ရန်ကုန်မြို့ အမွေအနှစ်များ – ၂

ရန်ကုန်မြို့ ရဲ့ အမွေအနှစ်တွေအကြောင်းပြောမယ်ဆိုရင်တော့ မြို ့တော်ခန်းမကြီးနဲ့ သူရဲ့တစ်ဖက်က ဧရာဝတီဘဏ်(ယခု)တို့ အဆောက်အဦး နှစ်ခုဟာလည်း မပါမဖြစ်ပါ။

မြို့တော်ခန်းမဟာကြီးရဲ့ ယခင်က နေရာဟာ ဂျပန်တွေဆောက်ခဲ့တဲ့ ရုံးအသေးစားလေးတစ်ခုပါ။ ဗုံးဒဏ်ထိပြီး စစ်ပြီးကာလမှာ အင်္ဂလိပ်တွေဟာ ရန်ကုန်မြူနီစပယ်ရုံးခန်ဆောက်ဖို့ ကြံစည်ကြပါတယ်။

မြို့တော်ခန်းမ(ယခု)ရဲ့ ဗိသုကာပညာရှင်ဟာ မြန်မာနိုင်ငံသား စည်သူဦး  တင်ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေဟာ အဆောက်အဦးကို သူတို့လက်ရာပုံစံတည်ဆောက်ချင်သလို စည်သူဦးတင်ဟာလည်း မြန်မာမှုပုံစံတည်ဆောက်ချင်ပါတယ်။ ဒီလိုနဲ့ မြို့ တော်ခန်းမ(ယခု)ရဲ့ လက်ရာဟာ မူလအနောက်တိုင်းဗိသုကာလက်ရာကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က ပုဂံလက်ရာ အပြောက်အမွှန်းများထည့်သွင်းကာတည်ဆောက်ခဲ့ပါတယ်။ct2

၁၉၂၅ ကနေ ၁၉၄ဝထိ ရန်ကုန်မြူနီစပယ်ရုံးအဖြစ်တည်ရှိခဲ့ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့ တော်ခန်းမ အဖြစ်တည်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးမိန့်ခွန်းပြောကြားသွားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသတဲ့။

ယခုခေတ်မှာတော့ မြို့တော်ခန်းမရဲ့ အရောင်ဟာ နှစ်မျိုးပြောင်းခဲ့ပါတယ် အဝါရင့်ရောင် မှတစ်ဆင့် အခုနောက်ဆုံး ခရမ်းနုရောင်ctအဖြစ်တည်ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ မဟာဗန္ဓုလပန်းခြံကနေပဲဖြစ်ဖြစ် ဘယ်ကနေကြည့်ကြည့် လှပခန့်ညားတဲ့ မြို့တော်ခန်းမကြီးကို တွေ့မြင်နိုင်ပါတယ်။

IMG_20150222_092049

#လေးစားစွာဖြင့်

အောင်မိုးသူ

မှီငြမ်း – Yangon Heritage Trust လေ့လာရေးခရီးစဉ်

19 comments

  • Mr. MarGa

    February 25, 2015 at 11:23 am

    အဝါရင့်ရောင်က ပိုလှသလိုပဲ
    ခရမ်းနုရောင်က ငါမြင်တာ အဖြူဖြစ်နေတယ်
    နောက်တစ်ပိုင်းက ဧရာဝတီဘဏ်လား
    (အောက်ဆုံးကပုံကို ကျော်ကြည့်သွားသည်)

    • အောင် မိုးသူ

      February 25, 2015 at 11:25 am

      အဖြူမဟုတ်ဘူး ခရမ်းနု ဟုတ်တယ် အဝါကတော့ ပိုခန့်တယ်။ နောက်တစ်ပိုင်းက ဧရာဝတီဘဏ်လာမယ်လေ။ 🙂 အောက်ဆုံးကပုံကတော့ အမှတ်တရပါ။ ကျော်ကြည့်စရာမလိုပါပု။ နီက ဂျေဝင်ကို ဝင်တယ်။

  • ခင်ဇော်

    February 25, 2015 at 11:28 am

    ဟာ။
    အောက်ဆုံးကရော ရန်ကုန်အမွေအနှစ်ထဲ ပါသလားးး
    ဟိဟိ။

    :k:

    • မြစပဲရိုး

      February 27, 2015 at 3:47 am

      နံပါတ် (၃) ပုံက လဲ ရန်ကုန်မြို့ အမွေအနှစ် ဘဲလား ဟေ့။
      (ဇီကလေး အမေးဦးသွားတယ်) lol:-)))))

  • ဦးကြောင်ကြီး

    February 25, 2015 at 11:58 am

    ဟိုဒုံးက ကြည့်မြင့်တိုင်သံလမ်းမှာဆိုလား ဒေါ်ပုဘိဆို လူဒိုင်းသသဒဲ့.. အဲဒီနေရာလေး ထိန်းသိမ်းထားဖို့ ဦးသမ့်မြင်းအူးကို အကြံပေးကြည့်ဗာရား.. သူလည်း ဆိတ်ဝင်စားခြင် ဆားမှာပေါ့စ်…။

    • ကိုရင်စည်သူ

      February 25, 2015 at 12:13 pm

      ဘောင်းဘီဒိုကြီးနဲ့ အဆင်ကြီးက အမလိကား တစ်လမမခွာ မျိုးချစ်သူရဲကြောင်ကြီးတို့ အကြိုက်..ဆင်ဂျီးပဲ.. ငိ.. 🙂

    • အောင် မိုးသူ

      February 25, 2015 at 1:02 pm

      အူးကြောင် အဲ့အကြောင်းမပါရင်မပြီးဘူးနော်။ ဘိ ဖွင့်စားပါလား ကုသိုလ်လည်းရ ဝမ်းလည်းဝ ခိခိ။

  • အလင်းဆက်

    February 25, 2015 at 2:38 pm

    အခု AYA Bank က အရင်က ရိုးကုန်တိုက်ဆိုလား…
    နိုင်ငံခြားသားတော်တော်များများကတော့…အထဲ ဝင်ကြည့်ချင်စိတ်ရှိပုံရတယ်..
    ဦးဇော်ဇော်ကို ကြောက်ပြီး ဝင်ခွင့်မရရှာတော့… အပြင်ကနေပဲ.. ဓါတ်ပုံတွေ တဖျက်ဖျက် ရိုက်ယူကြရ..

    နောက်.. အခု ဦးဇော်ဇော်ရဲ့ အိုက်ဒီယာနဲ့…သုတ်ထားတဲ့ ဆေးအရောင်…
    ညဘက် လျှပ်စစ်မီး သုံးထားတဲ့ စတိုင်ကိုလည်း…ဗသုကာပညာရှင်တွေ အတော် စိတ်ဝင်စားနေကြတယ်။

  • kai

    February 25, 2015 at 4:03 pm

    ယူအက်စ်မှာ.. AAA ရဲ့.. Westways ဆိုတဲ့မဂ္ဂဇင်းရှိတယ်…။
    အဲဒါရဲ့..နောက်အဖုံးအတွင်းမှာ.. လော့စ်အိန်ဂျလိစ်မြို့ရဲ့.. ရှေးဟောင်းးးးးဓာတ်ပုံတခုကို.. နေရာနဲ့.. ဓာတ်ပုံရာဇဝင်အကြောင်းလေးနဲ့ဖေါ်ပြလေ့ရှိတယ်ဗျ…။
    http://ww1.calif.aaa.com/westways/2010-10/Pages/off-ramp.aspx

    ရန်ကုန်ကို.. စနစ်တကျနဲ့.. အဲလို.. လုပ်မယ်ဆို.. ကောင်းမယ်..။
    မြန်မာ့ဂဇက်သတင်းစာမှာ ပုံမှန်ပုံနှိပ်ဖေါ်ပြချင်မိတယ်..။
    နောက်ဆုံး.. အဲဒီာတ်ပုံသတင်းဆောင်းပါးတွေပြန်စု.. စာအုပ်လုပ်လိုက်ရင်.. သမိုင်းတန်ဖိုးရှိတဲ့.. စာအုပ်တအုပ်ဖြစ်လာနိုင်တာပဲ..။

    ====

    Hill Street Views
    A sightseer’s view of L.A.’s busy Hill Street 1939
    By Morgan P. Yates
    Westways October 2010

    Hill Street, Los AngelesFrom atop a sightseeing bus, the hustle and bustle of Los Angeles unfolds in this 1939 scene on Hill Street. In the foreground, the Venice Short Line streetcar of the Pacific Electric has left the Subway Terminal Building up the street and is heading south. It will turn right at 16th Street and continue along Venice Boulevard to the beach.

    In the far left of the frame, the Title Guarantee and Trust Company Building rises in zigzag moderne splendor. Behind the trolley looms the Pershing Square Building, where the Julian Petroleum Company maintained offices until it precipitated a 1920s stock swindle on a scale rivaling that of the Teapot Dome scandal during the same era. If he had turned a bit to the left, the photographer would have captured the garden oasis of Pershing Square with its benches, fountains, paths, and trees and the beaux arts Biltmore Hotel.

    Much from this view survives today, though it’s changed somewhat. Pershing Square underwent drastic reconfiguration in the 1950s and again in the early 1990s. The lush plantings are gone, but now that more people are living downtown, there are calls to bring back the greenery. The Title Guarantee Building is gorgeous once more, following a loft conversion. The Pershing Square Building retains its architectural dignity despite some boarded-up storefronts at ground level. And although Hotel Clark appears down on its luck, it’s still standing. There are no more trolleys to dodge, but the 1930s soapbox orators of L.A.’s “Central Park” would still recognize the place.

    OffRamp showcases images from the Auto Club of Southern California’s archives.

    • အောင် မိုးသူ

      February 26, 2015 at 9:54 am

      Yangon Heritage Trust အဖွဲ့ အစည်းမှာ တားဂတ်တစ်ခုရှိတယ် အဲ့လိုမျိုးလည်း အပါအဝင်ပေါ့။ ဆက်လက်ဖော်ပြပေးပါဦးမယ်။

  • Mike

    February 26, 2015 at 9:55 am

    .ရန်ကုန်မှာရှေးဟောင်းလက်ရာအမွေအနှစ်တွေ တော်တော်ကျန်သေးတယ်…အတွင်းပိုင်းဒိကော်ရေးရှင်း
    .လုပ်ချင်လုပ်..အပြင်ပိုင်းကိုတော့ နဂိုသဘာဝအတိုင်းပဲထားသင့်တယ်ထင်တယ်…
    .တက္ကသိုလ်က ကွန်ဗိုကေးရှင်းဟောလိုပေါ့ :p:

    • အောင် မိုးသူ

      February 26, 2015 at 10:08 am

      အခုတော့ တော်တော်ထိန်းသိမ်းလာပြီ။ ဒီအဖွဲ့အစည်းကြောင့် ဖြိုချမယ့်အခြေအနေကနေ လွတ်ခဲ့ရတဲ့ အဆောက်အဦးတွေ အများကြီးပဲ။

  • Ma Ma

    February 26, 2015 at 10:23 am

    မဆလလက်ထက်တုန်းက ပြည်ထောင်စုနေ့ဆိုရင် ဖျော်ဖြေပွဲတွေလုပ်၊ မီးရောင်စုံတွေ ထွန်းနဲ့ စည်ကားနေတတ်လို့ ဓာတ်ပုံသွားရိုက်ကြရတာ သတိရမိသေးတော့တယ်။

    အနောက်တိုင်းပုံစံကို မြန်မာမှုလေးတွေထည့်ထားတဲ့ မြန်မာဗိသုကာဦးစည်သူဦးကို လေးစားချီးကျူ းမိတယ်။

    အခုသုတ်ထားတဲ့ ခရမ်းနုရောင်ကို ခန့်ညားမှု ထယ်ဝါမှု မရှိလု့ိမကြိုက်ဘူး။

  • Shwe Ei

    February 26, 2015 at 11:47 am

    -နောက်တစ်ပိုင်း ဆက်ပါအုံး..
    -ပို့စ်တင်တာလဲဖတ်မယ်..ခရီးစဉ်မှာလဲ လိုက်ခွင့်ရရင်ကောင်းမှာဘဲလို့ တွေးမိတယ် …

    • အောင် မိုးသူ

      February 27, 2015 at 12:37 pm

      ခရီးစဉ်မှာလိုက်ချင်ရင်တော့ Yangon Heritage Trust ဖေ့ဘွတ်ပေ့ချ်မှာ သူတို့ စာရင်းလက်ခံတာ ကြေငြာရင် အီးမေးလ်ပို့လို့ရပါတယ်။

  • မြစပဲရိုး

    February 27, 2015 at 3:51 am

    ယူကေ မှာ ဆို လူနေ တဲ့ အိမ် တွေ ကိုပါ စာရင်းထည့်တာ။
    အဲဒီ အိမ် တွေ မှာ လူ နေလို့ ရတယ်။
    ပြင်ချင်တိုင်း တော့ ပြန်ပြင်လို့ မရဘူး။
    ပြင်ချင်ရင် အဲ့အတိုင်း ရအောင် ပြင်မှ ရတယ်တဲ့။

  • veryloveman

    February 28, 2015 at 1:59 pm

    စောင့်မျော်အားပေးလျှက်……သမိုင်းဆိုရင် စိတ်ဝင်စားလို့

Leave a Reply