​နေဝန်​းနီ ဓာ​တ်​​သေ ဆြာ ဖြစ်​သွားခြင်​း -၂

naywoon niMarch 16, 20151min1726

​ဆောင်​းမိုး

​နေဝန်​းနီလည်​း ဓာ​တ်​ သေ ဆြာဖြစ်​​ေ ရာ ​ဆောင်​းတွင်​းကြီးမှာ ရွာလိုက်​တဲ့ မိုးက အဆက်​မပြတ်​ပဲ ။ စဉ်​းစားမိတာက​တော့ ” ငါ ဓာတ်​​သေ ဆြာဖြစ်​တာသိလို့ မိုးက ကဲ့ရဲ​လေသလား ” ​ပေါ့ ။ သူတို့သွားရမဲ့ရွာ​တွေ စဉ်​လိုက်​​တော့ အ​ဝေးဆုံးရွာက မိုင်​ ၂ဝ ​လောက်​ရှိပါတယ်​ ။ ​တောင်​​ပေါ်ရွာ​ခေါ်တာ​ပေါ့ ။ ​တောင်​​ပေါ်ရွာ ဆို​ပေမဲ့ သိပ်​ပြီး မမြင်​့​သေးပါဘူး ။ တစ်​ခြား အဖွဲ့မှာပါတဲ့ “​တောင်​​ပေါ် ​ကျောင်​းကုန်​း” ဆိုတဲ့ ရွာဆိုရင်​ ပင်​​လောင်​း မြို့နယ်​ထဲက လှည်​့သွားမှ အဆင်​​ပြေတာပါ ။ လမ်​းရိုးအတိုင်​းသွားလို့က​တော့ ​တောင်​​ခြောက်​လုံး​ကျော်​ရတယ်​ ဟူသတတ်​။ ထားပါ အဲ့​နေညက အ​ကြောင်​းဆက်​ရဦးမယ်​ ။
ညကျ​တော့ လက်​​ထောက်​ဦးစီးက ဘီဘီ​လေး သုံးလုံး​ထောင်​လို့ သူငှား​နေတဲ့ အိမ်​မှာ​လေ ။ အစက ​ပြောခဲ့တဲ့ ကင်​မလာ​လေး ထုတ်​​ပေးတယ်​ ။ Sony လို့​ရေးထားတာပဲ ။ အဲ့လို့နဲ့ ဓာတ်​​သေ ဆိုင်​ကို​ရောက်​​တော့ ကင်​မလာထဲက SD ကဒ်​နံပါတ်​ကိုယူပါတဲ့ အဲ့ အတိုင်​း ပုံထုတ်​​ပေးမယ်​​ပေါ့ ။ အဲ့ ဂဏန်​း​လေးလုံး ကိုမှတ်​ခဲ့​ပေါ့​လေ ။ အဲ့ ကဒ်​ထဲက ဂဏန်​း​တွေက ရိုက်​ထားတဲ့ ပုံအတိုင်​းပဲသွားမှာ ဖျက်​ပစ်​လိုက်​ရင်​ ဖျက်​ပစ်​လိုက်​တဲ့ နံပါတ်​ ပြန်​မလာဘူး ။ ​ကျော်​သွားမှာပဲ ။ အဲ့ နံပါတ်​နဲ့ လူနာမယ်​နဲ့ တွဲမှတ်​ထားတာလွဲစရာမရှိဘူး ။ ဓာတ်​​သေ ပုံထုတ်​ခ ဘယ်​​လောက်​လဲ ဆို​တော့ ဆိုင်​က​ကောင်​​လေးနဲ့ အစကတည်​းက သိ​နေ​တော့ ပွင်​့ပွင်​့လင်​းလင်​းပါပဲ ။
” ရုံးက ကိစ္စ ရှိတိုင်​း ဝင်​လုပ်​​ပေး​နေရတာဆို​တော့ တစ်​​ယောက်​ကို တစ်​ရာနှုန်​းပဲ ယူမယ်​​လေ ပုံကိုလည်​း လိုအပ်​တဲ့ သုံးပဲထဲတင်​ ထုတ်​မ​ပေးပါဘူး လိုရမယ်​ရ ​လေးပုံစီ ထုတ်​​ပေးမှာပါ ”
တဲ့​လေ ။ ပြီး​တော့ ​နောက်​ခံ ပိတ်​စ ကိုလည်​း အနက်​​ပြောင်​ပဲ တပ်​ခိုင်​းတယ်​ ။ သူကလည်​း နမူနာ ရိုက်​ပြ ဖျက်​ပြ လုပ်​ပြတယ်​ ။ ဆို​တော့ကာ ……..

​နေဝန်​းနီ စဉ်​းစားပြီ

ဓာ​သေ ပုံကူးမဲ့ ​ကောင်​​လေး ​ပြောလိုက်​တာကိုစဉ်​းစားမိတာပါ ။ ​နေဝန်​းနီလည်​း ဒီဘက်​မှာ ကိုယ်​တိုင်​သာ မလုပ်​ဖူးတာ ။ ခပ်​ညံ့ညံ့ မှမဟုတ်​တာပဲ ။ ပြီး​တော့ ​နေဝန်​းနီမှာ ကိုယ်​့ကိုကိုယ်​ ဒုက္ခ ​ပေးတဲ့ အကျင်​တစ်​မျိုးရှိတယ်​ ။ အဲ့ဒါက​တော့ ပထမဆုံး စလုပ်​ရမဲ့ အလုပ်​တစ်​ခုမလုပ်​ခင်​ စိတ်​ကူးထဲမှာ အရင်​ ပုံ​ဖော်​လုပ်​တတ်​တာပဲ ။ ကဗျာ တစ်​ပုဒ်​ကို ချမ​ရေးခင်​ စိတ်​ကူးထဲမှာ အထပ်​ထပ်​ ရွတ်​ကြည်​့လိုက်​ ပြန်​ပြင်​လိုက်​လုပ်​​နေသလိုမျိုး ။ စိတ်​ကူးထဲမှာ ချိတ်​ဆွဲထားတဲ့ ဘက်​ဂ​ရောင်​းပိတ်​စ ​ရှေ့မှာ ထိုင်​​နေတဲ့ လူတစ်​​ယောက်​ကို စိတ်​ကူးထဲက ကင်​မလာနဲ့ အ​နေအထား အမျိုးမျိုး ချိန်​ကြည်​့ ။ ဇွန်​းဆွဲကြည်​့ ​နောက်​ပြန်​ဆုတ်​ကြည်​့ ။ ကင်​မလာကို တည်​့ကြည်​့ လိုက်​ ​စောင်​းကြည်​့လိုက်​ ။ အမျိုးမျိုးရိုက်​ကြည်​့​နေမိတယ်​ ။ အရင်​ကလည်​း ကိုယ်​့သူငယ်​ချင်​းနဲ့ အ​ဖော်​လိုက်​​ပေးဖူးတာပဲ ။ သူငယ်​ချင်​း ဆီမှာ​တော့ ဓာတ်​​သေ ဆြာ ​ကောင်​​လေးပါတယ်​ ။ ကွန်​ပူတာနဲ့ ဆိုင်​ဖွင်​့ထားတယ်​ ဆိုတဲ့ ​ကောင်​​လေး ။ သူ့နားလည်​း မ​ယောင်​မလည်​ အနီးကပ်​ ​လေ့လာကြည်​့ဖူးတာပဲ ။ ( အဟုတ်​မှတ်​မ​နေနဲ့ ​ကောင်​မ​လေးကို ဓာ​တ်​​သေ ရိုက်​မှာမို့ အဲ့နား မ​ယောင်​မလယ်​ ဟိုကြည်​့ဒီကြည်​့သွားလုပ်​​နေတာ အဟိ ကွကိုယ်​မှ မ​ဖော်​ရင်​ ဒီအမှု ​ထောင်​ကျစရာမရှိ​တော့ဘူး ) အဲ့​ကောင်​​လေး ဓာ​တ်​သေ စာရင်​းမှတ်​​နေတာ လည်​း​တွေ့ဖူးတာပဲ ။ ပြန်​စဉ်​းစားစမ်​း ။ သူ့စာရင်​းမှာ စာတိုင်​ဘယ်​နှစ်​ခုပါလဲ ။ ဒါက အဓိက မဟုတ်​ပါဘူး ။ အဲ့ ဓာ​တ်​​သေ စာရင်​းမှာ စာတိုင်​ဘယ်​နှစ်​ခုရှိရမယ်​ သတ်​မှတ်​ထားတာမှမရှိတာ ။ ကိုယ်​အဆင်​​ပြေသလို​ပေါ့ ။ ​နောက်​ပိုင်​း ဘယ်​ဟာ ဘယ်​သူ့ပုံ ဆိုတာ ကိုယ်​ဖာသာကို မှတ်​မိဖို့ပဲလိုတာ ။ အဲ
့ ဒိလိုနဲ ့ပဲ ခပ်​ညံ့ညံ့ စီမံခန်​့ခွဲ မှု​တွေနဲ့ အတူ ရွာဆင်​းဖို့ တစ်​ရက်​အလိုကို ​ရောက်​လာတယ်​ ။ လက်​​ဗွေ သုတ်​ဖို့မှန်​ ​ဖော့ပြား ကင်​မလာ ဘက္က္ထရီ အာသွင်​းဖို့ ဓတ်​ပတာ အားလုံး ​နေဝန်​းနီ စုစည်​းပြီးသွားပြီ ။ သူတို့ ပုံစံထုတ်​ဖို့ အိတ်​​တောင်​​နေဝန်​းနီ ကရှာ​ပေးလိုက်​​သေးတယ်​ ။ ဘာနဲ ့ တူသလဲ ဆို​တော့ တာဝန်​ရှိတဲ့ သူ​တွေက လက်​ဖက်​ရည်​ဆိုင်​က ထိုင်​​စောင်​့ပြီး ​နေဝန်​းနီ က ပစ္စည်​းလိုက်​စု​ပေး​နေရတာက ဆားသည်​ ယင်​​ချောက်​​ပေး​နေရသလိုပါပဲ ။ အဲ့ ည​နေမှာ အတူလိုက်​ပါမဲ့ ဖြိုး​ဇော်​ဦး ဆိုတဲ့​ကောင်​ ​ပြောစကားနဲ့ ​နေဝန်​းနီ နည်​းနည်​းတင်​းသွားတယ်​ ။ သူ​ပြောတာက ​နေဝန်​းနီကို ရွာမှာ အရက်​မ​သောက်​ပါနဲ့တဲ့ ။ ဟင်​ အဲ့ ဒါ ဒင်​း​ပြောစရာလား ။ အဲ့ ​တော့​နေဝန်​းနီကလည်​း ခပ်​တင်​းတင်​း ပန်​​ဖြေလိုက်​ပါရဲ့ ။
” မင်​းအခု သွားမဲ့ ရွာ​တွေက ငါ လွန်​ခဲ့တဲ့ နှစ်​နှစ်​ဆယ်​​လောက်​ကတည်​း ​ခြေရာထပ်​ခဲ့ တဲ့ ရွာ​တွေ ဘယ်​ရွာ ဘယ်​လိုစရိုက်​ ရှိတယ်​ဆိုတာ မင်​းထက်​ငါက ပိုသိတယ်​လို့ ။ ”
:)အဲ့ဒိ​တော့မှ ဒင်​းနဲနဲ​လျော့သွားတယ်​ ။ တစ်​ကယ်​​တော့ အခု သွားမဲရွာ​တွေက မြို့နဲ့ ဆယ်​မိုင်​အထက်​​ဝေးတဲ့ ရွာ​တွေဖြစ်​ပြီး အရင်​က လမ်​းပမ်​းဆက်​သွယ်​​ရေးခက်​ခဲ ခဲ့တယ်​ ။ မြို့​ပေါ် အ​ရောက်​အ​ပေါက်​နဲခဲ့ ပြီး စရိုက်​ကလည်​း ကြမ်​းသလိုရှိတယ်​ ။ ​နောက်​ဆုံး​နေဝန်​းနီ ​ပြောလိုက်​တဲ့ စကားတစ်​ခွန်​းက ​တော်​​တော်​ကြမ်​းသွားလားမသိဘူး ။
” ငါက အရက်​ကို ​​ရောက်​ရာ​နေရာမှာ ​တွေ့တဲ့သူနဲ့ ​တွေ့တဲ့ အရက်​ မ​သောက်​တတ်​ဘူး ”
အဲ့ဒိလို​ပြောလိုက်​မှ ဒင်​း​လေး က
” ကျ​နော်​ ကစိုးရိမ်​လို့ပါ ” ဆိုတဲ့ စကားနဲ့ ​လျောချ သွား​လေရဲ့ ။

့​နေဝန်​းနီ

6 comments

  • ခင်ဇော်

    March 17, 2015 at 6:29 am

    သဘောကျသဗျာ ဥနီ ကို…

    အဲ စိတ်ထဲက ကြိုပြင်ဆင်လေ့ကျင့် တဲ့ အကျင့်ကို…
    ကျနော့် အဲဒီ အကျင့် က မရှိတော့ဘူးး ဗျ…
    စိုးးရိမ်စိတ်နည်းးနည်းးရှိတုန်းးက အရင်တွေးးတတ်သေးးတယ်
    နောက်ပိုင်းး ဘဝင်ရူးး ရူးးး ပြီးးတည်းးက ငါဘာလုပ်လုပ် ဖြစ်တယ်မှတ်ပြီးးး
    အဲလို ကြို မပြင်ဆင်တတ်တော့ဘူးးး
    :a:

  • Mike

    March 17, 2015 at 10:47 am

    .ဂွတ်..ဖတ်ကောင်းတယ်..ဓါတ်သေလေးတွေမပါတာတခုပဲပြောစရာရှိတယ် :a:

  • Alinsett@Maung Thura

    March 17, 2015 at 2:53 pm

    ဓါတ်သေဆရာဖြစ်တဲ့အချိန်ကြမှ ရာသီဥတုမကောင်းတာနဲ့ကြုံရတာတော်သေး..
    ကျနော်တယောက် သတင်းဒိုင်ယာယီအတွက် သတင်းလေးတွေ စတင် စုဆောင်းတဲ့အချိန်ကစပြီး..
    ဆိုးလိုက်တဲ့သတင်းတွေ….
    သတင်းဆိုးတွေချည်း ထိုင်စုစည်းပေးနေရသလိုကိုဖြစ်လို့…
    ဗမာပြည်ထဲမှာ ရာသီဥတုကတော့… ဘယ်သူ့အတွက်မှ မကောင်းတော့ဘူးထင်ရဲ့

    :buu:

    • naywoon ni

      March 19, 2015 at 1:18 pm

      ​အေး​လေ အလက်​ဆင်​းဒါးရဲ့ ​မောင်​ရင်​​ ကိုယ်​့ဆီ ဖုန်​းလှမ်​းဆက်​​တဲ့ ရက်​ပိုင်​း​ပေါ့ ။ 🙂

  • Ma Ei

    March 17, 2015 at 3:05 pm

    ဓာတ်ပုံရိုက်ချင်လို့ တောင်ပေါ်ရွာတွေ သွားကြည့်ချင်တယ်
    ဒီတခေါက် ကလောဘက်ရောက်ရင် တောင်ပေါ်သွားမယ်စိတ်ကူးတယ်…
    ချင်းဘက်လဲ သွားချင်တယ်…

Leave a Reply