်သား

      February 25, 2015 at 4:19 pm

      သဂျီးရေ
      မြို့ပါတ်ရထားက ရောင်စုံဖြစ်နေပြီ
      လိမ္မော် အစိမ်း RBE အဲယားကွန်းတွေက တစ်မျိုး 🙂

      • အလင်းဆက်

        February 25, 2015 at 5:51 pm

        ပြီးတော့… သွားတိုက်ဆေးတို့..ကော်ဖီမစ်တို့ ကြော်ငြာတွေ ပလူပျံအောင် ကပ်ထားသေးတယ်လေ…

Leave a Reply