ကုန်​လွန်​ခဲ့တဲ့ နှစ်​ငါးဆယ်​

naywoon niFebruary 24, 20151min959

ငါတို့ဟာ
အ​ကောင်​းဆုံးကြိုးပမ်​းခဲ့ကြတာပါ့
သို့​ပေမဲ့
တို့တစ်​​တွေရဲ့ အားထုတ်​မှုကို
အသိအမှတ်​ပြုတဲ့ ပတ်​ဝန်​းကျင်​မရှိ​လေ​တော့
ငါတို့အ​ကြောင်​းကို ဘယ်​သူမှမသိကြတာရှိ​စေ​တော့ ။
သို့​ပေမဲ့
​မျှော်​လင်​့ချက်​​တွေထမ်​းပိုးရင်​း
အိပ်​မက်​​တွေနဲ့
ညအခါ​တောလယ်​ထွက်​သလို
မနက်​မနက်​ကျရင်​ ဘာသား​ကောင်​မှမရတဲ့ မုဆိုးလို
ငါတို့မှာ ကုန်​လွန်​ခဲ့တဲ့ အချိန်​​တွေအတွက်​ ယူကျုံးမရဖြစ်​လို့ ။
အ​ကောင်​းဆုံးကျိုးစားပြီး
အဆိုးဆုံး ရှုံးနိမ်​့ခဲ့တဲ့
နှစ်​ငါးဆယ်​ဟာ အစားပြန်​မရခဲ့တာ​သေချာတယ်​ ။

​နေဝန်​းနီ

9 comments

  • aye.kk

    February 24, 2015 at 11:48 pm

    ဓမ္မတွေ ကွယ်နေခဲ့တဲ့ နှစ်ငါးဆယ်က အစားပြန်မရတော့တာ အမှန်ပါ ။
    အခုခေတ် ကလေးငယ်တွေ အတွက် ဓမ္မစကူးလ် တွေဖွင့်ပေးနေတာ မြင်ရတော့ အားရမိတယ် ၊ အားပေးမိတယ်။
    နောင် တစ်ချိန် အတွက်တော့ မျှော်လင့်လို ့ရနိုင်ပါတယ် ။ အနာဂါတ်ရဲ ့ သားကေါင်း သမီးကေါင်း တွေ ဖြစ်လာမှသာ တိုင်းပြည်အတွက် အကျိုးရှိ ၊ အားရှိစရာ ဖြစ်လာနိုင်မယ်လို့ ယုံကြည်မိပါတယ် ။

  • Kaung Kin Pyar

    February 25, 2015 at 10:10 am

    ဆြာနေ ပြောသလိုပဲ….လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကတော့ အမှောင်ဖုံးနေသလိုပဲ…။ ရင်းရတာတွေလဲ များခဲ့တယ်…။ နောက်ပိုင်း နှစ်ငါးဆယ်မှာတော့ ကောင်းဖို့ရာသာ မျှော်ပါတယ်….။ စောင့်ကြည့်ပါဦး….။ အိပ်မက်တွေ တကယ်ဖြစ်လာ မလာဆိုတာ…
    🙂

  • ဦးကြောင်ကြီး

    February 25, 2015 at 11:20 am

    အသက်ငါးဆယ်
    လက်နက်ကရှယ်
    ကောင်းဂျီးရှိသေးဒယ်
    ဘာလာလာတွယ်
    အတုံးအလဲ
    အမုန်းဆွဲတယ်
    ပြုံးလည်းဗုံးကြဲမယ်
    ရှုံးမလဲ ဒုံးကနဲကွယ်…

  • ခင်ဇော်

    February 25, 2015 at 11:29 am

    နောက် နှစ် ၅ဝ နေဦးမှာတဲ့။
    မြေးမြစ် ကောင်းစားတဲ့အထိ။

    😥

  • အလင်းဆက်

    February 25, 2015 at 3:06 pm

    ဘာပဲဖြစ်ဖြစ်…
    ကျနော်တို့….
    ဘာပဲဖြစ်ဖြစ်ရအောင်…

  • တောင်ပေါ်သား

    February 25, 2015 at 4:04 pm

    နှစ် ငါးဆယ် တဲ့ ၊

    ငါကော ဘာတွေများ ရခဲ့ပါလိမ့်

  • Mike

    February 26, 2015 at 10:23 am

    .တော်လှန်ရေးကောင်စီတက်ကတည်းက သွားတော့တာပဲ…ကျိန်စာသင့်တိုင်းပြည်

  • naywoon ni

    February 26, 2015 at 11:04 pm

    နှစ်​ ငါးဆယ်​ဆိုတာ ရာစု နှစ်​ရဲ့ ထက်​ဝက်​ မျိုးနှစ်​ဆက်​ အချည်​းနှီး ကုန်​ဆုံး ငါတို့ ရလိုက်​တာက ပျက်​စီး ယိုယွင်​း​နေတဲ့ နိုင်​ငံ​တော်​

  • Mr. MarGa

    February 27, 2015 at 9:52 am

    အချိန်တွေဟာ အစားပြန်မရ…..

Leave a Reply